ဝါရှင်တန်၊ နိုဝင်ဘာ-၁၆-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်အခြေစိုက် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဟာ ရောဂါကာကွယ်ဖို့အတွက် ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိတယ်လို့ အဲဒီကုမ္ပဏီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ Moderna အပြင် Pfizer ကုမ္ပဏီကလည်း သူ့ရဲ့ ကာကွယ်ဆေးဟာ အလားတူပုံစံမျိုး ထိရောက်စွာကာကွယ်နိုင်တယ်လို့ မကြာသေးမီက ကြေညာခဲ့ပြီး ကပ်ရောဂါကို အဆုံးသတ်ရေးမှာ အဲဒီကာကွယ်ဆေးတွေက အထောက်အကူပြုနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေလည်း တိုးပွားလာနေပါတယ်။ Moderna နဲ့ Pfizer ကုမ္ပဏီတို့ဟာ သူတို့ရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုတွေမှာ မြင့်မားတဲ့ စမ်းသစ် တီထွင်မှုတွေနဲ့ ချဉ်းကပ်လုပ်ဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒီရလဒ်ဟာ အလွန်ကြီးကျယ်ခမ်းနားတဲ့နေ့ဖြစ်ပြီး လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ ကာကွယ်ဆေးကို အသုံးပြုနိုင်ဖို့ ခွင့်ပြုချက်အတွက် လျှောက်ထားသွားမယ်လို့ Moderna ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဒီရလဒ်ဟာ စမ်းသပ်မှုရဲ့ အစောပိုင်းတွေ့ရှိမှုအချက်အလက်တွေဖြစ်ပြီး ကာကွယ်ဆေးနဲ့ပတ်သက်ပြီး နောက်ထပ်အဓိက စမ်းသပ်ရမယ့်အကြောင်းအရာတွေ ရှိနေဆဲဖြစ်ပါတယ်။…
Read MoreDay: November 16, 2020
ရွှေညောင် ဆီဆိုင်က ဆီသိုလှောင်ခန်း မီးလောင်
တောင်ကြီး -နိုဝင်ဘာ-၁၆-၂၀၂၀ နေနန်းနွယ်(VOM) ရွှေညောင်မြို့၊ ရွှေညောင် ရပ်စောက်သွား ကားလမ်းဘေးရှိ “ရွှေင်္ခြသေ့ဓာတ်ဆီဆိုင်”မှာနို၀င်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ “ဆီဘောက်ဆာကနေ ပေပါထဲကို ဆီထည့်တာက ဖြစ်တာ။ ကြားထဲမှာ ပိုက်လေးခံထားတာပေါ့၊ အဲ့ပိုက်တွေကတော့ မီးသတ်က ခွင့်ပြုထားတဲ့ ပိုက်တွေတော့ မဟုတ်ပါဘူး။ အဲ့တာကြောင့် တည်ငြိမ်လျှပ်စစ်ဖြစ်ပြီး စ လောင်တာပါ။ မီးငြှိမ်းတာကတော့ ကား ၁၄ စီးလောက်နဲ့ ငြိမ်းလိုက်နိုင်တယ်။” လို့ မြို့နယ်မီးသတ်ဦးစီးမှုး ဦးမြင့်သန်းက ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၇၅) သိန်းခန့်ဆုံးရှုံးခဲ့တယ်လို့သိရပြီး နေ့လည် ၂ နာရီခန့် ၀န်းကျင်မှာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းကို ပေါ့လျော့စွာ အသုံးပြုခဲ့တဲ့အတွက် ၀န်ထမ်း ဦးမင်းအောင်ကို အမှုဖွင့်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုကို တောင်ကြီး၊ ရွှေညောင်၊ ရပ်စောက်၊…
Read Moreရွှေမြယာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ထောက်ပံ့ငွေ ၄သောင်းကိစ္စကြောင့် ရာထူးကနေနုတ်ထွက်
