နိုဝင်ဘာ ၇ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်အတွင်း မိုဝင်ဘာ ၂ရက်နေ့က အနုကြမ်းစီးမှု ကျူးလွန်ပြီး အမျိုးသားတယောက်ကိုပါ သတ်ဖြတ်ခဲ့သူတွေကို သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိပြီလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်း ထုတ်ပြန်ထားပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့၊ မနက် ၇ နာရီခွဲဝန်းကျင်က လမ်းမတော်မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ (၂) လမ်းရှိ မြေညီထပ် တိုက်ခန်းတခန်းအတွင်း ဖြစ်ခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်မှာ ဝင်ရောက်ကူညီသူ အသက် (၆၃) နှစ်အရွယ် ဦးထွန်းထွန်းရီ ဓားထိုးခံရပြီး သေဆုံးခဲ့ကာ ကျူးလွန်သူတွေက ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ “ကျူးလွန်သူ သုံးယောက်မှာ တယောက်ကို အရင်မိတယ်။ ကွင်းဆက်အရလိုက်ရင်း နောက်ထပ်နှစ်ယောက်ကိုပါ…
Read Moreရန်ကုန်မြို့က Shopping Mall တွေနဲ့ ဈေးတွေမှာ အရောင်းအဝယ် အေးလာတာကြောင့် ဆိုင်ပိတ်သိမ်းမှု များလာ
နိုဝင်ဘာ ၈ – ၂၀၂၆ SN (VOM) ရန်ကုန်မြို့က နာမည်ကြီး Shopping Mall တွေနဲ့ ဈေးတွေမှာ အရောင်းအဝယ်တွေ အေးလာပြီး အထွေထွေ ကုန်ကျစရိတ်တွေ များပြားလာတာကြောင့် ဆိုင်ခန်းတွေ ပြန်လည်အပ်နှံတာ၊ ဆိုင်ခန်း ပြန်လည်ရောင်းချတာ၊ ဆိုင်ပိတ်သိမ်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ စီးပွားရေး အကျပ်အတည်းတွေကြောင့် ဈေးဝယ်ယူသူ သိသိသာသာ လျော့နည်းလာပြီး လစဉ်ဆိုင်ခန်းခ၊ မီတာခ၊ ဝန်ထမ်းစရိတ်၊ ဝန်ဆောင်ခ စတဲ့ အထွေထွေ ကုန်ကျစရိတ်တွေနဲ့ တွက်ခြေမကိုက် ဖြစ်လာတာကြောင့် ဆိုင်ခန်းပိတ်သိမ်းမှုတွေ ပိုမို များပြားလာနေတယ်လို့ သိရပါတယ်။ “အရင်ကဆို ရုံးပိတ်ရက်တင်မကဘူး၊ ကြားရက်တွေမှာတောင် လူစည်ပြီး အရောင်းအဝယ် ဖြစ်သေးတယ်။ အခုနောက်ပိုင်းကျတော့ Shopping Mall ထဲမှာ လူတွေက လာတော့လာကြတယ်၊ ဒါပေမယ့် လေအေးပေးစက် အအေးခံတာနဲ့ စားသောက်ဆိုင်တန်းတွေလောက်ပဲ လူရှိတော့တာ။…
Read Moreသူတို့အိမ် အခန်း (၂၅၆)
ဆူးငှက် နိုင်ငံခြား သွားချင်တဲ့ ရောဂါ —————————— ၂၀၀၅ခုနှစ်က ကျွန်တော် မီဒီယာကြီးတစ်ခုတွင် မန္တလေးရုံခွဲ တာဝန်ခံအဖြစ် အလုပ်ကို စတင်လက်ခံစဉ် အကြီးအကဲက မေးသည့် မေးခွန်းတစ်ခုကို သတိရမိသည်။ “ကိုဆူးငှက် ခင်ဗျားနိုင်ငံခြားသွားချင်တဲ့ ရောဂါရှိလားဗျ” ဟူသော မေးခွန်း ဖြစ်သည်။ ကျွန်တော်ကလည်း မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်။ “မရှိဘူးဗျ၊ ဒါကြောင့်လည်း နိုင်ငံခြားသွားရမယ် ဆိုရင် ဘယ်နည်းနဲ့ သွားရသွားရဆိုပြီး ကြိုးပမ်းတာမျိုးလည်း