အောက်တိုဘာ ၂ – ၂၀၂၄ KKO(VOM) နိုင်ငံတဝန်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွေကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လုပ်ဆောင်နေပြီး ရွှေ့ပြောင်းနေထိုင်သူတွေ အပါအဝင် ဟိုတယ်နဲ့ တည်း ခိုခန်းများပါမကျန် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်တွေကို ကောက်ယူသွားမှာဖြစ်တယ် လို့ မြေပြင်မှာ သန်းခေါင်စာရင်းကောက်ယူနေသူတွေနဲ့ အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “နေရာတွေအစုံပေါ့၊အကုန်လုံးကို ကောက်ယူသွားဖို့တော့ ကျွန်တော်တို့ကိုညွှန်ကြားထားတာရှိပါတယ် ။အခုရွှေ့လျားနေထိုင်သူတွေကို အရင်ဦးစားပေးအနေနဲ့ ကောက်နေတယ်။ နောက်လူစည်ကားတဲ့ ကားဂိတ်တို့ ဘူတာရုံတို့ အဲဒီလိုနေရာတွေမှာ ကောက်ယူနေပါတယ်။ တအိမ်တက်ဆင်းလည်း ကျွန်တော်တို့ကောက်ယူသွားဖို့ရှိပါတယ်”လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က ကိုပြောပြပါတယ်။ ဒါအပြင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု တွေကိုအောက်တိုဘာလ ၁ ရက်နေ့မှစတင်လို့ ၁၅ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်သလို မြန်မာနိုင်ငံအတွင်း အမှန်တည်ရှိ နေသော လူဦးရေနှင့်အိမ်အကြောင်းအရာကိန်းဂဏန်းအချက်အလက်တွေကို ကွင်းဆင်းကောက်ယူသွားမှာဖြစ်တယ်လို့ နစကဘက်က ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့အတွက် အရေးပါတဲ့ နိုင်ငံတဝန်း လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူခြင်းတွေကို…
Read Moreအစ္စရေးကို အီရန်က ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်၊ အီရန်အမှားကြီး မှားပြီလို့ နေတန်ယာဟု သတိပေး
တဲလ်အဗစ်၊ အောက်တိုဘာ-၂-၂၀၂၄မျိုးဆက်(VOM)အီရန်ဟာ အစ္စရေးကို ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဒီထဲက ဒုံးကျည်အစင်း ၂၀၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီထဲက ၁၈၀ နီးပါးကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီလုပ်ရပ်ဟာ အီရန်အတွက် အမှားကြီးမှားသွားတာဖြစ်ပြီး တိုက်ခိုက်မှုအတွက် ပေးဆပ်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။အီရန်တော်လှန်ရေးအစောင့်တပ်ဟာ အစ္စရေးစစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ အီရန်ကျောထောက်နောက်ခံပြု အဖွဲ့ခေါင်းဆောင်တွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာတွေအတွက် လက်တုံ့ပြန်တာလို့ အီရန်က ပြောပါတယ်။အစ္စရေးရဲ့ မဟာမိတ်တွေကလည်း အီရန်ရဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး အစ္စရေးကို အပြည့်အ၀ ထောက်ခံတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့အပေါ် မြေပြိုထိုးစစ်တရပ်ကို ပြီးခဲ့တဲ့နေ့မှာ အစ္စရေးက စတင်လိုက်ပြီး များမကြာခင်မှာပဲ အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှု ထွက်ပေါ်လာတာပါ။ အစ္စရေးကို တိုက်ခိုက်လာတဲ့ ဒုံးကျည်အချို့ကို အမေရိကန်က ကြားဖြတ်ပစ်ချခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး…
Read Moreလားရှိုးမှာ ဖုန်းလိုင်းအားလုံး ပြတ်တောက်
