ဖေဖော်ဝါရီ ၃ -၂၀၂၅ GG (VOM) မင်းဘူး၊မန်းရွှေစက်တော်ဘုရားပွဲကို မနေ့ကဖေဖော်ဝါရီ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီး ဘုရားဖူးခရီးသွားဧည့်သည်ဝင်ရောက်မှု လျော့နည်းနေသလို တည်းခိုဆောင်နဲ့ စျေးဆိုင်ခန်းတွေလည်း ထက်ဝက်လောက်လျော့ကျခဲ့တယ် လို့ဒေသခံတွေဆီက သိရပါတယ်။ ဒီနှစ်ရွှေစက်တော်ဘုရားပွဲတော်ကာလမှာ ညအိပ်တည်းခိုနိုင်တဲ့ တည်းခိုခန်း နဲ့ စျေးဆိုင်ခန်းပေါင်း ၁၄၀၀ ကျော်ဆောက်လုပ်ဖို့လျာထားပေမယ့်လည်း မြေပြင်မှာ တည်းခိုခန်းဆောင် ၃၀၀ ကျော်နဲ့ စျေးဆိုင်ခန်းပေါင်း ၃၅၀ ဝန်းကျင်သာ တည်ဆောက်နိုင်ခဲ့တယ်လို့သိရပါတယ်။ နှစ်စဥ် ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲရက်နဲ့ပွဲတော်ကာလတလျှောက်မှာဆိုရင် ဘုရားဖူးခရီးသွားဧည့်သည်အများအပြားဝင်ရောက်ပြီးစည်ကားမှုရှိသလို တည်းခိုဆောင်ဆိုရင်လည်း ၆၀၀ လောက်တည်ဆောက်လေ့ရှိပြီး စျေးဆိုင်ခန်းပေါင်း ၈၀၀ မှ ၁၀၀၀ ကြားတည်ဆောက်လေ့ရှိတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကဖွင့်ပွဲရက်မှာတောင်လူသိပ်မရှိဘူး။ အဝေးကားတွေ လာတာတွေရှိတယ်။ မများဘူး။ခရီးသွားသိပ်မရှိဘူး။နောက်တခုကခုနှစ် တည်းခိုခန်းငှားရမ်းလုပ်သူလည်း နည်းတယ်။စျေးဆိုင်တွေလည်းနည်းတယ်။တချို့ကလည်း ခုဖြစ်နေတဲ့မတည့်ငြိမ်တဲ့အခြေအနေတွေကြောင့် အခန်းမငှားရဲကြဘူး။ဒါကြောင့်ခုနှစ် ဆိုင်ခန်းရောတည်းခိုခန်းရော တဝက်လောက်လျော့တော့ကြည့်ရတာတောင် မလှဘူး။ဘယ်လိုပြောရမလဲ ခရီးသွားမယ့်သူတွေကလည်းအခြေအနေစောင့်ကြည့်နေတဲ့သဘောရှိတာပေါ့။” လို့မင်းဘူးဒေသခံကပြောပါတယ်။ ရွှေစက်တော် ဘုရားအနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာအချို့မှာ…
Read Moreသရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ပြော
ဖေဖော်ဝါရီ ၃ – ၂၀၂၅ SN (VOM) လက်ရှိ သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။ လက်ရှိမှာ တချို့သော မီဒီယာတွေဟာ “ရုပ်ရှင်ထူးချွန်ဆုပေးကာနီးတွင် ရုပ်ရှင်သရုပ်ဆောင်များ ရုပ်ရှင်အစည်းအရုံးသို့ အပြိုင်အဆိုင်လှူဒါန်းကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိသတ်အထင်မှားစရာ၊ အထင်သေးစရာ သတင်းဆိုးတွေကို ဖော်ပြလျက်ရှိတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က ထုတ်ပြန် အသိပေးထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဦးအေးကြူလေးက “လှူတာက ဆန်၊ ဆီဝေတဲ့ကိစ္စ လှူတာလေ။ အကယ်ဒမီပေးပွဲနဲ့ နည်းနည်းနီးတဲ့အခါကျတော့ လူတွေက အကယ်ဒမီကြောင့် လှူတယ်ဆိုပြီး ပြောနေကြတာ။ တကယ်က လုပ်လို့မှမရတာ။ လှူလည်း သူ့ဘာသာသူ လှူတာပဲရှိတာပဲ။ ကျွန်တော်တို့ဒီဘက်က ဘုတ်အဖွဲ့က ၂၀ ကျော်ရှိတယ်။ အဲဒီ ၂၀ ကျော်မဲနဲ့ သွားတာလေ။…
