တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပြန်ရောက်‌ရေး ပါတီတွေ ကူညီနိုင်ဖို့ ဆွေးနွေး ​

​နေပြည်​တော် ၊စက်တင်ဘာ ၈-၂၀၂၆ SS(VOM) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်‌ရှိနိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေက ကူညီဆောင်ရွက်ပေးနိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ နေပြည်တော်ရှိ ရုံးအမှတ် (၂၀)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ NCA လက်မှတ်ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို ပြန်လည် ရောက်ရှိနိုင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေး ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရာမှာ နိုင်ငံရေးပါတီတွေနဲ့ ငြိမ်းချမ်းရေး…

Read More

ရွှေတြိဂံသတင်းဌာန ပြန်လာပြီ

စက်တင်ဘာ ၁၉-၂၀၂၆ SA(VOM) အ​ခြေအ​နေအ​ကြောင်း​ကြောင့် သတင်းတင်ဆက်မှုရပ်နားထားတဲ့ ရွှေတြိဂံသတင်းဌာနဟာ အင်နဲ့အားနဲ့ ပြန်လည်သတင်းတင်ဆက်​တော့မှာမို့ သူတို့သတင်းဌာနတည်​ထောင်ခြင်း ၁၁နှစ်ပြည့်အခမ်းအနားကို ​နေပြည်​တော် Star World Hotel မှာ စက်တင်ဘာ ၁၈ ရက်​နေ့ညပိုင်းက ကျင်းပခဲ့ပါတယ်။ ​ ရွှေတြိဂံသတင်းဌာန ဘယ်လိုအခက်ခဲ​တွေ​ကြောင့် ရပ်နားခဲ့လဲ ဘယ်လိုခွန်အား​တွေ ဘယ်လိုအစီအစဥ်​တွေနဲ့ လည်ပတ်မလဲဆိုတာ​တွေကို ရွှေတြိဂံသတင်းဌာန တည်​ထောင်သူ ကိုထွန်း(မိုင်းဖြတ်) ကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။

Read More

မြန်မာ – မလေးရှား မိတ်ဖက်ဆံဆက်ရေး

MT(VOM) ​မကြာခင်မှာ မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ အားကောင်းနေပါတယ်။ ဒါဟာ အာဆီယံဒေသတွင်း ပထဝီနိုင်ငံရေးနဲ့ မြန်မာ့အရေး သံတမန်လမ်းကြောင်းမှာ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ အလှ0ည့်အပြောင်းတစ်ခု ဖြစ်ပါတယ်။ ​မြန်မာနဲ့ မလေးရှားရဲ့ ဆက်ဆံရေးကို သမိုင်းအစဉ်အဆက် ပြန်ကြည့်ရင် မဟာသီယာ မိုဟာမက် ခေတ်ကတည်းက စတင်ခဲ့တဲ့ သံတမန်ရေး ကူညီဖေးမမှုတွေကနေ၊ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်အရေး၊ ဦးမင်းအောင်လှိုင်ကို အာဆီယံအဝန်းအဝိုင်းထဲ ပြန်သွင်းမယ့် အလားအလာတွေအထိ အချက်အလက်တွေကို လေ့လာကြည့်ပါမယ်။ ​ မဟာသီယာ မိုဟာမက် နဲ့ ဦးနေဝင်း တို့ရဲ့ စတင်ခဲ့သော နှစ်နိုင်ငံ ချစ်ကြည်ရေးကို စပြီးလေ့လာကြည့်ရအောင်ပါ။​မြန်မာနဲ့ မလေးရှား ဆက်ဆံရေးရဲ့ ထူးခြားတဲ့ သမိုင်းဝင်အချိုးအကွေ့တစ်ခုဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မလေးရှား ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက်နဲ့…

Read More

ခွင့်ပြန်လုပ်သားတွေ OWIC ပြုလုပ်ခွင့်နဲ့ ပြည်ပပြန်ထွက်ခွာခွင့်ရဖို့ မိသားစုလွှဲပို့ငွေလစာရဲ့ ၂၅ % နဲ့ ဝင်ငွေခွန် ၂ % ပေးဆောင်ထားတဲ့ အထောက်ထားပြရမယ်

