နိုဝင်ဘာ ၅ – ၂၀၂၄ SN (VOM) နေပြည်တော် အေလာလေဆိပ်မှာ ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ မနက် ၈ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အေလာလေယာဥ်ကွင်းရှိ လေယာဥ်ပြေးလမ်းနဲ့ ကားပါကင်ကြား ခြုံပုတ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကနဦး သိရပြီး စစ်ဆေးချက်အရ PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ ဗုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတယောက်က “ကျွန်မတို့ သိတာတော့ လေယာဉ်ပြေးလမ်းပေါ်မှာလို့ သိရတယ်။ ပေါက်ကွဲသံက နှစ်ချက်၊ တချက်ကတော့ အကျယ်ကြီးပဲ။ ကျွန်မတို့ကြားတာတော့ မနက် ၉ နာရီ၊ ၁၅ မိနစ်လောက်က ကြားတာ။ ပထမတချက်ကတော့ ဘာသံမှန်း မသဲကွဲဘူး။ နောက်တချက်ကျမှ အသံအကျယ်ကြီးထွက်လာတာ။ ကျွန်မတို့က…
Read Moreကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု အာကာသထဲ လွှတ်တင်ပြီ
တိုကျို၊ နိုဝင်ဘာ-၅-၂၀၂၄ ရတီ(VOM) ဂျပန်သုတေသီတွေ တည်ဆောက်ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုတလုံးကို ဒီကနေ့မှာ အာကာသထဲကို လွှတ်တင်လိုက်ပြီး ဒါဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးတွေမှာ အသုံးပြုဖို့ ကနဦးစမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်နဲ့ အိမ်ဆောက်လုပ်ရေးကုမ္ပဏီ ဆူမစ်တိုမိုကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ထားတဲ့ LignoSat ဆိုတဲ့ သစ်သားဂြိုဟ်တုကို Space X ရဲ့မစ်ရှင်နဲ့အတူ နိုင်ငံတကာ အာကသစခန်းကို သယ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာမြေအထက် ကီလိုမီတာ ၄၀၀ အကွာမှာ လွှတ်တင်ခဲ့မှာဖြစ်ပါတယ်။ ဂြိုဟ်တုဟာ ကမ္ဘာမြေပြင်ပမှာ လူသားတွေရှင်သန်နေထိုင်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေရှိနေချိန်မှာ အာကာသထဲမှာ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေရဲ့ အလားအလာနဲ့ပတ်သက်ပြီး စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ လနဲ့ အင်္ဂါဲဂြိုဟ်ပေါ်မှာ သစ်ပင်စိုက်ပျိုးတာ၊ သစ်သားအိမ်တွေဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး နှစ် ၅၀ စီမံချက်ရှိထားတဲ့ ဂျပန်သုတေသီအဖွဲ့ဟာ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နာဆာအသိအမှတ်ပြု သစ်သားဂြိုဟ်တုတလုံးတည်ဆောက်ဖို့ကို ဆုံးဖြတ်ခဲ့တာပါ။ အာကာသထဲမှာ…
Read Moreတောင်ကြီးတန်ဆောင်တိုင်မှာ မီးပုံးပျံအလုံးရေ ၂၅၀ ကျော်လွှတ်တင်သွားမယ်
ZY(VOM) နိုဝင်ဘာ ၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရက်ကြာ ကျင်းပပြုလုပ်သွားမယ့် တန်ဆောင်တိုင်ပွဲတော်အတွင်း နေ့လွှတ်၊ ညလွှတ် မီးပုံးပျံအလုံးရေ စုစုပေါင်း ၂၅၀ကျော် လွှတ်တင်သွားမှာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီထံကနေ သိရပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး၊ စုစုပေါင်း ၂၅၈လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် မီးပုံးပျံဝါသနာရှင်တွေအနေနဲ့ လာရောက်ကြည့်ရှုလည်ပတ်နိုင်တယ်လို့ သိရပါတယ်။ “ညလွှတ်က အလုံး ၅၀ပါမယ်၊ နေ့လွှတ်က ၂၀၈ လုံးပါဝင်ယှဉ်ပြိုင်မှာပါ။ မီးပုံးပျံပြင်ဆင်မှုတွေကတော့ အားလုံးပြီးစီးနေပြီဖြစ်သလို ပွဲတော်မှာ လွှတ်တင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီနှစ်မှာ လွှတ်တင်မယ့် ညမီးကြီး မီးပုံးပျံတွေက ယမ်း…
