ကျောက်မဲမြို့နယ် ပင်တီးရွာမှာ လေကြောင်း တိုက်ခိုက်ခံရပြီး နားအိုက်ခန့် ဝန်းကျင်တိုက်ပွဲ ဆက်ဖြစ်နေ

စက်တင်ဘာ ၂၄-၂၀၂၅ Shy V (VOM) ရှန်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာ အုပ်စု၊ ပင်တီးရွာမှာ စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးသွားတာရှိပြီး နားအိုက်ခန့်ရွာ ဝန်းကျင် ဘက်မှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးကုတ် – ကျောက်မဲ လမ်းပေါ်ရှိ မိုင်းတင်း ကနေ နောင်ချို – ကျောက်မဲ လမ်းပေါ်ရှိ စခန်းသာ ကိုသွားတဲ့ ဖြတ်လမ်းပေါ်က ပင်တီး ရွာကို မွန်းလွဲ ၁ နာရီကျော် လောက်က ကြဲသွားတာ။” လို့ စစ်ရှောင်ဒေသခံ တယောက်က ပြောပါတယ်။ လက်ရှိ အဲဒီ နေရာမှာတော့ တိုက်ပွဲ မဖြစ်သေးဘူးလို့…

Read More

လမိုင်းမြို့မှာ ဘောလုံးပွဲကြည့်နေသူတွေအပေါ် အုတ်တံတိုင်းပြိုကျလို့ ကျောင်းသားသုံးယောက်သေပြီး လေးယောက်ဒဏ်ရာရ

စက်တင်ဘာ ၂၄ ၊ ၂၀၂၅ GG (VOM) မွန်ပြည်နယ် ၊ လမိုင်းမြို့နယ်၊ ကုန်းပေါ်သစ်ရွာမှာ ဘောလုံးပွဲကြည့်နေတဲ့ ကျောင်းသားတွေအပေါ် အုတ်တံတိုင်းပြိုကျလို့ ကျောင်းသားသုံးယောက်သေဆုံးပြီး လေး​ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၄ ရက်နေ့ညနေပိုင်း ၃ နာရီကျော်လောက်မှာ ​ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ရပ်ကွက်စုပေါင်းကန်တဲ့ ဘောလုံးပွဲကိုကြည့်နေစဥ် မိုးသည်းထန်စွာရွာသွန်းပြီး ဘုန်းကြီးကျောင်းရဲ့အုတ်တံတိုင်းနံရံပြိုကျခဲ့တဲ့အတွက် ဘောလုံးပွဲကြည့်သူတွေထဲမှာ သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ကျောင်းသားတွေ ဘောလုံးပွဲကြည့်ကြတာ အုတ်တံတိုင်းပြိုကျပြီး ကလေးတွေပိကုန်တာ။ဝုန်းဒိုင်းကြီး​ပြုကျတော့ ထွက်ပြေးသူပြေး၊မပြေးသူကပိကြတာပေါ။ သေတာမှာ နှစ်ယောက်ကနေရာမှာပွဲချင်းပြီးဆုံးသွားတယ် ။တ ယောက်ကဆေးရုံရောက်မှဆုံးသွားတယ်။ဖြစ်ဖြစ်ချင်း ကယ်ဆယ်ရေးလုပ်ရတော့ ကျောင်းဘယ်နှစ်တန်းတွေလဲဆိုတာ မမေးလိုက်ရတော့ သေချာမသိဘူးခင်ဗျ။ကျောင်းသားတွေကတော့ငယ်ငယ်လေးပဲ။ ” လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ နှစ်ကရင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကပြောပါတယ်။ သေဆုံးခဲ့တဲ့ ကျောင်းသားတွေက ကုန်းပေါ်သစ်ရွာကဖြစ်ပြီး အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ်ရှိကလေးတွေဖြစ်ကြောင်း ၊ လက်ရှိမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကို…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁၀)

