အမေရိကန်အပါအဝင် ကွပ်ဒ်လေးနိုင်ငံ အိန္ဒိယမှာ ပူးတွဲစစ်ရေးလေ့ကျင့်

ဒေလီ၊ အောက်တိုဘာ-၁၀-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အပါအဝင် ကွပ်ဒ်အဖွဲ့ လေးနိုင်ငံ ရေတပ်တွေဟာ အိန္ဒိယကမ်းလွန် ပင်လယ်ပြင်မှာ ပူးတွဲစစ်ရေးလေ့ကျင့်နေကြပါတယ်။မာလာဘာလို့ အမည်ပေးထားတဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၈ ရက်ထိ ဆက်လက်ပြုလုပ်သွားမယ်လို့ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။စစ်ရေးလေ့ကျင့်မှုမှာ ဖျက်သင်္ဘောတွေ၊ ထောက်ပံ့ရေးသင်္ဘောတွေ၊ လေယာဉ်တွေနဲပ ရေငုပ်သင်္ဘောတွေလည်း ပါဝင်ပြီး ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်မှုနဲ့ အခြားလေ့ကျင့်ခန်းတွေကို ညှိနှိုင်းလေ့ကျင့်သွားမှာဖြစ်ပါတယ်။“ အိန္ဒိယသမုဒ္ဒရာနဲ့ ပိုမိုကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ်ဒေသဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ပိုမိုအရေးကြီးလာတာကို မိမိတို့ အသိအမှတ်ပြုထားပါတယ် ”လို့ အိန္ဒိယ ရေတပ် ဒုဗိုလ်ချုပ်ကြီး ရာဂျက်ပန်ဟာကာက ပြောပါတယ်။မာလာဘာ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့အကြား ၁၉၉၀ ခုနှစ်ပြည့်နှစ်အလွန်နှစ်တွေမှာ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဂျပန်နဲ့ ဩစတြေလျးလို့လည်း ပါဝင်လာပါတယ်။ ဒီနိုင်ငံတွေဟာ လုံခြုံရေးနဲ့ အခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မယ့် ကွပ်ဒ်မူဘောင် အဖွဲ့ဝင်လေးနိုင်ငံဖြစ်ပါတယ်။လေးနိုင်ငံခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက အမေရိကန်မှာ…

Read More

သိန္နီ မန်ချက်ရွာ လေကြောင်းတိုက်ခိုက်ခံရလို့ ငါးယောက် ဒဏ်ရာရ

အောက်တိုဘာ ၁၀၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာလ ၁၀ရက်၊ မနက်အစောပိုင်းအချိန်က လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပြီး ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ သိန္နီမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ မန်ချက်ရွာကို ဒီကနေ့ မနက် ၂နာရီ၊ ၃၂မိနစ်ဝန်းကျင်အချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် လူနေအိမ်တွေကို ထိမှန်ခဲ့ပြီး နေအိမ် လေးလုံးထိခိုက်ပျက်စီးခဲ့ကာ လူနှစ်ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရ၊ သုံးယောက်က မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ “လူ နှစ်ယောက်သေတယ်လို့ သတင်းတွေတင်နေကြပေမယ့် မသေပါဘူး၊ ဒဏ်ရာပဲရတာပါ။ လေကြောင်းကနေ ခဏခဏဗုံးကြဲခံနေရတော့ သီပေါသတင်းဆိုရင် ဘာမှမထူးဆန်းတော့သလိုတောင် ဖြစ်နေပြီ။ မနေ့ကလည်း တကြိမ်လာကြဲသွားသေးတယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ၄ရက်နေ့ မနက်အစောတုန်းကလည်း တကြိမ်လာကြဲသေးတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။ သိန္နီမြို့နယ်တွင်းမှာ…

