နိုဝင်ဘာ ၁၀ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့နယ်တချို့မှာ အယ်လ်နီညိုကြောင့် အချိန်အခါမဟုတ် မိုးဆက်တိုက်ရွာသွန်းလို့ ရေကြီးရေလျှံမှု ဖြစ်နေတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့နဲ့ ကလောမြို့မှာဆိုရင် နိုဝင်ဘာ ၉ ရက်နေ့ကတည်း ဒီနေ့အထိ မိုးအဆက်မပြတ်ရွာနေတာကြောင့် ချောင်းရေတွေ မြင့်တက်ပြီး ရပ်ကွက်တွေနဲ့လမ်းမတွေ ရေကျော်နေပါတယ်။ ကလောမြို့မှာဆိုရင် ပလောင်စျေး အပြင် အမှတ် ၂ ရပ်ကွက် နဲ့ အမှတ် ၄ ရပ်ကွက် တွေမှာ ရေကြီးနေပြီး တောင်စောင်းတွေမှာ မြေသားနိမ့်ကျတာတွေ ဖြစ်နေပြီး၊ ကလော – တောင်ကြီးလမ်းမှာလည်း မြေသားပြိုကျလို့ လမ်းယာယီပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောင်ပန်းမြို့ အောက်စျေးအပါအဝင် လူနေရပ်ကွက်တွေထဲမှာပါ ရေတွေဝင်ရောက်နေသလို လွိုင်လင်မြို့နယ်မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်လင်မြို့နယ်မှာဆိုရင်…
Read Moreနေပြည်တော်မှာ ပဒေသာပင်ပို့ပြီး ပြန်လာတဲ့သုံးဘီးကားမှောက်
နိုဝင်ဘာ ၁၀ ၊ ၂၀၂၆ CC (VOM) နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ၊ ပေါင်းလောင်းမြစ်ကူးတံတားအဆင်းမှာ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက်က သုံးဘီးကားတစီးတိမ်းမှောက်ပြီး နှစ်ယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ သုံးဘီးကားဟာ ကထိန်ပွဲအတွက် ပဒေသာပင်တွေပို့ပြီးပြန်အလာ၊ တံတားအဆင်းမှာ အရှိန်များပြီး တံတားပေါ်ကနေ ကျော်ကျ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ “သုံးဘီးမှောက်သွားတဲ့အထဲ ငါးယောက်ပါသွားတယ်။အဲ့ဒီထဲကမှ နှစ်ယောက်က ကုတင် ၁၀၀၀ ဆေးရုံအရောက်မှာ ဆုံးတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ” လို့ လူမှုကရုဏာရှင် (ခေါမ) အသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ သေဆုံးသူတွေက အသက် ၃၉ နှစ်အရွယ် ယာဥ်မောင်း၊ ၃၅နှစ်အရွယ် ကားပေါ်ပါ အမျိုးသားတို့ဖြစ်ပြီး ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ နေသူတွေလို့ သိရပါတယ်။ ဒဏ်ရာရှိသူတွေကတော့ မစိုးရိမ်ရ…
Read Moreဂျာမနီသံရုံး ယာယီတာဝန်ခံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးတာခံရ
နိုဝင်ဘာ ၁၀ ၊ ၂၀၂၆ CC (VOM) ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ရုပ်သံရိုက်ကူးပြီး ထုတ်လွှင့်ခဲ့တဲ့ ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ခေါ်ယူသတိပေးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဦးဝင်းမြင့်ရဲ့ တာမွေက နေအိမ်ရှေ့မှာ ရိုက်ကူးခဲ့တဲ့ အဆိုပါ ရုပ်သံဖိုင်မှာ ” ဦးဝင်းမြင့်နဲ့တွေ့ဖို့ ခွင့်ပြုချက်လိုအပ်တယ်လို့ နေပြည်တော်ဘက်က ကျွန်တော့်ကိုပြောတယ်။ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့တာ ဒီအချိန်ခြောက်လကျော်ကြာခဲ့ပေမယ့် အခုချိန်ထိ ကျွန်တော်ခွင့်ပြုချက်မရသေးပါဘူး။ ဒီအချိန်မှာကောက်ချက်ချနိုင်တာတခုက ဦးဝင်းမြင့်အမှန်တကယ်မလွတ်လပ်သေးပါဘူး။ သူတွေ့ချင်တဲ့သူနဲ့လွတ်လပ်စွာတွေ့မရှိသလို တခြားသူတွေနဲ့လည်း လွတ်လပ်စွာဆက်သွယ်ပြောဆိုခွင့်မရှိပါဘူး ” ဆိုပြီးမစ္စတာ မာသီးရက်စ် လေရှာ့စ် ပြောထားပြီး၊ ဂျာမနီသံရုံး ရဲ့စာမျက်နာကနေ ထုတ်ပြန်ခဲ့တာပါ။ ရုပ်သံဖိုင်ကို နိုဝင်ဘာ ၈…
Read Moreသူတို့အိမ် အခန်း (၂၅၈)
ဆူးငှက် တီးလုံးဆန်းရဲ့ ပါရဂူ =========== စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာက ၁၉၁၅ခုနှစ် နိုဝင်ဘာလ ၂၉ရက်မှာ မွေးဖွားသူ ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ခုနှစ် နိုဝင်ဘာဘ ၂၉ ရက်နေ့မှာ အနှစ်၁၀၀ တင်းတင်းပြည့်သည်။ လူထုဒေါ်အမာ အနှစ်၁၀၀ ပြည့်ကို ခမ်းခမ်းနားနားနှင့် အမှတ်တရ ကျင်းပနိုင်ရေးအတွက် လူထုမိသားစုနှင့်အတူ စာရေးဆရာများ ဖြစ်ကြသော ညီစေမင်း၊ သိုက်ထွန်းသက်၊ ကျော်ရင်မြင့်၊ ဆူးငှက်၊ သင့်နော်၊ ကိုမင်းယာ နှင့် အောင်မြင့်ဦး (လူထုစာကြည့်တိုက်မှူး) တို့ ပါဝင် ဆွေးနွေးကြသည်။ လူထုမိသားစု အနေနှင့် သမီးကြီး ဖြစ်သူ ပါမောက္ခ ဒေါက်တာ ဒေါ်သန်းရင်မာ (ဒေါက်တာမြမဉ္ဇူ) ၊ သမီးလတ် ဒေါ်တင်ဝင်းနှင့် သားငယ် ဆရာညီပုလေးတို့ က ဦးဆောင် ဆွေးနွေး ကြသည်။ လူထုဒေါ်အမာ အနှစ်၁၀၀ပြည့်…
Read Moreကနီ နဲ့ဝက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ရှစ်ယောက်သေ ၊ ၁၀ ယောက်ထိခိုက်ဒဏ်ရာရ
နိုဝင်ဘာ ၈ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် နဲ့ ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်သေဆုံးကာ ၁၀ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က နိုဝင်ဘာ ၇ ရက်နေ့ ၊ မနက် ၁၁ နာရီခွဲလောက်က NUG ထိန်းချုပ်တဲ့ ညောင်ပင်လယ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ၁၅ ယောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ” ကနီလေကြောင်းတိုက်ခိုက်မှုမှာ ကနဦးသိရတာ အမျိုးသားငါးယောက်နဲ့ အမျိုးသမီးသုံးယောက်ဆုံးတယ်။ ထပ်ဆုံးတာရှိတယ်ဆိုပေမယ့် အတည်မပြုနိုင်သေးဘူး။ ဒဏ်ရာရတဲ့အထဲမှာတော့ စိုးရိမ်ရသူတွေရှိတယ်လို့ သိရတယ်။ ဝက်လက်ကတော့သေဆုံးမရှိဘူး။ ဒဏ်ရာရသူပဲရှိတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဝက်လက်မြို့နယ် ၊ အရှေ့မြောက်ခြမ်း၊ စခန်းသာရွာ မြောက်ဘက် တောထဲမှာလည်း မနေ့က လေယာဥ်နဲ့ ဗုံးကြဲခံရပြီး လူသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး…
Read Moreထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်း အတုတွေ မြန်မာပြည်မှာ ပြန့်နှံ့နေပြီလား
စိမ်းနု (VOM) လူမှုကွန်ယက်သုံးနေတဲ့ မဝါဝါတစ်ယောက် ကြည့်နေတဲ့ အွန်လိုင်းရှော့ပင်း တခုက ကြေငြာထားတဲ့ ထိုင်းနိုင်ငံထုတ် အမျိုးသမီးဝတ် ဘော်လီ ဈေးနှုန်းတွေကို ကြည့်ရင်း အံဩနေပါတယ်။ သိပ်မကြာခင်က ထိုင်းနိုင်ငံက ပြန်ခဲ့ပြီး အဲ့ဒီအမှတ်တံဆိပ်ကိုပဲ ဝယ်လာတာ မြန်မာကျပ်ငွေငါးသောင်းနားရှိခဲ့ပါတယ်။ မဝါဝါကြည့်မိလိုက်တဲ့ အွန်လိုင်းရှော့ပင်းတခုက မြန်မာပြည်မှာ ရောင်းနေတာ နှစ်သောင်းစွန်းစွန်းသာ ရှိပါတယ်။ ပုံမှန်ဆိုရင် မဝါဝါ ဝယ်ခဲ့တဲ့ ထိုင်းနိုင်ငံ ဈေးအရ ဆိုရင် မြန်မာပြည်အရောက် ဈေးနှုန်းအတိုင်း ဆိုရင် တန်ဖိုးတခုသတ်မှတ်ပြီး ဈေးက ကွာနေရမှာ ဖြစ်ပါတယ်။ ” ကျွန်မ အဲ့ဘော်လီကို အတုလို့ ထင်လိုက်တယ်။ ဈေးအဲဒီလောက် ကွာမနေဘူးလေ။” လို့ မဝါဝါက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ တရုတ်လုပ်ငန်းရှင်တွေ စိမ့်ဝင်လာပြီး မြန်မာ- ထိုင်းနယ်စပ်နဲ့ ထိုင်းနိုင်ငံက မြို့တွေမှာ တရုတ်လုပ်ငန်းရှင် အများစုဟာ ထိုင်းပစ္စည်း အတုထုတ်လုပ်နေကြပါတယ်။…
Read Moreကျောက်မဲမြို့နယ်မှာ ပရဟိတကားသုံးပြီး ကန့်သတ်ချက်ရှိတဲ့ ကုန်တွေ သယ်ဆောင်မှုရှိလာလို့ ဒေသခံတွေ စိုးရိမ်
နိုဝင်ဘာ ၇၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်မှာ ပရဟိတလုပ်ငန်းနဲ့ ဆက်စပ်သူ လူနည်းစုက ပရဟိတကားတွေကို အသုံးပြုပြီး ကုန်သွယ်ရေးဆိုင်ရာ လိုင်စင်ကန့်သတ်ချက်ရှိတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေရှိလာလို့ ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ပရဟိတကားနဲ့ ၅၁ ကုန်တွေ တင်နေတာ။ ကြားထဲက တကယ်ပရဟိတစစ်စစ် လုပ်တဲ့သူတွေပါ နာမည်ပျက်ကုန်မှာ စိုးရိမ်တယ်” လို့ ပရဟိတလုပ်ငန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ပရဟိတကားတွေနဲ့ ကားမောင်းသူတွေအပြင် သူတို့နဲ့ ဆက်စပ်သူတွေက ကုန်ပစ္စည်းတွေ သယ်ဆောင်ရာမှာ အသုံးပြုနေကြတာကြောင့် ပရဟိတလုပ်ငန်းတွေရဲ့ ပုံရိပ်ကို ထိခိုက်လာနိုင်တယ်လို့ သူက ပြောပါတယ်။ “တခြားမြို့က ရိုးရိုးသားသားလုပ်နေတဲ့ ပရဟိတအသင်းတွေရဲ့ ပုံရိပ်ကို ထိခိုက်လာရင် အရေးပေါ်လူနာပို့တဲ့ လမ်းကြောင်းတွေမှာ အစစ်ဆေးတွေ ကြမ်းပြီး လူနာတွေ ဒုက္ခရောက်နိုင်တယ်” လို့ နောက်ထပ်ဒေသခံတယောက်က…