ဆူးငှက် ၁၉၈၈ ခုနှစ်နောက်ပိုင်း မွေးဖွားလာသော အသက် ၁၉နှစ်အရွယ်၊ အနှစ် ၂၀အရွယ် လူငယ်တွေက မန္တလေးအငြိမ့်အော်ပရာဆို တာကို သိရှိခံစားဖူးကြမှာမဟုတ် …။ အရင်က မန္တလေးမှာ အငြိမ့်အဖွဲ့တွေ လေးဆယ် …၊ ငါးဆယ်ရှိနေရာက တဖြုတ်ဖြုတ်နှင့် ကြွေ သွားလိုက်ကြတာ ဒီကနေ့ အငြိမ့် ၃ဖွဲ့သာ ကျန်တော့သည်အထိပင် …။ အငြိမ့်ဆိုသည်ကလည်း တစ်နေကုန် ခြစ်ခြစ်တောက် ပူထား သော ကတ္တရာလမ်းပေါ်မှာ စင်ထိုးပြီး ဖျာခင်းကြည့်ရသည့် ကြည့်ချင်ပွဲမို့ ဒီကနေ့ လူငယ်တွေနှင့် မကိုက်လှ …။ နေရာထိုင်ခင်း အရသော် လည်းကောင်း၊ ကျန်းမာရေးအရသော်လည်းကောင်း ဆင်ခြင်ကြမှာ သေချာသည်။ ဒီကနေ့ လူငယ်တွေဆိုတာ မှန်ခန်း၊ အဲယားကွန်းနှင့် Safe Side ကိစ္စ အတော်စဉ်းစားကြသည်။ ၁၉၈၈ အကျော် ၁၉၉၀ ဒီဘက် လူထုဖျော်ဖြေပွဲတွေ ပြန်လည်ခေါင်းဆောင်…

Read More

ကျောက်ဆည် ဆင်အလှူပွဲတော်နဲ့ ဆင်အက အလှပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပြီ

မန္တလေး၊ စက်တင်ဘာ- ၂၃- ၂၀၂၅ SA(VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ဆင်အလှူပွဲနဲ့ ဆင် အက အလှပြိုင်ပွဲကို ဒီနှစ် သတင်းကျွတ်လဆန်း ၁၄ ရက် အောက်တိုဘာ ၅ ရက်နေ့က စတင်ပြီးကျင်းပမှာဖြစ်ပြီး ပွဲတော်မတိုင်ခင် ကတည်းက ကျောက်ဆည်မြို့မှာရှိတဲ့ ဆင်အကအလှ ပြိုင်ပွဲဝင်အဖွဲ့တွေက ပွဲတော်မှာ ပါဝင်ကျင်းပဖို့ တာဆူနေကြပြီဖြစ်ပါတယ်။ ကျောက်ဆည်မြို့မှာ ရှိတဲ့ ပြိုင်ပွဲဝင်ကြမယ့် ဆင်အကအလှအဖွဲ့တချို့ဟာဆိုရင် မြို့ထဲမှာ တီးဝိုင်းတွေ ဆိုင်းဝိုင်းတွေ တပ်ဆင်ထားတဲ့ ကားကြီးတွေနဲ့ အလှူခံပြီး ဆင်ရုပ်တွေနဲ့ကပြ ဖျော်ဖြေနေကြပြီဖြစ်သလို တချို့ ဆင်အဖွဲ့တွေဟာဆိုရင် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ကတည်းက ကျောက်ဆည်မြို့ပေါ်မှာ ကပြဖျော်ဖြေ အလှူခံတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆင်ပွဲတော်နဲ့ပတ်သက်ပြီး ပွဲတော်ကျင်းပရေးကော်မတီ အဖွဲ့ဝင်တဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ ” အစည်းအဝေးက ဒုတိယအကြိမ်ပြီးပါပြီ၊ နောက်နှစ်ရက်လောက်နေရင် တတိယအကြိမ်အစည်းအဝေးကျင်းပတဲ့နေ့မှာမှ ပြိုင်ပွဲဝင်ကြမယ့် ဆင်အရေအတွက်…

