ကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုဂိုလာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး

နိုင်ရိုဘီ၊ ဧပြီ-၁၉-၂၀၂၄ မျိုးဆက်(VOM) ကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန့်စစ်အိုမွန်ဒီအိုဂိုလာဟာ နိုင်ငံအနောက်ပိုင်းမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း ကင်ညာ သမ္မတက ပြောပါတယ်။ ကင်ညာစစ်တပ်ရဲ့ စစ်ဦးချုပ်ဖြစ်တဲ့ အိုဂိုလာဟာ အခြားစစ်ဘက်အရာရှိ ၁၁ ယောက်နဲ့အတူ ရဟတ်ယာဉ် ပျက်ကျမှုမှာ ပါဝင်ခဲ့ပြီး ဒီဖြစ်စဉ်အတွင်း လူနှစ်ယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ရဟတ်ယာဉ်ဟာ မြို့တော်နိုင်ရိုဘီ အနောက်မြောက်ဘက် မိုင် ၂၅၀ အကွာ အယ်လ်ဂီယိုမာရက်ဝက်ခရိုင်မှာ ပျံတက်ပြီး များမကြာခင်ပျက်ကျခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကင်ညာလေတပ်က စေလွှတ်ထားပါတယ်။ ဒါဟာ နိုင်ငံအတွက် အလွန်ကြေကွဲဝမ်းနည်ဖွယ် ဖြစ်တယ်လို့ ကင်ညာသမ္မတ ဝီလီယံရူတိုက ထုတ်ဖော်ပြောဆိုထားပြီး ကင်ညာလုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဖရန့်စစ်အိုမွန်ဒီအိုဂိုလာဟာ ကင်ညာလေတပ် တပ်မှူးနဲ့ ကြည်းတပ်ရဲ့ လက်ထောက်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်မှာ ကင်ညာစစ်တပ်အကြီးအကဲအဖြစ် ပြီးခဲ့တဲ့နှစ်ဧပြီလက ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကင်ညာနိုင်ငံမှာ ဒီနေ့ကစပြီး တိုင်တဝက်အလံများ…

Read More

This Day in History

Voice of Myanmarဂျာမနီလက်အောက်ရှိ ပိုလန်ဂျူးများ၏ ဝါဆောဂယ်တို အုံကြွမှုကြီးသည် ၁၉၄၃ ခုနှစ် ဧပြီ ၁၉ ရက်တွင် စတင်ခဲ့ပြီး သီတင်းလေးပတ်အကြာ မေ ၁၆ ရက်တွင် နှိမ်နှင်းခံခဲ့ရသည်။

Read More

စားဝတ်နေရေး ကျပ်တည်းမှုကို ထနောင်းခေါက် ခွာရောင်းပြီး ဖြေရှင်းနေသူတွေ

ဧပြီ-၁၉-၂၀၂၄ SN (VOM) ထနောင်းပင်ဆိုတာ အပူပိုင်းအညာဒေသရဲ့ အဖိုးတန်အပင်တမျိုးပါ။ “နွေ ထနောင်း ဆောင်း မန်ကျည်း မိုး ဇရပ်” ပါတဲ့။ နေပူတဲ့ အခါ ထနောင်းရိပ်က အေးမြပြီး ဆောင်းအေးချိန်မှာ မန်ကျည်းရိပ်က အနွေးဓါတ်ပေးတတ်တယ်လို့ မှတ်သားရပါတယ်။ နွေဦးပေါက်ကာလမှာ အခြားသော အပင်တွေက အရွက်ကင်းမဲ့နေတတ်ပေမယ့်လည်း ထနောင်းပင်တွေက စိမ်းစိုစို ရွက်နုသစ်တွေဝေနေလို့ မြင်ရသူရင်ကို အေးမြစေပါတယ်။ အဲ့ဒီ့လိုပဲ ဆောင်းချမ်းမြမြ ခါသမယမှာတော့ မန်းကျည်းပင်အုပ်အုပ်ဆိုင်းဆိုင်းက နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ အညာနဲ့ ထနောင်း၊ ထနောင်းနဲ့ အညာ က ခွဲခြားမရပါ။ ထနောင်းပင်ဟာ တခြားအပင်တွေနဲ့မတူဘဲ အဝေးကမြင်ရုံနဲ့ ထနောင်းပင်မှန်း သိသာစေတဲ့ ဂုဏ်အင်္ဂါရပ်ကို ပိုင်ဆိုင်ပါတယ်။ အဝါရောင်ပန်းခိုင်တွေက အပင်ထိပ်ဖျားပိုင်းမှာသာ ရှိတတ်တာမို့ ခူးဖို့မလွယ်ပါဘူး။ ထနောင်းပင်ဟာ အညာအရပ်ဒေသမှာ အလွန် တန်ဖိုးကြီးမားတဲ့ အပင်တပင် ဖြစ်ပါတယ်။ ထနောင်းပင်ရဲ့…

