လွမ်းသနော် ဘုရားပွဲတော်

  ဆူးငှက် ရတနာပုံနန်းမြို့တော်ကြီး၏ တနင်္ဂနွေထောင့်တွင် သကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရားတို့မှာ တစ်နေရာတည်းတွင် သုံးပွင့်ဆိုင် သပ္ပာယ်စွာ တည်ရှိသည်။ ရှေးကမူ သီတင်းကျွတ်လဆန်း (၁၄)ရက်၊ (၁၅) ရက် နှင့် လပြည့်ကျော် (၁)ရက်အထိ (၃)ရက် ကျင်းပခဲ့သော ကျောက်တော်ကြီး ဘုရားပွဲတွင် ရုပ်စုံအမြင့်သဘင်၊ ဇာတ်ပွဲ၊ အံ့ပွဲ၊ ဆိုင်းပွဲများ ပါဝင်သဖြင့် သီတင်းကျွတ် လပြည့် မီးထွန်းပွဲနှင့်အတူ ကျိတ်ကျိတ်တိုး စည်ကားလှမှာ သေချာသည်။ စန္ဒာမုနိဘုရားအရုဏ်ခံနှင့် စေတီတော်ကြားတွင် ရှေးက ကနောင် မင်းသားကြီး၏ အုတ်ဂူရှိခဲ့သဖြင့် အိမ်ရှေ့မင်း၏ အနွယ်တော်များ က ထိုရက်၌ လာရောက်ကာ ပန်းဆီမီးတို့ဖြင့် ပူဇော်ကန်တော့ကြသည်။ ကုသိုလ်တော် ဘုရား၌လည်း အောင်ပင်ကန်၊ နန္ဒာကန်တို့ကိုအမှီပြု၍ လယ်ယာမြေလုပ်ကိုင်ကြသော လမိုင်း သားတို့က မိမိတို့ရွာအသီးသီးမှ လှည်းတပ်ကြီးချီကာ ဘုရားပွဲအမီ…

Read More

ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတချို့မှာ လူဦးေရရဲ့ လေးပုံတပုံလောက် အရေပြားရောဂါ ကူးစက်ပြန့်ပွားနေလို့ ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေ

အောက်တိုဘာ ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ် တောင်ပိုင်း ၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် ၊ တိကျိတ်ကျေးရွာအုပ်စုက ဘုန်းစိုး ၊ လယ်သူခေါင် ၊ ခေါင်သလူ စတဲ့ကျေးရွာတွေဘက်မှာ အရေပြားရောဂါ ကူးစက်ခံရသူတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” တိကျိတ်ကျေးရွာ အုပ်စုထဲက ရွာပေါင်း လေးငါးရွာလောက်မှာဖြစ်နေတာပါ ၊ ရောဂါလက္ခဏာက ကိုယ်ခန္ဓာနေရာအနှံ့ ယားယံတယ် ၊ ယားလို့ ကုတ်ခြစ်မိရင် ကုတ်မိတဲ့နေရာကနေ အဖုအပိန့်တွေဖြစ်တယ် ၊ တချို့ဆို အနာဖြစ်တဲ့ အဆင့်ထိ ရောက်တယ် ၊ အဲ့ဒီလိုဖြစ်ပြီဆိုရင် အနည်းဆုံး သုံးလေးလကြာတဲ့အထိ မပျောက်ဘူး ၊ အဲ့ဒီလို ရောဂါသည်ပေါင်း ၁၅၀ ဝန်းကျင်လောက်ရှိတယ် ၊ ရွာမှာရှိတဲ့ လူဦးရေရဲ့ လေးပုံ တပုံနူန်းလောက်…

Read More

ကြည့်ချင်ပွဲ

  ဆူးငှက် မန္တလေး ဘုရားပွဲတွေမှာ ဖျော်ဖြေမှုနဲ့တွဲပြီး အစဉ်အလာ ပွဲလမ်းတွေ ပါတတ်ပါတယ်။ ဘုရားပွဲအဝင်ညမှာ ဘုရားနဲ့အနီးဆုံးနေရာမှာ စည်တော်ကြီးအဖွဲ့နေရာယူပါတယ်။ စည်တော်ကြီးဆိုတာက မန္တလေးရတနာပုံ နေပြည်တော် ခေတ်မှာ ကတည်းက ထီးသုံးနန်းသုံးအနေနဲ့ရှိခဲ့တာပါ။ ကျွန်တော်မွေးဖွားကြီးပြင်းတဲ့ ဇာတိရပ်ကွက်ရဲ့ ဆွေဘုရား၊ မျိုးဘုရား မဟာလောကရံသီ အိမ်တော်ရာဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ရက်၊ ၁၂ ရက် ဖြစ်ပါတယ်။ ၁၁ရက်နေ့ ပွဲဝင်အဖြစ် အိမ်တော်ရာဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်မှာ စည်တော်ကြီးအဖွဲ့ အမြဲတမ်းပါတယ်။ မလှမ်းမကမ်းမှာ ဆိုင်းအဖွဲ့ပါတယ်။ စည်တော်ကြီးအဖွဲ့က ညနေစောင်း၊ ဘုရားမီးထွန်းတာနဲ့ စပြီးတီးခတ်တယ်။ ပြီးမှ အိမ်တော်ရာအရှေ့ မုခ် အာရုံခံအနီးက ဆိုင်းအဖွဲ့ကတီးမှုတ်တယ်။ ကျွန်တော်က ကလေးပေမယ့် စည်တော်ကြီးကို သဘောကျတယ်။ အိမ်တော်ရာဘုရားပွဲခင်းက စည်တော်ကြီးကို နှစ်တိုင်းလိုလို သွားကြည့်ဖြစ်တယ်။ အဖေ့အမွေလို့ ပြောရမယ်ထင်ရဲ့။ အဖေကလည်း စည်တော်ကြီးကို အစအဆုံး ဖိနပ်ခုထိုင်ပြီး…