Read More

မင်္ဂလာတောင်ညွန့်မှာ ငါးကားနဲ့ ကြက်ကားဝင်တိုက်လို့ နှစ်ယောက်သေပြီးသုံးယောက်ဒဏ်ရာရ

စက်တင်ဘာ ၂၃ ၊ ၂၀၂၅ GG (VOM) ရန်ကုန် ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ကြက်ဘဲစျေးရှေ့မှာ ကားသုံးစီးဆင့်တိုက်မှုဖြစ်ပွားပြီး နှစ်ယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က စက်တင်ဘာ ၂၃ ရက်နေ့ မနက်အစော ၄ နာရီလောက်မှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ငါးတင်လာတဲ့ကားက အရှေ့မှာရပ်ထားတဲ့ ကြက်ကားကို ဝင်တိုက်မိပြီး ကြက်ကားမှတဆင့် ရှေ့မှနောက်ထပ်ကားတစီးကို ထပ်မံဝင်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ငါးကားက ကြည့်မြင်တိုင်ကလာတဲ့ကားထင်တယ်။ ငါးကားနေ ကြက်ကားကိုဝင်တိုက်ပြီး ထပ်ဆင့်တိုက်တာ။တယောက်က နေရာမှာပဲသေဆုံးတယ်။ နောက်တယောက်က ဆေးရုံကိုသယ်သွားစဥ်သေဆုံးသွားတယ်။ဝင်တိုက်တဲ့ငါးကားရဲ့ကားခေါင်းကတော့ ကြေညက်သွားတယ်။ကားခေါင်းထဲကနေနှစ်ယောက်ကိုလည်း ကိုဆွဲထုတ်ခဲ့ရတယ်။ “လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ တာမွေကွန်ယက်ပရဟိတအသင်းတာဝန်ရှိသူကပြောပါတယ်။ ယာဥ်တိုက်မှုအတွင်းမှာ သေဆုံးသူအမျိုးသားနှစ်ယောက်မှာ အသက် ၃၀ ကျော်အရွယ်တွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရသူတွေပါကြောင်း လက်ရှိမှာတော့ အားလုံး ကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ ညနေကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချောက်မှာ…

Read More

ဒလမြို့အဝေးပြေးကားဂိတ်ကို လှိုင်သာယာပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်

