မုံရွာမြို့မှာ မီးသတ်ရေသယ်ယာဉ်နဲ့ အခြားယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား မုံရွာ၊ မတ် ၂၈-၂၀၂၀ ရန်နိုင်စိုး(VOM) မုံရွာမြို့အဝင်က ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ဒီကနေ့နေ့လယ်ပိုင်းက မီးသတ်ရေသည်ယာဉ်နဲ့ ယာဉ်သုံးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့အဝင် Denko စက်သုံးဆီဆိုင်ကနေ ဆီထည့်ပြီးထွက်လာတဲ့ Light Truckကားနဲ့ မအူကျေးရွာအနီးကဆီဆိုင်တစ်ဆိုင် မီးလောင်ရာကနေ မီးငြှိမ်းသတ်ပြီးပြန်လာတဲ့ မြို့မိမြို့ဖပိုင် ဟီးနိုးအမျိုးစား မီးသတ်ရေသယ်ယာဉ်တို့ ဘေးတိုက်ထိတွေ့တိုက်မိရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” Light Truck ကားက ဆီထည့်ပြီး လမ်းပေါ်ဖြတ်တက်လာတာ။ ဟိုက မီးသတ်ကားကလည်း မီးငြှိမ်းပြီး လမ်းကြောကနေမောင်းလာတော့ တိုက်မိတယ်။ အရှိန်ကြောင့် လည်ထွက်သွားပြီး ဆိုင်ကယ်တစ်စင်း ချိတ်မိတယ်။ အဲ့ဒီအချိန်မှာ တဘက်လမ်းကြောကလာတဲ့ ၆ ဘီးကားနဲ့ တဆင့်ပြန်တိုက်မိတာ မီးသတ်ကားက မြောင်းထဲထိုးကျသွားတယ် ” လို့ မုံရွာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှုးကိုကိုနိုင်ကပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် လူ ၅…
Read MoreDay: March 28, 2020
ရန်ကုန်တိုင်းထဲက စားသောက်ဆိုင် ၊ လက်ဘက်ရည်ဆိုင်အပါအဝင် အသုပ်မျိုးစုံဆိုင်အားလုံး ပါဆယ်စနစ်ရောင်းချဖို့ စတင်ဆောင်ရွက်
ရန်ကုန်တိုင်းထဲက စားသောက်ဆိုင် ၊ လက်ဘက်ရည်ဆိုင်အပါအဝင် အသုပ်မျိုးစုံဆိုင်အားလုံး ပါဆယ်စနစ်ရောင်းချဖို့ စတင်ဆောင်ရွက် ရန်ကုန်၊ မတ် ၂၈-၂၀၂၀ သိဂီ ၤ(VOM) ရန်ကုန်တိုင်းထဲက စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်အပါအဝင် အသုပ်မျိုးစုံဆိုင် ၊ ကွမ်းယာဆိုင် အားလုံးကို ဒီကနေ့ မတ်လ ၂၈ ရက်နေ့ကစတင်ပြီး ပါဆယ်စနစ်ဖြင့်သာရောင်းချဖို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ်အလိုက် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးပူးပေါင်းကော်မတီက စတင်လုပ်ဆောင်နေပါတယ်။ လတ်တလောမှာ ရန်ကုန်တိုင်းအစိုးရအနေနဲ့ တရားဝင်စာထုတ်ပြန်ကန့်သတ်မှုမရှိသေးတဲ့အတွက် ဆိုင်တွေကို ပါဆယ်စနစ်နဲ့ရောင်းချဖို့ကို မေတ္တာရပ်ခံ တိုက်တွန်းတဲ့အနေနဲ့သာ အသိပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ပြောပါတယ်။ “မန္တလေးမှာက ဝန်ကြီးချုပ်ကိုယ်တိုင်က တရားဝင်စာထုတ်တယ်။ ရန်ကုန်မှာတော့ ဝန်ကြီးချုပ်က မထုတ်ပြန်သေးတာ့ သက်ဆိုင်ရာမြို့နယ်တွေမှာ ရောင်းတဲ့သူ ၃ ပေအကွာကနေ ရောင်းဖို့ဝယ်ဖို့။ စားသောက်ဆိုင်တွေအကုန်လုံး ပါဆယ်နဲ့ရောင်းဖို့ပေ့ါ။ မေတ္တာရပ်ခံတဲ့အဆင့် အသိစိတ်ဓာတ်နဲ့ လုပ်ဖို့တိုက်တွန်းတာ စတင်လုပ်တာပါ။ အဲ့ဒါက…
