မတ် ၁၅ – ၂ဝ၂၅ KKO(VOM) ဧရာဝတီတိုင်းအတွင်းက ချောင်းသာ၊ငွေဆောင်ကမ်းခြေဟိုတယ်အများစုက ဟိုတယ်တွေကို လာမယ့် သင်္ကြန်ပိတ်ရက်အတွက် အခန်းဘိုကင်မှာယူသူတွေကြောင့် ဘိုကင်တွေပြည့်နေတယ်လို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ခရီးသွားလာသူတွေရဲ့ပြောပြမှုတွေအရ VOM က သိရှိရပါတယ်။ “အခုသင်္ကြန်ပိတ်ရက်မှာ မိသားစုခရီးသွားဖို့ ချောင်းသာဘက်ကို ဟိုတယ်တွေလှမ်းမေးတာ ဘိုကင်တွေအကုန်ပြည့်နေတယ်ပြောတယ်။ခရီးသွားဝန်ဆောင်မှုလုပ်တဲ့ ကုမ္ပဏီတွေကိုလည်း ဖုန်းဆက်တယ်။တော်တော်များများက အခန်းမရှိဘူးလို့ပြောတယ်။ ပြည့်နေတယ်ပြောတယ်။ ဒီနှစ်သင်္ကြန်လည်းကမ်းခြေဘက်တွေမှာ ခရီးသွားတွေနဲ့ စည်မယ်ထင်ပါတယ်”လို့ ချောင်းသာကမ်းခြေကို အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေတဲ့ ရန်ကုန်မြို့မှာ နေထိုင်သူတယောက်က ပြောပါတယ်။ ယခုတပေါင်းလပြည့်နေ့ အစိုးရရုံးပိတ်ရက် ၅ ရက်မှာလည်း မန္တလေးမြို့က ရွှေစာရံဘုရားပွဲ အပါအဝင် ချောင်းသာ၊ငွေဆောင် ကမ်းခြေဒေသနဲ့ ပုဂံဒေသ၊ကျိုက်ထီးရိုးဒေသဘက်တွေကို ခရီးသွားလာမှုအများဆုံးရှိနေတာကိုတွေ့ရတယ်လို့လည်း ခရီးသွားဝန်ဆောင် မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ “ဒီနှစ်တွေမှာ ဘယ်ဘက်ကို သွားကြတာများလဲဆိုရင် ပုဂံနဲ့ ကျိုက်ထီးရိုးဘက်ကို အသွားအလာများကြတယ်။တချို့ကလည်း သင်္ကြန်အတွက် အခုထဲကစပြီး ခရီးသွား…
Read Moreစဉ့်အင်တံတားကို အကြီးစား ပြုပြင်နေလို့ တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထား
မတ် ၁၄၊ ၂၀၂၅ Shy V (VOM) လားရှိုး – သီပေါကြား၊ ပြည်ထောင်စု လမ်းမပေါ်ရှိ စဉ့်အင်တံတားကို မတ်လ ၁၂ ရက်နေ့ကစ အကြီးစား ပြုပြင်နေလို့ တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထားကြောင်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “စဉ့်အင်တံတား ပြင်နေပြီ။ လက်ရှိ အခြေအနေ ကတော့ ဘယ်နှစ်ရက် ကြာမလဲ မသိဘူး။ ကားေလးေတွ ဖောင်နဲ့ ကူးမယ်ဆိုရင် စောစော သွားမှရမယ်။ မိုင်းရယ် – တန့်ယန်း ကနေ ပတ်လို့လည်း ရတယ်။ ကားတန်းတွေ အများကြီးပဲ။ ကြာနိုင်တယ်။ ဘယ်လမ်းသွားသွား မန္တလေး သွားမယ်ဆိုရင် လမ်းမှာ တညတော့ အိပ်ရမှာပဲ။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထား…
Read Moreပဲခူးတိုင်းအစပ် ညောင်ကျိုးစခန်းကို AA ထိန်းချုပ်ထားကြောင်း သတင်းထွက်နေပြီး ချင်းကုန်းမှာ တိုက်ပွဲပြင်းထန်