စက်တင်ဘာ ၂၃ – ၂ဝ၂၅ KKO(VOM) ကိုရီးယား-မြန်မာချစ်ကြည်ရေး(ရန်ကုန်- ဒလ)တံတားသစ်ကြီးဖွင့်လှစ်ပြီးစီးသွားပါကဒလမြို့နယ်ကအ ဝေးပြေးကားဂိတ်ကို လှိုင်သာယာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာရန်ကုန်-ဒလတံတားစီမံကိန်းဟာ လတ်တလောမှာ ၉၀ ရာ ခိုင်နှုန်းကျော်ခန့်ပြီးစီးနေပြီဖြစ်ကာ မကြာခင်မှာပင်ဖွင့်လှစ်တော့မှာဖြစ်လို့ပြင်ဆင်ဆောင်ရွက်မှု‌တွေပြု လုပ်နေတာကိုလည်းတွေ့ရပါတယ်။ “တံတားကြီးပြီးသွားလို့ရှိရင်ဒီမှာရှိနေတဲ့အဝေးပြေးကားဂိတ်ကိုလည်း လှိုင်သာယာရွှေ့မယ်လို့ကြားနေရတယ်။အဲလိုဒီသတင်း‌ တွေထွက်နေတယ်။မအူပင်တို့ဘာတို့သွား ချင်ရင်လှိုင်သာယာကနေကားစီးရမယ်ပြောတယ်။တွံ့တေးတို့ကော့မှူးတို့ကတော့ဒီကပဲသွားလို့ရဦးမယ်ထင်ပါတယ်။ဘယ်လိုဖြစ် လာဦးမလဲတော့မသိသေးဘူးပေါ့”လို့ ဒလမြို့ခံတယောက်က VOM ကိုပြောပါတယ်။ ရန်ကုန်တိုင်း၊ဒလမြို့နယ်ကိုအခြေ ပြုပြီးဧရာဝတီတိုင်းအတွင်းက ဒေးဒရဲ၊မအူပင်၊ဖျာပုံ၊ကျိုက်လတ်၊တွံ့တေး၊ကော့မှူး၊ကွမ်းခြံကုန်းအစရှိတဲ့မြို့ကြီးတွေကိုပြေးဆွဲပေးနေတဲ့ အဝေးပြေးယာဉ်လိုင်းပေါင်း ၂၃ လိုင်းရှိပြီးလက်ရှိမှာတော့ ယာဉ်အစီးရေ ၂ဝဝ ကျော်နဲ့ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေတယ်လို့လည်းသိရပါတယ်။ ဒလမြို့ကအဝေးပြေးကားကွင်းပြောင်းရွှေ့ခြင်းရှိ၊မရှိနဲ့ပတ်သက်လို့ VOM သတင်းဌာနက ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကတာဝန်ရှိသူထံဆက်သွယ်မေးမြန်းခဲ့ပေမယ့်ဖုန်းလက်ခံဖြေ ကြားခြင်းမရှိခဲ့ပါ။ ဒါအပြင်ဒေသခံတွေရဲ့အရပ်ပြော စကားတွေအရယခုထွက်ပေါ်နေတဲ့ ဒလမြို့ကအဝေးပြေးကားကွင်းပြောင်းရွှေ့မယ့်သတင်းနဲ့ ပတ်သက်လို့ YRTC ဘက်က သတင်းတစုံတရာထုတ်ပြန်ထားခြင်းမျိုးလည်းမတွေ့ရ‌သေးပါဘူး။ ရန်ကုန်မြစ်ကိုဖြတ်သန်းတည် ဆောက်ထားတဲ့ ရန်ကုန်-ဒလတံတားဟာလမ်းပန်းဆက်သွယ် ရေးအတွက်အလွန်အရေးပါတဲ့တံတားတစင်းဖြစ်ပြီးဒီတံတားကြီးကနေလူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်လာဖို့ဒေသခံတွေကမျှော် လင့်နေကြပါတယ်။ ဒါအပြင်တံတားကြီးပြီးစီးလို့ဖွင့်လှစ်ပြီးပါကဒလ၊တွံတေး၊ဆိပ်ကြီးခနောင်တို၊ကော့မှူးနဲ့ကွမ်းခြံကုန်းမြို့နယ်တွေအပါအဝင်ဧရာဝတီ တိုင်းကမြို့ကြီး‌တွေကိုရန်ကုန်မြို့ကနေလွယ် ကူလျင်မြန်စွာနဲ့သွားလာနိုင်တော့မှာလည်းဖြစ်ပါတယ်။ “တံတားကြီးပြီးသွားလို့ရှိရင်တော့တမျိုးတဖုံပြောင်းလဲလာမယ်လို့ထင်ပါတယ်”လို့ ဒလမြို့ခံတယောက်ကထပ်လောင်းပြောပြပါတယ်။…

Read More

ဖားကန့်မှာ လက်နက်ကြီးကျလို့ သားအဖ နှစ်ယောက်သေဆုံးပြန်၊ စစ်ရေးဆက်လက်တင်းမာနေပြီး စစ်ရှောင်သူပိုတိုးလာ

