.ရာသီဥတုပြောင်းလဲမှုရဲ့ အချက်ပေးခေါင်းလောင်းသံတွေ

သွေး (စစ်ကိုင်း)လူသားတွေ မှီတင်းနေထိုင်တဲ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးအောင် ထိန်းသိမ်းကာကွယ် ရမှာက အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက လူသားတွေရဲ့ လုပ်ဆောင်မှုကြောင့်ပဲ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နေရသလို ရာသီဥတုပြောင်းလဲမှု (Climate Change) ဖြစ်ပေါ်နေရတာပါ။ တစ်နှစ်ထက် တစ်နှစ် ပိုမို ဆိုးရွားလာနေ တဲ့ ရာသီဥတုဖြစ်စဉ်တွေကို မျက်ဝါးထင်ထင် တွေ့မြင်နေရသလို လက်တွေ့အနေနဲ့လည်း ထိခိုက်ဆုံးရှုံးမှုတွေ ပိုများလာနေ ပါတယ်။မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက သတိပေးခဲ့ကြ ပေမဲ့ အလေးအနက်ထား ဂရုပြုမိသူ အင်မတန်နည်းပါးပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှု တွေကြောင့် လူပေါင်း ၅၀၀ ကျော်အထိ သေဆုံးရတဲ့ ဖြစ်စဉ်တွေကြောင့် ဘာကြောင့် ဒီလောက် အထိ လူသေဆုံးမှု…

Read More

ရွေးကောက်ပွဲ အောင်ပွဲခံပြီလို့ ဒေါ်နယ်ထရန့် ကြေညာ၊ ပေးတဲ့ကတိ တည်မယ့် အစိုးရလို့ ပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ လက်ရှိကျင်းပနေတဲ့ သမ္မတရွေးကောက်ပွဲမှာ အောင်ပွဲခံပြီလို့ သူ့ရဲ့ ထောက်ခံသူတွေကို အောင်ပွဲခံ မိန့်ခွန်းမှာ ကြေညာလိုက်ပါတယ်။ “အမေရိကန်ပြည်သူတွေက ကျွန်တော်တို့ကို မကြုံဖူးထောက်ခံခဲ့ပြီး စွမ်းအားအပြည့် လုပ်ပိုင်ခွင့် ပေးအပ်ခဲ့တယ် ” လို့ ထရန့်က ထောက်ခံသူတွေကို ပြောပါတယ်။ ဒီသမ္မတအလုပ်က ကမ္ဘာပေါ်မှာ အရေးကြီးပြီး သူ့ရဲ့ အစိုးရအနေနဲ့ ပေးတဲ့ကတိ တည်အောင်လုပ်မယ် ဆိုတဲ့ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။ အရေးပါတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ အနိုင်ရဖို့ အခြေအနေရှိနေတာကြောင့် သမ္မတရွေးကောက်ပွဲ အနိုင်ရဖို့ သေချာသလောက်ဖြစ်နေပြီဖြစ်ပါတယ်။ ထရန့်ဟာ အစောပိုင်းကတည်းက မြောက်ကယ်ရိုလိုင်းနားနဲ့ ဂျော်ဂျီယာတို့မှာ အနိုင်ရရှိပြီးနောက် ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ရဲ့ သမ္မတဖြစ်ရေး လမ်းကြောင်းက ကျဉ်းမြောင်းသွားခဲ့ပါတယ်။ ထရန့်ကတော့ ဖလော်ရီဒါမှာ သူ့ထောက်ခံသူတွေကို ဒီည မိန့်ခွန်းပြောမယ်လို့ ဆိုထားပြီး ထောက်ခံသူတွေကလည်း သူ့ရဲ့…