Read Moreတစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ နွားဝယ်သွားတဲ့သူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့်ထား
တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ နွားဝယ်သွားတဲ့သူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့်ထား မိုးညို၊ မတ် ၂၈-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်း မိုးညိုမြိုနယ် ရေကင်းအုပ်စုအပိုင် ပဒေသာကျွန်းကျေးရွာမှာ မနေ့ မတ်လ ၂၇ရက်နေ့လည်ပိုင်းကတစ်သောင်းတန် ငွေတုသိန်းသုံးဆယ်ကျော်(၃၁၅၀၀၀၀)ကျပ်နဲ့နွားအရောင်းအဝယ်ပြုလုပ်သွားတဲ့အမည်မသိအမျိုးသားကို အမှုဖွင့်ကာဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရေကင်းနယ်မြေရဲစခန်းကသိရပါတယ်။ ‟ငွေတုတွေမိတယ်ဆိုတာ ဟုတ်ပါတယ်။ နွားအရောင်းအဝယ်လုပ်ကြတာပါ တရားခံဖမ်းဖို့သွားနေတာမလို့ လတ်တလော ဒီလောက်ဘဲပြောနိုင်ပါတယ်”လို့ ရေကင်းရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်လင်းကVOMကိုအတည်ပြုပြောပါတယ်။ ကျွန်းညိုအုပ်စု၊ ဘိုးဘိုးကြီးကုန်းကျေးရွာက နွားနှစ်ကောင်ကို ငွေကျပ် သိန်း (၂၀)ကျော်နဲ့ အမည်မသိ အမျိုးသားတစ်ဦးက ဝယ်ယူသွားပြီး၊ ငါးကယ်အုပ်စု၊ ပေကုန်းကျေးရွာက နွားတစ်ကောင်ကိုလည်း ငွေ ဆယ်သိန်းကျော် နဲ့ဝယ်ယူခဲ့ရာ တစ်သောင်းတန် ငွေစက္ကူအတုတွေဖြစ်နေတဲ့အတွက် ရေကင်းရဲစခန်းက သက်သေတွေရှေ့မှာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ နွားဝယ်သွားတဲ့ အမည်မသိအမျိုးသားကို (ပ)၁၉/၂၀၂၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆နဲ့အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရေကင်းနယ်မြေရဲစခန်းကပြောပါတယ်။ #VOM #voiceofmyanmar…
Read Moreစစ်ကိုင်းတံတားနှစ်စင်းလုံးကို COVID_19ရောဂါအခြေအနေဆိုးရွားလာရင် ပိတ်သွားမယ်
စစ်ကိုင်းတံတားနှစ်စင်းလုံးကို COVID_19ရောဂါအခြေအနေဆိုးရွားလာရင် ပိတ်သွားမယ် စစ်ကိုင်း ၊ မတ် ၂၈-၂၀၂၀ ရှိုင်းအောင် (VOM) မြန်မာနိုင်ငံမှာ COVID-19 ရောဂါပြန့်ပွားလာတာဆိုရင် ဒီကနေ့မတ်လ ၂၈ ရက်နေ့မှာ ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိနေပြီး အဲ့ဒီထက်အခြေအနေဆိုးရွားလာရင် စစ်ကိုင်းတံတားနှစ်စင်းလုံးကို