Read More

လေဆိပ်တွေမှာ ရှော့တိုက်ဒုံးနဲ့ ဒရုန်းဗုံး အန္တရာယ်ခြိမ်းခြောက်မှု အဖြစ်များလာ

ဧပြီ ၊ ၁၉ ၊ ၂၀၂၄ SP( VOM) အခုရက်ပိုင်းအတွင်း လေဆိပ်တွေမှာ ရှော့တိုက်ဒုံး နဲ့ ဒရုန်းဗုံး ခြိမ်းခြောက်အန္တရာယ်တွေ အဖြစ်များလာတယ်လို့ လေဆိပ်လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” လေဆိပ်ဧရိယာထဲမှာ ရှော့တိုက်ဒုံးတွေ တွေ့ရတာရှိတယ် ၊ နောက်ပြီး လေဆိပ်တချို့ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်တွေရှိတယ် ” လို့ လေဆိပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် ၊ နှစ်ဆန်းတရက် မနက်ပိုင်းက မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နားမှာ ပေါက်ကွဲသံတခုကြားရတာကြောင့် လေဆိပ် လုံခြုံရေးအဖွဲ့တွေက လေဆိပ်ဝန်းကျင် နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ လေဆိပ်ဘက်ကို ပစ်ခတ်တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားတဲ့ ရှော့တိုက်ဒုံး ( ၁၀၇ မမ) ခြောက်လုံးတွေ့ရတယ်လို့…

Read More

မြစ်ကြီးနား အကျဉ်းထောင် ဆူပူမှု ဖြစ်ပြီး သေဆုံးသူ ဒဏ်ရာရသူတွေရှိနေတယ်လို့ သတင်းထွက်ပေါ်

ဧပြီ ၁၈၊ ၂၀၂၄Shy Vမြစ်ကြီးနား အကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်ကစ ဆူပူမှု ဖြစ်ပြီး ၄ ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။“အကျဉ်းသားတွေ သပိတ်မှောက် ဆန္ဒပြကြတယ် ကြားတယ်။ အဲဒါကြောင့် ထောင်စောင့်လက်နက်ကိုင်တွေကပစ်ခတ်နှိမ့်နင်းလို့ ထိခိုက် ဒဏ်ရာရတာ ၁၂ ယောက်၊ သေဆုံးတာ ၄ ယောက်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တ‌ေယာက်က ပြောပါတယ်။အကျဉ်းထောင်မှာ ဆူပူမှု ဖြစ်တာက လွတ်ငြိမ်းချမ်းသာခွင့် နာမည် စာရင်းပါပြီး မလွတ်မြောက်တဲ့ သူတွေ နဲ့ ပတ်သက်ပြီး ဆူပူမှု ဖြစ်လာတယ်လို့ ကြားပေမယ့် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။“သံဇကာတွေ တီးခေါက်ပြီးတော့ စတင်အော်လာတာ။ အဲဒါကြောင့် သေနတ်နဲ့ပစ်တာ။ သေတာတော့ ၄…