စက်တင်ဘာ ၁၉ ၊ ၂၀၂၆ GG (VOM) ခွင့်ပြန်လုပ်သားတွေ ပြည်ပပြန်လည်ထွက်ခွာခွင့်နဲ့ OWIC ပြုလုပ်ခွင့် တင်ပြတဲ့အခါ မိသားစု လွှဲပို့ငွေ လစာရဲ့ ၂၅ ရာခိုင်နူန်း နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နူန်း ပေးဆောင်ထားတဲ့ အထောက်အထားတွေကို တင်ပြရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မိသားစုလွှဲပို့ငွေ လစာရဲ့ ၂၅ ရာခိုင်နူန်းပေးဆောင်ခြင်းနဲ့ပတ်သက်လို့ အထောက်အထားတင်ပြရာမှာ အမိန့်ကြေငြာစာထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်ကစပြီး ငွေလွှဲထားကြောင်းကို တင်ပြရမယ်လို့ သိရပါတယ် ။ ” ဝန်ကြီးဌာနက အမိန့်ကြော်ငြာတဲ့အချိန်ကစပြီး ဒီနေ့အထိ တခါမှ မိသားစုဆီမလွှဲရသေးဘူးဆိုရင် လကိုတွက်ပြီး ကျသင့်ပမာဏကို အကုန်လွှဲထားကြောင်းပြရမှာပါ။ ဥပမာ အခြေခံလုပ်ခလစာကို တွက်လိုက်လို့ သိန်း ၈၀ လောက်လွှဲရမယ်ဆိုရင် ခန့်မှန်း ၁၀၀ လွှဲလိုက်လည်းရတယ်။လျော့လို့မရဘူး ၊ပိုရင်ကိစ္စမရှိဘူး။ တခုသတိထားရမှာက…

Read More

သက်တော်ရှည် ချမ်းမြေ့ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

စက်တင်ဘာ ၁၉ – ၂၀၂၆ SN (VOM) ဝိပဿနာသာသနာပြု ဆရာတော်ကြီးတပါးဖြစ်တဲ့ ချမ်းမြေ့ရိပ်သာဆရာတော်ကြီး ဘဒ္ဒန္တ အရှင်ဇနကာဘိဝံသဟာ ရန်ကုန်မြို့ရှိ ဂရန်းဟံသာဆေးရုံမှာ အဆုတ်ရောင်ရောဂါနဲ့ ဆေးကုသမှုခံယူရင်း ဒီကနေ့ စက်တင်ဘာ ၁၉ ရက်၊ မနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ တပည့်သာဝကတွေက အသိပေးထားပါတယ်။ ဆရာတော်ကြီးဟာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ချမ်းမြေ့ရိပ်သာကျောင်းမှာ သီတင်းသုံးတော်မူတာဖြစ်ပြီး ပျံလွန်ချိန်မှာ သက်တော် ၉၉ နှစ်၊ ဝါတော် ၇၉ ဝါ ရှိပြီလို့ သိရပါတယ်။ “ကမ္ဘာတဝန်း ဗုဒ္ဓသာသနာတော် ပြန့်ပွားတိုးတက် ထွန်းကားရေးအတွက် ဘဝတလျှောက်လုံး အနစ်နာခံပြီး မမောမပန်း ဆောင်ရွက်တော်မူခဲ့တဲ့ ဆရာတော်ကြီးပါ။ ပျံလွန်သွားတဲ့အတွက် အထူးဝမ်းနည်းသလို သံဝေဂလည်း ရမိပါတယ်” လို့ တပည့်သာဝက တယောက်က ပြောပါတယ်။…

Read More

ရန်ကုန်မှာ ရွှေနဝလီရောင်းဝယ်ရေးလုပ်တဲ့ဆိုင်ရှင်ကို တူနဲ့ထုပြီး ငွေထုပ်လုယက်သူကို ချက်ချင်းဖမ်းမိ