Read Moreလားရှိုးကို လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာ ၅၊ ၂၀၂၄ Shy V ( VOM ) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပြင် မယ်ဟန်ရွာမှာ နိုဝင်ဘာလ ၅ ရက်နေ့ မနက် အစောပိုင်း ၁ နာရီ မထိုးခင်မှာ နစကဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိးမှာ ည သန်းခေါင်ကျော် ၁၂ နာရီခွဲကျော်ခန့်က၊ ဒီမနက် အစောပိုင်း ၁ နာရီ မထိုးခင် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပါတယ်။ မယ်ဟန်ဘက် ကျပါတယ်။ လူမရှိတဲ့ အိမ်မလို့ လူမထိဘူးလို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လေကြောင်းနဲ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၁၂ နာရီ ၄၄ မိနစ်မှာ ပထမ အကြိမ်၊…
Read Moreကားလောကရဲ့ ဒိတ်ဒိတ်ကြဲ လူငယ်စီးပွားရေးလုပ်ငန်းရှင် ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရ
နိုဝင်ဘာ ၅ – ၂ဝ၂၄KKO(VOM)ကားလောကရဲ့ ဒိတ်ဒိတ်ကြဲ လူငယ်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သူ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာ ဟုတ်မှန်တယ်လို့ သူနဲ့ နီးစပ်တဲ့ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းက လုပ်ငန်းရှင်တယောက်က အတည်ပြုပြောကြားလိုက်ပြီး မည့်သည့် အတွက်ကြောင့် အခုလိုဖမ်းဆီးထိန်းသိမ်းခံထားရသည်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ သူက ဆိုပါတယ်။“ကိုကြည်သာဟန်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ သူတပည့်တွေကို ဖုန်းဆက်မေးကြည့်တဲ့အခါမှာ သူတပည့်တွေကလည်းဒါနဲ့ပတ်သက်လို့ဟုတ်မှန်ကြောင်းပြောပါတယ်။သူတပည့်တွေကလည်း အတော်လေးစိတ်မကောင်းဖြစ်နေတယ်၊ဝမ်းနည်းကြောင်းပဲပြောတယ်၊ဦးတို့အခုသိရသလောက်ကတော့ သူ့ကိုစစ်ကြောရေးတခုမှာစစ်နေတယ်လို့ကြားတယ်၊ ဘယ်စစ်ကြောရေးမှာလဲဆိုတာကိုတော့မသိဘူးပေါ့နော်၊အဲ့လိုလေးတော့လောလောဆယ်မှာသိတယ်၊ကြားရတယ်”လို့ ပြည်တွင်းရှိ အမည်မဖော်လိုသူ ကားလုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာဟာ EV လျှပ်စစ်ကားတင်သွင်းရောင်းချမှုမှာဈေးကစားတာကြောင့်ဖြစ်နိုင်တယ်လို့ ကားအသိုင်းအဝိုင်းက လုပ်ငန်းရှင်အချို့က သုံးသပ်ထားသလို ပြင်ပမှာထွက်ပေါ်နေတဲ့ သုံးသပ်ပြောဆိုမှုတွေအရ မကြာသေးမီက ဖမ်းဆီးထိန်းခြင်းကို ခံခဲ့ရတဲ့ ဒေါက်တာနေစိုးမောင်အမှုနဲ့ ဆက်စပ်ပတ်သက်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုအချို့လည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။ဆက်လက်ပြီး ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေအရှိဆုံးနဲ့ သူသိရှိရသလောက်ကို အခုလိုပြန်လည်ပြောပြပေးခဲ့ပါတယ်။“သိရသလောက်က EV ကားကိစ္စမှာ သူကကားဈေးဆွဲတင်တာတွေ ဆွဲချတာတွေလုပ်ပြီးဈေးကစားတယ်ပေါ့၊ကားဈေးကို မသမာမှုလုပ်တယ်ပေါ့လေ၊ဟိုးအရင်ထဲက…
