မတ် ၁၈ – ၂၀၂၅ SS (VOM) အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ ပြည်ပထွက်ခွင့် လုံးဝ မရှိတော့ဘူးလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ ပြည်ပထွက် အလုပ် လုပ်ကိုင်ခွင့်ကို မနေ့ မတ် ၁၇ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ ငါးရက် ကြိုတင် လျှောက်ထား၊ ခွင့်ပြုချက် ရယူပြီးမှသာ ပြန်လည် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “မတ် ၁၆ ရက်နေ့၊ ည ၁၂ နာရီအထိက အလုပ်သမား သက်သေခံကတ် (OWIC) သက်တမ်း ကျန်နေသေးတဲ့ အလုပ်သမားတွေရော၊ ခွင့်ပြန် အလုပ်သမားတွေကိုရော ပြည်ပထွက်ခွင့် ပြုထားသေးတယ်။ မတ် ၁၇ ရက်နေ့ကျမှ…
Read Moreငြိမ်းချမ်းရေးနှင့်ပြည်ထောင်စုသင်္ကြန်
ဆူးငှက် ”ဂြီသက္ကရာဇ် တစ်ထောင်သုံးရာကိုးခု နှစ်ပြာသိုလဆုတ်ကိုးရက်တနင်္ဂ နွေနေ့အား ငါတို့မြန်မာပြည်လုံး ဝ လွတ်လပ်က အချုပ်အချာအာဏာ ပိုင် ပြည်ထောင်စုသမက မြန်မာနိုင် ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း” ဤသို့ လွတ်လပ်ရေးကြေညာအပြီး တစ်နှစ်ကျော်အကြာ ၁၉၄၉ ခု မတ်လ ၁၁ ရက် ညနေ ၃ နာရီအချိန်မှာပင် ပြည်တွင်းစစ်ကြောင့် မန္တလေးသည် တိုင်းရင်းသားလက်နက်ကိုင်ကေအင်ဒီအိုတပ်များအောက်သို့ ကျရောက်ခဲ့ရသည်။ တစ်ပြည်လုံးအတိုင်းအတာအရလည်း ပြည်တွင်းစစ်မီးကတောက်လောင်နေ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးရုံးအချို့၊ စစ်ကိုင်းသို့ ဆုတ်ခွာရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင်ဦးစီးသော မန္တလေးအခြေစိုက်အစိုးရတပ်ပေါင်းစုက စစ်ကိုင်းတွင်အင်အားပြန်လည်စုစည်းပြီး မန္တလေးမြို့သိမ်းတိုက်ပွဲဆင်နွှဲရပြန်သည်။ ၁၉၄၉ ခု ဧပြီ (၆)ရက်နေ့တွင် မန္တလေးကို ပြန်လည်ရရှိခဲ့သည်။ ဗိုလ်မှူးကြင်၊ ဗိုလ်မှူးအေးမောင်၊ ဗိုလ်မှူးထွန်းစိန်အစရှိသော တပ်မှူးများဦးဆောင်သည့် တပ်ပေါင်းစုက မန္တလေးကို ပြန်လည်အုပ်စီး ခဲ့သည်။ မြို့သိမ်းတပ်၏ရှေ့တန်းကွပ်ကဲရုံးက လက်ဆည်ကန်အရပ်ရှိ…
Read Moreဂျပန်တံတားအဆင်း ဒေါပုံဘက်ခြမ်းမှာ လုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး Grab Biker ပို့သူတွေပါလုယက်ခံနေရ
မတ် ၁၇ – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့၊ဂျပန်တံတားအဆင်း ဒေါပုံဘက်ခြမ်းမှာ လုယက်မှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး လုယက်ခံရမှုတွေလည်းအများအပြားရှိနေတယ်လို့ သာကေတနဲ့ ဒေါပုံမြို့နယ်အတွင်းမှာ နေထိုင်သူတွေရဲ့ ပြောပြမှုအရ သိရပါတယ်။ မတ်လ ၁၆ရက် မနေ့ ေန့လယ်မှာ ပုဇွန်တောင်မြို့နယ်ဘက်ခြမ်းနဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ အဲဒီဂျပန်တံတားအနီးမှာ Grab Biker ပို့သူတွေကအစ လုယက်ခံနေရတဲ့ ဗီဒီယိုဖိုင်တခုဟာလည်း Facebook လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လာခဲ့ပြီး ဒီလုယက်မှုကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်မှတ်ချက်ပြုမှုတွေဟာလည်း အမျိုးမျိုးထွက်ပေါ်လို့လာခဲ့ပါတယ်။ “ဟုတ်တယ်ဗျာ့၊အိမ်ကအမေဆို ခဏ ခဏ ပြောတယ်။အဲဒီတံတားအဆင်းမှာ လုယက်မှုတွေရှိနေတယ်။အလုခံရတာတွေဖြစ်တယ် ပြောတယ်။အဲဒီတံတားဘက်ကို သွားရင် သတိထားဖို့ ဂရုစိုက်ဖို့ အိမ်ကအမေကတော့ သတိအမြဲပေးတယ်”လို့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတယောက်က VOM ကို ပြောပါတယ်။ ဒီနေ့ Facebook လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ လုယက်မှုဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ မျက်မြင်တွေ့သူတွေနဲ့ ဒေသတွင်းသတင်းတွေအရ…
Read Moreမြောက်မက်ဆီဒိုးနား နိုက်ကလပ်မီးလောင်မှု ၅၉ ယောက်သေပြီး ၁၅၀ ကျော်ဒဏ်ရာရ
စကော့ပီရာချ်၊ မတ်-၁၇-၂၀၂၅ ရတီ(VOM) မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှာ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၅၉ ယောက်သေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မီးလောင်မှုဟာ မြို့တော်စကော့ပီရာချ်အရှေ့ဘက် ကီလိုမီတာ ၆၀ အကွာရှိ Pulse club မှာ မနက် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ချိန်မှာ နာမည်ကြီး ဟစ်ဟော့ဂီတအဖွဲ့ဖြစ်တဲ့ DNK ဖျော်ဖြေနေပြီး လူ ၁၅၀၀ လောက် ရှိနေချိန်ဖြစ်ပါတယ်။ လူငယ်များစွာ အသက်ဆုံးရှုံးရတဲ့အတွက် လွန်စွာဝမ်းနည်းကြောင်းဝန်ကြီးချုပ် မစ်ကိုစကီကပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူလေးယောက်ကို ဖမ်း၀ရမ်းထုတ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။ နိုက်ကလပ်ပိုင်ရှင်အပါအဝင် လူ ၁၀ ယောက်ကို ဖမ်းဆီးထားတယ်လို့ သတင်းဌာနတွေကဆိုပါတယ်။ မီးလောင်မှုဟာ မျက်နှာကျက်တွေမှာရှိနေတဲ့ စက်ပစ္စည်းအသေးစားတွေကနေ စတင်လောင်ကျွမ်းခဲ့တာလို့ ကနဦးအစီရင်ခံစာတွေက ဆိုပါတယ်။ လူတွေဟာ အပြင်ကိုထွက်ရမယ့်အစား…
Read Moreအေးအေးချမ်းချမ်း၊ ရွှေမန်းတောင်ရိပ်ခို …. သင်္ကြန်
ဆူးငှက် မန္တလေးသင်္ကြန်၌ ခြေကျင် (သို့မဟုတ်) စက်ဘီးကိုယ်စီနှင့် မြို့မနောက်တကောက်ကောက်လိုက်လိုလိုက် …။ ချစ်ပန်းနွယ်တို့ ရွှေမန်းမေတို့ရှေ့တွင် မော့လိုမော့ ….။ ဗိုလ်သခင်ဆရာတို့၊ ဒိုးဒိုးဒေါက်ဒေါက်တို့၊ ဒဿဂီရိတို့လို သံချပ်အသင်းတွေဘေးငေးလိုငေးနှင့် သင်္ကြန်မရောက်ခင် တီးလုံးတိုက်ကြကတည်းက ရင်ခုန်၊ သင်္ကြန်တွင်း ၄ ရက်လုံးမမောမပန်းလည်ပတ်၊ သင်္ကြန်ပြီးတော့ လွမ်းလွမ်း ဆွေးဆွေးနှင့် နှမြောတသပြီ၊ နောက်နှစ်သင်္ကြန်ရောက်ဖို့ ၃၆၄ ရက်ပဲလိုတော့တယ်ဟု အသစ်တစ်ဖန်ပြန်လည်မျှော်လင့်ခဲ့ကြရသော ကျွန်တော်တို့မိတ်ဆွေများသည် ၁၉၈ဝ ဝန်းကျင်မှာတော့ အသီးသီးအသက၊ အသက ၊ မန္တလေးက ခွဲခွာသွားကြရသည်။ အသက် ၂ဝ နှင့် ၃ဝ အတွင်းတွေဆိုတော့လည်း ယုံကြည်ရာ၊ တာဝန်ရှိရာ၊ ရေကြည်ရာမြက်နုရာတွေဆီ ထွက်ခွာသွားကြသည့်သဘောဖြစ်သည်။ ဤသို့ဖြင့် ၁ဝ နှစ်၊ အနှစ် ၂ဝ။ ထို့နောက် ၂၅ နှစ်…..။…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