မတ် ၁၄ – ၂၀၂၅ SS (VOM) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးရှိ နစကရဲ့ ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ်တွေက မနေ့ မတ် ၁၃ ရက်နေ့မှာထိန်းချုပ်ထားတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ညောင်ကျိုးစခန်းကို ရရှိဖို့အတွက် AA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “နစကတပ်တွေက မတ်လ ၁၁ ရက်နေ့ကတည်းကစပြီး အဲဒီစခန်းကနေ ဆုတ်ခွာနေကြတာ။ မနေ့ (မတ် ၁၃ ရက်) က မနက်ပိုင်း၊ ၉ နာရီလောက်မှာတော့ နစကတပ်တွေ အကုန်လုံး ဆုတ်သွားတယ်လို့တော့ သိရတယ်။ အခုတော့ အဲဒီအနားက ချင်းကုန်းစခန်းမှာ တိုက်ပွဲဆက်ပြီး ပြင်းထန်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ညောင်ကျိုးစခန်းဟာ နစကရဲ့…
Read Moreမူဆယ်မြို့နယ်မှာ ARTဆေး ပြတ်လပ်လို့ အခက်အခဲ ဖြစ်နေ
မတ် ၁၄၊ ၂၀၂၅ Shy V VOM ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ HIV ပိုး ထိန်းချုပ်တဲ့ ART (Antiretroviral Therapy) ဆေးပြတ်လပ်လို့ အခက်အခဲ ဖြစ်နေရကြောင်း HIV/AIDS နဲ့အတူနေထိုင်သူတွေ ဆီက သိရပါတယ်။ “မူဆယ်မှာ ART ဆေး မရတာ ကြာပြီ။ တောင်ကြီးမှာ သွားယူရတာ ၂ ခေါက်ရှိပြီ။ လမ်းခရီးလည်း အရမ်းခက်ခဲ၊ ငွေလည်း ခက်ခဲလို့ ၆ လ စာ အတွက် ဆေး ပေးလိုက်ဖို့ ညှိကြည့်တယ်။ မရဘူး။ အဲလို ပေးလိုက်ရင် တခြား လူတွေ အတွက် ဆေးတောင် မရှိတာ့ဘူးလို့ ပြောလာတယ်။ ရှမ်းမြောက် နီးတဲ့ နေရာတွေမှာ ညှိယူလို့ရလား ဆိုတော့ နိုင်ငံရေး အခြေအနေ မသိထားတော့ ခက်တယ်လို့…
Read Moreနှစ်ဦးဂီတလက်ဆောင်
ဆူးငှက် “သင်္ကြန်လေညင်းလုလင် မြူးရွှင်တော့လေ … ပိတောက်တွေထုံတဲ့ဝတ်မှုံ ဝတ်ဆံကြားတွေ … ဝတ်ရည်ဆွတ်ဖျန်းလို့သာ … ဖြတ်သန်းကာ .. ကြိုင်လန်းစွာ … ငွေငန်းကို ကြိုလာပါတော့တယ်လေ … ဘယ်သူတွေ … ထိုလေပြေကိုစေ .. ဟောဒီရေနန်းဗိမာန် … ငွေငန်းဓိဋ္ဌာန်ရောက်ပြန်ပြီလေ .. နှစ်ဦးဂီတလက်ဆောင် … ပျော်အောင်လေ .. တာဝန်ကျေ လှပေါင်းခတဲ့တို့မေ … လှပေါင်းခတဲ့ တို့မေ … လောင်းမှာလား .. သင်္ကြန်ရေ .. ရွှဲအောင်လောင်းမေ မာပါစေ ..”” ဆောင်းနှင်းပါးပါးလွင့်စ …၊ တောင်လေပြည်ဖြူးဖြူးတွင် ရွက်ဝါတွေ ဖွေ့ဖွေ့ကြွေသည်နှင့် သင်္ကြန်ရနံ့လေးကို လှိုက်ခနဲသတိရလိုက်ကြသည်။ အခုမှ တပေါင်းလပင်မပြည့်သေးဟု မည်သူက ဆိုစေကာမူ ဆောင်းပုံရိပ်ထူထူတွင် နွေပုံရိပ်ပါးပါးလေးဝင်လာကတည်းက သင်္ကြန်ရနံ့သည် လူတိုင်းရင်ထဲ…
Read Moreနတ်တလင်းမှာ အနက်ရောင်သေမင်းတမန်အဖွဲ့စာသားပါ ကတ်ချိတ်ဆွဲပြီး အသတ်ခံထားရတဲ့ အလောင်းနှစ်လောင်းတွေ့
