စစ်ဘေးရှောင်စခန်းမှ တိုင်းပြည်ဂုဏ်ဆောင်မည့် စိန်တစ်ပွင့်

Shwe Paw Mya Tin   ပေသုံးဆယ်ပတ်လည်ခန့်ကျယ်ဝန်းသည့်ခန်းမတခုထဲတွင်ကရာတေးအားကစား ၀တ်စုံများဝတ်ဆင်ထားသည့် ကလေးငယ်များ၊ ပုံမှန်အ၀တ်အစား ၀တ်ဆင်ထားသည့် ကလေးငယ်များ အတူတကွ ညီညာစွာလှုပ်ရှားနေကြသည် ။ အဆိုပါကလေးငယ်များ၏ ရှေ့တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တဦးက တင်းမာခက်ထန်သည့် မျက်နှာထားဖြင့် ကရာတေးကစားကွက်များကို သရုပ်ပြနေပြီး သရုပ်ပြချက်အတိုင်း ကျန်ကလေးငယ်များကလိုက်လံလှုပ်ရှားနေကြသည်။ အဆိုပါနေရာသည် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရွှေစက်စစ်ရှောင်စခန်းတည်ရှိရာ ရွှေစက်ကချင်နှစ်ခြင်း ဘုရားကျောင်းဝန်းအတွင်းရှိ ခန်းမအထဲတွင်ဖြစ်သည် ။ အသက် ၇ နှစ်ခန့်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အတွင်းရှိ ကလေးငယ်များသည် ရွှေစက်စစ်ရှောင်စခန်းမှ တာဝန်ရှိသူများစီစဉ်ဖွင့်လှစ်ထားသည့် ကရာတေးသင်တန်းကို တက်ရောက်နေကြခြင်း ဖြစ်ပြီး အများစုမှာ စစ်ရှောင်စခန်းအတွင်းမှ ကလေးငယ်များဖြစ်ပြီး အနည်းငယ်သာ ဘုရားကျောင်းပြင်ပရပ်ကွက်အတွင်းမှ ကလေးငယ်များဖြစ်သည်။     ကလေးငယ်များအားရှေ့ဆုံးမှ သရုပ်ပြနေသူမှာ ကချင်လူမျိုးများသာမက ပြည်မက လူအချို့ကပင်သိရှိကြသည့် ကချင်အမျိုးသမီးငယ်…

Read More

ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ နှုတ်ထွက်စာတင်

ဟားခါး မတ် ၂၉-၂၀၁၉ ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း က ဒုဥက္ကဌရာထူးကနေ နှုတ်ထွက်ခွင့်ပြုဖို့ အတွက် မတ်လ ၂၆ ရက်နေ့ကနေ စတင် ကျင်းပနေတဲ့ ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်တယ်လို့ ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့ က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ရဲ့ လက်မှတ်နဲ့ ဦးအောင်သန်း ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ရက်စွဲနဲ့ လွှတ်တော်ဒုဥက္ကဌ ရာထူးကနေ နှုတ်ထွက်ဖို့ သတိပေးစာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း က နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ “နှုတ်ထွက်စာတင်တော့ မနေ့က လွှတ်တော်ကနေ နှုတ်ထွက်ခွင့်ပြုလိုက်ပြီ။အသစ်ရွေးချယ်ဖို့တော့ ရှိပေမယ့် ဘယ်သူကို တင်မလဲတော့ မသိသေးဘူး။ဘယ်ပါတီကနေ ဖြစ်မလဲဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပဲ ဖြစ်မှာပေါ့နော်။အသစ်ထပ်တင်ဖို့…

Read More

ဒေါ်နယ်ထရန့်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့ ထိပ်သီးဆွေးပွဲပြုလုပ်မယ်