ဘလောက်တုံးတွေချကာ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင် ကပြောပါတယ်။ “အဆိုးရွားဆုံးအခြေအနေကိုလည်း ကျွန်တော်တို့ မျှော်လင့်ပြီးသားဖြစ်ပါတယ်။ အဲ့လိုဖြစ်လာခဲ့ရင်လည်း တစ်မြို့လုံးကိုပိတ်လိုက်မှာပါ၊ အဲ့ဒါကိုလဲ ပြည်သူတွေက လိုက်နာဖို့လိုပါတယ်။ ဆိုင်တွေပိတ်ဖို့ဆိုတာက ဆိုင်တိုင်းကို လျှောက်ပြီးပိတ်ဖို့ မလိုပါဘူး စားနပ်ရိက္ခာရောင်းတဲ့ဆိုင်တွေ ရှိတယ်၊ သူတို့ကို ပိတ်လိုက်ရင် ပြဿနာရှိပါတယ်။ ပါဆယ်ရောင်းဖို့သာ ညွှန်ကြားထားပါတယ်။ KTV တွေ အဝတ်အထည်ရောင်းတဲ့ ဆိုင်တွေကတော့ ပိတ်သွားပါပြီ။ လူအမြောက်အများသာထားမယ်ဆို အနှစ် ၇၀၀ ကွင်းမှာထားမယ်။ နောက်တစ်နည်းက သူ့ရဲ့အရပ်ဒေသက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ရှိပါတယ်။ အဲ့ဒီနေရာတွေမှာ ထားပါမယ်။ သူတို့ကို…
Read Moreမန္တလေးမြို့မှာ ဈေးပေါင်း(၄၀)ကျော်ပိတ်လိုက်ပေမယ့် စားသောက်ကုန်နဲ့ ဆေးဆိုင်တွေကို ဖွင့်ခွင့်ပေး
မန္တလေးမြို့မှာ ဈေးပေါင်း(၄၀)ကျော်ပိတ်လိုက်ပေမယ့် စားသောက်ကုန်နဲ့ ဆေးဆိုင်တွေကို ဖွင့်ခွင့်ပေး မန္တလေး၊ မတ် ၂၈-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးမြို့မှာရှိတဲ့ ဈေးပေါင်း(၄၀)ကျော်ကို ယာယီပိတ်လိုက်ပေမယ့် စားသောက်ကုန်နဲ့ ဆေးပစ္စည်းဆိုင်တွေကိုတော့ ဖွင့်ခွင့်ပြုထားမှာဖြစ်ပြီး မဖြစ်မနေပိတ်လိုက်ရမယ့် အခြေအနေဖြစ်ခဲ့ရင်တောင် ရပ်ကွက်တွေထိ ကားနဲ့အရောက်ပို့ပေးမှာဖြစ်လို့ ပြည်သူအနေနဲ့ မစိုးရိမ်ကြဖို့ မန္တလေးမြို့တော်စည်ပင်သာယာကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောပါတယ်။ “စားသောက်ကုန်ရောင်းတဲ့ဆိုင်တွေ လောလောဆယ်တော့ ပိတ်ဖို့လုံးဝမရှိပါဘူး။ ပိတ်ရတဲ့အနေအထားအထိ အခြေအနေကရောက်သွားတယ်ဆိုရင်တောင်မှ မြို့နယ်စည်ပင်ကော်မတီက ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်း၊ မွေးမြူရေးလုပ်ငန်းရှင်များအသင်းတို့ ဈေးအကျိုးတော်ဆောင်တွေအကုန်လုံးနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး ဆွေးနွေးထားချက်တွေရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ ရပ်ကွက်တွေအရောက် ကားတွေနဲ့ လိုက်ပြီးတော့ စားသောက်ကုန်ပစ္စည်းတွေကိုရောင်းချပေးမယ့် အစီအစဉ်လည်း ရေးဆွဲထားပါတယ်။”လို့ ဦးကျော်ဆန်းမြင့်ကပြောပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတစ်ဝှမ်း ထိန်းချုပ်ကန့်သက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး မန္တလေးမြို့မှာလည်း လူစုလူဝေးဖြစ်စေနိုင်တဲ့ အခြေအနေတွေနဲ့ တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုတွေကနေ ကူးစက်ပျံ့နှံံ့မှု လျော့ချနိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID…