Read More

ကယားဒေသ ရေဘေးသင့်ပြည်သူတွေ ရေပြန်မကျသေးလို့ အခက်ကြုံနေ

နိုဝင်ဘာ ၆ – ၂၀၂၄ SN (VOM) ကယားပြည်နယ်မှာ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ဒေသခံ သုံးသောင်းကျော်အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ လူမှုကူညီရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ရှားတော၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ဟိုရာ၊ ဒီးမော့ဆို အပါအဝင် မြို့နယ် စုစုပေါင်း ၁၀ မြို့နယ်လောက်မှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ကြုံခဲ့ရပြီး အချိန် နှစ်လကျော်ကြာလာတဲ့အထိ လုံလောက်တဲ့အကူအညီတွေ မရရှိသေးဘူးလို့ သိရပါတယ်။ “တချို့မြို့နယ်က ရပ်ကွက်တွေဆို ရေလုံးဝ ပြန်မကျသေးတာတွေရှိတယ်။ ခုထိ ရေဘေးရှောင်စခန်းမှာ နေနေရတုန်း။ ရေကလည်း ရေသေကြီးလိုဖြစ်ပြီး ကျန်ခဲ့တာ။ မော်တာနဲ့ စုပ်ထုတ်မှ ရမယ်ထင်တယ်။ ရေတွေကလည်း အတော့်ကိုညစ်ပတ်နေပြီ။ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ၊ အထောက်အပံ့တွေ အများကြီး လိုအပ်နေသေးတယ်။…

Read More

အရှေ့အလယ်ပိုင်းအရေး တင်းမာနေချိန် အစ္စရေး ကာကွယ်ရေးဝန်ကြီး ထုတ်ပယ်ခံရ

တဲလ်အဗစ်၊ နိုဝင်ဘာ-၆-၂၀၂၄ ရတီ (VOM) အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလ်လန့်ကို ဝန်ကြီးချုပ်နေတန်ယာဟုက ရာထူးမှထုတ်ပယ်လိုက်ပါတယ်။ ဒီနောက်မှာတောပ နိုင်ငံတွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးကို ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ အစ္စရေးဟာ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်၊ မဟာမိတ်တွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်လိုက်တာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်က အစားထိုးတာဝန်ယူမည်ဟု နေတန်ယာဟုက ပြောပါတယ်။ စစ်ပွဲကာလအတွင်း ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့အကြား ယခင်ကထက်ပိုပြီး ယုံကြည်မှုအပြည့်အ၀ရှိဖို့ လိုအပ်ပြီး ဂါဇာစစ်ပွဲအစပိုင်းလတွေမှာတော့ ယုံကြည်မှုနဲ့ အကျိုးရှိရှိ အလုပ်လုပ်ခဲ့ကြပေမယ့်လည်း မကြာသေးမီလများအတွင်း ယုံကြည်မှု ပြိုကွဲခဲ့တယ်လို့ သူကဆိုပါတယ်။ သူ့ရဲ့ ကြေညာချက်အပြီးမှာတော့ ဝန်ကြီးချုပ်နေတန်ယာဟု နုတ်ထွက်ပေးဖို့နဲ့ ကာကွယ်ရေးဝန်ကြီးသစ်အနေနဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပြီး ဆန္ဒပြသူအချို့ဟာ အယာလွန် အဝေးပြေးလမ်းမကြီး နှစ်ဘက်စလုံးကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးဟာ…

Read More

တောင်ကြီးမှာ ဟိုတယ်ဘိုကင်ယူထားပြီး တန်ဆောင်တိုင်လာမယ့် ဧည့်သည်တွေကို ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေ ရှိနေ