ဆိုးလ်၊ မတ် ၂၉-၂၀၁၉ မျိုးဆက် (VOM) ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့ရဲ့ ပထမဆုံးထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ်လို့ တောင်ကိုရီးယားသမ္မတအိမ်တော်က မတ် ၂၉ ရက်က ထုတ်ပြန်ပါတယ်။ အဲဒီ ထိပ်သီးဆွေးနွေးပွဲကို ၀ါရှင်တန်မှာ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတအိမ်တော် ဆက်ဆံရေးအရာရှိ ယွန်းဒိုဝမ်က သတင်းထောက်တွေကိုပြောပါတယ်။ သမ္မတမွန်ဂျေးအင်ဟာ သူရဲ့ဇနီးဖြစ်သူနဲ့ အတူ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဆီကို နှစ်ရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။ အမေရိကန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ဧပြီ ၁၁ ရက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က သီးခြားကြေညာချက်တစ်စောင်ထုတ်ပြန်ရာမှာ အတည်ပြုပြောဆိုပါတယ်။ ဒေါ်နယ်ထရန့်နှင့် မွန်ဂျေးအင်တို့ဟာ အာဂျင်တီးနားနိုင်ငံမှာ ပြုလုပ်တဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ တွေ့ဆုံခဲ့တဲ့ နိုဝင်ဘာ…

Read More

အောက်သကန်ကျေးရွာသို့ လက်နက်ကြီးကျရောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ

မြောက်ဦး၊ မတ် ၂၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောက်ပိုင်း အောက်သကန်ကျေးရွာအနီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာအတွင်းမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဆေးရုံတင်ထားရတယ်လို့  ဒေသခံတွေကပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ မနက် ၆ နာရီကျော်လောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်သကန်ရွာနဲ့ တစ်မိုင်လောက်ကွာဝေးတဲ့ တိန်ညိုတံတားနားကနေ တပ်မတော်စစ်ကြောင်းက ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ “ဖြစ်တာတော့ မနက်ကတည်းကဖြစ်တာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာတော့မသိရသေးဘူး။ လက်နက်ကြီးတွေနဲ့ ရွာကိုပစ်လိုက်တဲ့အတွက် အမျိုးသမီးတစ်ဦးသေတယ်။ လေးဦးကတော့ဆေးရုံကိုရောက်နေပြီ။ အဲ့ဒီမှာ တစ်ဦးက နှလုံးရောဂါရှိတဲ့အတွက် စိုးရိမ်ပြီး နှလုံးဖောက်လို့ ဆေးရုံပို့လိုက်ရတာပါ”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူလေးဦးထဲက မပေါက်စမ (၂၅)နှစ် ကိုတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် မြောက်ဦးဆေးရုံကို ပို့ဆောင်ထားပြီး ကျန်တဲ့လူနာတွေကိုတော့ တိန်ညိုဆေးရုံမှာ ဆေးကုသမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။ “အခြေအနေတွေကို လေ့လာလို့မရဘူးဖြစ်နေတယ်။ အောက်သကန်တစ်ရွာလုံးကို တပ်ကစစ်ဆေးနေတဲ့အတွက် ဖုန်းဆက်လို့မရဘူး။ သေဆုံးသွားတဲ့အမျိုးသမီးကိုလည်း ဆေးရုံကိုမပို့ရသေးဘူး။…