Read Moreအမေရိကန်က အခွန်ကောက်ခံမှုစတင်ကြောင်း ကြေညာပြီးနောက် ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က လက်တုံ့ပြန်ဖို့ ပြင်ဆင်
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ဟာ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ရဲ့ သွင်းကုန်တွေအပေါ် ဒီနေ့ကစပြီး အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေက လက်တုံ့ပြန် အစီအမံတွေ ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်ကို အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တရားမဝင် ဖန်တနိုင်းမူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို တားဆီးဖို့ ပျက်ကွက်တယ်ဆိုကာ ကနေဒါနဲ့ မက္ကဆီကို သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ကို သွင်းကုန် ၄၀ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ ထရန့်က အခွန်စည်းကြပ်ရင် လက်တုံ့ပြန်မယ်လို့ ပြောဆိုထားတဲ့ ကနေဒါဝန်ကြီးချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မှာ အစီအမံတရပ် ထုတ်ပြန်ဖွယ်ရှိနေပါတယ်။ နိုဗာစကိုးရှားပြည်နယ်မှာတော့ အမေရိကန်ကနေ တင်သွင်းတဲ့အရက်တွေအားလုံးကို စတိုးဆိုင်တွေအားလုံးကနေ ဖယ်ရှားဖို့ထိ ပြည်နယ်ဝန်ကြီးချုပ်က…
Read Moreပြည်သူ့အသံ ကဏ္ဍ
ပျဥ်းမနားမြို့နယ်မှာ စစ်မှုထမ်းကိစ္စနဲ့ အလွဲသုံးစားနေခြင်း ပျဥ်းမနား မြို့နယ် တောင်သာ အုပ်စု တောင်သာ ရပ်ကွက်မှ အုပ်ချူပ်ရေးမှူး ဦးအောင်လွင်နှင့် ရာအိမ်မှူးများက စစ်မှူထမ်းမဲပေါက်သည့် လူများနေရာတွင် လူစားထိုးဝင်ရောက်ပေးမည်ဆိုပါက တစ်ဦးလျှင် ငွေကျပ်သိန်း(50)ရရှိမည်ဖြစ်ပြီး (10)သိန်းအား အုပ်ချူပ်ရေးမှူး နှင့်အဖွဲ့အား ပွဲစားခ ပေးရမည်ဆိုကာ စည်းရုံးပါတယ်။ တောင်သာရပ်ကွက်မှ လူငယ် (3)ယောက်အား စစ်တပ်ထဲသို့ မရိုးသားသောနည်းများဖြင့် ပို့ဆောင်ခဲ့ပါသည်။ ထို့အပြင် စစ်မှူ့ထမ်းရန် ဒုတိယ အကြိမ်မဲနှိုက်ရာတွင် မဲပေါက်ထားသည့် လူနေရာတွင်လည်း လာဘ်ငွေများယူဆောင်ပြီး လူစားထိုးလဲလှယ်သည့် အလွဲသုံးစား လုပ်မှုများ ရှိနေပါ၍ စစ်မှုထမ်းဥပဒေ အား လက်တလုံးခြားအလွဲသုံးစားလုပ်နေသည့် တောင်သာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအားသက်ဆိုင်ရာမှ အရေးယူပေးပါရန် VOM မှ တဆင့် တင်ပြအပ်ပါသည်။ တောင်သာရပ်ကွက်သားတဦး ပျဥ်းမနားမြို့
Read Moreရှမ်းတောင်ရောက် ကယားစစ်ရှောင်တွေ မတ်လကုန်မှာ နေရပ်ပြန်ဖို့ ညွှန်ကြားလာ
