ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ် လမ်းကြောင်းကနေ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ကုလ စီစဉ်နေ

ဒါကာ၊ မတ်-၁၆-၂၀၂၅ မျိုးဆက်(VOM) ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးဖို့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဒါကာကို ရောက်ရှိချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်သို့ ဘင်္ဂလားဒေ့ရှ်ကနေတဆင့် လူသားချင်းစာနမှုဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်းတခုဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ကနဦးဆွေးနွေးခဲ့ကြပြီး ဒါကိုအကောင်အထည်ဖော်ဖို့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အကြံပေး တူဟစ်ဟူစိန်က ဒါကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီအတွက် အကြမ်းဖက်တို်ကခို်ကမှုတွေကို ဦးစွာရပ်တန့်ရမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီနည်းကျ အဖြေရှာဖို့လိုအပ်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး အဆင်ပြေချော့မွေ့စမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ပြောပါတယ်။ “တချိန်တည်းမှာ သင့်တော်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရေးအတွက် ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။…

Read More

ပြည်တော်ဝင်သင်္ကြန်

    ဆူးငှက် ” မန်းသူနွဲ့မူ နုယဉ်ယဉ်တွေလန်းပါစေ …. ခါရေလောင်း ညှာကြွေပြောင်းပေါ့ ခင်ရယ်၊ အေးစေတော့ဆိုလောင်းတဲ့ စိတ်ရင်းပင် ….၊ အဟုတ်ပ နှမလေးအသွင်… အလှဘုရင်တွေ သူတို့ကိုယ်တိုင်လောင်းကြမှာမို့ မငြင်းသာပြီဘု ရွှေမန်းမြို့မမောင်တို့သင်္ကြန်တော်တွင် ….”   နိုင်ငံရေးဒီရေအမြင့်ဆုံး ၁၃ဝဝ ပြည့်နှစ် (၁၉၃၉ ခုနှစ်)သင်္ကြန်တွင်လည်း အမြော်အမြင်ရှိသော မြို့မိမြို့ဖများနှင့် ပညာရှင်များ ကိုယ်တိုင်  ကိုယ့်ခြေကိုယ့်လက်ဦးစီးဆောင်ရွက်ခဲ့ကြခြင်းဖြင့် မန္တလေး၏အထင်ကရကျုံး၊ မြို့ရိုး၊ ပြာသာဒ်များရှေ့မှစတင်ကာ မဟာမုနိ ဘုရားကြီးသို့ ဦးခိုက်ကန်တော့ခြင်းဖြင့် သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ခဲ့ကြသည်။ ကိုယ့်ရေ၊ ကိုယ့်မြေတွင် ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့် ကိုယ့် ဘာသာ၊ ကိုယ့်သာသနာအပေါ် အမွန်အမြတ် အလေးထားသည့် ဝံသာနုစိတ်ဓာတ်ကို ထင်ရှားစေခဲ့သည့်သာဓကတစ်ခုဖြစ်သည်။   ဘာသာတရားကိုင်းရှိုင်းသော၊ ဒိုးတူဘောင်ဘက်လက်ရည်တပြင်တည်းစိတ်ဖြင့် ညီညွတ်ချစ်ခင်သော၊ ခိုင်မာခံ့ထည်သည့် ရိုးရာ ယဉ်ကျေးမှုအမွေကို ခုံမင်မက်မောသော၊ တင်းတိမ်ရောင့်ရဲသည့်စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာတရားပြည့်ဝသော…

Read More

မြန်မာပြည်သူ တသန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့မှု WFP ရပ်ဆိုင်း၊ ထောက်ပံ့နိုင်ရေး ဒေါ်လာသန်း ၆၀ လိုအပ်နေ

မတ် ၁၅ – ၂၀၂၅ SN (VOM) မြန်မာနိုင်ငံက လူဦးရေ တသန်းကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှု ရပ်ဆိုင်းမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မနေ့ မတ် ၁၄ ရက်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ရန်ပုံငွေလိုအပ်ချက် အလွန် ကြီးမားလာတာကြောင့် လာမယ့် ဧပြီလမှ စတင်ကာ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ထောက်ပံ့မှု ရပ်ဆိုင်းတာဟာ မြန်မာနိုင်ငံတဝန်းက ထိခိုက်အလွယ်ဆုံး အသိုင်းအဝိုင်းအပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှု ရှိနိုင်မယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မိုက်ကယ်ဒန်းဖို့ဒ်က အဲဒီထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။ “အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေက အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန် ဆိုးရွားစွာ…