အောက်တိုဘာ ၂၊ ၂၀၂၄Shy V VOMရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းကစ ဖုန်းလိုင်း အားလုံး ပြတ်တောက် သွားကြာင်း ဒေသခံတွ ဆီက သိရပါတယ်။“လားရှိုး မနေ့ည ဘာမှ မဖြစ်ဘူးနော်။ ဖုန်းလိုင်းတွတော့ အကုန် ပြတ် သွားပြီ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။မနေ့ည အစောပိုင်းက လားရှိုးမြို့ပေါ် လေယာဉ် ၂ ခေါက် လောက်လာဝဲ သွားတာမျိုးတာ့ ရှိတယ်လို့ ဆိုပါတယ်။လားရှိုးမှာ ဖုန်းလိုင်းတွ အားလုံး ပြတ်တောက်နေတာေကြာင့် အဝေးရောက် လားရှိုး ဒေသခံေတွ ဖုန်းဆက်လို့ မရရင် စိတ်မပူကြဖို့ FYV ပရဟိတ အသင်းကလည်း လူမှုကွန်ယက်ကန အသိပေးထားတာ တွေ့ရပါတယ်။“ဖုန်းလိုင်း ရရင် လေယာဉ် ပိုလာတယ်။…
Read Moreအရေးယူခံထားရတဲ့ အေဂျင်စီတွေနဲ့ ချိတ်ဆက်မိပြီး ပြည်ပထွက်မယ့်အလုပ်သမားတွေ အခက်အခဲဖြစ်မှာကို စိုးရိမ်မှုရှိနေ
အောက်တိုဘာ၂၊၂၀၂၄Ms(VOM)ပြည်ပအလုပ်သမားတွေရဲ့ ငွေလွဲပို့မှုအထောက် အထားတွေ မတင်ပြနိုင်တဲ့ လိုင်စင်ရအေဂျင်စီတွေကို အရေး ယူထားရာမှာ အဲဒီ့အေဂျင်စီတွေနဲ့ချိတ်ဆက်ထားတဲ့အလုပ်သမားတွေအနေနဲ့ မိမိတို့ပေးသွင်းထားတဲ့ငွေကြေးဆုံးရှုံးမှုရှိမှာနဲ့ ပြည်ပထွက်ခွာခွင့်မရမှာ စတဲ့ အခက်ခဲတွေဖြစ်မှာကို စိုးရိမ်မှုရှိနေကြကြောင်း ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင် လိုသူတွေထံမှသိရပါတယ်။အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ ၈၁ ခုကို စေ လွှတ်ခဲ့တဲ့အလုပ်သမားရဲ့မိသားစုဆီလွှဲပို့ငွေအ ထောက်အထား သတ်မှတ်ရာခိုင်နှုန်းပြည့်အောင်မပေးပို့နိုင်လို့ အလုပ်ခေါ်စာအသစ်တင်ပြခွင့် ဆိုင်းငံ့အရေး ယူထားတာ ဖြစ်ပါတယ်။ဒါကြောင့် အဲဒီအေဂျင်စီတွေနဲ့ ချိတ်ဆက်ထားတဲ့အလုပ်သမားတွေပြည်ပထွက်ခွာခွင့်ရဖို့ အချိန်ကြန့် ကြာမှုနဲ့ တခြားအခက်အခဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။” ထိုင်းဘက်ကိုသွားဖို့ အလုပ်ခေါ်စာလည်းကျပြီးထားတာသွားဖို့က အတော်နီးနေပြီကြားထဲမှာ လိုအပ်တာလေးတွေ လိုက်လုပ်နေရင်း အခုဝန်ဆောင်မှုယူထားတဲ့ အေဂျင်စီက အရေးယူခံလိုက်ရတဲ့ အထဲပါနေတော့ အဆင်ပြေပါ့မလား စိုးရိမ်တာပေါ့။အေဂျင်စီကိုမေးတော့လည်း အခု calling ခေါ်စာကျထားတဲ့သူတွေအထိဘာပြသနာမှမရှိဘူးပြောတော့ပြောနေတာပဲလို့ ” ထိုင်းနိုင်ငံကို MOUစနစ်နဲ့ သွားရောက်အလုပ်လုပ်မယ့် အလုပ်သမားတယောက် ကပြောပါတယ်။လက်ရှိမှာလည်း ပြည်ပအလုပ်အကိုင် လိုင်စင်ရအေဂျင်စီတွေကို ပြည်ပအလုပ်သမားတွေရဲ့ လစာငွေမိသားစုထံလွဲပို့ အထောက်အထား ၃လစာကို ကိုအလုပ်သမားဝန်ကြီးဌာနက တင်ပြဖို့တောင်းထားကာ…
Read Moreမိုင်းကိုင် – နမ့်လန်လမ်း ပေါ်ရှိ ဆားတော တံတားပြိုကျ
အောက်တိုဘာ ၂၊ ၂၀၂၄Shy V (VOM )ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့ ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်က ဆားေတာတံတားဟာ ရေတိုက်စားမှုေကြာင့် အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြိုကျ ပျက်စီးသွားကြောင်း ကားသမားေတွဆီက သိရပါတယ်။“အဲဒီ တံတားက စက်တင်ဘာ လဆန်းပိုင်း ကတည်းက ပြိုကျတော့မလို နဲ့နေပြီ။ အဲဒါကြာင့် ပေးမဖြတ်တာကို ကားသမားတွေ ပိုက်ဆံ တသိန်း ပေးပြီး ဖြတ်ကြတယ်။ အခုတော့ ပြိုကျသွားပြီ။” လို့ ယဉ်မောင်း တယောက်က ပြောပါတယ်။မိုင်းကိုင်မြောက်ဖက် တုံလောရွာက အဲဒီ ဆားတောတံတား ကျိုးသွားတာကြောင့် လောလောဆယ် မိုင်းကိုင် – နမ့်လန် လမ်းမကြီးပိုင်း သွားလို့မရတော့တာလို့ သူက ပြောပါတယ်။မိုင်းကိုင်မြို့မှာ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်စွာ…