မရှိခဲ့ပါဘူး” ဟု ဖြေခဲ့သည်။ ဟုတ်သည်။ ၂၀၀၀ခုနှစ် ဝန်းကျင်ကလည်း ဆရာလူထုဦးစိန်ဝင်းက ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် တိုင်ပင်ပြီး ကျွန်တော့်ကို နိုင်ငံခြားက သင်တန်းတစ်ခု လွှတ်ဖို့ စီစဉ်ဖူးသည်။ ကျွန်တော်က အကြောက်အကန် ငြင်းခဲ့သည်။ ဆရာလူထုဦးစိန်ဝင်းက ကျွန်တော့်ကို နားမလည်သလို ကြည့်သည်။ သည့်နောက် ဘန်ကောက်မှာ ချင်းမိုင်မှာ ကမ္ဗောဒီးယားမှာ သင်တန်းတွေ သွားတက်ကြတော့ ကျွန်တော့်ကိုလည်း…
Read Moreပခုက္ကူမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောပိုးရှိသူ ၂ဦးတွေ့
ပခုက္ကူ -နိုဝင်ဘာ ၅-၂၀၂၆ NP(VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးတွမှာ မန္တလေးမြို့က ပြန်လာတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရပါတယ်။ “ရောဂါပိုး တွေ့ရှိသူ ၂ ဦးက မန္တလေးမြို့ကနေ သီးခြားစီ ပြန်လည်ရောက်ရှိလာကြသူတွေဖြစ်တယ် ရောဂါလက္ခဏာ စတင်ပြသတဲ့ ရက်စွဲလည်း မတူပါဘူး” လို့ ပခုက္ကူခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဖြစ်စဉ်က အသက် (၃၇) နှစ်အရွယ် ခရီးသွား အမျိုးသမီးတဦးကနိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးမြို့ကနေ မြိုင်မြို့ကို ပြန်လာစဉ် မြင်းခြံမြို့မှာ ထမင်းစားအပြီး မကြာခဏ ဝမ်းသွားတဲ့ လက္ခဏာနွေ စတင်ခံစားနေရတယ် အလားတူ ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၅၃) နှစ်အရွယ် အမျိုးသားက နိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးမြို့ကနေ ပြန်လည်ရောက်ရှိလာပြီးနောက်…
Read Moreသူတို့အိမ် အခန်း (၂၅၅)
ဆူးငှက် မြေကြောင့် ချမ်းသာလာကြတယ် ———————————– တကယ်တော့ သရက်ကုန်းရပ်ကွက်တွင် ရွာနေပြည်ထိုင် ကနဦးနေထိုင်ကြသူများက ရိုးသားကြပါသည်။ အများစုက လက်လုပ်လက်စားများ ဖြစ်သည်။ လက်လုပ်လက်စားများဘဝမှ လုပ်ရည်ကိုင်ရည်ဖြင့် ကြီးပွား တိုးတက်ကြသူများလည်း ရှိသည်။ ထို့ပြင် လက်ထဲ ငွေစကြေးစလေးများ ရှိလာသောအခါ ရပ်ကွက်ထဲက မြေကလေးတွေ ဝယ်ထားသူများကလည်း အသစ်ရောက်လာသူများက ဝယ်ကြလို့ အမြတ်အစွန်းတွေရလာကြပြီ။ ဆိုပါတော့ ရပ်ကွက်လေး လိမ့်လိမ့်လဲလဲ ကသောင်းကနင်း ဖြစ်စဉ်က ကြောက်လန့်ပြီး ငွေပေါ်ရောင်းကြသူများထံက မြေအကျယ်အဝန်းအလိုက် ၃သိန်းမှသည် ၁၀သိန်းအထိ ဝယ်ထားသူများက ၂၀၁၃ – ၁၄ ဝန်းကျင် ဂရန်တွေ ချပေးမည်ဆိုသောအခါ ဆယ်ကြီးဂဏန်းတွေ ရကုန်သည်။ တဖန် ပိုမို အမြင်ကျယ်သူက ၃သိန်း ၄သိန်းလောက်နှင့် ဝယ်ထားသော မြေပေါ်တွင် ၂ထပ်တဲကြီးတွေ ထိုးကာ ၈ပေပတ်လည်အခန်းတွေဖွဲ့ပြီး အဆောင်ဖွင့် ငှားစားကြသည်။…
Read Moreလွတ်ငြိမ်းထောင်ထွက်လား? စစ်ပြန်ကြီးလား?