Read More

သားဖြစ်သူကို ​ဒါရိုက်​တာအဖြစ်​နဲ့ပဲ ​အောင်​မြင်​​စေချင်​တဲ့ ​မေသန်းနု

ရန်ကုန် မတ် ၂၉- ၂၀၁၉ သင်းသဒ္ဒါ နာမည်ကြီး အနုပညာရှင် အကယ်​ဒမီ​မေသန်းနုကတော့ တစ်​ဦးတည်း​သောသား မင်းသန့်​​မောင်​​မောင်​ကို ဒါရိုက်​တာပဲဖြစ်​​စေချင်​တယ်​လို့ ဆိုပါတယ်​။ “သားသားကဒီတစ်​​​ခေါက်​ အပြီးပြန်​လာတာဆို​တော့ သူ့အ​ဖေအလုပ်​​တွေ ဝိုင်းလုပ်​ဖို့ရှိတယ်​။ အဓိက​တော့ သူ့အ​ဖေရဲ့အစီအစဉ်​​အောက်​မှာ​ပေါ့​နော်​။သူ့အ​ဖေက​တော့ အ​ကောင်းဆုံးဖြစ်​​အောင်​စီစဉ်​​နေတာပဲ။အဓိက​တော့ ဒါရိုက်​တာလိုင်း​ပေါ့။သူကအမေရိကန်မှာ အဲဒါနဲ့​ကျောင်းပြီးထားတာဆို​တော့​လေ။ ဒါရိုက်​တာလိုင်းမှာ​အောင်​မြင်​တဲ့ဒါရိုက်​တာတစ်​ဦးဖြစ်​ရမယ်​ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ မိဘနှစ်​ဦးစလုံးက သူ့ကိုစဉ်းစားထားပါတယ်​။အ​ဖေကလည်းသူ့ကိုအားကိုးတယ်​။က​လေးကလည်းဒီတစ်​​ယောက်​ထဲရှိ​တဲ့အတွက်​ ​အောင်​မြင်​တဲ့ဒါရိုက်​တာဖြစ်​​စေချင်​တယ်​။မဆင့်​ကလည်း ဒါရိုက်​တာဖြစ်​ဖို့ကို အား​ပေးမယ်​။က​လေးကလည်း ဝါသနာပါတယ်​​လေ။အ​ကောင်းဆုံးဖြစ်​​အောင်​​တော့ ပံ့ပိုးမှာပဲ”လို့ ဆိုပါတယ်။ သူကတော့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင် နဲ့အတူ ဇာတ်ညွှန်းမိုးနီလွင်ရဲ့ “တစ်​ခါ က ဆောင်း” ဇာတ်ကားကို ကိုရီးယား အနုပညာရှင်တွေနဲ့အတူ တွဲဖက်ရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ တက်သစ်စဒါရိုက်တာ ​အသစ်​တစ်​​ယောက်​အ​နေနဲ့ မြန်​မာပရိသတ်​နဲ့ အံဝင်​​ဖို့ ပတ်သက်ပြီး “သူကလည်းလူငယ်​ဆို​တော့ လူငယ်​ကာရိုက်​တာနဲ့ လူငယ်​ပရိသတ်​က မစိမ်းဘူး​ပေါ့​နော်​။လူငယ်​အမြင်​အတွက်​ လူငယ်​ကသတ်​သတ်​ရှိ​နေမှာပဲ။ဒါ​ပေမယ့်​ လူငယ်​ရိုက်​တာကို လူကြီးက​ဝေဖန်​တာ​တော့ သိပ်​မဟုတ်​ဘူး​လေ။သူ့​ခေတ်​နဲ့ သူ့အခါ​တော့ အံဝင်​တယ်​လို့…

Read More

ဘင်္ဂလားဒေ့ရှ်မှာ အထပ်မြင့်အဆောက်အဦမီးလောင်ကျွမ်းလို့ လူ ၁၉ ဦးထက်မနည်းသေဆုံး

  ဒါကာ၊ မတ်-၂၉ ၊ ၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အထပ်မြင့်ရုံးအဆောက်အဦတစ်ခုမှာ မတ် ၂၈ ရက်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့လို့ လူ ၁၉ ဦးထက်မနည်းသေဆုံးသွားပြီး အများအပြားဒါဏ်ရာရရှိသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်ကျွမ်းမှုဟာ အထပ် ၂၂ ထပ်ရှိ အက်ဖ်အာအထပ်မြင့်အဆောက်အဦမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဆောက်အဦအတွင်း အလုပ်သမားတွေပိတ်မိနေခဲ့ပါတယ်။ တစ်ချို့ကတော့ မီးလောင်မှုကနေ လွတ်မြောက်ဖို့ အဆောက်အဦပေါ်မှ ခုန်ချခဲ့ကြပါတယ်။ မီးလောင်မှုကို ခြောက်ထပ်အရောက်မှာ မီးသတ်သမားတွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒါကာမီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ အက်ထွာရာမန်က ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေချိန်မှာ သေဆုံးသူအရေအတွက်မြင့်တက်လာနိုင်ပေမယ့် အနည်းဆုံး လူ ၁၉ ဦးသေဆုံးသွားတာကို အတည်ပြုနိုင်ခဲ့တယ်လို့ မီးသတ်ဌာနဲ့ မြို့ပြကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အနည်းဆုံး လူလေးဦးမှာ အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့တာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ်အဖွဲ့ ၂၁…