မတ် ၁၇ – ၂၀၂၅ SS (VOM) ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာဈေးကတော့ ဆက်လက် ကျဆင်းနေပြီး ၄၄၀၀ အောက်ကို ရောက်ရှိလာပါတယ်။ အဲဒီလိုပဲ စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီအမျိုးအစားအားလုံး ဈေးဆက်ကျနေတာကို တွေ့ရပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးပြန်ကျနေပြီး တချို့ ကုန်စည်တွေကတော့ ဈေးထပ်တက်နေပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ဒီတပတ် ပြည်တွင်းက ပြင်ပ ရွှေဈေးကွက်ထဲမှာလည်း ဈေးနှုန်းတွေက အတက်ဘက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ မတ် ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ တပတ်တာအတွင်း အမြင့်ဆုံးဈေးအဖြစ် ကျပ် ခြောက်ဆယ့်ခုနစ်သိန်းခွဲ ဝန်းကျင်ကို ရောက်ရှိခဲ့တာပါ။ “ကမ္ဘာ့ရွှေဈေးက ဒီတပတ်မှာ သမိုင်းဝင် စံချိန်တင်ဈေးတန်းကို ရောက်ခဲ့တာ။ တအောင်စ ဒေါ်လာ ၃၀၀၀ ကျော်အထိကို…
Read Moreနောင်ချိုဗုံးကျဲခံရပြီး သေဆုံးသူ ၁၄ ယောက်ထိရှိလာ
မတ် ၁၆ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်မှာ ဒီနေ့မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး နောင်ချိုမြို့ရှိ ပရိယတ္တိစာသင်တိုက်ပေါ်ကို ကျရောက်ခဲ့ကြောင်း ၊ သံဃာကိုးပါးနဲ့လူ ငါးယောက် သေဆုံးမှုရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ “သေဆုံး ၁၄ ယောက်မှန်ပါတယ်။ ဗုံးကျဲတာတော့ လေးကြိမ်လည်းမှန်ပါတယ် ” လို့ မြေပြင်ဒေသခံနဲ့အချိတ်ဆက်ရှိသူကပြောပါတယ်။ နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး TNLA ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ လေကြောင်းတိုက်ခိုက်မှုက နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ပေါ်ကို ဗုံးလေးလုံးကျဲချခဲ့ကြောင်း ၊ စက်သေန တ်တွေနဲ့လည်း ကျဲချပစ်ခတ်ခဲ့ကြောင်း ၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လူအများအပြားထိခိုက်မှုရှိပြီး နေအိမ်နဲ့ ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။ ထိခိုက်မှုနောက်ဆက်တွဲအခြေအနေကို ထပ်မံဖော်ပြသွားမယ်လို့ အသိပေးထားတာတွေ့ရပြီး နစကဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။ ဇန်နဝါရီ ၂၁…
Read Moreယီမင်အခြေစိုက် ဟူသီသူပုန်တွေကို လေကြောင်းအကြီးအကျယ်တိုက်ခိုက်မှု အမေရိကန် စတင်
ဝါရှင်တန်၊ မတ်-၁၆-၂၀၂၅ မျိုးဆက်(VOM) ယီမင်အခြေစိုက် ဟူသီသူပုန်တွေကို လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက်မှု စတင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဟူသီအဖွဲ့ဟာ ပင်လယ်နီမှာ သင်္ဘောတွေကို တိုက်ခိုက်နေပြီး အီရန်ကျောထောက်နောက်ခံပြု အမေရိကန်လေယောဉ်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တွေကို ဒုံးကြည်တွေနဲ့ တိုက်ခိုက်နေပြီး သူတို့ရဲ့လုပ်ရပ်တွေကြောင့် ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးပြီး အသက်များစွာ ဆုံးရှုံးနေတယ်လို့ ထရန့်ကပြောပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက်သေဆုံးခဲ့ပြီး ကိုးယောက်ဒဏ်ရာရခဲ့တယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။ ဂါဇာစစ်ပွဲစတင်ကတည်းက ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပင်လယ်နီသင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ ဟူသီအဖွဲ့ကတော့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။ ဆော်ဒီအာရေဗျနဲ့ ထိစပ်နေတဲ့ ဆာဒါပြည်နယ်မှာ စနေနေ့ညပိုင်းက ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဟူသီတို့က ဆိုပါတယ်။ ဒီအဖွဲ့ဟာ ဆာနားနဲ့ ယီမင်အနောက်မြောက်ဘက်တို့ကို ထိန်းချုပ်ထားပေမယ့် နိုင်ငံတကာက အစိုးရအဖြစ်…
Read Moreရွှေစာရံဘုးရားပွဲတော်ကိုလာတဲ့ ဘုရားဖူးကား အပြန်မှာ ကားမှောက်လို့ လူ ခြောက်ယောက်သေဆုံး
မန္တလေး၊ မတ်- ၁၆ – ၂၀၂၅ SA(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာကနေ၊ ရွှေစာရံစေတီတော်ဘုးရားပွဲကို လာရောက်လည်ပတ်တဲ့ Double cup 4WD အမျိုးအစား ဘုရားဖူးကားတစီးဟာ မနေ့ မတ်လ ၁၅ ရက်နေ့ညနေပိုင်းက ဘုရားပွဲကအပြန် စဥ့်ကိုင်မြို့နယ်၊ စိုက်ပျိုး ရေးကျေးရွာအနီးမှာ ယာဥ်တိမ်းမှောက်ပြီး လူခြောက်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ မနေ့ မတ်လ ၁၅ ရက်နေ့ညနေပိုင်းအချိန် ရွှေစာရံစေတီတော် ဘုရားပွဲတော်ကနေ ပြင်ဦးလွင်ကို ပြန်တဲ့အချိန် လမ်းမှားပြီး ရွှေစာရံ – ကျောက်ဆည် လမ်းပေါ်ကို ရောက်သွားကာ စိုက်ပျိုးရေးကျေးရွာအနီးမှာ ခွေးဘီးလူးကားတစီးကို တိမ်းရှောင်ရင်း ရေမြောင်းထဲကို အဲ့ဒီမော်တော်ကားက ထိုးကျပြီး နေရာမှာတင် အမျိုးသားတစ်ယောက်၊ ကလေးနှစ်ယောက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ကျနော်တို့အသင်းရောက်တော့ တချို့တဝက်ကို ပြည်သူတချို့ကလည်း ကိုယ့်ကားတွေနဲ့ ပို့ပေးတာရှိတာပေါ့၊ နေရာမှာတင်…
Read MoreVOA/RFA သတင်းဌာနတွေ အပါအဝင် အစိုးရအေဂျင်စီဌာနအချို့က ဝန်ထမ်းတွေကို လျှော့ချဖို့ ကန်သမ္မတ အမိန့်တရပ်ထုတ်ပြန်
မတ် ၁၆ – ၂ဝ၂၅ KKO(VOM) VOA/RFA သတင်းဌာနတွေ အပါအဝင် အစိုးရအေဂျင်စီဌာနအချို့က ဝန်ထမ်းတွေကို အဆုံးစွန်ဆုံးလျှော့ချဖို့ဆိုတဲ့ အမိန့်တရပ်ကို အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်ပါတယ်။ ကန်သမ္မတထရန့် ရဲ့ဒီအမိန့်အသစ်ဟာ VOA နဲ့ RFA တို့ရဲ့ခေါင်းကိုင် အေဂျင်စီအဖွဲ့ကြီးဖြစ်တဲ့ USAGM (United States Agency for Global Media)ကို တခြားအေဂျင်စီအချို့နဲ့အတူ အမေရိကန်ဖက်ဒရယ်ဗြုရိုကရေစီအုပ်ချုပ်ရေးရဲ့မလိုအပ်တဲ့ကဏ္ဏ/အဖွဲ့အစည်းတွေ အဖြစ်သတ်မှတ်ပြီး ဖျက်သိမ်းရမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က အခုမတ်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ် နေ့စွဲနဲ့ကြေငြာချက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ ထရန့်ရဲ့ဒီအမိန့်အသစ်တရပ်ထွက်ပေါ်လာအပြီးမှာ ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနရဲ့ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဥ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန် လည်ထုတ်လွှင့်သွားမယ်လို့ VOA သတင်းဌာနကြီးက ထုတ်ပြန်ကြေညာထားတာကိုလည်း တွေ့ရပါတယ်။ RFA…
Read More