အများပိုင်ဓမ္မာရုံ ဧရိယာကို ပိုင်ရှင်ပေါ်လာလို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်​ရေးမှူးက ဖယ်ရှားခိုင်း​​နေ

မန္တလေး၊ ဇွန်- ၁၃- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အကွက်အမှတ် ဗ/၂၄+၂၅၊ အတွင်းက ဓမ္မသာလာဓမ္မာရုံ ဧရိယာအတွင်းက မြေ အကျယ် ၈၀ ပေ ၆၀ ပေ ကို ပိုင်ရှင်ပေါ်ပေါက်တယ်ဆိုကာ ဓမ္မာရုံဧရိယာအတွင်းမှာ ထားရှိတဲ့ ပစ္စည်းတွေကို ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးမှူးက ၂၀၂၆ ခုနှစ် ၂၈ ရက် ဧပြီလ အတွင်းဖယ်ရှား ပေးဖို့ ၂ ရက်အချိန်ပေးခဲ့​ပေမယ့် ရပ်ကွက်နေ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ” မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်(ခ) ကိုကိုထွန်းက ဓမ္မာရုံ ခြံစည်းရိုးခတ်ထားတဲ့ ပရဝုဏ်အတွင်းက မြေနေရာကို ဗိုလ်မှူးတဦးက ပိုင်ဆိုင်တယ်ဆိုပြီး ဖယ်ရှားပေးဖို့ ပြောဆိုခဲ့ပြီး ရပ်ကွက်နေသူတွေက လက်မခံလို့ အစီအစဥ်ပျက်ခဲ့ရတယ်” လို့ ရပ်ကွက်နေ သူတဦးက…

Read More

ဘန်ကောက်မှာ ဇနီးကိုသတ်ပြီး ထွက်ပြေးလာတဲ့ ကျူးလွန်သူ ယောကျ်ားကို ဟင်္သာတကနေအိမ်မှာ ဖမ်းမိ

ဇွန် ၁၃ ၊ ၂၀၂၆ GG (VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဇနီးကို အပိုင်းပိုင်းခုတ်သတ်ပြီး ထွက်ပြေးနေတဲ့ ယောကျ်ားကို ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်ရှိ နေအိမ်မှာ ဒီကနေ့ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ လူသတ်မှုကျူးလွန်သူ အသက် ၃၆ နှစ်အရွယ် ကိုအောင်ပြည့်ကို ဒီကနေ့ မနက် ၈နာရီဝန်းကျင်လောက်မှာ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းမှာရှိတဲ့ သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် ။အဲဒီကိစ္စ မြို့ထဲတော့ လူပြောများနေတယ်။ ခုဖမ်းသွားမှ အဲဒီလူက လူသတ်ခဲ့တယ်ဆိုတာကိုလည်း ပတ်ဝန်းကျင်က သိကြတာ ။ သူကလည်း ထိုင်းမှာပဲ လုပ်နေရင်းက ရုတ်တရက်ကြီး ပြန်လာတာ ။ထိုင်းမှာဖြစ်တာဆိုတော့ ဒီပြန်လာရင်လွတ်မယ်ထင်ထားတာဖြစ်မယ် ။ အခုတော့ ဖမ်းသွားပြီ။…

Read More

လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသား လေးယောက်ကို MNDAA သေဒဏ်စီရင်၊ သုံးယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေချ

ဇွန် ၁၃၊ ၂၀၂၅ NN(VOM) ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ MNDAA ထိန်းချုပ်တဲ့ ဒေသအတွင်း လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမျိုးသား ခုနှစ်ယောက်ထဲက လေးယောက်ကို ကိုးကန့်တပ်ဖွဲ့က ဒီမနက်မှာ သေဒဏ်စီရင် ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ လောက်ကိုင်မြို့ ဘောလုံးကွင်း လူမြင်ကွင်းရှေ့မှာ ဒီမနက်အစောပိုင်းက ပြုလုပ်ခဲ့တာလို့ လောက်ကိုင်ဒေသခံတွေဆီကနေ သိရပါတယ်။ “မနက်အစောကြီးပဲ ကားတွေနဲ့ ဘောလုံးကွင်းထဲကို ခေါ်လာပြီး တယောက်ချင်းစီကို သူတို့ ကျူးလွန်တဲ့ အပြစ်တွေကို ဖတ်ပြတယ်။ အဲဒီထဲက လူသတ်မှု ကျူးလွန်တဲ့ သူတွေနဲ့ ဓားပြတိုက်တဲ့သူ လေးယောက်ကို သေဒဏ်ပေးလိုက်တာ” လို့ လောက်ကိုင်မြို့ခံ တယောက်က ပြောပါတယ်။ ကျန်အမျိုးသား သုံးယောက်ကိုတော့ ထောင်ဒဏ် တသက်တကျွန်း ချလိုက်တယ်လို့ သိရပါတယ်။ “ပြစ်မှုကျူးလွန်တဲ့ တရားခံထဲက တယောက်က မူးယစ်ဆေးသုံးပြီး အသက်…