နိုဝင်ဘာ ၁၆-၂၀၂၀ သိင်္ဂီထွန်း ( VOM ) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲက ရွှေမြယာကျေးရွာမှာ အစိုးရကထောက်ပံ့တဲ့ ငွေကျပ် ၄သောင်းနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေအကြား အငြင်းပွားဖွယ်ရာကိစ္စရပ်တွေဖြစ်ပွားခဲ့တာကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးမှူးအပါအဝင် ရာအိမ်မှူး ၊ ဆယ်အိမ်မှူး၊ တာဝန်ခံနဲ့ အယောက် ၂၀ နီးပါး တာဝန်ကနေ နှုတ်ထွက်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ အငြင်းပွားဖွယ်ဖြစ်ခဲ့တာကြောင့် ဒေသခံတွေဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အထိ တိုင်ကြားတာတွေရှိနေတယ်လို့လည်းသိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေမြယာကျေးရွာအုပ်ချုပ်ရေးမှူး ကိုဝေမိုးကတော့ “ဒီငွေ ၄၀၀၀၀ နှုန်းကို ရွေးကောက်ပွဲမတိုင်ခင် ပေးမယ်ဆိုပြီး အသံထွက်တယ်၊ ဒါပေမယ့်မပေးဖြစ်ဘူး။ ဒါကို နိုင်ငံတော်ကထောက့်ပံ့မယ့် ၄၀၀၀၀ကို အုပ်ချုပ်ရေးမှူးကရထားပါလျက်နဲ့ ထုတ်မပေးဘဲ ဘတ်ထားတယ်၊ ထိန်ချန်ထားပါတယ်ဆိုပြီး အဂတိကော်မရှင်ကိုတင်တယ်ဗျ၊ ဝန်ကြီးချုပ်ဘာညာလည်း တင်တယ်ကြားတယ်။ အဲ့ဒါတွေက မြို့နယ်ထွေအုပ်ကိုဝင်လာတော့ ထွေအုပ်ကနေ ကျနော့်ကိုစစ်ဖို့ ခုံအဖွဲ့ဖွဲ့ထားတယ်။ အဲ့ဒီအချိန်…
Read Moreနိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ ဆွေနွေးပွဲနဲ့ အဖြေရှာကြဖို့ ALPပါတီတိုက်တွန်း
နိုဝင်ဘာ ၁၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြားမှာ ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက အပြစ်မဲ့ပြည်သူတွေ အသက်အိုးအိမ်စည်းတွေ ပျက်စီးဆုံးရှုံးမှု၊ အပြစ်မဲ့ ပြည်သူတွေနေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်ဘဝကို ရောက်နေကြတဲ့အချိန် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့ ဆွေးနွေးပွဲတွေနဲ့ အဖြေရှာကြစေလိုတယ်လို့ တပ်မတော်နဲ့ အေအေ နှစ်ဖက်စလုံးကို လက်ရှိ NCAလက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ(ALP) က မနေ့ နိုဝင်ဘာ ၁၅ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက် နဲ့ ၁၂ ရက်နေ့က တပ်မတော်နဲ့ အေအေ နှစ်ဖက်ထုတ်ပြန်ချက်တွေဟာ အပြုသဘောဆောင်ကာ အပြန်အလှန်ထွက်ပေါ်လာတဲ့ ထုတ်ပြန်ကြေညာချက်တွေ ဖြစ်ကြောင်းနဲ့ ရခိုင်ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ သုံးသပ်မိကြောင်း ALPပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ၊ ပြန်ကြားရေးဌာနတာဝန်ခံ ဒေါ်စောမြရာဇာလင်းကတော့ ” အရင်က ရခိုင်ပြည်မှာ တိုက်ပွဲပြင်းထန်နေခဲ့တယ်။…
Read Moreကိုဗစ်ကာလ ထောက်ပံကြေးပေးတာ မမျှတတဲ့ကိစ္စ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဘာပြောလဲ
နေပြည်တော်- နိုဝင်ဘာ-၁၆-၂၀၂၀ တာတီး(VOM) ကိုဗစ်ကာလမှာ ပြည်သူတွေအတွက် ထောက်ပံကြေးကို အစိုးရကပေးတာမှာ ရသူရ မရသူမရဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာ ဆန္ဒပြမှုတွေ လူစုလူဝေးတွေဖြစ်ပေါ်ပြီး တချို့ဆိုရင် ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဖမ်းဆီးခံရမှုတွေရှိနေပါတယ်။ ဒီကိစ္စမှာ အမှန်တကယ်လိုအပ်သူတွေ မရဘဲဖြစ်နေတာကြောင့် အစိုးရအဖွဲ့အနေနဲ့ အောက်ခြေခြေအဆင့်ဆင့်ကို ဘယ်လို ညွှန်ကြားထားပါသလဲလို့ နေပြည်တော်သတင်းထောက်အဖွဲ့ကိုယ်စား RFA သတင်းဌာနက သမ္မတရုံပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးကြည့်တော့ “ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်က ထောက်ပံ့မှု ပေးတဲအခါ သတ်မှတ်ချက်မှာ ပုံစံအတိုင်း ဖြစ်ပါတယ်လို့ ဆိုပါတယ်” အဲဒီပုံစံမှာ အမျိုးအစား ၁၀မျိုးခွဲထားပြီး ပျံကျဈေးသည်၊ကျပန်းလုပ်သား( ပန်းရံ၊လက်သမား၊ကုန်ထမ်း)၊ ပျိုးနုတ်၊ကောက်စိုက်၊ ခြံလုပ်သားစာရင်းငှား၊ အလုပ်ကြမ်းသမား၊ ရေလုပ်သား၊ အငှားယာဉ်မောင်း၊( ကား၊ဆိုင်ကယ်၊မြင်းလှည်း၊ သမ္ဗာန်၊ ကူးတို့)၊ တခြားပုံမှန်ဝင်ငွေမရှိသောအလုပ်သမား၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နေ့စားယာယီဝန်ထမ်းနဲ့ ကိုဗစ်ကြောင့်အလုပ်လက်မဲ့ဖြစ်သူဆိုပြီး ခွဲထားတာကိုတွေ့ရပါတယ်။ အစိုးရက ပေးတဲ့ငွေကို အောက်ခြေရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ထိထိရောက်ရောက်ဆောင်ရွက်ရဲ့လား။…
Read Moreမန္တလေးတိုင်း ရွေးကော်ရုံးဝန်ထမ်း ၇ ဦး ကိုဗစ် ပိုးကူးစက်ခံရ
မန္တလေးတိုင်း ရွေးကော်ရုံးဝန်ထမ်း ၇ ဦး ကိုဗစ် ပိုးကူးစက်ခံရ မန္တလေး၊ နိုဝင်ဘာ- ၁၆- ၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးက ဥက္ကဋ္ဌနဲ့ ဦးစီးအရာရှိကလွဲလို့ တိုင်းအဖွဲ့ခွဲရုံးတခုလုံး တိုင်းစာရင်းစစ်ဝန်ထမ်းကတဆင့် COVID-19 ရောဂါကူးစက်ခံရတယ်လို့ တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။ “ကျနော်တို့က ရွေးကောက်ပွဲအပြီး နောက်တစ်ရက်ကျတော့ ခိုင်လုံမဲ ရာခိုင်နှုန်းတက်ဖို့ စာရင်းစစ်တစ်ဦးခေါ်ရတယ်၊ တိုင်းစာရင်းစစ်ရုံးက ဝန်ထမ်းတစ်ယောက်ပို့ပေးတယ်၊ ၁၃ ရက်နေ့ကျတော့ အားလုံပြီးသွားရော ပြီးတဲ့နေ့မှာ စာရင်းစစ်တစ်ယောက်က ဖျားသွားရော ဖျားတော့ ဆေးတွေဘာတွေတိုက်လွှတ်ပြီး သူတို့ ပြန်သွားတယ်၊ ၁၄ ရက်နေ့ကျ ဖျားတဲ့တစ်ယောက်က Positive တဲ့ အဲ့ဒါနဲ့ ကျနော်လည်း ရုံးကို ဆေးတွေဘာတွေဖျန်းလိုက်သေးတယ်၊ ဒါပေမယ့် မရဘူး ရုံးမှာ စာရင်းစစ်ကို အပေါ်ထပ်သီးခြားပေးထားတဲ့ သီးခြားရုံးခန်းနဲ့ ကွန်ပြူတာရုံးခန်းကို စာရင်းအတင်ချလုပ်တဲ့ စာရေးမလေးက မနေ့က…
Read Moreအီဂျစ်မှာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ က ရှေးဟောင်းမံမီရုပ်အလောင်း ၁၀၀ ကျော်တွေ့