Read Moreတောင်ကြီးမှာ ဆိုင်ကယ်အစီးရေ ၂၀၀ ကျော်ဖမ်းဆီးထားပြီး စစ်ဆေးဖမ်းဆီးတာ ပိုတင်းကြပ်မယ်
ZY(VOM) နိုဝင်ဘာ ၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အမှတ်(၁၈)ယာဉ်ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းတောင်)က ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန်မပါတဲ့ဆိုင်ကယ်တွေ၊ ပါဝါအိတ်ဇောနဲ့ အသံဆူညံစေတဲ့ အိတ်ဇောတွေ တပ်ဆင်မောင်းနှင်နေတဲ့ ဆိုင်ကယ်အစီးရေ ၂၀၀ကျော်ဖမ်းဆီးထားတယ်လို့ ယာဉ်ထိန်းသတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။ တောင်ကြီးမြို့တွင်းမှာ ပြီးခဲတဲ့ အောက်တိုဘာလ ၂၉ရက်ကနေ ဒီကနေ့ နိုဝင်ဘာလ ၄ရက်အထိ စစ်ဆေးဖမ်းဆီးထားတာဖြစ်ပြီး စည်းကမ်းလိုက်နာမှု အားနည်းနေသေးတဲ့အတွက် စစ်ဆေးအရေးယူမှုတွေကို နောက်ရက်တွေမှာ ပိုပြီးတော့ တင်းကြပ်လုပ်ဆောင်သွားမယ်လို့ ဆိုရပါတယ်။ “ဖမ်းထားတာတော့ အစီး ၂၀၀ကျော်လောက်ရှိတယ်။ တရားရုံးဒဏ်ငွေ ဆောင်ပြီးရင်တော့ ပြန်လွှတ်ပေးမှာပါ။ ပုံမှန်အတိုင်း ဒဏ်ငွေ ဆောင်ရမှာပေါ့။ ပုံမှန်ဒဏ်ငွေကတော့ တသောင်း၊ သုံးသောင်းရှိတယ်။ ဟိုဟိုဒီဒီပေးရမှာနဲ့ဆိုတော့ ငါးသောင်းလောက် ကုန်မှာပေါ့။ ဒါပေမယ့် ဒီလောက်ဖမ်းနေတာတောင် စည်းကမ်းမလိုက်နာလို့ တရားရုံး က ဒဏ်ငွေမြှင့်မယ်၊ စစ်ဆေးတာတွေကိုလည်း ပိုလုပ်တော့မယ်လို့ ကြားတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို…
Read Moreရန်ကုန်မှာ တလအတွင်း ဖောက်ခွဲတိုက်ခိုက်မှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
နိုဝင်ဘာ ၄ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဖောက်ခွဲတိုက်ခိုက်ခံမှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့လအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာမှာ အောက်တိုဘာ ၉ ရက်နေ့က မှော်ဘီလေတပ်အတွင်း Type 63 အမျိုးအစား ရှော့တိုက်ဒုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး K8W အမောင်းသင်လေယာဉ် ဂိုဒေါင်နဲ့ ခြံစည်းရိုး ထိမှန်ပေါက်ကွဲခဲ့တယ်လို့ တိုက်ခိုက်မှု ပြုလုပ်ရာမှာ ပါဝင်ခဲ့တဲ့ Civilian Military – SRDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါအပြင် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဒဂုံမြို့နယ်၊ အလံပြဘုရား လမ်းမပေါ်ရှိ သမ္မတရုပ်ရှင်ရုံအနီး အထိုင်ချထားတဲ့ နစကလုံခြုံရေးတပ် ယာယီဂိတ်ကို ဗုံးခွဲတိုက်ခိုက်မှု…
Read Moreရေဘေးသင့် အင်းလေးဒေသမှာ လေဘေးထပ်သင့်လို့ နေအိမ် ၄၀ကျော် ပျက်စီး
ZY(VOM) နိုဝင်ဘာ ၄၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ရေနစ်မြှုပ်မှုကြုံတွေ့ခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မနေ့( နိုဝင်ဘာလ ၃ရက်)၊ ညနေပိုင်းအချိန်ကလည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဘက်ရှိ ကံလှကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်၊ ညနေ ၄နာရီ ဝန်းကျင်အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ကျော်ဟာ ခေါင်းမိုးလန်ပျက်စီးတာ၊ ပြိုလဲပျက်စီးတာ၊ ယိုင်နဲ့ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “၃နာရီခွဲလောက်မှာ မိုးကလည်း စရွာတယ်၊ လေကလည်း အရမ်းပြင်းတာ။ မုန်တိုင်းရှိလို့ လေတိုက်နှုန်း မြင့်မယ်လို့လည်း ကြေညာထားပေမယ့် ဘာမှကြိုတင်ပြင်ဆင်မှု မလုပ်နိုင်ဘူးလေ။ ရေကြီးလို့ ခုမှအိမ်က ရေပေါ်ပေါ်လာခါစပဲ ရှိသေးတာဗျ။ လေကတခါတိုက်လာတော့ ကိုယ်တိုင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း…
Read Moreဖီမော နယ်စပ်ရွာကို ကေအိုင်အေ ထိန်းချုပ်လိုက်ကြောင်း သတင်းထွက်ပြီးနောက် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ယာယီပိတ်
နိုဝင်ဘာ ၄၊ ၂၀၂၄Shy V (VOM)တရုတ် – မြန်မာ နယ်စပ်၊ ကချင်ပြည်နယ် အထူးဒေသ ၁၊ ဖီမော နယ်စပ်ရွာကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်လိုက်ကြောင်း သတင်း ထွက်ပေါ်ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့ည ၁၂ နာရီကစ နယ်စပ်ဂိတ်ကို ယာယီ ပိတ်ထားကြောင်း တရုတ်ဘက်က ထုတ်ပြန် ထားပါတယ်။ဖီမော – လူရွှင့် နယ်စပ်ဂိတ် ကနေ ခရီးသည်နဲ့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားကြောင်း၊ နယ်စပ်ဂိတ်ရဲ့ အခြေခံ အဆောက်အဦးတွေ နဲ့ စစ်ဆေးရေး မြှင့်တင်ရန်လိုအပ်ခြင်းကြောင့် နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီကစ ဆိုင်းငံ့ထားကြောင်း လူရွှင့် နယ်စပ် ပြည်သူ့ အစိုးရရုံးကနေ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။နယ်ခြားစောင့်တပ်တွေ စခန်းချ ထားတဲ့ ဖီမော ကို…
Read Moreတောင်ကြီးမှာ ပျံကျစျေးသည်တွေကို မြေနေရာငှားခ နှစ်ဆတိုးကောက်လို့ အခက်ကြုံ
ZY(VOM) နိုဝင်ဘာ ၄၊ ၂၀၂၄ တန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်မှာဖြစ်တာကြောင့် ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ အခု နိုဝင်ဘာလကနေ စတင်ပြီး မြေနေရာငှားရမ်းခကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနက နှစ်ဆတိုးမြင့်ကောက်ခံနေတာကြောင့် ပျံကျဈေးသည်တွေအနေနဲ့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိပါတယ်။ တောင်ကြီးတက္ကသိုလ်အနီးတဝိုက်၊ တန်ဆောင်တိုင်ပွဲကျင်းပမယ့် အဝေရာကွင်းအနီးတဝိုက်၊ ဗိုလ်ချုပ်ပန်းခြံ အနီးတဝိုက်နဲ့ မြို့တွင်းက အဓိကလမ်းမတွေရှိ ယာယီပျံကျဈေးသည်တွေကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ကြိုတင်အကြောင်းကြားတာ မရှိပဲ မြေငှားရမ်းခကို နှစ်ဆတိုးမြင့်ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တက္ကသိုလ် နောက်ဘက်က စျေးတန်းမှာ။ ဆယ်ပေပတ်လည် မိုးကာတဲတစ်လုံးကို စည်ပင်ခ အရင်က တစ်လနှစ်သောင်းပေးရတယ်။ ဒီလက တန်ဆောင်တိုင်ကြောင့် လေးသောင်းပေးရမယ်လို့ ကြိုမပြောပဲ လခလာကောက်တာ။ ဒီနေရာတွေက အချိန်ပိုင်းလေးပဲ လာရောင်းရတာ၊ ပြီးတော့လည်း ရောင်းရတဲ့လက အဝေးသင်စာမေးပွဲ ဖြေချိန်ခဏလေးပါရှင်။ သက်ဆိုင်ရာစည်ပင်လူကြီးတွေအနေနဲ့ ပြန်လည်လျော့ချကောက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ယာယီပျံကျဈေးသည်တယောက်က VOMကို ပြောပါတယ်။ အဲဒီနေရာတွေမှာ…
Read More