ထိုင်းမှာ မြန်မာသံရုံးထောက်ခံစာအတုနဲ့ ဗီဇာသက်တမ်းတိုးသူတွေကို အရေးယူတော့မယ်

အောက်တိုဘာ ၁၁ – ၂၀၂၄SN (VOM)ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းတိုးဖို့ သံရုံးထောက်ခံစာအတု ပြုလုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်ထားပါတယ်။အရေးယူမှု ဆောင်ရွက်ရာမှာ ဗီဇာသက်တမ်းတိုးဖို့ သံရုံးထောက်ခံစာ အတုအပ ပြုလုပ်ပေးသူတွေလည်း ပါဝင်တယ်လို့ သိရပြီး အတုအပ ထောက်ခံစာနဲ့ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနတွေကို လာရောက်တာ တွေ့ရှိတဲ့အခါမှာလည်း နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်းတွေ ပြုလုပ်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။“ထိုင်းမှာက ဗီဇာသက်တမ်း ကျော်လွန်နေတဲ့သူတွေ များတယ်။ အခုနောက်ပိုင်းမှာ မြန်မာသံရုံးရဲ့ ထောက်ခံစာအတုနဲ့ ဗီဇာသက်တမ်းတိုး လျှောက်တဲ့သူတွေ အရမ်းများလာတယ်။ အဲဒါကြောင့် ထိုင်းလဝက (လူဝင်မှုကြီးကြပ်ရေး) က အကြောင်းကြားလာတဲ့အတွက် မြန်မာသံရုံးဘက်ကနေ အခုလို ကြေညာချက် ထုတ်တာပါ” လို့ သံရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာသက်တမ်းတိုးရာမှာ မြန်မာသံရုံးဆီက…

Read More

ကျောက်တော် လေကြောင်း တိုက်ခိုက်ခံရမှု သေဆုံး၊ ဒဏ်ရာ ရသူတွေ များပြား

အောက်တိုဘာ ၁၁ – ၂၀၂၄SN (VOM)ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ မနေ့ အောက်တိုဘာ ၁၀ ရက်၊ ညနေပိုင်းက လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ များစွာ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ကျောက်တော်မြို့နယ်ရှိ ဒေသခံတွေရဲ့ ပြောဆိုချက်အရ မနေ့ ညနေ ၄ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အဲဒီ လေကြောင်း တိုက်ခိုက်ခံရမှုမှာ လူလေးယောက် သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။“ကျောက်တော်မြို့မဈေးနဲ့ အထက (၂) စာသင်ကျောင်းဝင်းထဲကို လက်နက်ကြီး ကျခဲ့တာ။ လေယာဉ်သံကြားတာနဲ့ လက်နက်ကြီး ချက်ချင်းကျလာတာ။ လေယာဉ်လာမှန်းတောင် မသိလိုက်ကြဘူး။ ဂျက်ဖိုက်တာ တစီးနဲ့ လေကြောင်း တိုက်ခိုက်ခံခဲ့ရတာ။ ဒဏ်ရရာ ပြင်းထန်တဲ့သူတွေလည်း ရှိတော့ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်လောက်တယ်” လို့…

Read More

တိုင်ဖွန်း မီလ်တန်ကြောင့် ဖလော်ရီဒါမှာ ၁၆ ယောက်သေပြီး အိမ်ခြေသုံးသန်းကျော် ဓါတ်အားပြတ်တောက်