ကိုင်ရို၊ နိုဝင်ဘာ-၁၆-၂၀၂၀ မျိုးဆက်(VOM) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ပိုင်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ရှေးဟောင်းမံမီရုပ်အလောင်း ၁၀၀ ကျော်ကို အီဂျစ်ရှေးဟောင်းပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲhဒီရုပ်အလောင်းတွေကို ဆာကာရာရှိ ဒီဂျိုဆာ ပိရမစ်အနီးမှာ ထုတ်ဖော်ပြသခဲ့ပြီး ဒီရုပ်အလောင်းတွေဟာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်ကမြုပ်နှံခဲ့တယ်လို့ ယုံကြည်ရကာ သစ်သားနဲ့ပြုလုပ်ထားတဲ့ အခေါင်းတွေကို ဆာကာရာဒေသ ပိရမစ်အတွင်း မြေအောက် ၁၀ မီတာကျော်အနက်မှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခေါင်းတွေထဲမှာတော့ အဝတ်တွေပတ်ထားတဲ့ မံမာရုပ်အလောင်းတွေပါဝင်ပြီး အသက်အရွယ်နဲ့ ယောက်ကျား၊ မိန်းမခွဲခြားသိရှိနိုင်ဖို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ဓါတ်မှန်ရိုက်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ အခေါင်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေဟာ ကောင်းမွန်တဲ့ အခြေအနေရှိတယ်လို့ အီဂျစ်ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်းသုတေသနဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဒါဟာ ယခုနှစ်အတွင်း အကြီးမားဆုံးရှာဖွေ တွေ့ရှိမှုအဖြစ် ချီးကျူးပြောဆိုသည်။ ဆာကာရာဒေသရှိ အခြားနေရာတစ်ခုမှာ လည်း မံမီရုပ်အလောင်းတွေကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်ရှေးဟောင်း အမွေအနှစ်တွေကို…
Read Moreစစ်တပ်က တရားစွဲတာခံနေရတဲ့ ရွှေဝါရောင်နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိန္တိတ ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ
မန္တလေး၊ နိုဝင်ဘာ- ၁၆-၂၀၂၀ ရှိုင်းအောင် (VOM) ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့လို့ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရတဲ့ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတ ဟာ လက်ရှိမှာတော့ တပ်မတော်နဲ့ပတ်သက်ပြီး ဝေဖန်ရေးသားမှုကြောင့် ၆၆ (ဃ)၊ ပုဒ်မ – ၅၀၀ တို့နဲ့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ကနေ ဆရာတော်ဦးစိန္တိတကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ငွေကျပ်သိန်း ၃၀ တန် ကိုယ်ပိုင်ခံဝန်ပေးခဲ့ပြီး ၆၆(ဃ) ပုဒ်မကိုတော့ တရားလိုပြသက်သေတွေ မခိုင်လုံတာကြောင့် ပယ်ချခဲ့ပြီး ပုဒ်မ ၅၀၀ ကိုဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နောက်ရုံးချိန်းကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ တပ်မတော်နဲ့ပတ်သက်ပြီးဝေဖန်ရေးသားခဲ့တဲ့ ရွှေဝါရောင်ဆရာတော်ဦးစိန္တိတကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ အမှတ်(၂) ပင်မအလုပ်ရုံ (လျှပ်၊စက်)အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက တိုင်တန်းခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဦးစိန္တိတရဲ့အမြင်တွေနဲ့…
Read Moreတိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့မော်တော်ကားနဲ့ မတော်တဆဖြစ်ခဲ့တဲ့ အမျိုးသားတစ်ဦး ရက်ပိုင်းအကြာမှာသေဆုံးမှုဖြစ်ပွား