(ထောင်တံခါးနောက်မှ ဘဝတံခါးရှေ့သို့) ဒေါက်တာဖိုးဖြူ (ကော်ပိုရိတ် ဥပဒေဒါရိုက်တာ) ၁။ ထောင်ကလွတ်လာတာနဲ့ ဘဝဟောင်းကို ပြန်ရပြီလား? မိတ်ဆွေ- အခုလောက်ဆို အိမ်ပြန်ရောက်လောက်ပြီ ထင်ပါတယ်။ အပန်းဖြေလိုက်ပါဦး။ လွတ်ရက်စေ့လို့လား၊ ခံဝန်နဲ့လား၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့လား။ ဘယ်လိုပဲလွတ်လွတ် ထောင်အုတ်ရိုးထဲကနေတော့ အပြင်ကို ရောက်လာခဲ့ပြီပေါ့။ ထောင်ထွက်လက်မှတ်လေးကို ပလတ်စတစ်ကတ်လောင်းပြီး သိမ်းထားချင်လည်း သိမ်းထားပါ။ ဒါပေမဲ့ အဲဒီကတ်လေးကို ကိုယ့်ဘဝတစ်ခုလုံးရဲ့ အမည်နာမအဖြစ်တော့ မသတ်မှတ် လိုက်ပါနဲ့။ ထောင်တံခါး ပြန်ပွင့်လာတဲ့နေ့မှာ အပြင်လောကက ပုံမှန်အတိုင်း ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘဝကတော့ အရင်အတိုင်း မဟုတ်တော့ပါဘူး။ မိဘတွေ အိုမင်းသွားပြီ။ ကလေးတွေ ကြီးပြင်းလာပြီ။ မိတ်ဆွေတချို့ မရှိတော့ဘူး။ အလုပ်အကိုင်တွေလည်း ပြောင်းလဲသွားပြီလေ။ ဒါကြောင့် ထောင်ကလွတ်လာတာဟာ ဘဝဟောင်းကို ပြန်ရတာထက်၊ ဘဝသစ်တစ်ခုကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးရလာတာလို့ မှတ်ယူလိုက်ပါ။ ၂။ အရေးတော်ပုံတိုင်းကို မျိုးဆက်တစ်ဆက်တည်းနဲ့ အဆုံးအဖြတ်ပေးနိုင်သလား?…
Read Moreရွှေထည်ပစ္စည်းတွေ အွန်လိုင်းက ရောင်းချမှုကို ကန့်သတ်တာဟာ မှောင်ခိုဈေးကွက်ကို ပိုပြီး ကြီးထွားစေနိုင်
နိုဝင်ဘာ ၄ – ၂၀၂၆ SS (VOM) ရွှေနဲ့ ရွှေထည်ပစ္စည်းတွေကို အွန်လိုင်းမှတဆင့် ရောင်းချမှုကို ကန့်သတ်တာဟာ ဈေးကွက်ကို ယာယီအားဖြင့် ငြိမ်သက်သွားစေနိုင်ပေမယ့် ပြင်ပဈေးကွက်မှာ တရားမဝင် မှောင်ခို အရောင်းအဝယ်တွေ ပိုမို ကြီးထွားလာနိုင်တဲ့ စိန်ခေါ်မှုတွေလည်း ရှိလာနိုင်တယ်လို့ စီးပွားရေး လေ့လာသူတွေနဲ့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ နိုင်ငံတော်မှ လတ်တလော ထိန်းကျောင်းနေတဲ့ ဒေါ်လာ၊ ရွှေနဲ့ ကားဈေးနှုန်းတွေ တည်ငြိမ်စေရေး ဆောင်ရွက်မှုကို ပံ့ပိုးနိုင်ဖို့အတွက် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာအပြင် ရွှေ၊ ရွှေကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းကို ယာယီခွင့်မပြုဘူးလို့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) က မနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ အသိပေးချက် ထုတ်ပြန်ထားတာပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က…
Read Moreသိန္နီမှာ ကိုးကန့်အဖွဲ့က အိမ်ထောင်စု စာရင်းကို ကြည့်ပြီး တအိမ် တယောက် စစ်မှုထမ်းကောက်
နိုဝင်ဘာ ၄၊ ၂၀၂၆ Shy V (VOM) သိန္နီမှာ ကိုးကန့် MNDAA တွေက သူတို့ လုပ်ထားပေးတဲ့ အိမ်ထောင်စု စာရင်းကို ကြည့်ပြီ တအိမ် တယောက် စစ်မှုထမ်း ကောက်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကိုးကန့်တွေ သန္နီမှာ စစ်မှုထမ်းကောက်နေတယ်။ တအိမ်တယောက် မပါမဖြစ် တာဝန်ထမ်းရမယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့က ပြုလုပ်ပေးထားတဲ့ အိမ်ထောင်စု စာရင်းကိုကြည့်ပြီး စစ်မှုထမ်း ကောက်နေတာလို့ သူက ပြောပါတယ်။ “မနေ့က စကောက်နေတာ။ ရပ်ကွက် အုပ်ချုပ်ေရးမှူးတွေကို ခေါ်ပြောနေပြီလို့ သိရတယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ ဒေသခံ မဟုတ်တဲ့သူေတွတော့ မပါဘူးလို့ သိရတယ်လို့ သူက ပြောပါတယ်။ အရင်ကကျတော့…
