ဇွန် ၄-၂၀၂၆ KKA (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ယာယီတိမ်းရှောင်စခန်းကို ရောက်ရှိခိုလှုံနေတဲ့ ပြည်သူများအနေနဲ့ စိတ်ပျက်အားငယ်မှု မရှိကြရန်နဲ့ လိုအပ်ချက်များကို ပြည်နယ်အစိုးရက အချိန်နဲ့တပြေးညီ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားလိုက်ပါတယ်။ ဇွန်လ (၂) ရက် ညနေပိုင်းက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ဦးမော်ရာဟူးခြံအတွင်းရှိ ယာယီတိမ်းရှောင်စခန်းကို သွားရောက် လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်အပြီးမှာ ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ” စခန်းရှိ ပြည်သူများအနေနဲ့ စိတ်ပျက်အားငယ်မှု မရှိကြဖို့၊ မိုးရာသီကာလဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့နဲ့လိုအပ်ချက်ေတွရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြဖို့၊ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်”လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။ အဲဒီ ယာယီတိမ်းရှောင်စခန်းမှာ ဝိုင်းမော်မြို့နယ်၊ သာဂရကျေးရွာက ရွှေ့ပြောင်းတိမ်းရှောင်လာရတဲ့အိမ်ထောင်စု (၃၄၁) စု ခိုလှုံနေထိုင်လျက်ရှိပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တစ်အိမ်ထောင်လျှင် (၂၄) ပြည်ပါ…
Read MoreMonth: June 2026
အသက်ဝင်လာတဲ့ မုံရွာက စစ်ကိုင်းတိုင်းလွှတ်တော်
မုံရွာ-ဇွန်-၄-၂၀၂၆ MW(VOM) တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ၄ရက် နံနက်၁၀နာရီက မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းတွေ အဖြေတွေနဲ့ ပြန်လည်အသက်ဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ အစည်းအဝေးကို လွတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်၊ ဒုဥက္ကဌဦးမျိုးသန့်၊နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ် ဦးကိုလေးနဲ့ဝန်ကြီးတွေ လာရောက်လေ့လာကြတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်က ပါမောက္ခချုပ်၊ ပါမောက္ခနဲ့ ကျောင်းသား၊ကျောင်းသူတွေ၊ မုံရွာမြို့ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေတက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ခန္တီး၊ မြင်းမူ၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ မင်းကင်း၊ မုံရွာ၊ အရာတော်နဲ့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြမေးခွန်း ၁၀ခုမေးမြန်းကြရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဝန်ကြီးတွေက ဖြေကြားခဲ့ကြပါတယ်။ ချင်းတွင်းမြစ်အထက်ပိုင်းမှာရှိတဲ့ အဆင်ခြင်မဲ့ရွှေတူးဖော်မှုလုပ်ငန်းတွေကြောင့်မြစ်ကြောင်းပျက်ဆီးတာ ပြဒါးညစ်ညမ်းတာနဲ့ ဆိုင်ယာနိုက်ဓာတုပစ္စည်းတွေရဲ့ ဘေးအန္တရာယ်တွေက ကာကွယ်တားဆီးနိုင်ရေး တိုက်တွန်းကြောင်းအဆိုကို မော်လိုက်မြို့နယ်အမှတ်၁လွတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာသိန်းကအစည်းအဝေးကို တင်သွင်းရာမှာ ဖောင်းပြင်မြို့နယ်အမှတ်၁ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးတင်မင်းထွဋ်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။ တင်သွင်းလာသောအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ သင့် ၊မသင့်လွှတ်တော်ကိုယ်စားလှယ်တွေထံ အဆုံးအဖြတ်ရယူရာမှာ လက်ခံဆွေးနွေးသင့်ကြောင်း အားလုံးကဆုံးဖြတ်ကြတဲ့အတွက်…
