သြဂုတ် ၂၁ ၊၂၀၂၆ GG (VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ အသက် ၅ နှစ်အရွယ်ကလေးအပါအဝင် ကလေးငယ် ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။ သြဂုတ် ၂၀ ရက်နေ့ ၊ နေ့လယ် ၁၁ နာရီကျော်လောက်လောက်မှာ ကလေးငယ် ၁၀ ယောက်ဟာ စစ်ကျန်ဗုံးသီးကို ထုရိုက်ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း အဲဒီထဲမှာ ခြောက်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့သိရ ပါတယ်။ ” ကလေးတွေက သူတို့ကစားနေကျ ခြံလွတ်ထဲမှာ သွားပြီး ကစားကြတာ ။ အဲဒီမှာ ဗုံးသီးကို ဘယ်ကဘယ်လိုရတယ်မသိဘူး ။ထုကြရိုက်ပြီး ဆော့ ကြတော့ ဗုံးကပေါက်ကွဲမှုဖြစ်တာ။ ခုထိအကုန်လုံး ဆေးကုသမှုခံယူနေရပါတယ်။ဖြစ်တဲ့ကလေးတွေက အင်ဒင်းရွာက ငါးယောက် ၊ ပဲရုံရွာက ငါးယောက်ပါတယ် ။ ” လို့ စစ်ရှောင်…
Read Moreစဥ့်ကူးမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်ထဲထိ ဝင်ပစ်လို့ ငါးယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ
ဩဂုတ် ၂၁ ၊ ၂၀၂၆ CC (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်လို့ မိသားစုဝင်သုံးယောက်အပါအဝင် ငါးယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၂၀ ရက်နေ့ ည ၇ နာရီလောက်မှာ လက်နက်ကိုင်ထားတဲ့ လူခြောက်ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ဦးထွန်းထွန်းဝင်း နေအိမ်ကို ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။ ” အသတ်ခံရတဲ့အထဲမှာ မိသားစုဝင်သုံးယောက်က လင်မယားနှစ်ယောက်နဲ့ သူ့ယောက္ခမပါ ။ နောက်ထပ်နှစ်ယောက်ကတော့ အဲဒီရွာကပဲ ။ ဒဏ်ရာတွေက ခေါင်းနဲ့ဗိုက်မှာ အများဆုံးတွေ့ရတယ်။ စဥ့်ကူးဘက်က ခုကတည်းက လုံခြုံရေး နိုင်ထားဖို့လိုတယ်။ ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။ အသတ်ခံခဲ့ရသူတွေကတော့ ဦးထွန်းထွန်းဝင်း နဲ့ ဇနီးဖြစ်သူ ဒေါ်ဇာခြည်ဝင်း ၊ ယောက္ခမဖြစ်သူ ဒေါ်ဝင်းမြိုင်…
Read Moreမသိသူထံမှ ‘Hi’ တစ်လုံး ရောက်လာသောအခါ
မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းကိုင်ကြပြီး Viber, Messenger, Telegram စသည့် ဆက်သွယ်ရေး App များကို နေ့စဉ်အသုံးပြုနေကြသည်။ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရန် အလွန်အဆင်ပြေသကဲ့သို့ လူမသိသူမသိများနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်လာသည်။ နည်းပညာ၏ အကျိုးကျေးဇူးများ များပြားသလောက် ယင်းနည်းပညာကို အသုံးချ၍ လူများကို လိမ်လည်ငွေကြေးရယူသူများလည်း တစ်နေ့တခြား များပြားလာနေသည်။ တစ်နေ့တွင် Viber မှ မသိသောဖုန်းနံပါတ်တစ်ခုက “Hi” “မင်္ဂလာပါ” “စကားပြောလို့ရမလား” “မိတ်ဆွေဖြစ်ချင်လို့ပါ” “ဒီနံပါတ်ကို မှားပို့မိတာပါ” “မိတ်ဆွေတစ်ယောက်ရဲ့ နံပါတ်ထင်လို့ ဆက်သွယ်မိတာပါ” ဟု စာတစ်ကြောင်း ရောက်လာနိုင်သည်။ ကြည့်လိုက်လျှင် ဘာမှထူးခြားပုံမရ။ သာမန်နှုတ်ဆက်စကားလေးတစ်ခွန်းသာ ဖြစ်သည်။ မိမိကလည်း လူမှုရေးအရ “Hi” ဟု ပြန်ဖြေလိုက်မိနိုင်သည်။ သို့သော် ယနေ့ခေတ် အွန်လိုင်းလိမ်လည်မှုအချို့သည် ထိုကဲ့သို့ ဘာမျှမထူးခြားသော…
Read Moreသူတို့အိမ် အခန်း (၂၀၁)
ဆူးငှက် စံရွေးဆိပ်ကမ်း ——————— စံရွေးဆိပ်ကမ်းမှာ အရင်က အမရပူရဆိပ်ကမ်းဘူတာ အမည်နှင့် ဘူတာရုံလေးရှိသည်။ ဧရာဝတီမြစ်ကမ်းရှိ ဘူတာရုံလေးက အလွန်လှသည်။ သက်တော်ရှည် လက်ပံပင်ကြီးတွေအောက်မှာ အုတ်ကြွပ်မိုးနီ နှင့် အုတ်တိုက်နီ ဘူတာရုံလေးရှိသည်။ ဘူတာလေး၏ ဝန်းကျင်ကလည်း လူနေအိမ်အဆောက်အဦတွေမရှိ၊ လက်ပံပင်ကြီးတွေအောက်က မြေပြင်ကလည်း ကမ်းစပ်ပေမင့် ညီညာ ပြန့်ပျူးသည်။ နွေဦးပေါက်ဆိုလျှင် လက်ပံပွင့် တွေက ပင်လုံးရဲ၊ ပွင့်ကြွေတွေက မြေပြင်မှာထိရဲနှင့် လှနေတတ်သည်။ ဘူတာလေးကိုရှေ့ခပ်လှမ်းလှမ်းက ကြည့်လှင် ဟို နောက်မှာ ချောင်တွေသိန်းသန်း တောင်ခြေစိမ်းလန်းသည့် စစ်ကိုင်းတောင်ရိုးကို လက်ပံပင်ကြီးတွေ၏ ပင်စည်မြင့်ကြီးတွေ ဘောင်ခတ်ထားသည့် ပန်းချီကား တစ်ချပ်လို မြင်ရသည်။ ထိုမြင်ကွင်း၏ ညာဘက်ခြမ်းမှာက လက်ပံပင်တွေနှင့် အတူ မရန်းပင်တွေ တွေ့ရသည်။ ဘယ်ဘက်ခြမ်းမှာတော့ ကွေးသွားသည့် ရထားလမ်းက…
Read Moreရေမီတာ ပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုရဲ့ ခြောက်ဆ ကောက်ခံမယ်
ဩဂုတ် ၂၀ – ၂၀၂၆ SS (VOM) မည်သည့်ရေသုံးစွဲမှု အမျိုးအစားကိုမဆို ရေမီတာပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုရဲ့ ခြောက်ဆ ကောက်ခံသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က မနေ့ ဩဂုတ် ၁၉ ရက်က အသိပေးထားပါတယ်။ ရန်ကုန်မြို့တော်ကို သောက်သုံးရေညီမျှစွာ ဖြန့်ဝေပေးနိုင်ဖို့၊ ရေလေလွင့် ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့၊ ရေသုံးစွဲမှုကို စီမံခန့်ခွဲထိန်းချုပ်နိုင်ဖို့၊ ရေကို မဖြုန်းတီးဘဲ တန်ဖိုးထား ချွေတာသုံးစွဲစေဖို့၊ ရေသုံးစွဲတဲ့ ပမာဏအတိုင်း ပေးဆောင်ရတဲ့၊ တရားမျှတတဲ့ ရေဖိုးရေခ ကောက်ခံမှုစနစ်ဖြစ်စေဖို့ ရည်ရွယ်တာလို့ သိရပါတယ်။ “ရေသုံးစွဲသူ ပြည်သူတွေအနေနဲ့ မိမိသုံးစွဲတဲ့ ရေပမာဏနဲ့ ညီမျှတဲ့ ရေဖိုးရေခကို ပေးဆောင်နိုင်ဖို့အတွက် တပ်ဆင်သုံးစွဲလျက်ရှိတဲ့ ရေမီတာတွေကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။ ရေမီတာ တပ်ဆင်ထားခြင်း မရှိသေးဘူးဆိုရင်လည်း…