စက်တင်ဘာ ၁၉ ၊ ၂၀၂၆ GG (VOM) ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ ၊ မနက် ၁၀ နာရီလောက်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အထက်ပုဇွန်တောင်လမ်း ၊ တိုက်အမှတ် ၇၃ က ရွှေထည်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမျိုးတင့်ကို တူနဲ့ထုပြီး ငွေထုပ်လုယက်သွားသူကို ချက်ချင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က အသက် ၃၀ အရွယ် ကိုဝင်းပိုင်စိုးဟာ ရွှေဆွဲကြိုးအတုကို ယူလာပြီး ရောင်းချလိုကြောင်းပြောကာ ဆိုင်ရှင် ဦးမျိုးတင့်ကို တူနဲ့ထုပြီး ငွေသိန်း ၄၀ ကျော်ပါတဲ့ ငွေထုပ်ကိုလုယူထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ငွေထုပ်ယူထွက်ပြေးစဥ် ရပ်ကွက်နေပြည်သူတွေက ပူးပေါင်းဖမ်းမိခဲ့တာဖြစ်ပြီး ကျူးလွန်သူအမျိုးသားဟာ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းမှာ နေထိုင်သူ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။ ” ရွှေနဝလီဆိုင်မဟုတ်ပါဘူး ။…

Read More

ရွှေကူမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေ၊ ၁၀ ယောက်ထက်မနည်းဒဏ်ရာရ

စက်တင်ဘာ ၁၉ ၊ ၂၀၂၆ CC (VOM) ကချင်ပြည်နယ် ၊ ရွှေကူမြို့၊ဧရာဝတီမြစ်ကမ်းမှာရှိတဲ့ မြို့ကုန်းရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ည ၇ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်ပြီး စိုးရိမ်ရတဲ့သူတွေလည်း ပါတယ်လို့ သိရပါတယ်။ ” လေကြောင်းတိုက်ခံရတာ ဟုတ်တယ်။ ဒဏ်ရာရသူတွေထဲ စိုးရိမ်ရတာများတယ်သိရတယ်။ ရွှေကူမြို့နဲ့ဆိုရင် မြို့ကုန်းကဝေးတယ်။ ရေလမ်း ကုန်းလမ်း နှစ်မျိုးသွားရတာ ။ ဗန်းမော်မရောက်ခင် စင်းခန်းတံတားကိုဖြတ်ကူးရင် စီသော် ၊ စီငန်းပြီး မြို့ကုန်းကိုရောက်တာ ။ ” လို့ ဒေသခံက ပြောပါတယ်။ မြို့ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူသေဆုံးဒဏ်ရာရအပြင် အဆောက်အဦတွေလည်း ပျက်စီးမှုရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီတိုက်ခိုက်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့နီးစပ်သူတွေကတော့ KIA…

Read More

ညောင်တုန်းတာ ပြိုကျမှု ပေ တ​ထောင်​ကျော်ရှိလာ

စက်တင်ဘာ ၁၉ – ၂၀၂၆ SS (VOM) ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း တာပြိုကျမှုဟာ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားရွာမှာ ပေ ၈၀၀ နီးပါး ရှိလာပြီဖြစ်သလို ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းရွာဘက်မှာတော့ ပေ ၃၀၀ နီးပါး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းဖျားရေကာတာနဲ့ ဂန်ချောင်းရေကာတာဟာ ခန့်မှန်းခြေ ပေ ၄၀၀၀ ဝန်းကျင် ကွာဝေးပြီး ရေကျလာနဲ့အမျှ တာတမံ‌မြေသား ပဲ့ကျမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ “ရေကျလေလေ ကမ်းက နည်းနည်းချင်းစီ အိကျသွားလေပဲ။ တာတွေအောက်မှာက ရေတက်တုန်းက ရေဝဲ လှိုက်စားထားတာတွေ ရှိတယ်လေ။ ရေလည်းကျသွားရော အဲဒါတွေက ကိုယ်ထည်တွေလေးပြီး တဖြည်းဖြည်းနဲ့ နည်းနည်းချင်းစီ အိကျနေတာ။ ဒါပေမယ့် တာအိကျလို့တော့ အထဲကို ရေမဝင်နိုင်ဘူး။ အနောက်မှာ ပန်းတာတွေရှိတယ်။ အောက်မှာခွေပြီး ကာထားတာတွေရှိတယ်။ အခုက ရေကလည်း…