Read More

နေပြည်တော် သုံးလောင်းပြိုင် လူသတ်မှု တရားခံတွေကို သေဒဏ်အပြင် ထောင်ဒဏ်တွေပါချမှတ်

အောက်တိုဘာ ၁၀ – ၂၀၂၄ SN (VOM) နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မိသားစုလိုက် သုံးလောင်းပြိုင် အသတ်ခံရမှုမှ တရားခံတွေကို သေဒဏ်အပြင် နှစ်ရှည်ထောင်ဒဏ်တွေပါ ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့ အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီ လူသတ်မှုဖြစ်စဥ်ဟာ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက နေအိမ်တအိမ်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ ဦးသန်းနိုင်ထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦး၊ သားဖြစ်သူ ရွှေအုပ်စိုးတို့ဖြစ်ကာ တရားခံတွေဟာ လူသတ်မှုကျူးလွန်ပြီးနောက် လက်ကိုင်ဖုန်း သုံးလုံးနဲ့ မော်တော်ယာဉ် တစီးကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်ချက်တွေအရ ပြစ်မှု ကျူးလွန်သူတွေဖြစ်တဲ့ ရဲထက်ကျော် (ခ) ကိုချစ်၊ ကျော်အေး (ခ) ပသိုင်း၊ ကျော်သူ၊ နန်းကိုသူ (ခ)…

Read More

ထိုင်ဝမ်ကို ကျူးကျော်မှုမှန်သမျှ တွန်းလှန်မယ်လို့ သမ္မတလိုင်ချင်းတီ ကတိပြု

တိုင်ပေ၊ အောက်တိုဘာ-၁၀-၂၀၂၄မျိုးဆက်(VOM)ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ဖို့ ကျူးကျော်မှုမှန်သမျှ တွန်းလှန်မယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက ဒီနေ့မှာကျရောက်တဲ့ ထိုင်ဝမ်အမျိုးသားနေ့မှာ ကတိပြုပြောဆိုလိုက်ပါတယ်။ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး လိုအပ်ရင် အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးဖိအားတွေ တိုးမြင့်လာချိန်မှာ ထိုင်ဝမ်သမ္မတက အခုလို ကတိပြုလိုက်တာဖြစ်ပါတယ်။“ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်ခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းတွေကို တွန်းလှန်ဖို့ ကတိကဝတ်အတိုင်းရှိကြောင်း၊ အချုပ်အခြာကိုကာကွယ်ဖို့၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ တရုတ်နဲ့ တန်းတူညီမျှ ဂုဏ်သိက္ခာရှိဆွေးနွေးပွဲတွေ လုပ်မယ့်ဆုံးဖြတ်ချက်လည်း မပြောင်းလဲပါဘူး ” လို့ ထိုင်ဝမ်သမ္မတက ပြောပါတယ်။လိုင်ချင်းတီဟာ ထိုင်ဝမ်အချုပ်အခြာကာကွယ်ရေးအတွက် ယခင်သမ္မတ ဆိုင်အင်းဝမ်ထက် ပြတ်သားစွာပြောဆိုမှုများကြောင့် သူ့ကို တရုတ်နိုင်ငံဘက်က ခွဲထွက်ရေးသမားလို့ တံဆိပ်ကမ်းထားပြီး သမ္မတဖြစ်လာတဲ့ မေလကတည်းက နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။ဒါပေမယ့်လည်း နှစ်ဖက်ပြည်သူတွေ အေးချမ်းတည်ငြိမ်ရေး၊ ရေလက်ကြား ငြိမ်းချမ်းရေး၊ ကူးစက်ရောဂါနဲ့ သဘာ၀ဘေးဆိုင်ရာတို့မှာ တရုတ်နဲ့…