Read More

ဘာဆုတောင်းကြမလဲ မိတ်ဆွေ

Taung Byone

ဆူးငှက်   “ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလိုဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦးသူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး…..။”” ၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ခုနှစ် ကတည်းက အနော်ရထာ မင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနဲ့ ဆက်စပ် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံး အရပ်မှာ သာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက် တိုင်အောင်ပါပဲ။ တောင်ပြုံး ပွဲတော်ကို နှစ်ပေါင်း…

Read More

မင်းကွန်းက ကမ္ဘာကျော် ဓာတ်ပုံဆရာကြီးများ

မတ် – ၂၂- ၂၀၂၂ Voice Of Myanmar စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာရှိတဲ့ လူငယ်တွေဟာ သူတို့‌ဒေသက စေတီတော်တွေနဲ့ ဘုရားပုထိုးတွေကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ဓာတ်ပုံရိုက်ပေးတာ အရမ်းလှတဲ့အတွက် မြန်မာနိုင်ငံမှာသာမက နိုင်ခြားမှာပါ နာမည်ကြီးနေတာဖြစ်ပါတယ်။ မင်းကွန်းဒေသခံ အများစုကတော့ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သူနည်းပါးလာပြီး ဘုရားဖူးလာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက် ဘုရားပန်း၊ အမှတ်တရပစ္စည်းတွေ ရောင်းချတာနဲ့ လူငယ်ပိုင်းတွေကတော့ မိသားစုစားဝတ်နေရေးအတွက် ဧည့်သည်တွေရဲ့စမတ်ဖုန်းနဲ့ အလှပုံအမျိုးမျိုး ရိုက်ပေးတဲ့အလုပ်ကို လုပ်ကိုင်ကြပါတယ်။ အဲ့ဒီ ဓာတ်ပုံပညာတွေကို ဘယ်လိုလေ့လာသင်ယူထားသလဲ ၊ ဘယ်လိုစိတ်ကူး စိတ်သန်းတွေနဲ့ ရိုက်နေသလဲဆိုတာကို VOM သတင်းထောက် ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မင်းကွန်း #ကမ္ဘာကျော်ဓာတ်ပုံဆရာကြီးများ Youtube Link – https://youtu.be/wvm1LPAwtz4

Read More

အတိတ်နဲ့ ပစ္စုပ္ပန် ရွှေစာရံ

မတ် ၁၇-၂၀၂၂ (VOM) ရွှေစာရံဘုရားပွဲတော်လို့ ပြောလိုက်တာနဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက ဘုရားအမကြီး မိဘုရားစောမွန်လှ တည်ထားကိုးကွယ်ခဲ့တဲ့ ရွှေစာရံစေတီတော် ဆိုတာကို မြန်မာနိုင်ငံသူ/သား တိုင်းက စိမ်းမယ်မထင်ပါဘူး။ ရွှေစာရံစေတီရဲ့ပွဲတော်ဟာ တစ်ချိန်က ရွာသားကြီး စိန်တင်ဟန် ရေးဆက်ခဲ့ပြီး မင်းသမီးကြီး ဒေါ်ညိုညိုစန်း သီဆိုခဲ့တဲ့ ထန်းရွက်ပုတီးသီချင်းနဲ့ မြန်မာနိုင်ငံမှာ နာမည်ကြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အရင်ပွဲတော်ကာလတွေမှာတော့ ဘုရားလာဖူးတဲ့သူတိုင်းဟာ ထန်းရွက်ပုတီးလေးတွေကို အလုအယက်ဝယ်ပြီး ဝတ်ဆင်လေ့ရှိကြပေမယ့် နှောင်းပိုင်းကာလ ရောက်လာတဲ့အချိန်မှာ ထန်းရွက်ပုတီးလေးတွေကို စိတ်ဝင်စားမှုနည်းပါးလာတာ မြင်တွေ့ရပါတယ်။ ရွှေစာရံစေတီတော်မြတ်ကြီးရဲ့ ပွဲတော်ကို ရှေးအရင်က ဘယ်လိုပုံစံမျိုးတွေ ကျင်းပခဲ့သလဲဆိုတာ ရွှေစာရံကျေးရွာသားကြီးဖြစ်တဲ့ အသက် ၈၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဦးကြည်အောင် ကို VOM က မေးမြန်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရွှေစာရံ YouTube…