Read Moreသူတို့အိမ် အခန်း (၁၃၁)
ဆူးငှက် လုပ်သားထု အစည်းအဝေးက အတွေ့အကြုံ ———————————————— သည် တနင်္ဂနွေ လုပ်သားထု အစည်းအဝေးက လူစုံတက်စုံ တက်ရောက်ကာ စိတ်ဝင်စားမှု အပြည့်ရှိကြသည်။ အစည်းအဝေးမတိုင်မီကပင် လုပ်သားအချင်းချင်း အစည်းအဝေးတွင် ဆွေးနွေးပြောဆိုကြမည့် အကြောင်းအရာတွေကို တိုင်ပင်နေကြသည်။ သည်အစည်းအဝေးကို စိတ်ဝင်းစားကြသည်မှာ ဘဏ္ဍာရေးနှစ် တစ်နှစ်စာအတွက် လုပ်သားထု သက်သာချောင်ချိရေး ရံပုံငွေကို အတည်ပြုမည့် အစည်းအဝေးမို့ ဖြစ်သည်။ နံနက် ၉နာရီကို အစည်းအဝေး ခေါ်ထားရာ ၉နာရီမထိုးမီကပင် လူစုံနေသည်မို့ စောင့်စရာမလိုဘဲ အချိန်တိကျစွာ အစည်းအဝေး စတင်နိုင်ခဲ့၏။ သည်နေရာတွင် ဤအလုပ်ရုံမှ ဦးဆောင် လူကြီးများက သူတို့ တက်ရောက်ရသည့် မြို့နယ်အဆင့် တုင်းအဆင့် အစည်းအဝေးများတွင် ဖိတ်စာတွင်ပါသော အစည်းအဝေးအချိန်အတိုင်း ဘယ်သောအခါမှ တိကျစွာ မစနိုင်ဘဲ အနည်းဆုံး နာရီဝက် တစ်နာရီ နောက်ကျမှ အစည်းအဝေးစတင်နိုင်ခြင်းကို စိတ်ပျက်နေကြသောကြောင့် မိမိ…
Read Moreအိန္ဒိယသမုဒ္ဒရာထွက်ပေါက်၊ QUAD နှင့် တရုတ်-မြန်မာ ပထဝီနိုင်ငံရေး
MT(VOM) ၂၁ ရာစု၏ ကမ္ဘာ့ပါဝါချိန်ခွင်လျှာသည် အင်ဒို-ပစိဖိတ် (Indo-Pacific) ဒေသဆီသို့ သိသိသာသာ ရွေ့လျားလာခဲ့သည်။ ထိုရွေ့လျားမှုတွင် အရှေ့တောင်အာရှကုန်းမြေနှင့် အိန္ဒိယသမုဒ္ဒရာ (Indian Ocean) ရေပြင်သည် မဟာဗျူဟာမြောက် အချက်အချာ အချက်အခြာများ ဖြစ်လာကြသည်။ အထူးသဖြင့် အမေရိကန်ဦးဆောင်သော QUAD (Quadrilateral Security Dialogue) မဟာမိတ်အုပ်စု၏ တရုတ်နိုင်ငံကို ဝိုင်းရံပိတ်ဆို့ရန် ကြိုးပမ်းမှုနှင့် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရှာသည့် ဗျူဟာမြောက် ရုန်းကန်မှုတို့ ကြောင့် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၏ အလယ်ဗဟို (Geopolitical Hotspot) သို့ ရောက်ရှိလာခဲ့သည်။ QUAD ၏ ဗျူဟာမြောက်ရည်မှန်းချက်နှင့် အရှေ့တောင်အာရှ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် အော်စတြေးလျ (၄) နိုင်ငံဖြင့် ဖွဲ့စည်းထားသော QUAD အဖွဲ့သည် စစ်ရေးမဟာမိတ်ဟု တရားဝင်မကြေညာသော်လည်း၊ ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ…
Read Moreကျောင်းသုံးပုံနှိပ်စာအုပ် အပြည့်အဝမပေးနိုင်တဲ့ ကျောင်းတချို့ ရှိနေ
ဇွန် ၃ – ၂၀၂၆ SS (VOM) အခြေခံပညာကျောင်းတွေမှာ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ အခမဲ့ ထောက်ပံ့ပေးတာဖြစ်ပေမယ့် ကျောင်းတချို့မှာတော့ ပုံနှိပ်စာအုပ် အပြည့်အဝ မပေးနိုင်တာတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ ကျောင်းအပ်နှံမှု နောက်ကျတဲ့ ကျောင်းသား၊ ကျောင်းသူ အများစု ပုံနှိပ်စာအုပ် မရရှိသေးတာလို့ သိရပြီး VOM က ရရှိတဲ့ သတင်း အချက်အလက်တွေအရ ကော့ကရိတ်နဲ့ မန္တလေးမြို့က ကျောင်းတချို့မှာ ကျောင်းသားဦးရေအလိုက် ပုံနှိပ်စာအုပ်တွေ ပေးဝေနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ “ကော့ကရိတ် အ.ထ.က (၂) ကျောင်းမှာ ပုံနှိပ်စာအုပ် အပြည့်အဝမရှိပါဘူး။ အဲဒါကြောင့် ကလေးတွေမှာ ပုံနှိပ်စာအုပ်မရှိကြဘူး။ ကျောင်းစတက်တဲ့နေ့မှာ ဆရာမက ကလေးကို စာအုပ်ပါလားမေးပါတယ်။ ကလေးကလည်း ကျောင်းကမပေးလို့ မပါဘူးလို့ မပါဘူးလို့ ဖြေပါတယ်။ အဲဒါကို ဆရာမက ကလေးကိုရိုက်ပါတယ်။…