ဝါရှင်တန်၊ အောက်တိုဘာ-၁၁-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း မီလ်တန်ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၆ယောက် ထက်မနည်း သေဆုံးသွားပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဟာရီကိန်းမုန်တိုင်းဝင်ရောက် မတိုက်ခတ်မီ လေဆင်နှာမောင်းတဒါဇင်ကျော် တိုက်ခတ်ခဲ့တဲ့ အရှေ့ဘက်ကမ်းရိုးတန်း စိန့်လူစီကောင်တီမှာ လူငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ ဖလော်ရီဒါအလယ်ပိုင်း စိန့်ပီတာစဘတ်နဲ့ အော်လန်ဒိုကနေ မိုင် ၅၀ အကွာ ဗိုလူစီးယားကောင်တီမှတော့ လူသေဆုံးမှုပိုများနိုင်ပြီး မုန်တိုင်းကြောင့် အချို့ဒေသအချို့မှာ မိုးရေချိန် ၁၈ လက်မထိ ရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် အိမ်ခြေသုံးသန်းလျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့ရပြီး ပြည်နယ်တဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ကာ လာမယ့်ရက်များအတွင်း ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်စ်က သတိပေးထားပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေး အရှိန်မြှင့်လုပ်ဆောင်နေပြီး အခြားသေဆုံးမှုတွေကို အတည်မပြုနိုင်သေးပေမယ့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။…

Read More

သီတင်းကျွတ်အားလပ်ရက် ကျိုက်ထီးရိုးဘုရားဖူးတွေအတွက် အခမဲ့တည်းခိုဆောင်တွေ စီစဉ်ထား

အောက်တိုဘာ ၁၁၊၂၀၂၄Ms(VOM)နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ကျင်းပတဲ့ ကျိုက်ထီးရိုးဘုရားပွဲတော်ကို ယခုနှစ်မှာလည်းအောက်တိုဘာလ ၁၇ ရက်နေ့တွင် စတင်ကျင်းပသွား မှာဖြစ်ရာ ဘုရားဖူးလာရောက်မယ့် သူတွေအတွက် အခမဲ့တည်းခိုဆောင်တွေပါ စီစဉ်ထားကြောင်း ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ထံကသိရပါတယ်။သီတင်းကျွတ်အားလက်ရက် များအတွင်း လာရောက်ကြမယ့် ဘုရားဖူးတွေအတွက် အခမဲ့တည်းခိုဆောင်တွေကို လူဦးရေ၅၀၀ကျော် ပမာဏ တည်းခိုနေထိုင်နိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။” သွားရေး၊လာရေး၊စားသောက် တည်းခိုရေး ၊လုံခြုံရေးကအစ ကျန်းမာရေး အစအားလုံးဘတ်စုံပြင်ဆင်မှုတွေကို ဆောင်ရွက်ထားပါတယ်။ အခမဲ့တည်းခိုဖို့ကတော့ ဆီမီးကိုးထောင်ဓမ္မာရုံ၊ အောင်ပြည့်စုံဓမ္မာရုံ အဲ့ဒါတွေက အခမဲ့ဖြစ်ပါတယ်။ဆီမီးကိုးထောင်ဆိုလည်း လေးထပ်တောင်ဆိုတော့ အားလုံးပေါင်းရင်တော့ ၄၀၀ကနေ ၅၀၀လောက် တည်းနိုင်ပါတယ်။”လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် တယောက်က ပြောပါတယ်။ယခုနှစ် သီတင်းကျွတ်ကာလအများပြည်သူရုံးပိတ်ရက် က အောက်တိုဘာလ ၁၆ ရက်မှ စနေ၊ တနင်္ဂနွေပါ ဆက်ပိတ်နေတာကြောင့် ပိတ်ရက်ရှည်တဲ့အတွက် ကျိုက်ထီးရိုး ဘုရားပွဲတော်ကို လာရောက်ဘုရားဖူးသူများနိုင်မယ်လို့ ဒေသခံတွေနဲ့ ဘုရားကြီးကိုအမှီပြုစီးပွားရေးလုပ်ကိုင်နေသူတွေက မျှော်လင့်လျှက်ရှိနေပါတယ်။” တောင်ခြေက…