Read More

တောင်သမန်အင်းစောင်းက တပင်တိုင်မင်းသား ကိုရန်အောင်

မတ် ၁၅- ၂၀၂၂ (VOM) မန္တလေးမြို့၊ အမရပူရရှိ တောင်သမာန်အင်းစောင်း တဝိုက်မှာ ဇာတ်မင်းသားဝတ်စုံကို ကျော့နေအောင်ဝတ်ဆင်ပြီး ဆိုင်ကယ်ပေါ်မှာ တနိုင်တပိုင် အသံချဲ့စက်လေးတင်ကာ ဇာတ်မင်းသားအက ကပြဖျော်ဖြေနေတဲ့ တပင်တိုင်မင်းသားတဦး ရှိနေပါတယ်။ အဲ့ဒီတပင်တိုင်မင်းသားကတော့ သဘင်ပညာကို ငယ်စဥ်ကတည်းက ဝါသနာပါလာခဲ့တဲ့ စစ်ကိုင်းမြို့နယ်၊ မအူပင်ကျေးရွာသား ကိုရန်အောင်ဆိုသူပဲ ဖြစ်ပါတယ်။ သူစိတ်ကူးထားတဲ့ ဇာတ်သဘင်စင်မြင့်ပေါ်က နာမည်ကြီး မင်းသားတစ်‌ယောက် မဖြစ်ခဲ့ပေမယ့် အခုချိန်ထိ ဇွဲမလျှော့သေးဘဲ အသံချဲ့စက်တစ်လုံးနဲ့ သူနှစ်သက်တဲ့ အကပညာကို ဖျော်ဖြေနေတဲ့အကြောင်း VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #တပင်တိုင်မင်းသား #ကိုရန်အောင် YouTube Link – https://youtu.be/IZe3vbxQEAE

Read More

အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ဟာ အရင်အမျိုးအစားတွေထက် ကူးစက်မြန်တာမို့ ဘာတွေသတိထားကြမလဲ (အင်တာဗျူး)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဒဏ်ထိ အလူးအလဲခံရပြီးပြီဖြစ်ပါတယ်။တချို့ကူးစက်ခံရပြီးပေမယ့် အမှတ်မရှိကြသလို တချို့က ပေါ့လျော့နေဆဲဖြစ်ပါတယ်။ ခုတခါ ကိုဗစ်၁၉ရဲ့ ဗီဇပြောင်း Omicron ဆိုတာ တချို့နိုင်ငံတွေမှာ စတင်တွေ့ရှိနေတာကြောင့် နိုင်ငံတကာမှာ ဘယ်လိုတွေကာကွယ် ကုသနေကြသလဲဆိုတာသိနိုင်ဖို့ အမေရိကန်နိုင်ငံမှာနေထိုင်ပြီး ကျန်းမာရေးပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။   VOM။ ။ အခု နောက်ဆုံး၊ ပေါ်လာတဲ့ Omicron variant နဲ့ ပတ်သက်ပြီး ကူးစက်ခံရမှု လက္ခဏာတွေ၊ ကာကွယ်မှု ကုသမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကျန်းမာရေး အသိုင်းအဝိုင်းက လုပ်ကိုင်နေတဲ့ အခြေအနေလေးတွေ အကြောင်း ဆရာသိသလောက် ဝေမျှပေးပါဆရာ။ မြန်မာနိုင်ငံမှာ ကူးစက်မှု ဖြစ်မလာအောင်၊ ဖြစ်လာခဲ့ရင်ရော ဘယ်လို ပြုမူနေထိုင်ကြရမလဲ ဆိုတာလေးပါ ပြောပြပေးပါဆရာ။   Dr Tint Swe- အွန်မီခရွန်ဟာ ကိုဗစ်ဗိုင်းရပ်စ်…

Read More

မြန်မာရိုးရာ ရောင်စုံမီးပုံးတွေကို ဘယ်လိုပြုလုပ်ရသလဲ

မန္တလေး၊ အောက်တိုဘာ- ၅- ၂၀၂၁ SA(VOM) ဆယ့်နှစ်လရာသီပွဲတော်တွေထဲကမှ ထူးခြားတဲ့ကာလတစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ အခါသမယမှာ ကလေးသူငယ်တွေအတွက် ကစားစရာတစ်ခုဖြစ်တဲ့ ရောင်စုံမီးပုံးလေးတွေကို ဘယ်လိုပြုလုပ်သလဲဆိုတာကို VOM သတင်းဌာနက ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရောင်စုံမီးပုံး Youtube Link – https://youtu.be/jUZVuXXxeZc

Read More
VOM News

FREE
VIEW