Read More

ကောင်းတပ်ရွာ ပေါက်ကွဲမှု ထိခိုက်သူ​​တွေအတွက် “ဝ” တပ်ဖွဲ့ ကျပ်သိန်း ခြောက်ထောင် လှူဒါန်း

ဇွန် ၁၃၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ယမ်းချက်စက်ရုံပေါက်ကွဲမှုအတွင်း ထိခိုက်ခဲ့သူများအတွက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ UWSA “ဝ” တပ်ဖွဲ့က ကျပ်သိန်းပေါင်း ခြောက်ထောင် လှူဒါန်းလိုက်ပါ တယ်။ “ဝ” တပ်ဖွဲ့အနေနဲ့ လှူဒါန်းတာပါ။ ကျပ်သိန်းခြောက်ထောင် ဖြစ်ပါ တယ်” လို့ “ဝ” တပ်ဖွဲ့တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အဲဒီအလှူငွေတွေကို လားရှိုးအခြေစိုက် “ဝ” တပ်ဖွဲ့ ဆက်ဆံရေးတာဝန်ခံနဲ့ အဖွဲ့က ဇွန်လ ၁၂ ရက်နေ့မှာ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေး ကော်မတီ ကို သွားရောက်လှူဒါန်းခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက TNLA တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ် ရွာ အတွင်း ယမ်းချက်စက်ရုံ ပေါက်ကွဲခဲ့လို့ ဒေသခံ ၄၀ ကျော် သေဆုံးခဲ့ပြီး…

Read More

တစ်ကျော့ပြန် နှစ်ကျော့ပြန် အကြိမ်ကြိမ်ကျော့တဲ့ ဟော်မုဇ်ရေလက်ကြား

MT(VOM) ​ကမ္ဘာ့မြေပုံကို ဖြန့်ကြည့်လိုက်ရင် အရှေ့အလယ်ပိုင်းဒေသဟာ သွေးချင်းချင်းနီနေတဲ့ ပဋိပက္ခတွေ၊ ရေနံအနံ့နံစော်နေတဲ့ နိုင်ငံရေးကစားကွက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီဒေသရဲ့ အချက်အချာ အကျဆုံး၊ အသက်သွေးကြောအဖြစ်ဆုံး နေရာတစ်ခုကို ပြပါဆိုရင်တော့ ကျွန်တော်တို့ဟာ ပါရှန်ကွေ့ (Persian Gulf) နဲ့ အိုမန်ကွေ့ (Gulf of Oman) ကို ဆက်သွယ်ထားတဲ့ ရေလက်ကြားကျဉ်းကျဉ်းလေးတစ်ခုဆီကို လက်ညှိုးထိုးရပါလိမ့်မယ်။​အဲဒါကတော့ တခြားမဟုတ်ပါဘူး— “ဟော်မုဇ်ရေလက်ကြား” (Strait of Hormuz) ပါပဲ။ ​ဒီရေလက်ကြားဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အားပြိုင်မှုကြားမှာ တစ်ကျော့ပြန်၊ နှစ်ကျော့ပြန်၊ အကြိမ်ကြိမ်အခါခါ စစ်မီးလျှံတွေ၊ တင်းမာမှုတွေနဲ့ ကျော့နေခဲ့တာ သမိုင်းတစ်လျှောက်လုံးပါပဲ။ “သမိုင်းရဲ့ သွေးကွက်တွေဟာ ဒီရေလက်ကြားမှာ ဘယ်တော့မှ မခြောက်သွေ့နိုင်သေးဘူး” လို့ပဲ ဆိုရမလိုပါပဲ။ ​ဟော်မုဇ်ရေလက်ကြား ရဲ့ ပထဝီဝင်အရေးပါမှု ​ပထဝီဝင်အနေအထားအရ ကြည့်ရင် ဟော်မုဇ်ရေလက်ကြားဟာ အင်မတန်…