Read Moreနေပြည်တော်မြို့မဈေးနားက ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ စတင်ပိတ်
နေပြည်တော်မြို့မဈေးနားက ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ စတင်ပိတ် နေပြည်တော်၊ မတ် ၂၈-၂၀၂၀ ကိုထွန်း(VOM) နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ညွှန်ကြားချက်အရ မြို့မဈေးအနီးရှိ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေဟာ ဒီကနေ့မနက်ပိုင်းကစပြီး စတင်ပိတ်လိုက်ပြီဖြစ်ပါတယ်။ နေပြည်တော်မှာ COVID-19ရောဂါကူးစက်ခံရသူတစ်ဦးတွေ့ရှိပြီဆိုတဲ့သတင်းကို ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပြီးတဲ့နောက် အခုလိုပိတ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ နေပြည်တော်မြို့မစျေးမှာဖွင့်ထားတဲ့ နေပြည်တော်သန်းနိုင် စားဖွယ်စုံဆိုင်ပိုင်ရှင် ကိုသန်းနိုင်ပြောပြတာက “ဆိုင်ကသုံးရက်လောက်ရှိပြီ ထိုင်စားသူမရှိတော့ဘူး၊ ဒီနေ့မနက်ပိုင်းလေးခဏဖွင့်တယ်၊ မြို့မစျေးရဲ့ စျေးများဌာနက စာလာပို့တယ်၊ ပါဆယ်ဘဲရောင်းရမယ်ပေါ့၊ ဒါကြောင့်အခုပိတ်လိုက်ပြီ၊ မနက်ဖြန်ကစပြီးပိတ်ပါပြီ၊ ဆိုင်အလုပ်သမားတွေကိုတော့ အိမ်မှာဘဲထားမယ်”လို့ပြောပါတယ်။ အလားတူ နေပြည်တော်၊ သပြေကုန်း၊ ဧရာဝတီလမ်းရှိ စိတ်တိုင်ကျလ္ဘက်ရည်ဆိုင်မှာလည်းဆိုင်ထိုင်မရောင်းတော့ဘဲ ပါဆယ်သာရောင်းချနေတယ်လို့ သိရပြီး အခြားဈေးဆိုင်များမှာလည်း ဈေး၀ယ်သူတွေကို ရောဂါပိုးကူးစက်မှုမရှိစေဖို့ ၃ပေခြားအကွက်ချကာ ဈေး၀ယ်နိုင်ဖို့တွေလည်ူ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ နေပြည်တော်မြို့မဈေးနားက ဈေးဆိုင်၊စားသောက်ဆိုင်များကို ဒီကနေ့ မတ်လ၂၈ရက်နေ စတင်ပိတ်လိုက်တာဖြစ်ပြီး အခြားဈေးတွေကိုလည်း တရား၀င်ပိတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar…
Read Moreကိုဗစ် ၁၉ ရောဂါကာလအတွင်း ဧည့်လမ်းညွှန်တွေနဲ့ တစ်ကိုယ်ရည်ကာကွယ်ခြင်း အထူးဂရုစိုက်ဖို့လိုအပ်
ကိုဗစ် ၁၉ ရောဂါကာလအတွင်း ဧည့်လမ်းညွှန်တွေနဲ့ တစ်ကိုယ်ရည်ကာကွယ်ခြင်း အထူးဂရုစိုက်ဖို့လိုအပ် ရန်ကုန် ၊ မတ် ၂၈-၂၀၂၀ သိဂီ ၤ(VOM) ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူနဲ့ ကားတစ်စီးတည်းအတူစီးမိရင် ရောဂါကူးစက်နိုင်ချေများတဲ့အတွက် ဧည့်လမ်းညွှန်တွေအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ တစ်ကိုယ်ရည်ကာကွယ်မှုတွေကို အထူးဂရုစိုက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းက သတိပေးပြောဆိုလိုက်ပါတယ်။ “နည်းနည်းလေး သတိထားပြီးတော့ ခပ်လှမ်းလှမ်းနေတာတို့ ဒါပေမယ့်လည်း အလုပ်သဘာ၀ ကားတစ်စီးတည်း အတူစီးရတယ်။ အဲယားကွန်းကလည်း မဖွင့်လို့မရဘူး ဒီလိုအခြေအနေမှာ တစ်ကိုယ်ရည်ကာကွယ်မှုကို သေချာဂရုစိုက်ဖို့လိုအပ်တယ်။ တစ်ကိုယ်ရည်ကာကွယ်မှု ဘယ်လောက်ပဲလုပ်ထားလည်း ရောဂါပိုးရှိသူနဲ့ တစ်စီးတည်း အတူစီးမိတယ်ဆိုရင် ရောဂါပိုးကူးစက်ခံရနိုင်မှုက များတယ်။ လေယာဉ်တွေလည်းပါမယ်။ ဖြစ်ချင်မှတော့ဖြစ်မယ် ဖြစ်နိုင်ချေများတယ်။ အလုပ်သဘာဝဖြစ်တော့ ထမင်းစားတာဘာညာ ခွဲစားလို့ရပေမယ့် ခရီးသွားရင် ကားတစ်စီးတည်း စီးရတယ်။ ဝန်ဆောင်မှုပေးတဲ့အခါလည်း အကွာအဝေး ကွာပြောဖို့ကလည်း သိပ်အဆင်မပြေဘူး။”လို့ ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းကပြောပါတယ်။ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ…
Read Moreမန္တလေးဈေးချိုတော်ကို COVID-19 ကာကွယ်ရေးအတွက် ယာယီပိတ်
မန္တလေးဈေးချိုတော်ကို COVID-19 ကာကွယ်ရေးအတွက် ယာယီပိတ် မန္တလေး၊ မတ် ၂၈-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့က ကုန်အရောင်းအဝယ်အများအပြားပြုလုပ်နေတဲ့ ဈေးချိုတော်ကို COVID-19ရောဂါကြိုတင်ကာကွယ်ရေးအနေနဲ့ မတ်လ (၂၉)ရက်နေ့ကနေစပြီး ခေတ္တယာယီပိတ်သိမ်းလိုက်ပြီလို့ အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ကပြောပါတယ်။ “လတ်တလောအနေအထားအရ COVID-19ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးမှာ အထောက်အကူဖြစ်ရေရည်ရွယ်ချက်နဲ့ ပိတ်ရခြင်းဖြစ်ပါတယ်။ ဈေးသူဈေးသားတွေကိုလည်း ဒီဟာနဲ့ပတ်သက်ပြီး သဘောပေါက်နားလည်အောင်ရှင်းပြပြီး ဖြစ်ပါတယ်”လို့ အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းကပြောပါတယ်။ ဈေးချိုတော်အတွင်းက လူသုံးကုန်ပစ္စည်းတွေနဲ့ အထည်အလိပ်တန်းတွေကို ပိတ်လိုက်ပေမယ့် အသား၊ငါးနဲ့ အစားအသောက်တန်းကို အချိန်အကန့်အသတ်ပုံစံနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဈေးချို #ယာယီပိတ် Zawgyi မန္တလေးဈေးချိုတော်ကို COVID-19 ကာကွယ်ရေးအတွက် ယာယီပိတ် မန္တလေး၊ မတ် ၂၈-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့က ကုန်အရောင်းအ၀ယ်အများအပြားပြုလုပ်နေတဲ့ ဈေးချိုတော်ကို COVID-19ရောဂါကြိုတင်ကာကွယ်ရေးအနေနဲ့ မတ်လ (၂၉)ရက်နေ့ကနေစပြီး ခေတ္တယာယီပိတ်သိမ်းလိုက်ပြီလို့…
Read More