ZY(VOM) နိုဝင်ဘာ ၆၊ ၂၀၂၄ ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်မယ့်ရက်တွေကို ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ဘိုကင်ကြိုတင်ယူထားပြီးနောက် တန်ဆောင်တိုင် လာမယ့် ဧည့်သည်တွေကို ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်းတွေထံကနေ သိရပါတယ်။ အဲဒီဘိုကင်အများစုတွေကို လူတစုက ပြီးခဲ့တဲ့ အောက်တိုဘာလ၊ နောက်ဆုံးပါတ်မတိုင်ခင်ကတည်းက ကြိုတင်မှာယူထားတာဖြစ်ပြီး တောင်ကြီးနဲ့ပါတ်သက်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ ခရီးသွားဝန်ဆောင်မှုနဲ့ ပါတ်သက်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဈေးတင်ကာ ပြန်လည်ငှားရမ်းမှုတွေကို ရှိနေတယ်လို့ သိရပါတယ်။…

Read More

This Day in History

Voice of Myanmarအမေရိကန်ပြည်သူများသည် အေဘရာဟမ်လင်ကွန်းကို သမ္မတအဖြစ် ၁၈၆၀ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ရွေးကောက်တင်မြှောက်ခဲ့ပြီး ၎င်းလက်ထက်တွင် အမေရိကန်ပြည်တွင်းစစ်နှင့် ကျွန်စနစ်ကို အဆုံးသတ်ခဲ့နိုင်ခဲ့သည်။

Read More

အမေရိကန် သမ္မတရွေးကောက်ပွဲ များမကြာခင် စတင်တော့မယ်

ဝါရှင်တန်၊ နိုဝင်ဘာ-၅-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့သတ်မှတ်ချိန်မတိုင်ခင်လေးမှာ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ကမလာဟားရစ်တို့ဟာ အဓိကမဲဆန္ဒနယ်တွေမှာ အပြိုင်အဆိုင်မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန်စံတော်ချိန်အရ ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး မဲန္ဒရှင်တွေဟာ အမေရိကန်ရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ကမလာဟားရစ်ကို ရွေးချယ်မလား၊ ကမ္ဘာကို လှုပ်လှုပ်ရှားရှားတွေ ဖြစ်စေခဲ့တဲ့ သမ္မတဟောင်းထရန့်ကို ရွေးချယ်မလား ဆုံးဖြတ်ရတော့မှာပါ။ အမေရိကန်ရဲ့ အရှိန်အဟုန်က မိမိတို့ဘက်မှာရှိနေတယ်လို့ သမ္မတလောင်း ကမလာဟားရစ်က လေဒီဂါဂါ ၊ အော်ပရာဝင်းဖရေး စတဲ့ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ပင်ဆယ်ဗေးနီးယားမှာပြုလုပ်တဲ့ နောက်ဆုံးမဲဆွယ်စည်းရုံးရေးမှာ ပြောပါတယ်။ ဒါဟာ သမိုင်းမှာ အပြင်းထန်ဆုံး ပြိုင်ပွဲဖြစ်ပြီး မဲပေးမှုတိုင်းက အရေးကြီးတယ်လို့ သူမက ပြောပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကတော့ မစ်ရှီဂန်ပြည်နယ်မှာ နောက်ဆုံးမဲဆွယ်ခဲ့ပြီး အမေရိကန်ရဲ့ ဘုန်းတန်ခိုး ပိုတိုးစေရမယ်လို့ ဆိုပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ကတော့…

Read More

နစကဥက္ကဋ္ဌ တရုတ်ခရီးစဉ်ထွက်ခွာပြီးနောက် နေပြည်တော် အေလာလေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်

  နိုဝင်ဘာ ၅ – ၂၀၂၄ SN (VOM) နေပြည်တော် အေလာလေဆိပ်မှာ ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ မနက် ၈ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အေလာလေယာဥ်ကွင်းရှိ လေယာဥ်ပြေးလမ်းနဲ့ ကားပါကင်ကြား ခြုံပုတ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကနဦး သိရပြီး စစ်ဆေးချက်အရ PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ ဗုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတယောက်က “ကျွန်မတို့ သိတာတော့ လေယာဉ်ပြေးလမ်းပေါ်မှာလို့ သိရတယ်။ ပေါက်ကွဲသံက နှစ်ချက်၊ တချက်ကတော့ အကျယ်ကြီးပဲ။ ကျွန်မတို့ကြားတာတော့ မနက် ၉ နာရီ၊ ၁၅ မိနစ်လောက်က ကြားတာ။ ပထမတချက်ကတော့ ဘာသံမှန်း မသဲကွဲဘူး။ နောက်တချက်ကျမှ အသံအကျယ်ကြီးထွက်လာတာ။ ကျွန်မတို့က…