Read Moreမြဝတီ နယ်စပ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို ဒရုန်းကျလို့ မြန်မာလုပ်သားမိသားစု သုံးယောက်သေပြီး နှစ်ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့
ဇွန် ၃ ၊ ၂၀၂၆ GG (VOM) ထိုင်း – မြန်မာနယ်စပ် ၊ တာ့ခရိုင် ၊ ဖုတ်ဖရမြို့နယ်၊ ဝါးလေကျေးရွာအုပ်စု၊ မောကဲထိုင်ကျေးရွာ (မူး ၁) ရှိ ငရုတ်သီးစိုက်ခင်းထဲကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင် သုံးယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဇွန် ၂ ရက်နေ့၊ ထိုင်း – မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ထဲက နယ်စပ်ကျေးရွာဘက်မှာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီး ဒရုန်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်အပြန်အလှန်ပစ်ခတ်ရာကနေ နယ်နမိတ်ထိစပ်နေတဲ့ ထိုင်းနယ်စပ်က ကျေးရွာ ငရုတ်စိုက်ခင်းထဲကို ဒရုန်းကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဗုံးပေါက်ကွဲမှုကြောင့် သေတာက မိသားစုသုံးယောက်ပါ ။ ဒရုန်းတစင်းလည်း အဲဒီမှာတွေ့ရ တယ် ။ဖြစ်တာက မနေ့က ညနေ ၄ နာရီလောက်…
Read Moreထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်စပြီးနောက် ပြောင်းကားတစီး တိမ်းမှောက်လို့ ယာဥ်မောင်းသေဆုံး
ဇွန် ၃ ၊ ၂၀၂၆ CC (VOM) ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီးနောက် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးပြန်လည် စတင်နေပြီဖြစ်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ မြဝတီနယ်စပ်ကနေ ထိုင်း မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးပြန်စပြီးနောက် မနေ့ကဇွန် ၂ ရက်နေ့မှာ မြဝတီမြို့၊ အာရှလမ်း၊ ရင်ကွဲတောင်နေရာ ကွင်းကလေးကုန်းအဆင်း၊ မိုင်တိုင်အမှတ် ၁၆၁/၄ မှာ ပြောင်းတင်လာတဲ့ တွဲကားတစီး တိမ်းမှောက်ပြီး ယာဥ်မောင်းသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” လမ်းချော်ပြီး ကားမှောက်တယ်လို့ ယူဆရတယ်။ ကားသမားက ကားအောက်မှာ ပိနေလို့ တော်တော်လေး ထုတ်ယူရတယ်။ ကားဝိတ်က များနေတာကိုး ။ မိုးရာသီရောက်ရင် အရင်ကလည်း ကားတွေလမ်းချော်ပြီး မှောက်လေ့ရှိတယ်။ ” ဒေသခံ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်…
Read Moreမုတ်သုံလေ အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံ တောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်းတွေမှာ မိုးပိုလာနိုင်