စက်တင်ဘာ ၂၃၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်၊ ကျောက်သွေးဝောာင်ရွာ ကွက်သစ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်ခန့်က လက်နက်ကျည် ကျလို့ သားအဖနှစ်ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆိုင် ဘက်လာကျတာ။ ဆိုင်ခန်းမှာ ထိမှန်သွားတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လက်နက်ကျည် ထိမှန်တာကြောင့် သားအဖ နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ပြီး ဒရုန်း ဗုံး ဖြစ်တယ်လို့ သိရပြီး နှစ်လုံး ကျကွဲခဲ့တာလို့ သူက ပြောပါတယ်။ ဒေသခံ တချို့ တိမ်းရှောင်နိုင်ကြပြီ ဖြစ်ပေမယ့် မရှောင်နိုင်သူတွေ ရှိသေးသလို ဖားကန့် တပ်မကုန်းဘက်ကနေ လက်နက်ကြီးနဲ့ ဒရုန်း လို့ ယူဆရတဲ့ ပစ်ခတ်သံတွေ ညလုံးပေါက်…

Read More

အငှားအိမ်ရာတိုက်ခန်းတွေကို လက်လွှဲရောင်းချမှုမပြုဖို့ သတိပေးထားပေမယ့် ရောင်းချမှုတွေ ဆက်ရှိနေ

စက်တင်ဘာ ၂၃ – ၂ဝ၂၅ KKO(VOM) ရန်ကုန်တိုင်းဒေသကြီး၊‌တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့နိုင်ငံတော်အစိုးရပိုင်သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းတွေကိုလက်လွှဲ ရောင်းချမှုတွေမပြုလုပ်ကြဖို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန DUHD -Ygn က သတိပေးစာထုတ်ပြန်ထားပေမယ့် ရောင်းချမှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။ ပွဲစားတွေကနေတဆင့်အငှားအိမ်ရာအတွင်းကတိုက်ခန်းတွေကိုမဲပေါက်ထားသူအချို့ကမိမိတို့ရဲ့တိုက်ခန်း တွေကို ပြန်လည်ရောင်းချမှုနဲ့ အငှားပြန်လည်ချထားမှုတွေရှိနေတယ်လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာအ သိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက VOM ကိုပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးအနီးမှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာဟာ နေရေးအခက်အခဲရှိသူတွေကို(၅)နှစ်တာငှားရမ်းနေထိုင်ခွင့်ပြုထားတဲ့နိုင်ငံတော်ပိုင် ပြည်သူ့အငှားအိမ်ရာတခုဖြစ်ပါတယ်။ “သုခဒဂုံအငှားအိမ်ရာမှာ တရားမဝင်ရောင်းလို့အချုပ်ထဲရောက်သူရောက်နေတယ်။ အိမ်ခန်းပြန်သိမ်းခံရတာလဲ အများကြီးပါ။ မြေညီတွေလက်ညိုးထိုးရောင်းတာကိုလည်း ကြားနေရတယ်။ ရောင်းတဲ့လူလိမ်တွေကတော့ငွေထုပ်ပိုက်ပြေးပြီ။သတိထားကြပါ၊ မဝယ်ကြပါနဲ့ ။ လူလိမ်တွေချည်းပါဘဲ”လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က သတိပေးပြောပြထားပါတယ်။ ဒါအပြင်သုခဒဂုံအိမ်ရာအတွင်းရှိတိုက်ခန်းနဲ့ ဆိုင်ခန်းတွေကိုဝယ်ယူခွင့်ရမယ်ဆိုပြီးလိမ်လည်သူ‌တွေနဲ့ တိုက်ခန်းငှားရမ်းခွင့်ရမယ်လို့ ပြောဆိုပြီးလိမ်ညာနေသူတွေရှိနေတဲ့အတွက်ဒါကိုလည်းပြည်သူတွေအနေနဲ့လိမ်ညာမခံရအောင်သတိပြုကြဖို့လိုတယ်လို့ DUHD-Ygn ကအသိပေးနှိုးဆော်ထားပါတယ်။ “ပြန်ရောင်းတာကတရားမဝင်ဘူး။ပြန်ငှားစားခွင့်လည်းမရှိဘူး။နိုင်ငံ တော်ပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်မှုပဲ‌လေ”လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတယောက်က VOM ကိုပြောပါတယ်။ ပြည်သူ့အငှားအိမ်ရာတိုက်ခန်းတွေကို လက်လွှဲရောင်းချမှုပြုလုပ်ခဲ့သူအချို့ကိုလည်းသက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဥပဒေအကြောင်းအရအရေးယူမှုတွေကိုပြုလုပ်ခဲ့တာကို ကြားသိရတယ်လို့လည်းအငှားအိမ်ရာမှာနေထိုင်တဲ့ပြည်သူတွေကပြောပါတယ်။ “ကြားရတာကပထမတယောက်ကရောင်းပြီး ဒုတိယလူကျမှမိသွားတယ်ပြောတယ်။တိုက်တတိုက်မှာတိုက်မှူးဆိုတာရှိတယ်။…