Read Moreဂျကာတာအစည်းအဝေးက မြန်မာနိုင်ငံအရေးအတွက် အပြုသဘော ဆောင်ပါမည်လား
အောက်တိုဘာ၂ ၊ ၂၀၂၄မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အထူးသံတမန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ မလေးရှား၊ ထိုင်း၊ ဂျပန်တို့မှ အထူးသံတမန်ကိုယ်စားလှယ်များဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ မြန်မာနိုင်ငံမှ NUG ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များအား ပါဝင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။ယင်းသည် အာဆီယံအဖွဲ့၏ မြန်မာ့အရေးကို နည်းဗျူဟာအသစ်ဖြင့် ချဉ်းကပ်ပုံအား အခြားအဖွဲ့များက ဝန်းရံပေးခြင်းဟု ယေဘုယျသဘော မြင်ကြည့်နိုင်သည်။ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို တစ်နှစ်စီထမ်းဆောင်ရသည့် အာဆီယံ၏မူကြောင့် လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို…
Read Moreကြည့်မြင်တိုင် ရပ်ကွက်ရုံးတွေမှာ ပေါက်ကွဲမှုဖြစ်လို့ ၁၀ ယောက်ကျော် ဒဏ်ရာရ
စက်တင်ဘာ ၃၀ – ၂၀၂၄SS (VOM)ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။ကြည့်မြင်တိုင်မြို့နယ်က အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးမှာ Smart Card ပြုလုပ်နေချိန် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။“ပေါက်ကွဲမှုက နေ့လယ် ၁၂ နာရီခွဲလောက်မှာ တပြိုင်နက်တည်းဆိုသလို ဖြစ်သွားတာပါ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ဆန်အိတ်တွေထဲကနေ ထပေါက်တာလို့တော့ ကနဦးသိရတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ အခုတော့ အဲဒီနေရာတွေ အနီးတဝိုက်ကို နစက လုံခြုံရေးတပ်ဖွဲ့တွေက အသွားအလာတွေ ကန့်သတ်ထားပြီး စစ်ဆေးရေးတွေ လုပ်နေတယ်” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။ပေါက်ကွဲမှုကြောင့် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေတဲ့…
Read Moreလက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ထွက်ပြေး
ဘေရွတ်၊ စက်တင်ဘာ-၃၀-၂၀၂၄ ရတီ(VOM) လက်ဘနွန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။ “နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေက ဆက်ဖြစ်နေတယ်။ ကုလသမဂ္ဂဝန်ထမ်းတွေကတော့ နယ်စပ်ဖြတ်ကျော်ဂိတ် လေးခုမှာ ကူညီပေးနေတယ် ”လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ ခုနှစ်ရက်အတွင်း ဆီးရီးယားကို လူရှစ်သောင်းထိ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလောမှာလည်း အစ္စရေးဟာ လက်ဘနွန်ရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို အပြင်းအထန် တိုက်ခိုက်နေပြီး တိုက်ခိုက်မှုတွေအတွင်း လက်ဘနွန်မှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင်တယောက် သေဆုံးခဲ့တယ်လို့ ဟာမတ်စ်အဖွဲ့က ပြောပါတယ်။ သီးခြားအနေနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေး ပေါ်ပြူလာတပ်ဦး စစ်သွေးကြွအုပ်စုရဲ့ ခေါင်းဆောင်သုံးယောက်ဟာလည်း ဘေရွတ်မြို့လယ်ကို အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးကတော့ မှတ်ချက်မပေးပါဘူး။ ဒါဟာ တောင်ပိုင်းဆင်ခြေဖုံးရှိ ဟဇ်ဘိုလာတို့ရဲ့ အခြေစိုက်စခန်းအပြင်…