မတ် ၁၃ – ၂၀၂၅ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်း စွန့်ပစ်ခံထားရမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ မနေ့က မတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာ သတ်ခံထားရတဲ့အမျိုးသားအလောင်းနှစ်လောင်း ကိုတွေ့ရှိရတာဖြစ်ပြီး လည်ပင်းမှာ “အနက်ရောင်သေမင်းတမန် အဖွဲ့”ဆိုတဲ့ စာသားပါ လည်ဆွဲကတ်ချိတ်ဆွဲထားတာတွေ့ရှိရတယ်လို့သိရပါတယ်။ “အသက်တွေက ငယ်သေးတယ်။ လည်ပင်းလှီးထားတဲ့ဒဏ်ရာရှိတယ်။အဲဒီအနက်ရောင်သေမင်းတမန်စာသားချိတ်ထားပြီးအသတ်ခံရတဲ့သူတိုင်း လည်ပင်းလှီးခံထားရတာမျိုးပဲ။အခုအသတ်ခံရတဲ့နှစ်ယောက်က နတ္တလင်းကပဲလို့သိရတယ်။အလောင်းတွေက ရှားစီးဘိုရွာနားမှာတွေ့တာပါ။ ” လို့ဒေသခံကပြောပါတယ်။ အဆိုပါ အသတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်ဟာ အဆိုပါ တွေ့ရှိရတဲ့ အမျိုးသားနှစ်ဦးမှာ နတ်တလင်းမြို့နယ်ထဲက ကွင်းစမ်းကျေးရွာ နဲ့ စောင်းဝှက်ကျေးရွာက ဖြစ်တယ်လို့ကနဦးသတင်းအရသိရပါတယ်။ ဇန်နဝါရီလ ၁၀ ရက်ကလည်းပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ပေါင်းတလည်-ပေါက်ခေါင်းကားလမ်းဘေးမှာ အနက်ရောင်သေမင်းတမန်အဖွဲ့စာသားပါ လည်ဆွဲကတ်ချိတ်ဆွဲပြီး အသတ်ခံထားရတဲ့အမျိုးသားလူငယ်အလောင်းနှစ်လောင်းတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ကလည်း ပြည် – ပေါင်းတလည်ကားလမ်းဘေး၊ပေါင်းတလည်မြို့အဝင်မှာ…
Read Moreကယားပြည်နယ်မှာ သောက်သုံးရေရှားပါးမှု ဆိုးရွားလာနေ
မတ် ၁၄့- ၂၀၂၅ SN (VOM) ကယားပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်း အများစုမှာ သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေပြီး အကူအညီ များစွာ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှ စတင်ကာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ နန်းမယ်ခုံ စတဲ့ မြို့နယ်တွေက သောက်သုံးရေကန်တွေမှာ ရေခန်းခြောက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “အရင်ကဆို ဖေဖော်ဝါရီလလောက်မှ ရေစပြတ်တာ။ ဒီနှစ်က ပိုဆိုးလာတယ်။ ဒီနှစ်က စစ်ရှောင်အရေအတွက်လည်း ပိုတိုးလာတယ်လေ။ အဲဒါကြောင့် ရေကုန်တာမြန်တာ။ သောက်သုံးရေအတွက် သိုလှောင်ထားတဲ့ ရေကန်တွေမှာလည်း ရေမရှိတော့ဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ရေတွေ ဝယ်နေကြရပြီ” လို့ လူမှုကူညီရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။ လက်ရှိမှာ ဂါလံ ၁၀၀၀ ဆံ့တဲ့ ရေကားတစီးကို ကျပ် ငါးသောင်းကနေ ခြောက်သောင်းအထိ…
Read Moreဆင်မြဲမြန်းကာ လှတဲ့မေ