Read More

အီရတ်နဲ့ ဆီးရီးယားမှာ လှုပ်ရှားနေတဲ့ အိုင်အက်စ်ထိပ်တန်းခေါင်းဆောင် သေဆုံး

ဘဂ္ဂဒက်၊ မတ်-၁၅-၂၀၂၅ ရတီ(VOM) အီရတ်နဲ့ ဆီ.ရီးယားမှာ လှုပ်ရှားနေတဲ့ အိုင်အက်စ်အဖွဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ အီရတ်ဝန်ကြီးချုပ်က အတည်ပြုပြောဆိုလိုက်ပါတယ်။ အဘူခါဒီဂျာ လို့လူသိများတဲ့ အိုင်အက်စ်ခေါင်းဆောင်ဟာ အီရတ်နဲ့ ကမ္ဘာမှာ အန္တရာယ်အရှိဆုံး အကြမ်းဖက်သမားတယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်တယ်လို့ ဝန်ကြီးချုပ် မိုဟာမက်အယ်လ်ဆူဒါနီက ပြောပါတယ်။ ဒီစစ်ဆင်ရေးကို အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့တွေနဲ့ အီရတ်အမျိုးသားထောက်လှမ်းရေးအဖွဲ့တွေ ပူးတွဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ချီးကျူးပြောဆိုထားပါတယ်။ စစ်ဆင်ရေးကို အီရတ်အနောက်ပိုင်း အယ်လ်အန်ဘာပြည်နယ်မှာ မနေ့က ပြုလုပ်ခဲ့တာပါ။ သေဆုံးသွားတဲ့ အိုင်အက်စ်ခေါင်းဆောင်ဟာ အိုင်အက်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့ ထိပ်တန်းအဖွဲ့မှာ အကြီးအကဲဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အိုင်အက်စ်တို့ရဲ့ စစ်ဆင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အစီအစဉ်တွေကို တာဝန်ယူသူဖြစ်တယ်လို့ အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်က ပြောပါတယ်။ သူဟာ အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေ လည်ပတ်မှုတွေကိုလည်း စီမံခဲ့သူလည်းဖြစ်ပြီး…

Read More

နောင်ချိုမြိုနယ် အုမ္မတီးရွာမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်

မတ် ၁၅၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချို မြို့နယ်၊ မန္တလေး – လားရှိုး လမ်းမ ပေါ်ရှိ အုမ္မတီးဘက်မှာ နစက တပ်ဖွဲ့ နဲ့ TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီ မနက် ပိုင်း ကနေ အသံတွေ ကြားနေရတယ်။ လမ်းခွဲဘက် TNLA တွေ ရှိတယ်လေ။ စစ်တပ်ဘက်က ဒရုန်းနဲ့ လိုက်ပစ်တာလေ။ ဒီမနက် ကနေ တဝုန်းဝုန်းနဲ့ ဒရုန်းတွေနဲ့ ပြန်ပစ်နေပြီ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရလို့ တောင်ခမ်းဘက်က TNLA တပ်ဖွဲ့ဘက်က သိမ်းပိုက်ထားတဲ့ တပ်စခန်း ၂ နေရာ ကနေ…

Read More

တောင်ကိုရီးယား ခရီးသည်တင်လေယာဉ်မီးလောင်မှု ပါဝါဘန့်ခ်တခုကြောင့်လို့ ကနဦးအစီရင်ခံစာ ဖော်ပြ

ဆိုးလ်၊ မတ်-၁၅-၂၀၂၅ ရတီ(VOM) တောင်ကိုရီးယားနိုင်ငံမှာ ဇန်နဝါရီလအတွင်းက ခရီးသည်တင်လေယာဉ်မီးလောင်မှုဟာ ပါဝါဘန့်ခ် တခုကြောင့် စတင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘူဆန်လေကြောင်းလိုင်းမှ လေယာဉ်ဟာ နိုင်ငံတောင်ပိုင်း ဂင်ဟေးလေဆိပ်တွင် ဇန်နဝါရီ ၂၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်မှာ ခရီးသည်သုံးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ပါဝါဘန့်ခ် ဘက်ထရီအတွင် လျှပ်ကာများ ပျက်စီးပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ စုံစမ်းစစ်ဆေးမှု ကနဦးရလဒ်တွေမှာ ဖော်ပြထားပါတယ်။ ခရီးသည်နေရာအပေါ်ရှိ ခရီးဆောင်အိတ်အတွင်းမှ ပါဝါဘန့်ခ်မီးစတင်လောင်ကျွမ်းခဲ့တဲ့ အပျက်အစီးတွေကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒါဟာ နောက်ဆုံး အပြီးသတ်အစီရင်ခံစာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လေယာဉ် မီးလောင်ပြီးနောက် တပတ်အကြာမှာ ခရီးဆောင်အိတ်တွေအတွင်း ပါဝန်ဘန့်ခ်တွေ သယ်ဆောင်ခွင့်မပြုဘူးလို့ ဘူဆန်လေကြောင်းလိုင်းက ကြေညာခဲ့ပါတယ်။ နိုင်ငံတကာ အရပ်ဘက်လေကြောင်းအဖွဲ့အစည်းကတော့ လစ်သစ်ယံအိုင်းယွန်း ဘက်ထရီတွေကို လေယာဉ်ကုန်သိုလှောင်ခန်းတွေမှာ ထားရှိမှုကို…