Read More

သူတို့အိမ် အခန်း (၂၂၅)

ဆူးငှက်     မြို့လယ်ခေါင်က ရုံးခန်းများ —————————- ထိုနေ့က စာတိုက်ကြီးကတဆင့် ပို့ရမည့်စာလည်း ပို့ပြီးပြီ။ ဦးတက်တိုး ပေးခဲ့သည့် လိပ်စာနှင့် စာများကို ထပ်မံပေးဖို့က ညမှာ ပို့မှ အဆင်ပြေမည် ဆိုသောကြောင့် တက္ကစီတစ်စီးနှင့် ည ၇နာရီလောက်မှာပဲ ပတ်ပို့ဖြစ်သည်။ လိပ်စာများ အရတော့ မြို့လယ်ခေါင် ဆူးလေဘုရားအနီး ဝန်းကျင်၊ တာမွေ အဝိုင်းအနီးနှင့် ကျွန်တော်မသိသော လူစည်ကားသည့် နေရာများမှာ ဖြစ်မည်။ အားလုံး ၅နေရာလောက် ဖြစ်မှာပေါ့။   ထူးခြားတာက စာပေးရမည့်နေရာတွေက လူနေအိမ်ခန်းတွေ မဟုတ်။ ဆိုင်ခန်းများ ဖြစ်သည်။ အများစုက ကွန်ပျူတာ စာစီစာရိုက် မိတ္တူဆိုင်များဆိုတာ မှတ်မနေ၏။ ထိုဆိုင်များရောက်လို့ စာပေးရမည့်သူနာမည်ပြောလိုက်တော့ အများစုက အပေါ်ထပ်သို့ချည်း ညွှန်သည်။ အပေါ်ထပ် တက်လိုက်သောအခါ အစိုးရရုံးတစ်ရုံးလို ပြင်ဆင်ထား၏။ ထိုအခန်းမှာ ရုံးထိုင်နေသူကို…

Read More

မြေယာပြဿနာတွေမဖြစ်ဖို့ ရောင်းမှား ဝယ်မှား မဖြစ်အောင် သတိထားဖို့လို

မန္တလေး၊ စက်တင်ဘာ- ၁၇- ၂၀၂၆ SA(VOM) မြန်မာနိုင်ငံတဝှမ်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာလယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်း လင်းနေတယ်လို့ သိရပါတယ်။ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ပြီး ရောင်းချသူတွေဆီကနေ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှာ မြေရာဇဝင် စစ်ဆေးမှုမရှိဘဲ အရပ်စာချုပ်နဲ့ ဝယ်ယူထားသူတွေ အများအပြားရှိနေပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သိမ်းဆည်းတဲ့အခါ ဝယ်ယူထားသူတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလို့ ဝယ်ယူသူတွေ အနေနဲ့ သတိထားစိစစ်ပြီး ဝယ်ယူဖို့လိုအပ်ပါတယ်။ ဒီလိုပြဿနာတွေအများစုမှာ နောက်ဆုံးဝယ်ယူထားသူတွေသာ ရင်ဆိုင်ဖြေရှင်းကြရပြီး ဆုံးရှုံးခဲ့ကြရတဲ့ သာဓကတွေ ရှိနေသလို စာချုပ်ချုပ်ဆိုချိန်မှာ ပါဝင်ခဲ့ကြတဲ့ ရပ်ကျေးဥက္ကဋ္ဌ၊ ရာအိမ်မှူးအဖွဲ့ဝင်တွေ နဲ့ အရင်ရောင်းချသွားခဲ့တဲ့ သူတွေက ခေါင်းရှောင်နေတဲ့…

Read More
✕
VOM News

FREE
VIEW