Read More

လိူင်သာယာနဲ့ ရွှေပြည်သာမှာ ယာဉ်တိုက်မှုဖြစ်ပြီး တယောက်သေ ၂၇ ယောက်ဒဏ်ရာရ

ရန်ကုန် ၊ ဧပြီ ၁၈ – ၂၀၂၄ GG (VOM) ရန်ကုန်တိုင်းက လိူင်သာယာနဲ့ ရွှေပြည်သာမြို့နယ်မှာ ယာဥ်တိုက်မှုတွေဖြစ်ပြီး တယောက်သေဆုံးကာ ၂၇ ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းက သိရပါတယ်။ ” လိူင်သာယာမှာက ခုမနက်ပိုင်းဖြစ်တာ ၊ရွှေပြည်သာကတော့ မနေ့ကဖြစ်တာပေါ့၊ရွှေပြည်သာက လူနာ ၂၀ ကျော်ထွက်တယ်၊သေဆုံးတော့မရှိပါဘူး။လိူင်သာယာကတော့တ​ယောက် သေတယ် အသက်က ၄၈ နှစ်လောက်တော့ရှိမယ် ၊ဒဏ်ရာရသူလည်းရှိတယ် ” လို့ လိူင်သာယာမြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းတာဝန်ရှိသူတဦးက ပြောပြပါတယ်။ လိူင်သာယာ ယာဥ်တိုက်မှုက ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း ၉ နာရီကျော်လောက်မှာ အိမ်စီးကား Alphard နဲ့ တက္ကစီ အငှားယာဥ် တို့ တိုက်မိတာဖြစ်ပြီး ဖြစ်စဥ်မှာ တက္ကစီကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်အမျိုးသမီးသေဆုံးကာ နောက်ထပ် ငါး​ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရွှေပြည်သာမြို့နယ်…

Read More

ရခိုင်ပြည်နယ် အမ်းမှာ ဆန်ပြတ်လပ်မှု ဆိုးရွားစွာကြုံနေရလို့ ဒေသခံတွေဒုက္ခရောက်နေ

အမ်း ၊ ဧပြီ ၁၈ – ၂၀၂၄ GG (VOM) အမ်း- ပဒါန်းလမ်းကို သွားလာခွင့်ပိတ်ပြီးနောက်ပိုင်းရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်မှု ဆိုးရှားစွာရင်ဆိုင်နေရလို့ ဒေသခံပြည်သူတွေ ဒုက္ခရောက်နေရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကသိရပါတယ်။ အမ်း- ပဒါန်းလမ်းကိုပိတ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှုရပ်သွားလို့ အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်မှု ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံပြည်သူတွေမှာ ထမင်းလျှော့စားခြင်း၊ ထမင်းအစားထိုးအဖြစ် ဒေသထွက်သီးနှံတွေကိုစားသုံးရခြင်း ၊ ရတဲ့နည်းလမ်းနဲ့ ဆန်ကိုအဆမတန်ဈေးမြင့်ပေးဝယ်ယူနေကြရတယ်လို့သိရပါတယ်။ ” ဆန်က မြို့ပေါ်မှာကိုမရှိတော့တာ၊ဝယ်လို့မရတော့တာ၊ဒီတော့ လက်လုပ်လက်စားသမားတွေ ၊ဝယ်ဖို့လည်းမတတ်နိုင် ဝယ်စရာလည်းဆန်မရှိတဲ့ မိသားစုတွေကို ဦးစားပေးလှူနေတယ်။ပိုက်ဆံရှိတဲ့သူကျတော့လည်း တအိတ်ကိုဈေးအမြင့်ပေးပြီး ရသလောက်ဝယ်စားနေရတယ်။တချို့ငတ်နေကြပြီ ထမင်းခြောက်တွေစားကြတယ်။တချို့ဆန်လျှော့ချက်ပြီးငှက်ပျောသီးတွေစားနေကြရတာပေါ့။အိမ်ထောင်စုအရေအတွက်စာရင်းတော့မကောက်ဘူး၊ဒါပေမယ့်ရာဂဏန်းတော့ရှိတယ်၊ထောင်ဂဏန်းပြည့်မပြည့်သာမပြောနိုင်တာပေါ့ ” လို့ ရိက္ခာပြတ်မိသားစုတွေကို အကူအညီတွေဆောင်ရွက်ပေးနေတဲ့အမ်းဒေသခံကပြောပါတယ်။ လက်ရှိမှာတော့ ဆန်ပြတ်လပ်မှုအတွက် အလှူရှင်တွေကလှူဒါန်းမှုရှိပေမယ့် ရိက္ခာပြတ်လပ်နေတဲ့အိမ်ထောင်စုတွေရာနဲ့ချီရှိတာကြောင့် တအိမ်ထောင်ကို ဆန်တပြည်၊နှစ်ပြည်လောက်သာ ဝေမျှပေးနိုင်နေတယ်လို့ဆိုပါတယ်။ ငွေကြေးရှိသူ ဒေသခံအချို့ကတော့ ရတဲ့နည်းလမ်းနဲ့ ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၂၅၀၀၀၀ အထိပေးကာ ရှာဖွေဝယ်ယူနေကြရတယ်လို့သိရပါတယ်။…

Read More

ရခိုင်ပြည်နယ်ထဲကို အိန္ဒိယဘက်က တင်သွင်းနေတဲ့ စားသောက်ကုန်နဲ့ စက်သုံးဆီတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထား

ဧပြီ ၊ ၁၈ ၊ ၂၀၂၄SP (VOM)အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် တောင်ပိုင်း ၊ လောင်တလိုင်ခရိုင်ဘက်ကနေတဆင့် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်ကို နေ့စဥ် ပုံမှန်တင်သွင်းနေတဲ့ အခြေခံစားသောက်ကုန်စည်းတွေနဲ့ စက်သုံးဆီတွေကို တင်သွင်းခြင်း မပြုလုပ်ကြဖို့ Central Young Lai Asso ciation (CYLA) အဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကစလို့ ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။” အဲ့ဒီလို ပိတ်ပင်တားမြစ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းက မီဇိုရမ်ပြည်နယ်ထဲမှာ မဏိပူရ်ပြည်နယ်ဘက်က စစ်ဘေးရှောင်တွေနဲ့ မြန်မာဘက်က စစ်ဘေးရှောင်တွေ များပြားလာပြီး နေ့စဥ် အခြေခံ စားသောက်ကုန် လိုအပ်ချက်တွေ မြင့်တက်လာနေလို့ ဖြစ်တယ် ” လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂင်ရှန်ပေါင်…

Read More

မကွေးမြို့မှာ ရက်ပိုင်းအတွင်း ဓါးထိုးမှုတွေကြောင့် သုံးယောက်သေပြီး လေးယောက် ဒဏ်ရာရ

ဧပြီ ၊ ၁၈ ၊ ၂၀၂၄SP (VOM)မကွေးတိုင်း ၊ မကွေးမြို့ပေါ်မှာ အခုရက်ပိုင်း ဓားထိုးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” ဧပြီ ၁၈ ရက် ၊ ဒီကနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်က မကွေးမြို့နယ် ၊ ကျွဲခြံကျေးရွာမှာ ဦးသန်းထွန်း ၆၆ နှစ်ဆိုသူ အိမ်မှာ မိသားစုနဲ့ အတူ အိပ်ပျော်နေတုန်း ဓားခုတ်ခံရတယ် ၊ အဲ့ဒီ ဓားခုတ်မှုကြောင့် အိမ်ရှင် ဦးသန်းထွန်းဆိုသူဟာ ရင်ဘတ်ကနေ ခါးအထိ ပြတ်ရှပြီး သေဆုံးသွားတယ် ၊ နောက်ပြီး သူ့မိန်းမ ဒေါ်ပြုံးချိုနဲ့ ချွေးမဖြစ်သူ မဝေဝေဦးတို့ နှစ်ယောက်လည်း ဒဏ်ရာရရှိတယ် ၊ ဓားခုတ်နဲ့ ခုတ်သူက တရွာတည်းနေ ဦးတင်မောင်ဆွေ ဆိုသူဖြစ်ပြီး…

Read More

ဗန်းမော်ဘက်မှာ ငှက်ပျော၊ ဖရဲ ခြံတွေ လုပ်သားတွေ စစ်ရှောင်ကုန်တဲ့ အပြင် စက်သုံးဆီ ဝယ်ယူရခက်လာလို့ ခြံထိန်းသိမ်းဖို့ ခက်ခဲလာ

ဧပြီ ၁၈၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ဘက်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ငှက်ပျော၊ ဖရဲ ခြံလုပ်သားတွေ စစ်ရှောင်ကုန်တဲ့ အပြင် စက်သုံးဆီ ဝယ်ယူရခက်လာလို့ ခြံထိန်းသိမ်းရန် ခက်ခဲလာနေကြောင်း ဖရဲ၊ ငှက်ပျော ခြံရှင်တွေ ဆီက သိရပါတယ်။ “ငှက်ပျော၊ ဖရဲ ခြံ ဝန်းကျင် စစ်ရေး‌ေကြာင့်မလုံခြုံတော့လို့ အလုပ်သမားတွေက နေ့စဥ်တိုင်း ဗန်းမော် ကနေ တိုက်ပွဲ နဲ့ဝေးတဲ့ နေကာဘက် ရှောင်ကုန်ကြပြီ” လို့ ဗန်းမော်ဒေသက ခြံရှင် တယောက်က ပြောပါတယ်။ ဗန်းမော်ခရိုင်အတွင်း စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် ကုန်သယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတယ်လို့ သူက ပြောပါတယ်။ “ရန်ကုန်၊ မန္တလေးဘက်က စက်သုံးဆီတွေ မလုံလောက်လို့…

Read More