Read More

စဥ့်ကူး၊ လက်ပန်လှရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ၃၀ ဝန်းကျင် သေဆုံးပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိ

မတ် ၁၅ – ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ စဥ့်ကူးမြိုနယ်၊လက်ပန်လှရွာမှာ မတ် ၁၄ ရက်နေ့ မနေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၃၀ ဝန်းကျင် သေဆုံးကာ အခြား ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၁၇ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊လက်ပန်လှရွာရှိ စျေးအနီးက အဆောက်အဦပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်တာဟုတ်ပါတယ်။ ၂လုံးချတာ သေတဲ့လူလည်းများတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ တချို့ဆိုရုပ်လုံးကိုမပေါ်ဘူး ၅နာရီကျော်မှ ဝင်ကူရဲတာ ဒဏ်ရာပြင်းထန်သူတွေထဲက အခြေအနေမကောင်းသူတွေရှိသေးတယ်” လို့ လက်ပံလှရွာ လူမှုရေးလုပ်နေသူကို မနေ့ညအချိန် vomက ဆက်သွယ်ချိန်တုန်းက ပြောဆိုထားပါတယ်။ လက်ရှိမှာ လက်ပန်လှရွာမှာ ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့် ဒေသခံတွေကို ချိတ်ဆက်မေးမြန်းနိုင်ဖို့ ခက်ခဲနေတဲ့အတွက် ထိခိုက်ဒဏ်ရာရနဲ့ ပျက်စီးမှုအခြေအခြေအနေတွေကို အတိအကျမသိရသေးပေမယ့်…

Read More

အမေရိကန်က ပြည်ဝင်ခွင့်ပိတ်မယ့် နိုင်ငံတွေစာရင်းမှာ မြန်မာ ပါဝင်နေ

ဝါရှင်တန်၊ မတ်-၁၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ဟာ ဒေါ်နယ်ထရန့် ပထမအကြိမ် သမ္မတသက်တမ်းမှာ ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေထက် ပိုမိုကျယ်ပြန့်မယ့် အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ နိုင်ငံသားတွေကို အမေရိကန်ကို ဝင်ရောက်ခွင့် တားမြစ်ဖို့ စဉ်းစားနေတယ်လို့ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက နယူးယောက်တိုင်းမ်ကို ပြောပါတယ်။ သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ ရေးဆွဲထားတဲ့ အကြံပြုချက်စာရင်းမှာ အမေရိကန်ကို ဝင်ရောက်ခွင့် လုံး၀ကန့်သတ်ထားတဲ့ အနီရောင်စာရင်းမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံထိ ပါဝင်နေပြီး အာဖဂန်နစ္စတန်၊ ဘူတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ယီမင်တို့ ဖြစ်ပါတယ်။ မူကြမ်းမှ ခရီးသွားလာမှုကို အလုံးစုံပိတ်ပင်ခြင်းမဟုတ်ပေမယ့် ကန့်သတ်မှုအချို့ထားမယ့် ၁၀ နိုင်ငံကတော့ လိမ္မော်ရောင်စာရင်းမှာ ပါဝင်နေပါတယ်။ ဒီကန့်သတ်ချက်မှာတော့ ချမ်းသာကြွယ်၀တဲ့ လုပ်ငန်းရှင်တွေကိုသာ ဝင်ခွင့်ပြုမှာဖြစ်ပြီး…

Read More

ဆေးရုံဆင်းလူနာ ပြန်ပို့တဲ့ လူနာတင်ကား ယာဉ်တိုက်မှုဖြစ်လို့ လိုက်ပါသူ ခြောက်ယောက်စလုံး ဆေးရုံပြန်ရောက်