Read More

အီရန်ကို လက်တုံ့ပြန်နိုင်ခြေ ဂျိုးဘိုင်ဒင်နဲ့ နေတန်ယာဟု ဆွေးနွေး

ဝါရှင်တန်၊ အောက်တိုဘာ-၁၀-၂၀၂၄မျိုးဆက်(VOM)အီရန်ကို လက်တုံ့ပြန်မယ့် အလားအလာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အစ္စရေးကို အီရန်က ဒုံးကျည် ၂၀၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနဲ့ တင်းမာမှုတွေကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲသစ်ဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေချိန်မှာ ဂျိုးဘိုင်ဒင်နဲ့ နေတန်ယာဟုတို့ ဆွေးနွေးခဲ့ကြတာပါတယ်။မနေ့ကပြုလုပ်ခဲ့တဲ့ မိနစ် ၃၀ ကြာ တယ်လီဖုန်းနဲ့ဆက်သွယ်ဆွေးနွေးမှုမှာ အမေရိကန်ဒုတိယသမ္မတ ကမလာဟားရစ်လည်း ပါဝင်ခဲ့ပြီး ဆွေးနွေးမှုတွေကို အသေးစိတ်မထုတ်ပြန်ပေမယ့် အလွန်အကျိုးဖြစ်ထွန်းတဲ့ ဆွေးနွေးမှုလို့ အိမ်ဖြူတော်က ဆိုပါတယ်။သမ္မတနှစ်ယောက်ဟာ လာမယ့်ရက်တွေအတွင်းမှာလည်း အနီးကပ်ဆက်သွယ်ဆောင်ရွက်ဖို့ သဘောတူထားပြီး လက်ဘနွန်မှာ အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန်သမ္မတက တိုက်တွန်းခဲ့ပါတယ်။အစ္စရေးကို အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒင်က ထပ်မံရှုတ်ချခဲ့ပြီး ဟဇ်ဘိုလာတွေရဲ့ လုပ်ရပ်မှာ အစ္စရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ သူကဆိုပါတယ်။ ဂါဇာစစ်ပွဲအဆုံးသတ်ရေးကိုတော့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေ ပြန်လုပ်ဖို့…

Read More

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုန်စည်ရောင်းဈေးများ

အောက်တိုဘာ ၁၀၊ ၂၀၂၄(မနက် ၁၀နာရီ)ကုန်စိမ်းများ၁။ခရမ်းချဉ်ဂွတ်သီးတစ်ပိဿာ4000 ကျပ်၂။ခရမ်းချဉ် ရှယ်သီးတစ်ပိဿာ 3500 ကျပ်၃။ခရမ်းချဉ် တစ်ပိဿာ 3200 ကျပ်……………………………………………………………..အသီးအရွက်များ၄။ မုံညှင်းရှယ်စ တစ်ပိဿာ6000ကျပ်၆။ ဗမာပြည် ပဲတောင့်ရှည် တစ်ပိဿာ 7000 ကျပ်၇။ဘိုစားပဲရှယ်စ တစ်ပိဿာ 12000 ကျပ်၈။ဘိုစားပဲအလတ်စတစ်ပိဿာ 10000 ကျပ်၉။မုံလာဥနီ (ဒေသ) အကြီးစ တစ်ပိဿာ 3500 /3000၁၁။ကြက်ဟင်းခါးသီး တစ်ပိဿာ 4500 ကျပ်၁၂။ကျောက်ဖရုံသီး တစ်ပိဿာ 1800 ကျပ်၁၃။ရွှေဖရုံသီးတစ်ပိဿာ 1000 ကျပ်၁၄။ရွှေပဲရှယ်စ တစ်ပိဿာ 15,000 ကျပ်၁၅။ရွှေပဲအလတ်စ13000 ကျပ်၁၆။ပဲလိပ်ပြာအခွံနှင့်တစ်ပိဿာ 4000/3500 ကျပ်၁၇။ခရမ်းသီးအကြီးတစ်ပိဿာ 4000ကျပ်၁၈။ငရုတ်ပွရှယ်စအခွံထူအကြီးဆိုဒ်တစ်ပိဿာအဝင်မရှိ၁၉။ငရုတ်ပွအလတ်စ တစ်ပိဿာ 12000 ကျပ်၂၀။ဒညှင်းသီးအခွံနှင့်တစ်ပိဿာ-4500 ကျပ်၂၁။သံပုရာသီး(ရွာငံ)တစ်ပိဿာ 4000 ကျပ်၂၂။ဂေါ်ရခါးသီး တစ်လုံး 350 ကျပ်၂၃။ဂေါ်ရခါးညွှန့်တစ်ထုံး 30000 ကျပ် အစီးငါးဆယ်ပါသည်။၂၄။ကိုက်လံတစ်ထုံး 30000 ကျပ် အစီးငါး ဆယ်ပါသည်။၂၅။ဂျူးမြစ်တစ်ပိဿာ အမြစ်ဖြတ်…