နိုဝင်ဘာ ၁၆-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ ငဖဲမြို့မှာ NLDပါတီမှ တိုင်းလွှတ်တော်ကိုယ်စားလှယ် (အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)ရဲ့ကားနဲ့ ဆိုင်ကယ်မောင်းလာသူတို့ နိုဝင်ဘာ ၁၀ရက်နေ့က မတော်တဆပွတ်တိုက်မှုဖြစ်ပွားခဲ့ပြီး မနေ့ နိုဝင်ဘာ ၁၅ရက်နေ့မှာပဲ သေဆုံးသွားတယ်လို့ ငဖဲမြို့မရဲစခန်းကနေ သိရပါတယ်။ ချောင်းဖြူကျေးရွာ၊ ရွာလယ်လမ်းကွေ့မှာ နိုဝင်ဘာ၁၀ရက်နေ့က မျက်နှာချင်းဆိုင်တိုက်မိကြတဲ့အတွက် ဝဲပါး ပွန်းခြစ်ဒဏ်ရာရရှိခဲ့ပြီး ပြင်ပဒဏ်ရာမရခဲ့တဲ့အတွက် ဆေးကုသမှုခံယူမှုမရှိခဲ့ဘဲ နိုဝင်ဘာ၁၅ရက်နေ့ မနက်၁၀နာရီခန့်မှာ ဝမ်းဗိုက်အောင့်လာလို့ ငဖဲပြည်သူ့ဆေးရုံကိုပို့တဲ့လမ်းမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ “သေဆုံးသွားတဲ့သူကိုရော၊ ဦးစန်းကြူကိုရော အမှုတော့ဖွင့်ထားတယ်။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကတော့ စုံစမ်းစစ်ဆေးဆဲဖြစ်လို့အတိကျတော့ ပြောလို့မရသေးဘူး။ ခုက စစ်ဆေးဆောင်ရွက်နေတုန်းပဲရှိသေးတယ်။ ဒါကြောင့်ဘယ်လိုဆောင်ရွက်ထားလဲဆိုတာ ပြောလို့မရသေးဘူး။ ခုက သက်သေတွေလိုက်စစ်နေဆဲဖြစ်တယ်။ ရဲလုပ်ငန်းနဲ့အညီတော့ လုပ်နေတယ်၊ လောလောဆယ် အမှုဖွင့်ထားတုန်းရှိသေးတယ်၊ စုံထောက်စစ်ဆေးနေတုန်းရှိသေးတယ်။ ပြီးတာနဲ့ ဥပဒေနဲ့အညီ ဆက်လုပ်မယ်”လို့ ငဖဲမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးကျော်မင်းဦးကပြောပါတယ်။ သေဆုံးသူ အသက်…
Read Moreနိုင်ငံတော်ထောက်ပံ့ငွေ ၄သောင်းကိစ္စနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရွာသား (၁၀)ဦးဖမ်းဆီးခံရ
နိုဝင်ဘာ ၁၆-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာမှာ နိုဝင်ဘာ ၁၄ရက်နေ့ ညပိုင်းက နိုင်ငံတော်ထောက်ပံ့ကြေး ငွေလေးသောင်းရလိုမှုနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရွာသား ၁၀ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကျေးရွာဒေသခံတစ်ဦးက VOMကို ပြောပါတယ်။ “ကျွန်မကို အဲ့ဒီညက ရုံးက ဘာလာလုပ်တာလဲမေးတယ်၊ ကျွန်မက ထောက်ပံ့ကြေးကိစွလာမေးတာလို့ပြောတယ်။ ကျွန်တော်တို့ စာရင်းဇယားတွေလုပ်နေလို့ပါ ဆန္ဒတွေမစောပါနဲ့လို့ ပြောတယ်။ လာကောက်ပေးမယ် အိမ်မှာနေပါလို့ပြောတယ်။ အဲ့ဒီအချိန်မှာ လူစုလူဝေးထဲက ဒို့အရေးလို့ ထအော်လို့ ရဲတွေနဲ့ဖြစ်တာပါ”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ အဲ့ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး ရိုးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးဦးကတော့”ဖမ်းခံရတာ ရွာသား ၁၀ဦး၊ ရှင်းရှင်းပြောရရင် ရွာသားမဟုတ်ဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အဲ့ဒီညက လူ ၅ ရာလောက်ရုံးရှေ့မှာ လူစုလူဝေးလာလုပ်တယ်။ မေတ္တာရပ်ခံတယ် မရဘူး။ ဖမ်းခံရတာလည်း အခြားအကြောင်းကြောင့်မဟုတ်ဘူး။ လုံခြုံရေးရဲသေနတ်ကို ဝင်လုရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး…
Read More