ဆူးငှက် ပျော်ခင်းလေးသာပါဘိတယ် အတိတ်ကောင်းယူမယ် နှစ်ဦး…..သင်္ကြန်တော်ဝယ်……” သင်္ကြန်အကြိုနေ့၏ နေဝင်ရီတရောညနေချမ်းဆည်းဆာနေလုံးသည် ကျုံးပြာသာဒ်ကြား တွဲလွဲခိုနေ၏။ နေလုံးပတ္တမြားနီနီက ပြာသာဒ်တတိယဘုံ၏ ဒုယင်အစွန်းနှင့် ထိခိုက်မိ၍ ဖြာကျလာသော ပတ္တမြားရည်များကား ကျုံးရေပြင် တွင် ပြန့်ကျဲသွားသည်။ ဟိုတစ်စ သည်တစ်စအနီ…..။ သင်္ကြန်ဖွင့်ပွဲကအပြန် အတောမသတ်နိုင်ဘဲ တီးမှုတ်သွားသော မြို့မငွေငန်းယာဉ်က နေလုံးနောက်ခံတွင် တရွေ့ရွေ့ထွက်ခွာသွား သည်။ ပလပ်စတစ်ပန်းကုံးစွပ်၊ ဆင်တူဝတ်စုံဝတ်ကျောင်းသူကလေးများလည်း အသင့်ကြိုစောင့်နေသော ဘတ်စ်ကားတွေပေါ်အလုအယက် တက်နေကြ၏။ ဘီလမ်းမကြီးပေါ်တွင် အရာအားလုံးမှာ ဆောင့်ကန်တက်လာသော မီးသတ်ပိုက်ရေလုံးဖြင့် နစ်မွန်းလုလု….။ ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းမှ တီးလုံးသံ ကားပါး၍ပါး၍ဝေး၍ဝေး၍သွားခြင်းနှင့်အတူ ဗေ့စ်သံခပ်ပြင်းပြင်း၊ ဒရမ်ရိုက်ချက်ပြင်းပြင်းဖြင့် အသံအရှိန်ပြင်းပြင်း ပေါင်းများစွာကား ရေသေးရေမွှား….၊ ရေလုံးရေဖွားများနှင့်အတူ မဏ္ဍပ်တိုင်းမှအသံကုန်ထွက်လာကြ၏။ မဏ္ဍပ်ပေါ်မှာလည်း စည်းချက်နှင့် အပြိုင်၊ လမ်းပေါ်မှာလည်း စည်းချက်နှင့်လှိုင်းကြီးတစ်ခုလို ခုန်ပေါက်ကုန်ကြပြီ။ ထိန်းသိမ်းကျပ်စည်းထားခြင်းမှာ ကင်းလွတ်ကုန်သော လွတ်လပ်သည့်…
Read Moreကျေးသီးမှာ SSPP က တပ်သားသစ်စုဆောင်းရေး ဖိအားပေးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ အလုပ်ထွက်
မတ် ၁၁၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ နောက်ဆုံးပါတ်ကနေစတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)က တပ်သားသစ်စုဆောင်းဖို့ ဖိအားပေးနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ အလုပ်ထွက်မှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ကျေးသီးမြို့နယ်မှာ တပ်သားသစ် စုဆောင်းဖို့အတွက် မြို့နယ်ရှိ လူငယ်စာရင်းတွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေထံ ဖိအားပေး စာရင်းတောင်းခံလာမှုကြောင့် အချို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက တာဝန်ကနေ နှုတ်ထွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ “အခုထိဆိုရင် ထွက်စာတင်ထားတာ ငါးယောက်ရှိပြီ။ တချို့ကလည်း ထွက်ချင်နေကြပေမယ့် အခြေအနေ စောင့်ကြည့်နေတုန်းပဲ။ ဖိအား အရမ်းများတယ်လေ။ မဖြစ်မနေမလို့သာ အုပ်ချုပ်ရေးမှူးလုပ်နေကြတာ၊ နှစ်ဖက်စလုံးကို ကြောက်နေရတာဆိုတော့ အခုလိုနှုတ်ထွက်ကြတာ ထူးတော့မထူးဆန်းပါဘူး”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ SSPPက လူငယ်များကို စစ်သားအဖြစ် တိုက်ရိုက်ခေါ်ယူခြင်းမရှိပေမယ့် တပ်သားသစ် စုဆောင်းဖို့အတွက် လူငယ်စာရင်းတွေကောက်ယူဖို့ ဖိအားပေးနေတဲ့အပြင်…