Read More

အိန္ဒိယ တာတာလုပ်ငန်းစု ဥက္ကဋ္ဌဟောင်း ရာတန်တာတာ ကွယ်လွန်

ဒေလီ၊ အောက်တိုဘာ-၁၀-၂၀၂၄ရတီ (VOM)အိန္ဒိယနိုင်ငံ တာတာစီးပွားရေးလုပ်ငန်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ သန်းကြွယ်သူဌေး ရာတန်တာတာဟာ အသက် ၈၆ နှစ်အရွယ် အောက်တိုဘာ ၉ ရက်မှာကွယ်လွန်သွားကြောင်း တာတာကုမ္ပဏီက အတည်ပြုထုတ်ပြန်ပါတယ်။သူဟာ ၁၉၉၁ ခုနှစ်မှာ တာတာကုမ္ပဏီဥက္ကဋ္ဌ ဖြစ်လာပြီး ကုမ္ပဏီကို နိုင်ငံတကာလုပ်ငန်းစုကြီးဖြစ်လာအောင် အချိန်တိုအတွင်း လုပ်ဆောင်နိုင်ခဲ့ပြီး နှစ် ၂၀ ကြာဦးဆောင်ခဲ့ကာ တာတာကုမ္ပဏီကို ကမ္ဘာ့ထိပ်တန်းဖြစ်စေခဲ့ပါတယ်။တာတာကုမ္ပဏီဟာ လက်ရှိမှာတော့ စတီးလ်နဲ့ မော်တော်ကားထုတ်လုပ်ရေးအပါအဝင် လုပ်ငန်းများစွာကို လည်ပတ်လုပ်ကိုင်နေပြီး ကုမ္ပဏီရဲ့ တနှစ်တာဝင်ငွေဟာ ဒေါ်လာ ၁၀၀ ဘီလီယံထိ ရှိနေပါတယ်။ရာတန်တာတာလက်ထက်မှာ ကုမ္ပဏီဟာ ဥရောပ စတီးလ်ကုမ္ပဏီနဲ့ ဗြိတိန်အခြေစိုက် မော်တော်ကားကုမ္ပဏီတွေ၊ ကမ္ဘာ့ဒုတိယအကြီးဆုံး လက်ဖက်ခြောက်လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းများစွာကို ဝယ်ယူမှုပြုလုပ်ခဲ့ပါတယ်။တာတာဟာ ဗြိတိန်စက်မှုလုပ်ငန်းကို ပုံဖော်ရာမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဗြိတိန် စီးပွားရေးဝန်ကြီး ဂျိုနသန်ရေးနိုးက ပြောပါတယ်။ သူဟာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ဩဇာရှိတဲ့…

Read More

This Day in History

Voice of Myanmarအင်္ဂလိပ်နက္ခတ္တဗေဒေပညာရှင် ဝီလျံလတ်ဆဲလ်သည် နက်ပကျွန်းဂြိုဟ်၏ အကြီးဆုံးဂြိုဟ်ရံလဖြစ်သော ထရီတန်ကို ၁၈၄၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

Read More

ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စည်ဈေးကွက် အော်ဒါများပေမယ့် ကုန်အဝင်နည်းနေ