Read More

ဆူးငှက် အခန်း (၁၃၉)

ဆူးငှက် မင်္ဂလာရက်မြတ်ပေ ———————- ထိုစဉ်ကာလ မင်္ဂလာဆောင်ဆိုလျှင် အိမ်ရှေ့၊ ဒါမှမဟုတ် အိမ်နှင့် အနီးဆုံး ကွက်လပ်မှာ မဏ္ဍပ်ထိုးကြသည်။ မင်္ဂလာမဆောင်ခင် ၇ ရက်ကြိုပြီး မဏ္ဍပ်တိုင်ထူ၊ ကန်တော့ပွဲ ထိုးကြ၏။ ထိုရက်ကတည်းက မင်္ဂလာရှင်အိမ်မှာ မင်္ဂလာပွဲအတွက် ပြင်ကြ ဆင်ကြပြီ။ နယ်က အမျိုးတွေလည်း သတို့သား သတို့သမီးအိမ်ကို ရောက်ကုန်ကြပြီ။ ဖိတ်ကြားဖို့အတွက်လည်း စီစဉ်ကြပြီ။ ရပ်ကွက်ထဲကာ လူပျို၊ အပျိုတွေကို လက်ကိုင်ပုဝါလေးနှင့် ဧည့်ခံဖို့ ဖိတ်ပြီးပြီ။ မင်္ဂလာဆောင်ရက် နီးလာလေလေ လာသမျှလူ ဧည့်ခံရလေလေပါပဲ။ မင်္ဂလာဆောင်နှင့် နှစ်ရက် အလိုမှာ မဏ္ဍပ်ထိုးပါပြီ။ မဏ္ဍပ်အတွက်လည်း ကန်တော့ပွဲ ထိုးရတာပေါ့။ မဏ္ဍပ်သမားတွေကိုလည်း ကျွေးရ မွေးရ သေးတာပေါ့။ ထိုကတည်းက ရပ်ကွက်ထဲမှာ ဓည့်ခံဖို့ ဖိတ်ကြားထားသော လူပျို၊ အပျိုတွေက အလုပ်နားပြီး မင်္ဂလာရှင်၏ အိမ်တွင် လိုတာဝိုင်းကူဖို့…

Read More

ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပြည်တွင်းမှာ ဘယ်လိုကြည့်နိုင်မလဲ

ဇွန် ၁၂ ၊၂၀၂၆ GG (VOM) ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးကို စတင်ဖွင့်လှစ်ကျင်းပနေပြီး မြန်မာနိုင်ငံကနေ ကြည့်မယ်ဆိုရင် CANAL + နဲ့ TV360 Application ကနေ ကြည့်ရှူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်အားလုံးကို CANAL + ကနေဆိုရင် CANAL+ DTT/ DTH စက်ကနေ ချန်နယ်အသစ်အဖြစ်ထည့်သွင်းထားတဲ့ “သုခုမ ကမ္ဘာ့ဖလား ” ချန်နယ်လ်ကနေ ကြည့်ရှုရမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ကမ္ဘာ့ဖလားပွဲကို CANAL+ DTT/DTH စက်နဲ့သာ TV မှာ ကြည့်ရှုခွင့်ရရှိမှာဖြစ်ပြီး ဖုန်းတွေထဲကနေ CANAL+ App မှာတော့ ကြည့်ရှုနိုင်မှာ မဟုတ်ဘူးကြောင်း ၊ စက်နဲ့ကြည့်ရှုမယ့်သူတွေကတော့ ပက်ကေ့ချ်ကို သက်တမ်းတိုးပြီး ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့…