Read More

ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု အာကာသထဲ လွှတ်တင်ပြီ

တိုကျို၊ နိုဝင်ဘာ-၅-၂၀၂၄ ရတီ(VOM) ဂျပန်သုတေသီတွေ တည်ဆောက်ဖန်တီးထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုတလုံးကို ဒီကနေ့မှာ အာကာသထဲကို လွှတ်တင်လိုက်ပြီး ဒါဟာ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးတွေမှာ အသုံးပြုဖို့ ကနဦးစမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်နဲ့ အိမ်ဆောက်လုပ်ရေးကုမ္ပဏီ ဆူမစ်တိုမိုကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ထားတဲ့ LignoSat ဆိုတဲ့ သစ်သားဂြိုဟ်တုကို Space X ရဲ့မစ်ရှင်နဲ့အတူ နိုင်ငံတကာ အာကသစခန်းကို သယ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကမ္ဘာမြေအထက် ကီလိုမီတာ ၄၀၀ အကွာမှာ လွှတ်တင်ခဲ့မှာဖြစ်ပါတယ်။ ဂြိုဟ်တုဟာ ကမ္ဘာမြေပြင်ပမှာ လူသားတွေရှင်သန်နေထိုင်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေရှိနေချိန်မှာ အာကာသထဲမှာ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေရဲ့ အလားအလာနဲ့ပတ်သက်ပြီး စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ လနဲ့ အင်္ဂါဲဂြိုဟ်ပေါ်မှာ သစ်ပင်စိုက်ပျိုးတာ၊ သစ်သားအိမ်တွေဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး နှစ် ၅၀ စီမံချက်ရှိထားတဲ့ ဂျပန်သုတေသီအဖွဲ့ဟာ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နာဆာအသိအမှတ်ပြု သစ်သားဂြိုဟ်တုတလုံးတည်ဆောက်ဖို့ကို ဆုံးဖြတ်ခဲ့တာပါ။ အာကာသထဲမှာ…

Read More

တောင်ကြီးတန်ဆောင်တိုင်မှာ မီးပုံးပျံအလုံးရေ ၂၅၀ ကျော်လွှတ်တင်သွားမယ်

ZY(VOM) နိုဝင်ဘာ ၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရက်ကြာ ကျင်းပပြုလုပ်သွားမယ့် တန်ဆောင်တိုင်ပွဲတော်အတွင်း နေ့လွှတ်၊ ညလွှတ် မီးပုံးပျံအလုံးရေ စုစုပေါင်း ၂၅၀ကျော် လွှတ်တင်သွားမှာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီထံကနေ သိရပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး၊ စုစုပေါင်း ၂၅၈လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် မီးပုံးပျံဝါသနာရှင်တွေအနေနဲ့ လာရောက်ကြည့်ရှုလည်ပတ်နိုင်တယ်လို့ သိရပါတယ်။ “ညလွှတ်က အလုံး ၅၀ပါမယ်၊ နေ့လွှတ်က ၂၀၈ လုံးပါဝင်ယှဉ်ပြိုင်မှာပါ။ မီးပုံးပျံပြင်ဆင်မှုတွေကတော့ အားလုံးပြီးစီးနေပြီဖြစ်သလို ပွဲတော်မှာ လွှတ်တင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီနှစ်မှာ လွှတ်တင်မယ့် ညမီးကြီး မီးပုံးပျံတွေက ယမ်း…

Read More