Read More

ရွေး/ကော်ဥပဒေနဲ့ ဖမ်းဆီးခံရသူ ၁၂ ယောက်အထိ ရှိလာ

စက်တင်ဘာ ၂၃ – ၂၀၂၅ SN (VOM) ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လှုံ့ဆော်မှုကြောင့် လက်ရှိအချိန်မှာ ဖမ်းဆီး အရေးယူခံရသူ ၁၂ ယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။ ရွေး/ကော် ဥပဒေနဲ့ ပထမဆုံး အရေးယူခံရသူကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့က အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဆိုသူဖြစ်ပြီး ပြစ်မှုထင်ရှားတာကြောင့် တောင်ကြီးမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခုနစ်နှစ်တိတိ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ (၁) ရပ်ကွက်မှာနေတဲ့ ကိုနေသွေးကို သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မြို့မရဲစခန်းမှာ (ပ) အမှတ် ၉၉/၂၀၂၅ ၊ ပါတီစုံဒီမိုကရေစီ…

Read More

အပြင်းထန်ဆုံး စူပါတိုင်ဖွန်းမုန်တိုင်းကို ရင်ဆိုင်ဖို့ ဟောင်ကောင်သားတွေ ကြိုတင်ပြင်ဆင်

ဟောင်ကောင်၊ စက်တင်ဘာ-၂၃-၂၀၂၅ ရတီ(VOM) ဟောင်ကောင်ကို ဝင်ရောက်တိုက်ခတ်မယ့် စူပါတိုင်ဖွန်း ရာဂါဆာကြောင့် ရာနှင့်ချီတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပြီး စာသင်ကျောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်သိမ်းထားပါတယ်။ ယခုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တဲ့ ရာဂါဆာမတိုက်ခတ်မီ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဂွမ်‌ဒေါင်းပြည်နယ်မှ လူ သုံးသိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ရာဂါဆာဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက်စွန်းရှိ ကျွန်းငယ်တွေကို တနင်္လာနေ့က ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။ ဟောင်ကောင်မိုးလေဝသဌာနကတော့ မုန်တိုင်းသတိပေးချက် အဆင့် ၁၀ အနက် အဆင့် ၈ အဖြစ် သတ်မှတ်ထားပါတယ်။ မကာအိုမှာလည်း မုန်းတိုင်းသတိပေးချက် အဆင့် ၈ သတ်မှတ်ဖို့ရှိနေပါတယ်။ ဟောင်ကောင်အစိုးရအနေနဲ့ မုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကာ ဟောင်ကောင်ပြည်သူတွေ ဘေးကင်းရေးအတွက် ဆောင်ရွက်နေတယ်လိုပ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက ပြောပါတယ်။ ဟောင်ကောင်ပြည်သူတွေကတော့ မုန်တိုင်းတိုက်ခတ်မှာကို…

Read More