Read More

လယ်ယာမြေတွေကို အကွက်ရိုက်ပြီး အိမ်ဆောက်နေသူတွေ ဖျက်ခံရ

မန္တလေး၊ ဇွန်- ၁၂- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။ ၂၀၂၆ ဇွန်လ ၅ ရက်နေ့ ပါရက်စွဲပါ စာအမှတ် ၄၀၁/ လယ ၁၁ နဲ့ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအုပ်စု၊ ဆည်တဲဗိုလ်ကျေး ရွာ၊ ကွင်းအမှတ် ၆၀၇၊ ဦးပိုင်အမှတ် ၁၁၂၊ ဧရိယာ ၁.၅၀ ဧကရှိ ကိုင်းမြေနဲ့ပါတ်သက်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ကွင်းဆင်းစိစစ်ချက်အရ ခွင့်ပြုချက်မရှိဘဲ မြေကွက်ရိုက်ဖော်ဆောင်ခြင်း၊ ဝန်းခြံကာရံခြင်း၊ လမ်းခင်းကျောက်ရိုးစီခြင်း၊ အဆောက်အဦး ဆောက်ခုပ်အသုံးပြုနေကြောင်း စိစစ်တွေ့ရှိရတာကြောင့် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (ဂ ၊ ဃ) တို့နဲ့ လက်ရှိနေထိုင်သူတွေကို…

Read More

ကျယ်ဂေါင် နယ်စပ်ဂိတ်က​နေ ပစ္စည်းအထွက် ပြန်တင်းကြပ်ထားတာကြောင့် ဂိတ်ဝမှာ တနိုင်တပိုင် ပစ္စည်းသယ်သူတွေ စုပုံ​​နေ

ဇွန် ၁၂၊ ၂၀၂၆ Shy V (VOM) တရုတ်-မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်မှာ ဒီရက်ပိုင်း ပစ္စည်းအထွက် ပြန်လည်တင်းကြပ်ထားတာကြောင့် ဂိတ်အဝင်အထွက်မှာ တနိုင်တပိုင် ပစ္စည်းသယ်တဲ့ လူအများအပြား စောင့်ဆိုင်းနေရသူများလို့ အခက်ကြုံ နေရတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိမှာ မူဆယ်ဘက်ကနေ ကျယ်ဂေါင်ဘက်ကို ဝင်ရောက်တဲ့ နန်းတော်ပေါက်မှာ အဝင်များပြီး လူအများအပြား စောင့်ဆိုင်းနေကြသလို ဆင်ဖြူပေါက် အထွက်ဂိတ်ဘက်မှာလည်း ပစ္စည်းသယ်ယူခွင့် စောင့်ဆိုင်းနေသူတွေ များပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ပစ္စည်းတွေက ပေးလိုက် မပေးလိုက်ဆိုတော့ တရက်စောင့်ရလို့ လူက ပိုကြပ်တာ။ အခုရက်ပိုင်း မိုးလည်းရွာတော့ လူတွေ ပိုဒုက္ခရောက်တယ်။ မိုးရွာလည်း လူများတယ်၊ မလွယ်ပါဘူး။ အရမ်းပင်ပန်းတယ်” လို့ နေ့စဉ် တနိုင်တပိုင် ပစ္စည်းသယ်တဲ့ အလုပ်လုပ်သူ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။ မူဆယ်ကနေ…

Read More

နေပြည်တော်မှာ ရေဆင်းကူးတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ရေနစ်သေဆုံး

ဇွန် ၁၂ ၊ ၂၀၂၆ GG (VOM) နေပြည်တော် ၊ ပျဥ်းမနားမြို့နယ်၊ အလျင်လို ဆည်မြောင်းအတွင်း ရေဆင်းကူးတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ် ။ မနေ့က ဇွန် ၁၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ပျဥ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင် ကိုဆက်ပိုင်စိုးဟာ အလျင်လိုဆည်မြောင်းအတွင်း ရေဆင်းကူးရာကနေ မြောင်းပြွန်ထဲကိုရောက်သွားပြီး ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဆည်မြောင်းထဲရေဆင်းကူးတာမှာ ရေစီးသန်ပြီး လူက မြောင်းပြွန်ထဲရောက်သွားပြီး သေဆုံးတာပါ။ သေဆုံးတဲ့အမျိုးသားက အသက် ၃၅ လောက်ရှိမယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကလို့သိရတယ်။ ရာထူးတော့ သေချာမသိဘူး ။ ” လို့ ကူညီကယ်ဆယ်ရေးပြုလုပ်တဲ့အထဲပါတဲ့ ဒေသခံကပြောပါတယ်။ အဆိုပါ ရဲတပ်ဖွဲ့ဝင်ရဲ့ ရုပ်အေလာင်းကို ညနေ ၄ နာရီလောက်ကနေ စတင်ရှာဖွေခဲ့ပြီး ည ၈…

Read More
VOM News

FREE
VIEW