ဖေဖော်ဝါရီ ၂၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ လာရောက်ခိုလှုံနေကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထားတဲ့အတွက် အခက်ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေနဲ့ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။ တောင်ကြီး၊ ပင်လောင်း၊ ညောင်ရွှေစတဲ့မြို့နယ်တွေမှာ လာရောက်ခိုလှုံနေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို မတ်လမကုန်ခင်မှာ နေရပ်ပြန်ခိုင်းဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေး ပြောဆိုလာတာဖြစ်တယ်လို့ သိရပါတယ်။ “လွိုင်ကော်မှာ အခြေအနေက တည်ငြိမ်နေပြီဖြစ်တဲ့အတွက် ပုံမှန်အတိုင်း ကိုယ့်နေရပ်မှာ ပြန်နေကြဖို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြားလာတာပါ။ မတ်လ မကုန်ခင်မှာ အပြီးပြန်ရမယ်ပေါ့။ မတ်လကုန်ရင်တော့ စစ်ဘေးရှောင်စခန်းတွေကို ဖျက်သိမ်းတော့မယ်လို့လည်း ပြောလာပါတယ်”လို့ စစ်ဘေးရှောင်အရေးကူညီသူတယောက်က VOMကို ပြောပါတယ်။ လက်ရှိအချိန်မှာ ကယားစစ်ဘေးရှောင်တွေအနေနဲ့ စားသောက်နေထိုင်ရေးအတွက် အခက်ကြုံတွေ့နေရသလို ကယားပြည်နယ်ကို ပြန်ဖို့နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါက ထပ်မံတိမ်းရှောင်ဖို့ ငွေကြေးအခက်အခဲတွေ ရှိနေတဲ့အတွက် အခုလိုညွှန်ကြားလာတဲ့အပေါ် စိုးရိမ်မှုတွေ…
Read Moreနိုင်ငံတော်အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ရန်ကုန်မှာ ပြုလုပ်
ဖေဖော်ဝါရီ ၂ -၂၀၂၅ KKO(VOM) နိုင်ငံတော်အကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ဒီနေ့ ဖေဖော် ဝါရီ ၂ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့မှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲစကားဝိုင်းမှာ နိုင်ငံတော်အကြပ်အတည်းနဲ့ အစိုးရ၊ နိုင်ငံသားတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍတွေကို အဓိကထားဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ ယခုစကားဝိုင်းကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ဉီးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ရခိုင့်ဦးဆောင်ပါတီ(Arakan Front Party)က ဒေါက်တာအေးမောင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)က ဦးထက်အောင်ကျော်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးနဲ့ PPP ပါတီက ဒေါက်တာမျိုးဆက်သွေးတို့က ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ “အခုအကြပ်အတည်းက နိုင်ငံရေးအရ သဘောထားကွဲလွဲနေတဲ့အဆင့်လား၊နိုင်ငံရေးအရ သဘောထားကွဲလွဲနေတဲ့ အဆင့်ကိုကျော်ပြီး လက်ရှိအကြပ်အတည်းသည် လက်နက်ကိုင်ပဋိပက္ခအဆင့်ဆီကို ကူးပြောင်းသွားပြီလား၊အဲဒီအခါမှာ အစိုးရရဲ့ယန္တရားသည် အုပ်ချုပ်ရေး ယန္တရားသည် ခနော်ခနဲ့ မတည်ငြိမ်တဲ့ အနေအထားကိုရောက် သွားပြီလား၊အဲဒီအနေအထားကို ပြန်ပြီးတော့ ပြင်ဆင်ဖို့အတွက် နိုင်ငံရေးအားဖြင့် ကြားဝင်ဆွေးနွေးဖို့ ရနိုင်ချေရှိလား၊ဒါလေးတွေကို ကျွန်တော်တို့စဉ်းစားပြီး…