ဇွန် ၃ – ၂၀၂၆ SN (VOM) မုတ်သုံလေ အားကောင်းလာတဲ့အတွက် အခု ဇွန်လ ၅ ရက်နေ့ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံ တောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်း ဒေသတွေမှာ လက်ရှိအနေအထားထက် မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “မိုးအရမ်းများမှာတော့ မဟုတ်ဘူး။ အခု ရွာနေတဲ့ အနေအထားထက်ကို မိုးပိုလာမှာ။ တအားကြီး၊ အများကြီးရွာမယ့် အနေအထားမျိုးတော့ မဟုတ်ဘူး။ အဓိက ကတော့ မိုးဦးကာလ ရောက်လာပြီဆိုတော့ မိုးနည်းနည်းလေး များလာပြီ။ ဒါကြောင့် မြစ်ငယ်၊ ချောင်းငယ်တွေမှာ ရေတက်လာမယ့် အနေအထားမျိုးတွေ သတိပြုဖို့လိုတယ်။ ပြီးတော့ အလယ်ပိုင်းဒေသက ချောင်းခြောက်တွေဆိုရင်လည်း မိုးနည်းနည်းလောက် ရွာလိုက်တာနဲ့ တောင်ကျချောင်းရေ စီးဆင်းတတ်တာမျိုးတွေ ရှိနိုင်တယ်။ ဒါမျိုးတွေလည်း သတိပြုဖို့လိုတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။…
Read Moreယာဉ် စုံ/မ စစ်ဆေးမှုနဲ့ မန္တလေးသူ မန္တလေးသားတွေရဲ့ အခက်အခဲ
မန္တလေး၊ ဇွန်- ၃- ၂၀၂၆ KKA(VOM) “စုံလား၊မလား” အခုရက်ပိုင်း မန္တလေးမှာ မနက်မိုးလင်း အိမ်ကမထွက်ခင် ဒါမှမဟုတ် လမ်းမပေါ်တက်ခါနီးတိုင်း ဆိုင်ကယ်နဲ့ ကားမောင်းသူဟာ ခေါင်းထဲ အရင်ဆုံးေရာက်လာတဲ့ အတွေးတစ်ခုပါ။ ၂၀၂၆ ခုနှစ်ရဲ့ ဇွန်လဆန်းပိုင်း ရောက်လာတာနဲ့အမျှ မန္တလေးမြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ ယာဉ်တွေကို စုံ/မ နံပါတ်ခွဲပြီး စစ်ဆေးဖမ်းဆီးတာတွေ သိသိသာသာလုပ်လာတာကိုေတွ့ရပါတယ်။ ဒီအခြေအနေက မြို့ခံလူထု၊ အထူးသဖြင့် နေ့စဉ်ရုန်းကန်နေရတဲ့ သာမန်လက်လုပ်လက်စား ပြည်သူတွေအတွက်တော့ တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေရပါတယ်။ မန္တလေးဆိုတာက ဆိုင်ကယ်ကို အဓိကအားပြုပြီး သွားလာလှုပ်ရှားရတဲ့ မြို့ပါ။ ဒီလိုမြို့မျိုးမှာ ယာဉ်နံပါတ် စုံ/မ ခွဲပြီး ဖမ်းဆီးတဲ့ဒဏ်ကို အခံရဆုံးကတော့ ကျောင်းကြိုကျောင်းပို့ လုပ်နေရတဲ့ မိဘတွေပါပဲ။ ဇွန်လဆိုတာ ကျောင်းဖွင့်ရာသီဖြစ်လို့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ကလေးတွေကို ကျောင်းပို့၊ ကျောင်းကြို လုပ်ရတာ မိဘတွေရဲ့…
Read Moreမကွေးနဲ့ စစ်ကိုင်းက EPC ရုံးမန်နေဂျာ၊ ကျောင်း ဆရာမနဲ့ အရပ်သားတယောက်တို့ကို လက်နက် ကိုင်အဖွဲ့က ဖမ်းဆီးသွား
ဇွန် ၃ ၊ ၂၀၂၆ CC (VOM) မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းထဲက လျှပ်စစ်ရုံးမန်နေဂျာ ၊ကျောင်းဆရာမ အပါအဝင် လူသုံးယောက်ကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၁ ရက်နေ့မှာ အဆိုပါ သုံးယောက်လုံးကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးသွားပြီးနောက် မန်နေဂျာနဲ့ ကျောင်းဆရာမ တို့နှစ်ယောက်က အဆက်အသွယ်ပြတ်နေပြီး ကျန်တယောက်ကတော့ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ် ။ မကွေးမြို့နယ်လျှပ်စစ်ရုံးမှ မန်နေဂျာဖြစ်သူ ဦးအောင်ကျော်ကျော်ဟာ ဇွန် ၁ ရက်နေ့၊ နေ့လယ်ပိုင်းမှာမကွေးမြို့ကနေ မကြီးကုန်းကျေးရွာကို မကွေး-ကံပြား-မြို့သစ်-နတ်မောက်လမ်းအတိုင်း ကားနဲ့သွားလာစဥ် မကြီးကုန်းကျေးရွာအနီးအရောက်မှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” EPC ရုံးက မန်နေဂျာကို ဖမ်းသွားတာဟုတ်တယ်။ ကားရော လူရောခေါ်သွားတာ။ ခုထိတော့ ပြန်ရောက်တဲ့အသံလည်း မကြားမိသေးဘူး…
Read More