Read More

ဒေါက်တာဇော်မြင့်မောင်အတွက် ရက်လည်ဆွမ်းသွတ် အမျှဝေ

မန္တလေး ၊ အောက်တိုဘာ ၁၁-၂၀၂၄ Voice Of Myanmar(VOM) အောက်တိုဘာ ၇ ရက်က ကင်ဆာရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသနေရင်း ကွယ်လွန်သွားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်အတွက် ကျန်ရစ်သူမိသားစုက ဆွမ်းသွတ်အမျှဝေပွဲကို ကျွဲဆည်ကန်က နေအိမ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီဖြစ်ပါတယ်။

Read More

ဘေရွတ်ကို အစ္စရေးက လေကြောင်းကနေ ထပ်တိုက်လို့ ၂၂ ယောက်သေပြီး ၁၀၀ ကျော်ဒဏ်ရာရ

ဘေရွတ်၊ အောက်တိုဘာ-၁၁-၂၀၂၄ ရတီ(VOM) လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၂ ယောက်သေပြီး ၁၁၇ ယောက်ဒဏ်ရာရရှိသွားတယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော်ဘေရွတ်ရှိ ဘာချော့ရာ အရပ်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေကတော့ အပျက်အစီးတွေအောက်မှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အစ္စရေးဟာ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာရဲ့ ယောက်ဖဖြစ်သူ ဟဇ်ဘိုလာထိပ်တန်းတာဝန်ရှိသူ ဝါဖစ်ဆာဖာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။အစ္စရေးကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုတာမျိုးမရှိသေးပါဘူး။ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဘာချော့ရာအရပ်ရှိ လူနေထူထပ်တဲ့ အန်ဝေရီနဲ့ ဘတ်စ်တာရပ်ကွက်တို့ရှိ လူနေအဆောက်အအုံတွေကို ဒုံးကျည်တွေ ထိမှန်ခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားပါတယ်။ မကြာသေးမီ ရက်သတ္တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ်ခံရပြီးနောက် လက်ဘနွန်မြို့တော် ဘေရွတ်မှာ နှစ်ရက်ကြာ အခြေအနေငြိမ်သက်ပြီးနောက်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာပါ။ အစ္စရေးဟာ…

Read More

This Day in History

Voice of Myanmarအမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် အရှေ့အလယ်ပိုင်း ပဋိပက္ခအဆုံးသတ်ရန်နှင့် အီဂျစ်နှင့် အစ္စရေးတို့အကြား ကြားဝင်ဖြန်ဖြေပေးမှုများကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ၂၀၀၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ရရှိခဲ့သည်။

Read More

နစကတပ်ရဲ့ သတင်းပေးလို့ သံသယ ရှိသူ ၂၀ ကျော် ကို MNDAA တပ်ဖွဲ့ ဖမ်းဆီးထား

အောက်တိုဘာ ၁၁၊ ၂၀၂၄Shy V( VOM )ရှမ်းပြည်နယ် ‌ေမြာက်ပိုင်း လားရှိုးမှာ နစက တပ်ဖွဲ့တွေကို သတင်းပေးသူလို့ သံသယ ရှိသူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထားကြောင်း ဒေသခံေတွဆီက သိရပါတယ်။“လားရှိုးမှာက နစက တပ်ဖွဲ့ ရဲ့လူတွေ ၇၀ ရာခိုင်နှုန်းေလာက်ရှိတယ်။ သတင်းရလို့ပဲပေါ့ လေယာဉ် ဗုံးလာကြဲတာ။ MPT လိုင်းရရင် လေယာဉ် ပိုလာတယ်။အဲဒါကြောင့်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။မြို့ထဲ တချို့ အဆောက်အဦးတွေမှာ MNDAA တပ်ဖွဲ့တွေ ရှိတာ မှန်ပေမယ့် လေယာဉ်နဲ့ ဗုံးကြဲ သွားတာမှာ မဆိုင်တဲ့နေရာတွေလည်း ထိတယ်၊ တချို့ ‌‌‌ေဒ သခံ ပြည်သူတွေက ထပ်ရှောင်ဖို့ ငွေကြေးလည်း မတတ်နိုင်တော့ဘူး။ ရှိတာလည်း ကုန်ပြီလို့ ‌သူက ပြောပါတယ်။နစက ‌‌တပ်ဖက်က…