Read Moreဒေါ်လာစျေး အတက်ဘက်ရောက်နေချိန် ဗဟိုဘဏ်က ပြည်ပထွက်ခွာသူတွေကို ဒေါ်လာ ၅၀၀ အထိ ရောင်းချပေးနေ
နိုဝင်ဘာ ၄ – ၂၀၂၆ SN (VOM) လက်ရှိ နိုင်ငံခြားငွေလဲ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး အတက်ဘက်ကို ရောက်ရှိနေချိန်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြည်ပ ထွက်ခွာသူတွေအတွက် တယောက်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၅၀၀ အထိ ရောင်းချပေးနေတယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။ ပြည်ပထွက်ခွာမယ့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားငွေ အလွယ်တကူ ဝယ်ယူနိုင်ဖို့နဲ့ တရားမဝင် ငွေလဲလှယ်သူတွေရဲ့ ဈေးကစားမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ရန်ကုန်လေဆိပ်နဲ့ AD လိုင်စင်ရဘဏ် Money Changer ကောင်တာတွေမှာ နိုင်ငံခြားငွေကို ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့နဲ့ ဘုရားဖူးသွားရောက်ဖို့ ထွက်ခွာမယ့်သူတွေအပြင် ပြည်ပနိုင်ငံအစိုးရနဲ့ အသင်းအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ဖို့ ထွက်ခွာမယ့်သူတွေကို နိုင်ငံခြားငွေ ရောင်းချပေးနေတာဖြစ်ပြီး ငွေလဲနှုန်းကတော့ ဗဟိုဘဏ်က နေ့စဉ်…
Read Moreဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ NSPNC အဖွဲ့ “ဝ” နဲ့ မိုင်းလား ဒေသတွေကိုသွားရောက်ဆွေးနွေး
နိုဝင်ဘာ ၄၊ ၂၀၂၆။ NN(VOM) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အဖွဲ့ တာဝန်ရှိသူတွေဟာ အခုရက်ပိုင်း အတွင်း မိုင်းလားနဲ့ “ဝ” တပ်ဖွဲ့ထိန်းချုပ်ဒေသတွေကို သွားရောက်ခဲ့တယ်လို့ မိုင်းလားနဲ့ “ဝ” တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန် ပါတယ်။ NSPNC အဖွဲ့ဟာ အခုလ ၁ ရက်နေ့ မှာ မိုင်းလားဒေသကို သွားရောက်ခဲ့ပြီး မိုင်းလားအထူးဒေသ (၄) ဥက္ကဋ္ဌ ဦးထိန် လင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ “နယ်စပ်တည်ငြိမ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးနဲ့ ဒေသဖွံ့ ဖြိုးရေးကိစ္စတွေကို အဓိကဆွေးနွေးခဲ့တယ်” လို့ မိုင်းလားတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ပါတယ်။ မိုင်းလားဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ကိုလည်း ဆွေးနွေးခဲ့ပြီး မိုင်းလားဒေသရဲ့ ရေအားလျှပ်စစ်လုပ်ငန်းတွေကိုလည်း လေ့လာခဲ့တယ်လို့ တွေ့ဆုံပွဲအကြောင်း သိရှိသူတွေထံကနေ သိရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့အဖွဲ့ဟာ…
Read More