Read Moreစောင်းလျားသီးနဲ့ ငါးပိကြော် ခုတင်ကျိုးအောင် တွယ်ကြသနော်
ဆူးငှက် သီတင်းကျွတ်လဆန်းလျှင်ပင် မန္တလေးမြို့သူမြို့သားများကား “ဘုရားပွဲ၊ ဘုရားပွဲ” ဟူသော သတိတရစိတ်က နေ့ညမပြတ် နှိုးဆွနေတော့၏။ လူကြီးသူမများကလည်းဥပုသ်နေ့ သီလမယူမီပင် ဘုရားပွဲအတွက် ခေါင်းချင်းဆိုင် ကြရတော့သည်။ ဒီနှစ် ဘယ်သူ့ဇာတ်ငှားမလဲ၊ ဘယ်သူ့ အငြိမ့်ငှားမလဲ တိုင်ပင်ကြ၏။ ဆိုင်ရာဆိုင်ရာ အငြိမ့်များက မန်နေဂျာ၊ မင်းသမီး၊ လူရွှင်တော်၊ ဒိုးတီးစသူတို့ကလည်း မိမိနှင့် ပတ်သက်ရာ ဘုရားလူကြီးတွေဆီ ချဉ်းကပ်လျက် သူ့အငြိမ့်၊ ကိုယ့်အငြိမ့်ကိုငှားဖို့ ဆွယ်ကြသည်။ အိမ်တော်ရာ ဆင်တံတားကတော့ လမင်းတစ်ရာအငြိမ့်တဲ့။ မြောက်မုခ်ကလည်း နာမည်ကြီးအငြိမ့်ဖြစ်ဖို့ များသည်။ မန္တလေးမှာက ဘုရားပွဲများကို ဘုရားသုံးဆူပွဲမှ စသည်ဟု လူကြီးသူများပြောဖူး၏။ “ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်း”တဲ့။ သဘောက သီတင်းကျွတ်လဆန်းက စသော ဘုရားသုံးဆူဘုရားပွဲကနေ တပေါင်းလပြည့်နေ့ မှာကျင်းပသော ဝါခင်းကုန်း…
Read Moreအမေရိကန်မှာ လူ ၆၀ ကျော်သေတဲ့ လေယာဉ်ပျက်ကျမှုအပြီး လေယာဉ်ငယ်တစင်း ပျက်ကျမှု ဖြစ်ပွားပြန်
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁-၂၀၂၅ ရတီ(VOM) အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားအရှေ့မြောက်ပိုင်းမှာ အဆောက်အအုံတွေပေါ်ကို လေယာဉ်ငယ်တစင်း မီးလောင်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး မြေပြင်ပေါ်က လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဝါရှင်တန်ဒီစီမှာ ခရီးသည်တင်လေယာဉ်နဲ့စစ်ရဟတ်ယာဉ်တို့ ပျက်ကျမှုကြောင့် လူ ၆၀ ကျော်သေဆုံးခဲ့တဲ့ မတော်တဆမှုအပြီး ရက်ပိုင်းအကြာမှာ အခုလေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူအများအပြား လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ လေယာဉ်ဘာကြောင့် ပျက်ကျရတယ်ဆိုတာနဲ့ လိုက်ပါသွားသူအရေအတွက် ဘယ်လောက်၊ အသက်ရှင်ကျန်ရစ်သူ ဘယ်လောက်ရှိလဲဆိုတာကို ရှင်းလင်းစွာ မသိရသေးပါဘူး။ ပျက်ကျမှုဟာ မြို့ရဲ့လူနေထူထပ်တဲ့ သုံးထပ်စျေးဝယ်စင်တာရဲ့ အရံအတားတွေဖြစ်ပွားခဲ့တာပါ။ အဲဒီနေရာမှာ တဆက်တည်းအိမ်ရာတွေနဲ့စျေးဆိုင်တွေ အများအပြားတည်ရှိနေပါတယ်။ ဒီဖြစ်စဉ်အတွင်း မော်တော်ကားတွေလည်း ပျက်စီးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ Learjet 55 အမျိုးအစား လေယာဉ်ဟာ ဖီလာဒဲလ်ဖီးယား လေဆိပ်ကနေ ပျံတက်ပြီး လေးမိုင်အကွာမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ အခင်ဖြစ်ချိန်မှာ ရာသီဥတုက တိမ်အသင့်အတင့်ရှိနေပြီး…
Read Moreဆိပ်ဖြူမှာ စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် ဒေသခံ ထောင်ချီ တိမ်းရှောင်