Read More

သန်ခေါင်းစာရင်းကောက်သူ ၁၂ ယောက်အဖမ်းခံရပြီး အသတ်ခံရမှုတွေလည်း ရှိနေ

အောက်တိုဘာ ၁၁ – ၂၀၂၄GG (VOM)သန်းခေါင်စားရင်းကောက်တဲ့ အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၀ ရက်အတွင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းဆရာမတွေအပါအဝင် ၁၂ ယောက်အဖမ်းခံထားရပြီး ရဲတပ်ဖွဲ့ဝင်အချို့နဲ့ အုပ်ချုပ်ရေးမှူး တယောက်ပါအသတ်ခံခဲ့ရသလို ဗုံးခွဲတိုက်ခိုက်ခံရမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ဖြစ်စဥ်တွေအနေနဲ့ တနင်္သာရီ တိုင်း၊ သရက်ချောင်းမြို့နယ်၊ သန်းခေါင်စာရင်းကောက်ယူရာမှာပါဝင်တဲ့ ရန်တောင်ကျေးရွာမှာက မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသီးဖေ အပါအဝင် ကျောင်းဆရာမ (၃)ဦးနဲ့ ရန်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ အောက်တိုဘာလ ၉ရက်နေ့ကသူတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ထားဝယ်မြို့နယ်က သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းမှာ စာရင်းစစ်၊ စာရင်းကောက်အဖြစ်ပါဝင်ခဲ့တဲ့ အခြေခံပညာမူလတန်းလွန်ကျောင်း (ဂေါ့အင်း)မှ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာ၊ အခြေခံပညာအထက်တန်းကျောင်း(ရေဖြူ)မှ ကျောင်းဆရာမတွေ ဖြစ်တဲ့ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေး၊ အခြေခံပညာ မူလတန်းကျောင်း (ကဒက်ငယ်ထိန်)မှ ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်ဖြူဖြူထွေး၊ ရေဖြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး စာရေးမဖြစ်သူ…

Read More

မြန်မာ့အရေး နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှု အလုပ်မဖြစ်ဘူးလို့ ကုလအထူးကိုယ်စားလှယ် ပြော

ဆစ်ဒနီ၊ အောက်တိုဘာ-၁၀-၂၀၂၄မျိုးဆက်(VOM)မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဖြေရှင်းရေးအတွက် နို်ငငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ လုံး၀အလုပ်မဖြစ်ဘူးလို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မြန်မာ့အရေးအပါအဝင် ဒေသတွင်းကိစ္စတွေအတွက် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို လာအိုမှာကျင်းပဆွေးနွေးနေချိန်မှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အခုလို သတိပေးလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်ဆိုရွားသွားပြီလို့ သူကဆိုပါတယ်။ဒေသတွင်းနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် တရားဝင်မှု၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး နဲ့ လက်နက်တင်ပို့မှု ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ဩစတြေးလျကို ရောက်ရှိနေတဲ့ တွမ်အင်ဒရူးစ်က တိုက်တွန်းပြောဆိုပါတယ်။“ ဒီအကျပ်အတည်းအတွက် နိုင်ငံတကာ တုံ့ပြန်မှုက ရှင်းရှင်းလင်းလင်းကို အလုပ်မဖြစ်ပါဘူး ။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နက်ရှိုင်းလာတဲ့ အကျပ်အတည်းကို ကမ္ဘာ့နိုင်ငံအတော်များများက မမြင်မှာစိုးရိမ်တယ် ”လို့ သူက ပြောပါတယ်။လူသုံးသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေအဆုံးသတ်ရေးအတွက် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ချမှတ်ခဲ့သော်လည်း မြန်မာ့အရေး ဖြေရှင်းဖို့က တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်သာရှိခဲ့ပါတယ်။ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှု အားနည်းတယ်ဆိုကာ…

Read More