Read More

ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်း ကျခံနေရသူ နှစ်ဦးဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ကလေး မတ် ၂၈-၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မှာ ရှိတဲ့ ကလေး အကျဉ်းထောင်မှာ  မူးယစ်ဆေးဝါးမှု နဲ့ ထောင်ကျနေသူ တစ်ဦးနဲ့ မူးယစ်ဆေးဝါးမှုကြောင့် ဖမ်းဆီးအကျဉ်းချခံနေရပြီး တရားရင်ဆိုင်နေရသူ နှစ်ဦး ဆီ ကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်း ကနေ သိရပါတယ်။ မတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ကလေးမြို့ အကျဉ်းဦးစီးဌာနမှာ မူးယစ်ဆေးဝါးမှု နဲ့ တရားရင်ဆိုင်နေရသူ ကို ထွမ်ထွန်ကပ် (၁၉) နှစ်(ဘ) ဦးနန်ကျင့်ကိမ် ကို ထောင်ဝင်စာလာတွေ့တဲ့ မဆွတ်လော့ကျန် (၃၈) နှစ်(ဘ) ဦးပေါင်ခပ်ဝုမ်း ကနေ ထောင်ဝင်စာ လာတွေ့ခဲ့ပါတယ်။ ထောင်ဝင်စာလာတွေ့တဲ့ အမျိုးသမီးကနေပြီးတော့ ခရမ်းခါးသီးအတွင်းမှာ(BUPRENARPHINE) စာတမ်းပါ မူးယစ်ဆေးဝါး အပြား(၅၀)…

Read More

အီးယူကနေ နှုတ်ထွက်ရေး ပါလီမန်ကခွင့်ပြုရင် ရာထူးကဆင်းပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ကတိပြု

  လန်ဒန်၊ မတ် ၂၈-၂၀၁၉ မျိုးဆက် (VOM) ဥရောပသမဂ္ဂ (အီးယူ)ကနေ ဗြိတိန်နှုတ်ထွက်ရေးအတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ဘရီဇစ် သဘောတူညီချက်ကို ပါလီမန်က ခွင့်ပြုမယ်ဆိုရင် သူ့အနေနဲ့ ရာထူးကနေ ဆင်းပေးဖို့ ကတိပြုတယ်လို့ မတ် ၂၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဥရောပသမဂ္ဂမှ နှုတ်ထွက်ရေးသဘောတူညီချက်အတွက် ပေးမဲဖို့နဲ့ပတ်သက်ပြီး အမတ်အချို့ရဲ့ စိုးရိမ်မှုတွေကို သူမအနေနဲ့ နားလည်ပြီး ပါလီမန်မှာ ဆွေးနွေးမှုမပြုလုပ်တော့ဘဲ အဖွဲ့ဝင် ၂၈ နိုင်ငံပါတဲ့ အီးယူနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို အဆင့်နှစ်ဆင့်နဲ့ အလျင်အမြန်လုပ်ဆောင်ဖို့ လုပ်ပိုင်ခွင့်တစ်ရပ်ရယူသွားမယ်လို့ ၀န်ကြီးချုပ် ထရီဇာမေကပြောပါတယ်။ နိုင်ငံနဲ့ ပါတီအတွက် အခွင့်အရေးတွေကို လုပ်ကိုင်ဖို့ ရည်ရွယ်ထားပြီး အစောပိုင်းကတည်းက ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ဖို ပြင်ဆင်ထားတယ်လို့ ပါလီမန်မှာ ကွန်ဆာဗေးတစ် အမတ်တွေနဲ့ တံခါးပိတ် အစည်းအဝေးတစ်ရပ်မှာ သူကပြောပါတယ်။ ဗြိတိန်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့နဲ့…

Read More

ဘရူနိုင်းနိုင်ငံမှာ နောက်မီးလင်းသူ၊ လိင်တူဆက်ဆံသူတွေကို ခဲနဲ့ပေါက်ပြီးသေဒဏ်ပေးတော့မယ်