ဖေဖော်ဝါရီ ၁ – ၂၀၂၅ SS (VOM) မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ဆိပ်ဖြူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်ကစပြီး နစကတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ရွှေဘို့ကျွန်း၊ ကျောက်ကြီး၊ ညောင်ဂွေး၀၊ တောင်ဖြူ (အရှေ့/အနောက်)၊ ရှားတော၊ ကူရှည်အလယ်စု စတဲ့ ကျေးရွာတွေက ဒေသခံ ရှစ်ထောင်ကျော် အရေးပေါ် စစ်ရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။ “ရွှေဘို့ကျွန်းရွာမှာ အခြေစိုက်ထားတဲ့ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၂) ကို ကာကွယ်ဖို့အတွက် နစကတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်နေတာ။ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်တာလည်းရှိတယ်။ ဒေသခံတွေ ဘယ်သူမှ…
Read Moreပြည်မြို့မှာ မြစ်ထဲရေဆင်းကူးတဲ့ ကျောင်းသားသုံးယောက်ရေနစ်လို့ နှစ်ယောက်သေဆုံး
ဖေဖော်ဝါရီ ၁ -၂၀၂၅ GG (VOM) ပဲခူးတိုင်း အနောက်ပိုင်း၊ပြည်မြို့မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဧရာဝတီမြစ်ထဲရေဆင်းကူးတဲ့ ကျောင်းသားသုံးယောက် ရေနစ်လို့ နှစ်ယောက်သေပြီး တယောက်သာအသက်ရှင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဘောတံတားအနီး၊ဧရာဝတီမြစ်အတွင်းရေဆင်းကူးတဲ့ သုံးယောက်စလုံးက ကျောင်းသားတွေဖြစ်ပြီး သေဆုံးတဲ့အထဲမှာ ကိုးတန်းကျောင်းသားပါဝင်တယ်လို့သိရပါတယ်။ ” ကလေးတွေကမနေ့ကမနက်ကတည်းက ကျောင်းမတက်ဘဲ မြစ်ဘေးမှာ ရေလာကူးနေကြတာ။သူတို့ အင်္ကျီတွေဘေးမှာ ခေါင်ရည်လိုမျိုးထည့်ထားတဲ့ဗူးတွေ့ရတယ်။ဆင်းတာတော့ကမ်းစပ်ကိုဆင်းကူးရင်းကနေ မြစ်ထဲမှာကသဲတွေစုပ်ထားတဲ့ စုပ်ခွက်တွေရှိတော့ အဲဒီထဲတွေရောက်သွားတာဖြစ်နိုင်တယ်။ တယောက်ပဲအသက်ရှင်တယ်။ နှစ်ယောက်ကတော့ဆုံးတယ်။၁နာရီကျော်မှာ ရုပ်အလောင်းတလောင်းတွေ့တယ်။၄နာရီမှာနောက်တလောက်တွေ့တယ်။” လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ နှလုံးသားမေတ္တာရှင်လူငယ်များပရဟိတအဖွဲ့ဝင်ကပြောပြပါတယ်။ အဆိုပါ ရေဆင်းကူးတဲ့ကျောင်းသားသုံးယောက်လုံးက ပြည်မြို့ပေါ်ရှိ စကားတောင်ရပ်ကွက်နေထိုင်သူတွေဖြစ်ပြီး အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အသက်ရှင်တဲ့ ကျောင်းသားကလေးကို သူရဲ့နေအိမ်ကို့ပို့ဆောင်ပေးထားပြီး သေဆုံးကျောင်းသားရုပ်အလောင်းတွေကိုတော့ ပြည်မြို့ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ၂၀၂၃ ခုနှစ်က ဧပြီလတုန်းကလည်း ပြည်မြို့ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာကနေ ကလေးအပါအဝင် လူသုံးယောက်ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။…
Read More