အောက်တိုဘာ ၁၀၊ ၂၀၂၄ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စည်ဈေးကွက်မှာ လက်ရှိအောက်တိုဘာလ၊ ဒုတိယပါတ်အတွင်း ပြည်မဘက်က ကုန်စည်အော်ဒါများနေပေမယ့် ကုန်စည်ထွက်ရှိမှု နည်းပါးနေတာကြောင့် ဝယ်လိုအား မမျှမတဖြစ်နေတယ်လို့ အောင်ပန်းမြို့ရှိ ကုန်စိမ်းပွဲရုံတွေထံကနေ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စိမ်းမြို့တော်လို့ ခေါ်ဆိုကြတဲ့ အောင်ပန်းမြို့မှာ လက်ရှိအချိန်မှာ ဒေသထွက် ကုန်စည်ရောက်ရှိလာမှုနည်းပါးနေတာကြောင့် ရောက်ရှိလာတဲ့ ကုန်စည်တွေကို အလုအယက်ဝယ်ယူနေရပြီး ကုန်စိမ်းနဲ့ သစ်သီးဝလံဈေးနှုန်းတွေ ပြန်လည်မြှင့်တက်လာနေတယ်လို့ သိရပါတယ်။ “ကုန်စိမ်းကားတွေက အဝင်နည်းလာတော့ ရောက်လာတဲ့ ကုန်စိမ်းတွေက ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေတယ်။ ပွဲရုံတွေအားလုံး နည်းနည်းစီပဲ ရကြတယ်။ ဒါတောင် အလုအယက်ဝယ်နေကြရတယ်။ ပစ္စည်းကောင်းရင် ရောင်းမကုန်ဘူးဆိုတာ မရှိတော့ဘူး။ ခြံရှင်များကလည်း ဈေးကောင်းရကြတယ်။ အခုပစ္စည်းချ အခုကုန်သွားတယ်။ အော်ဒါများနေပေမယ့် ကုန်မရတော့ ဘာမှလုပ်လို့ မရတော့ဘူး”လို့ ရွှေပင့်ကူကုန်စည်ပွဲရုံမှ ကိုမျိုးတင့်က VOMကို ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း လက်ရှိအချိန်မှာ…

Read More

အခက်အခဲ မျိုးစုံကြားက ထိုင်းရောက် မြန်မာလုပ်သားဘဝ

အောက်တိုဘာ-၁၀-၂၀၂၄ SN (VOM) “တောင်နေပေါ်ကနေ တက်လိုက်ဆင်းလိုက်နဲ့ မိုးကရွာထားတော့ ဖိနပ်တွေလည်း စီးမရဘူး။ မနည်းလျှောက်ရတာ။ ခြုံတွေထဲမှာလည်း ပုန်းရသေးတယ်” လို့ ထိုင်းနိုင်ငံကို အောက်လမ်းကနေတဆင့် သွားရတဲ့ အတွေ့အကြုံကို ပြန်ပြောင်းပြောပြလာသူကတော့ ကိုအောင်အောင်လို့ အမည်လွှဲထားတဲ့ အသက် ၂၀ နှစ်အရွယ် လူငယ်တယောက်ပဲ ဖြစ်ပါတယ်။ သူကအခု ထိုင်းနိုင်ငံက အထည်ချုပ်စက်ရုံတရုံမှာ အလုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ဇာတိကတော့ နေပြည်တော်၊ ပျဉ်းမနားဘက်က မထင်မရှား ရွာလေးတရွာပါ။ အဲဒီရွာလေးကနေ ကိုအောင်အောင်တယောက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် ရဖို့အရေး မော်လမြိုင်ဘက်ကို အရင်သွားရတယ်လို့ ဆိုပါတယ်။ အဲဒီကနေတဆင့် ထိုင်း – မြန်မာနယ်၊ ဘုရားသုံးဆူမြို့နယ်ကနေ ထိုင်းနိုင်ငံဘက်ကို တောလမ်းကြောင်းထဲကနေ ဖြတ်ကျော် ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “မော်လမြိုင်ကနေ ဘုရားသုံးဆူကို သွားရတာတော့ နည်းနည်း အဆင်ပြေသေးတယ်။ ကားစီးရတာက ကြပ်ညပ်လို့။…

Read More