  ဘန်ဒါဆရီဘီဂါဝမ်၊ မတ်၂၈-၂၀၁၉ မျိုးဆက်(VOM) ဘရူနိုင်းနိုင်ငံမှာ လာမယ့်သီတင်းပတ်ကစပြီး ကျင့်သုံးတော့မယ့် ဥပဒေသစ်အရ အိမ်ထောင်ရေးဖောက်ပြန်ပြီး နောက်မီးလင်းသူတွေနဲ့ လိင်တူဆက်ဆံသူတွေကို ခဲနဲ့ပေါက်သတ်တဲ့နည်းနဲ့ အပြစ်ပေးတော့မှာဖြစ်ပါတယ်။ ဒီလိုအပြစ်ပေးတော့မယ့် ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အမျက်ဒေါသ အကြီးအကျယ်ထွက်နေကြပါတယ်။ ရှာရီယာဥပဒေရဲ့ ပြစ်မှုဆိုင်ရာ ပြဌာန်းချက်တွေအောက်က အဲဒီဥပဒေသစ်ကို ဧပြီလ ၃ ရက်ကစပြီး စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ ဥပဒေသစ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ချမှတ်ခဲ့တာဖြစ်ပြီး ပြစ်ဒါဏ်တွေတစ်ဖြည်းဖြည်း တိုးမြင့်လာခဲ့ပါတယ်။ အခုပြဌာန်းချက်ကတော့ ဘရူနိုင်း ရှေ့နေချုပ် ၀က်ဘ်ဆိုက်မှာ ပြီးခဲ့တဲ့နှစ်က ဖော်ပြထားတာကို ရုတ်တရက် ကြေညာလိုက်တာဖြစ်ပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ ဘရူနိုင်းနိုင်ငံက ပြဌာန်းလိုက်တဲ့ ဥပဒေပြဌာန်းချက်အသစ်ကို ပြစ်တင်ဝေဖန်လိုက်ပြီး ဒီလိုအပြစ်ပေးနည်းအသစ်ကို အကောင်အထည်ဖော်ခြင်းမပြုဖို့ တောင်းဆိုထားပါတယ်။ အဲဒီလိုအပြစ်ပေးမယ့်အစီအစဉ်ကို လွန်ခဲ့တဲ့ ငါးနှစ်ကပထမဆုံးဆွေးနွေးကတည်းက ရက်စက်ကြမ်းကြုပ်တဲ့ ပြဌာန်းချက်အပေါ် ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့်…

Read More

အပြစ်မဲ့ပြည်သူတွေထိခိုက်သေဆုံးနေရတဲ့အတွက် အပစ်ခတ်ရပ်စဲပေးကြဖို့ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒပြ

စစ်တွေ၊ မတ် ၂၈-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီကနေ့ မတ်လ ၂၈ ရက်နေ့ မနက် ၉ နာရီလောက်ကစတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်း က တိုက်ပွဲတွေကိုရပ်ပေးဖို့အတွက် နှစ်ဖက်အဖွဲ့အစည်းတွေကိုတောင်းဆိုတဲ့ တစ်ကိုယ်တော်လမ်းလျှောက်ဆန္ဒထုတ်ဖော် မှုတစ်ခုကို သံဃာတော်တစ်ပါးကပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆန္ဒထုတ်တော်မှုကိုပြုလုပ်ရတာဟာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်ကြဖို့အတွက် ရည်ရွယ်ပြီးဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ “ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်။ အဲ့ဒီတိုက်ပွဲတွေကိုရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ပေးကြဖို့အတွက် တောင်းဆိုတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်။”လို့ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့သည့် အရှင်စက္ကိန္ဒက မိန့်ပါတယ်။ ဒါ့အပြင် ကျေးရွာတွေတိုက်ခိုက်ခံနေရတာတွေနဲ့ မြို့တွင်းပစ်ခတ်မှုတွေကိုပြုလုပ်နေကြတဲ့အတွက် အရပ်သားပြည်သူတွေ နေအိမ်တွေမှာနေထိုင်ရင်း သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတွေနဲ့ ကြုံတွေ့နေကြရတာကြောင့် မြို့ပေါ်တွေမှာတောင် ဈေးဆိုင်တွေဖွင့်ပြီးညမဘက်မရောင်းရဲကြတော့တဲ့အတွက် အားလုံးကိုထိခိုက်လာနေတယ်လို့ ဆိုပါတယ်။ “စစ်တွေမြို့လိုနေရာမှာတောင် ညနေပိုင်းဆိုရင် ဈေးမရောင်းကြတော့ဘူး။ လူတွေအသွားအလာမရှိတော့ဘူး။ ခြောက်ကပ်ပြီးတော့ဖြစ်လာနေတယ်။…

Read More
VOM News

FREE
VIEW