Read Moreဧည့်လာနည်းသွားတဲ့ ချောင်းသာကမ်းခြေ အနည်းငယ်ပြန်လည်စည်ကားလာ
Ms (VOM) မတ်၁၂၊၂၀၂၅ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက စစ်ရေးသတင်းတွေကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု မရှိသလောက်နည်းပါးသွားတဲ့ ချောင်းသာကမ်းခြေမှာယခုလကစတင်ပြီး အနည်းငယ်ပြန်လည်စည်ကားလာနေကြောင်း ဒေသခံများထံကသိရပါတယ်။ နှစ်စဉ်ပွင့်လင်းရာသီကာလမှာ ဧည့်သည်ဝင်ရောက်မှာအများဆုံးဖြစ်ခဲ့တဲ့ချောင်းသာကမ်းခြေမှာ ပြီးခဲ့တဲ့ဇန်နဝါရီ၂၁ရက်ကနေ ဖေဖော်ဝါရီလကုန်အထိ ခရီးသွားဧည့်သည် မရှိသလောက်ပြတ်လပ်ခဲ့တယ်လို့ဆိုပါတယ်။ ” အခုတော့ဧည့်သည်တွေပြန်ဝင်လာနေပါပြီ ။လက်ရှိတပေါင်းပွဲတော်ကာလ ပိတ်ရက်ရှည်အတွက်ဟိုတယ်၊ဘိုကင်ကြိုယူတာတွေလည်းရှိနေပါတယ်။ကမ်းခြေကအရင်ကလောက်အထိတော့ဧည့်သည်မများသေးပေမယ့် ပုံမှန်လာလည်တာတွေ အပန်းဖြေနေတာတွေတော့ရှိနေပါတယ်။ဧည့်သည်တွေပိုလာအောင်လည်း ဟိုတယ်နဲ့စားသောက်ဆိုင်တွေတချို့က ဈေးလျော့ပေးတာ၊discountပေးတဲ့ ပရိုမိုးရှင်းတွေ လုပ်တာတွေလည်းရှိနေတယ်။အရင်အချိန်ကဆို ချောင်းသာလိုနေရာက အခုလိုပရိုမိုးရှင်းတောင်လုပ်စရာမလိုပဲ စည်ကားခဲ့တာပါ”လို့ လတ်တလောချောင်းသာကမ်းခြေရဲ့ဧည့်ဝင်ရောက်မှုအခြေအနေနဲ့ပတ်သက်ပြီးဒေသခံတယောက်ကပြောပါတယ်။ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်က ချောင်းသာနဲ့ရွှေသောင်ယံကမ်းခြေများအနီးမှာ ရှိတဲ့မကျီးဇင်နဲ့ဘောမိကျေးရွာတွေမှာ ပြီးခဲ့တဲ့ဇန်နဝါရီ၉ရက်ကAAနဲ့နစကတပ်တွေတိုက်ပွဲများဖြစ်ပွားခဲ့ကာ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့တာကြောင့် ကမ်းခြေအနီးကကျေးရွာတွေစစ်ဘေးရှောင်ခဲ့ကြသလို ချောင်းသာကမ်းခြေကဟိုတယ်နဲ့တည်းခိုခန်းများပိတ်ထားခဲ့ရတဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ မကျီးဇင်နဲ့ဘောမိကျေးရွာတွေကလွဲပြီး ကျန်ရှိတဲ့အနီးနားကျေးရွာတွေဖြစ်တဲ့ရွှေသောင်ယံ၊ အုန်းချောင်း၊ ၀က်သေ၊ သဘော့ကန် စတဲ့ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင်များလည်း နေရပ်ကိုပြန်လည်ဝင်ရောက်နေထိုင်ကြသလို ချောင်းသာကမ်းခြေက စီးပွားရေးလုပ်ငန်းတွေလည်းပြန်လည် လည်ပတ်လုပ်ကိုင်နေကြပြီလို့ဆိုပါတယ်။ ” ချောင်းသာပြန်သွားလို့ရပြီလားလို့ လမ်းခရီးအခြေအနေစုံစမ်းကြည့်တာ။စစ်ဆေးတာတော့ရှိပေမယ့်သွားလို့ရနေပြီလို့ပြောတယ်။ ချောင်းသာလမ်းပိုင်းကို ပြန်ချဲ့နေတာတွေလည်းအခုလုပ်နေတယ်လို့ ဟိုကပြန်လာသူတွေကပြောပါတယ်လို့ အားလပ်ရက်ရုံပိတ်ရက်မှာ ကမ်းခြေကိုခရီးထွက်ရန်စီစဉ်ထားသူတယောက်ကပြောပါတယ်။…
Read More