Read Moreမြောင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်လို့ နှစ်ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ
ဩဂုတ် ၂၀ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မနေ့ ဩဂုတ် ၁၉ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး နှစ်ယောက် သေဆုံးကာ ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာရှိ စတားလင့်ခ် အင်တာနက်ဆိုင် အနီးဝန်းကျင်မှာ မနေ့ည ၇ နာရီကျော်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ လူသေဆုံး၊ ဒဏ်ရာရမှုအပြင် စတားလင့်ခ်ဆိုင်အပါအဝင် အဆောက်အအုံ ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ည ၇ နာရီလောက်ကနေစပြီး ၁၀ မိနစ်အတွင်း လေယာဉ် သုံးစီးနဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်တယ်။ နှစ်ယောက် ပွဲချင်းပြီးသေတယ်။ အဲဒီအချိန် အင်တာနက် သုံးနေကြတဲ့လူတွေများတော့ အထိအခိုက်များတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လှေတင်ဦးကျေးရွာဟာ မြောင်မြို့နယ်နဲ့ ၂ မိုင်လောက်သာ…
Read Moreလောက်ကိုင်မှာ တရုတ်ရဲ့ သတင်းပေးမှုအရ အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်း တခုဖမ်းဆီး
ဩဂုတ် ၂၀၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တရုတ်ရဲ့ သတင်းပေးမှုအရ ဩဂုတ်လ ၁၇ ရက်နေ့က အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်း တခုကို ဖမ်းဆီးပြီး တရုတ်ဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ဦးရေတော့ မသိရဘူး ခင်ဗျ။ တရုတ်ဘက်က သတင်းအရ ဖမ်းတာပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လောက်ကိုင်မြို့ တုံချိန်ဘက်ရှိ 91 ဟိုတယ်ကို MNDAA တပ်ဖွဲ့က ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့တာ လို့သူက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား အွန်လိုင်းငွေလိမ်လုပ်ငန်းရှင်နဲ့ တရုတ်နိုင်ငံသား…
Read Moreမကွေးမှာ အဖေရင်းက အသက် ၅ နှစ်အရွယ်သားအရင်းကို သတ်မှုဖြစ်
ဩဂုတ်၂၀ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း၊ မကွေးမြို့နယ် ကန်ဦးကျေးရွာမှာ အဖေဖြစ်သူရဲ့ အရက်ကြောင်ကြောင်ပြီး ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် အသက် ၅ နှစ်အရွယ်သား သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဩဂုတ် ၁၉ ရက်နေ့မနက် ၈ နာရီခန့်လောက်မှာ သားဖြစ်သူကို အဖေဖြစ်သူက ရွာအပြင်ဘက်ခေါ်ထုတ်သွားပြီး ကိုင်ပေါက်ခြင်း ၊ ရိုက်နှက်ခြင်း ၊ လည်ပစ်ညှစ်တာတွေပြုလုပ်ခဲ့တာကြောင့် ကလေးငယ်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ ” အဖေက အရက်ကြောင်နေပေမယ့်လည်း မိဘဆိုတော့ အဲဒီလိုသေလောက်တဲ့အထိ မလုပ်လောက်ဘူးထင်တာရယ် ၊ မူးနေတော့ မပြောချင်တာနဲ့ ကလေးကိုထည့်ပေးလိုက်ကြတာလို့သိရတယ်။ ကလေးခန္ဓာကိုယ်မှာ တုတ်နဲ့ရိုက်ထားတဲ့ဒဏ်ရာတွေလည်းတွေ့ရတယ်။ ကလေးက သူခေါ်သွားပြီးရိုက်တဲ့နေရာမှာပဲ ဆုံးသွားတာ ။ အဖေဖြစ်ပြီးတော့ ကိုယ့်သားသမီးကို ဒီလောက်တောင်လုပ်ရက်တယ်။ ” လို့ ဖြစ်စဥ်သိတဲ့ ဒေသခံကပြောပါတယ်။ ဖခင်ဖြစ်သူရဲ့ ရိုက်နှက်တာကိုခံရလို့ ကလေးငယ်မှာ…
Read MoreYMBA ရုံးခန်းကို လက်နက်ကိုင် လူလေးယောက် ရောက်လာပြီး ဗဟိုအတွင်းရေးမှူးကို ဖမ်းခေါ်ဖို့ ကြိုးစား
ဩဂုတ် ၂၀ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နဲ့ အနောက်ဘက်မုခ်ကြားရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးခန်းကို ဒီကနေ့ ဩဂုတ် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ က လက်နက်ကိုင် လူလေးယောက် ရောက်လာပြီး ဗဟိုအတွင်းရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးစားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ချိန် အသင်းရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်တို့နဲ့အတူ တခြား အမျိုးသား နှစ်ယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း ငါးယောက် ရှိနေခဲ့တာဖြစ်ပြီး အမည်မသိ အမျိုးသား လေးယောက် ရောက်လာကာ ဗဟိုအတွင်းရေးမှူးကို ထိုးကြိတ်ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ “ဗဟိုအတွင်းရေးမှူးကို လူနှစ်ယောက်က ချုပ်ပြီး…
Read Moreသူတို့အိမ် အခန်း (၂၀၀)
ဆူးငှက် အိမ်ငှား တစ်နှစ် ပြည့်တော့မည် ———————————- ကိုင်း.. မိတ်ကောင်း ဆွေကောင်းများနှင့် သွားလိုက် လာလိုက၊် စားလိုက် သောက်လိုက်၊ သီလိုက် ဆိုလိုက်နှင့် ကျီးဖိုနှင့် ကျီမလို သူတထူး အပေးအကမ်းကြောင့် မနက်စာဖူလုံလိုက် ညစာဖူလုံလိုက်နှင့် ရဲသိပ္ပံ တိုက်ခန်းလေးမှာ အငှားနေတာ ၈လပြည့်လုပြီ။ နောက် ၄လပဲ ကျန်တော့သည်။ ထိုအကြောင်း တွေးမိတိုင်း အပျော်မှန်သမျှ ထိုအန် ဖိတ်စင်ကာ လူလည်း ငိုင်ကျသွားတော့၏။ ထိုသို့ ခံစားနေရစဉ် တစ်မနက်တွင် ကိုအောင်မင်း (ကိုမောင်မောင်မြင့်) တစ်ယောက်တည်း သူ့ကားကို ကိုယ်တိုင်မောင်းပြီး တိုက်ခန်းလေးရှေ့ ရောက်လာသည်။ သူက ကားပေါ်ကဆင်းပြီး အမေ့ကိုနှုတ်ဆက် ခင်သော်ဇင့်ကို ရယ်စရာများနှင့် စ ပြောင်ကာ ကျွန်တော့်ကို သူနှင့် လိုက်ခဲ့ဖို့ခေါ်သည်။ သူလည်း အရှေ့မြောက်က ပြန်လာပြီး ကင်မရာပြန်ကိုင်ကာ လက်သွေးနေသောကြောင့် အမရပူရဘက်က…
Read More