မတ် ၁၅ – ၂ဝ၂၅ KKO(VOM) ဆေးရုံဆင်းလာတဲ့ လူနာကိုအိမ်ပြန်လိုက်ပို့ရင်း လမ်းမှာယာဉ်တိုက်မှုဖြစ်ပွားလို့ လူနာ တင်ယာဉ်ပေါ်ပါလာသူ ခြောက်ယောက်စလုံးကို ဆေးရုံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရတဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တခု ယမန်နေ့ မတ်လ ၁၄ ရက်၊ညနေပိုင်းအချိန်က ရန်ကုန်မြို့၊အလုံမြို့နယ်က သခင်မြပန်းခြံအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတော်တဆယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ လူနာတင်ယာဉ်ဟာ ကျိုက်လတ်မြို့၊ရှမ်းကျောင်းစာသင်တိုက်အရှေ့ပိုင်းလူငယ်လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်ဖြစ်တယ်လို့ သိရပြီး အလုံမြို့နယ်၊သခင်မြပန်းခြံမီးပွိုင့်အနီး၊အောင်ရတနာလမ်းနဲ့ အောက်ကြည့်မြင်တိုင်လမ်းထောင့်(EV အားသွင်းစင်တာ)အရောက်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ လူမှုကူညီရေးသမားတွေက ပြောပါတယ်။ အဲဒီလူနာတင်ယာဉ်ပေါ်မှာ နေရပ်ပြန်ဆေးရုံဆင်းလူနာနဲ့ သူရဲ့ မိသားစုဝင်တွေ အပါအဝင် ကျိုက်လတ်မြို့၊ရှမ်းကျောင်းစာသင်တိုက်အရှေ့ပိုင်းလူငယ်လူမှုကူညီရေးအသင်းဝင်အချို့လိုက်ပါလာခဲ့ကြတယ်လို့ သိရပါတယ်။ “အဲဒီလူနာတင်ယာဉ်ပေါ်ပါလာတာက အမျိုးသား ငါးယောက် ၊အမျိုးသမီး တယောက်ပါတယ် ။အမျိုးသမီး တယောက်က အဲဒီလူနာတင်ယာဉ်ပေါ်မှာပါလာတဲ့ လူနာရဲ့သမီးပါ။နောက်ထပ်အမျိုးသားနှစ်ယောက်က ယာဥ်မောင်းနဲ့ ယာဉ်အကူပါ။နောက်တခါလူနာရဲ့ဆွေမျိုး သားချင်းအမျိုး သားကြီးနှစ်ယောက်ပါတယ်။အဲမှာအားလုံးစုစုပေါင်းက ကျားငါးယောက် မတယောက် ပေါ့။ယာဉ်ပေါ်မှာပါလာတဲ့ လူနာကတော့ ကျွန်တော်တို့ သူ့ကိုဆေးရုံပြန်ပို့တဲ့ အချိန်မှာ…

Read More

ပြည်- ပေါက်ခေါင်းလမ်းပိုင်းတိုက်ပွဲကြောင့် တိမ်းရှောင်နေရသူ ၅၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

မတ် ၁၅ -၂၀၂၅ GG (VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ၊ ပြည် – ပေါက်ခေါင်းလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တောထဲမှာ ရှောင်နေရတဲ့ စစ်ရှောင် ၅၀၀၀ ကျော် နေရပ်မပြန်နိုင်သေးတဲ့အတွက် ဒုက္ခရောက်ပြီးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ တောထဲမှာ စစ်ရှောင်နေရတဲ့ဒေသခံတွေမှာ စစ်ရှောင်နေရတဲ့ ရက်ကြာမြင့်လာမှုနဲ့အတူ စားနပ်ရိက္ခာ၊ သောက်ရေ ၊သုံးရေအပါအဝင် ဆေးဝါး၊ကျန်းမာရေးပိုင်ဆိုင်ရာ ကုသမှု စတဲ့အကူအညီိတွေ အရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။ ” တောတောင်ထဲ ရှောင်နေရသူတွေက တော်တော်ဒုက္ခရောက်တယ်။ နေရပ်လည်းမပြန်နိုင်သေးဘူး။ အခုဆိုစစ်ရှောင်တာ တလနီးပါးရှိလာတော့ အကူအညီတွေအတော်လေးလိုအပ်လာတယ်။ အလှူရှင်တွေလည်းမရှိကြဘူး။တောထဲမှာက လှည်းနဲ့နေသူတွေရှိသလို နေကာရုံအမိုးနဲ့တဲထိုးနေရသူရှိတယ်။အခုဆို ဆန်ဆီဆားအကုန်လိုအပ်တယ်။ နေမကောင်းရင်တောင်ဆေးကုဖို့ဘယ်လိုလုပ်ရမလဲဆိုပြီးဖြစ်နေကြတာ။ ” လို့ စစ်ရှောင်တွေကိုညီဖို့ လုပ်နေသူကပြောပါတယ်။ ပြည်- ပေါက်ခေါင်းလမ်းပိုင်းမှာ ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် နစကဘက်မှ pdf တွေကို စက်တပ်လေထီးသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကြောင်းထိုးခြင်း…

Read More