Read Moreအလုံမှာ မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲထိုးသတ်မှုဖြစ်ပွား
စက်တင်ဘာ ၃၀ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်မှာ အသက် ၂၂ ဝန်းကျင်အရွယ် မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။အဲဒီဖြစ်စဥ်ဟာ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းက တိုက်အမှတ် ၄၀ ရဲ့ လေးလွှာနဲ့ ငါးလွှာကြား လှေကားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုးသွင်းဒဏ်ရာ များစွာနဲ့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီး ရုပ်အလောင်းကို စက်တင်ဘာ ၂၈ ရက်၊ မနက် ၆ နာရီဝန်းကျင်မှာ ရပ်ကွက်နေပြည်သူတွေက တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။“သေဆုံးသူက ဆားလင်းကြီးမြို့နယ်ကနေ ရန်ကုန်မှာ သင်တန်းလာတက်ရင်း အလုပ် လုပ်နေတဲ့သူပေါ့။ တိုက်ခန်းတခန်းမှာ သူငယ်ချင်းတွေစုပြီး နေကြတာ။ လူမှုရေးကိစ္စကြောင့် အသတ်ခံလိုက်ရတဲ့သဘောပါ။ တရားခံလို့ ယူဆရတဲ့သူကိုလည်း ဖမ်းမိထားပါပြီ။ သူတို့နှစ်ယောက်က သမီးရည်းစားတွေလို့လည်း သိရတယ်။ ကောင်လေးက အသင့်ယူလာတဲ့ ဓားနဲ့…
Read Moreအရှေ့အလယ်ပိုင်း စစ်ပွဲတွေ အဆုံးသတ်ရေး အစ္စရေးဝန်ကြီးချုပ်နဲ့ ဆွေးနွေးမယ်လို့ ဂျိုးဘိုင်ဒင်ပြော
ဝါရှင်တန်၊ စက်တင်ဘာ-၃၀၂၀၂၄မျိုးဆက်(VOM)အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲအားလုံးကို ရှောင်ရှားရမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အလေးပေး ပြောဆိုလိုက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့လည်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတို့အကြား အပြန်အလှန်တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး အလုံးစုံစစ်ပွဲတခု ထပ်မံဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေရှိနေချိန်မှာ ဒေသတွင်း စစ်ပွဲတွေရှောင်ရှားဖို့အရေး ဂျိုးဘိုင်ဒင်က ပြောဆိုလာတာပါ။ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး စနေနေ့က တိုက်ခိုက်မှုမှာတော့ ဟဇ်ဘိုလာခေါင်းဆောင်ပါ သေဆုံးခဲ့ပါတယ်။“လက်ရှိက ဟဇ်ဘိုလာတွေရဲ့ ဖွဲ့စည်းကွပ်ကဲမှု ပျက်ယွင်းလုနီးပါး ဖြစ်နေတယ်။ ထောင်ပေါင်းများစွာသော ဒုံးကျည်တွေနဲ့ ဒရုန်းတွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက်ဆီးခံခဲ့ရတယ် ။ ဒီနေ့ဟဇ်ဘိုလာက ပြီးခဲ့တဲ့ သီတင်းပတ်က ဟဇ်ဘိုလာလားဆိုတာ မေးခွန်းထုတ်ဖို့ မလိုဘူး”လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ဆိုပါတယ်။အစ္စရေးအနေနဲ့ ပြည်သူတွေ၊ နယ်မြေနဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာမှုကို ဖယ်ရှားဖို့ အခွင့်အရေးနဲ့…
Read More