Read Moreဧရာဝတီတိုင်းက တောင်သူ အများစု အစိုးရရဲ့ စက်သုံးဆီ ခွဲတမ်းမရ
ရန်ကုန်- နိုဝင်ဘာ၇- ၂၀၂၆ EP(VOM) ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ်တွင် စပါးရိတ်သိမ်းချိန် တောင်သူတွေကို စက်သုံးဆီခွဲတမ်း အစိုးရက ရောင်းနေပေမယ့် တောင်သူတွေအများစု မရရှိဘဲ စက်သုံးဆီ မှောင်ခို ဝယ်သုံးနေရလို့ အခက်ခဲဖြစ်နေတယ်လို့ တောင်သူအများစုက ပြောပါတယ်။ ဝန်ကြီးဌာနက သတ်မှတ်တဲ့ စက်သုံးဆီ ရည်ညွှန်း ဈေးဟာ တပေပါ ၁၂ သိန်းရှိပေမယ့် ဧရာဝတီတိုင်းအတွင်း တောင်သူတွေ ဝယ်သုံးနေရတဲ့ ဈေး နှုန်းကတော့ မှောင်ခို ဈေးကွက်မှာ တပေပါ ၁၈ သိန်းကျပ် ပေါက်ဈေးရှိနေပါတယ်။ ” ခွဲတမ်း အခုချိန်ထိ ကျွန်တော်တို့ မရပါဘူး။ နှစ်တိုင်း ဝယ်သုံးနေရတာပါ။ ဝယ်တာလည်း ဝယ်ချင်တိုင်း လို့မရဘူး။ ဘယ်ဆိုင်ကမှလည်း တောင်သူကို မရောင်းပါဘူး။ ကျွန်တော်တို့က ပွဲစားနဲ့ ဝယ်ရတာပါ” ဟု ကျုံပျော်မြို့နယ်က တောင်သူ ကိုမျိုးမြင့်က ပြောပါတယ်။…
Read Moreပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ကာမလိမ်လည်ရယူတယ်ဆိုပြီး စွပ်စွဲ ပြောဆိုတဲ့အမျိုးသမီးကို ပုဒ်မ ၆၆ ဃနဲ့ အမှုဖွင့်ထား
နိုဝင်ဘာ ၇ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံက အမျိုးသမီးတယောက်အကို ကာမလိမ်လည်ရယူတယ်ဆိုပြီး သတင်းထွက်နေတဲ့အပေါ် မဟုတ်မှန်ကြောင်းနဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့ ဦးစိုင်းကောင်းသက်စံကပြောပါတယ်။ အဲဒီလို မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှုအတွက် အဲဒီအမျိုးသမီးကို သီပေါမြို့နယ်ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ ” သူကမရိုးရှင်းဘူး။ ကလေးရှိတယ် အိမ်ထောင်လည်းရှိတယ်။ ကျွန်တော့်ကိုချဥ်းကပ်လာတကလည်း အခွင့်အရေးရယူချင်တဲ့ပုံရှိတယ်။ ဒါကိုသိတော့ သူ့ရဲ့နောက်ကြောင်းကိုလိုက်တော့ မရိုးရှင်းဘူး ။ကျွန်တော်ကိုအတင်းလက်ထပ်ချင်လာတယ်။ ဒါကိုမဖြစ်နိုင်ဘူးပြောတော့ခြိမ်းခြောက်တယ်။ လိုင်းပေါ်ကိုယ်တုံးလုံးတင်မယ်ပြောတယ်။တင်ရင်တင်ပါ ဒီနေ့ဒီချိန်ထိ ကိုယ်တုံးလုံးပုံလည်းမရှိပါဘူး။ လိုင်းပေါ်မှာလျှောက်ဖွတဲ့ ကျွန်တော်နဲ့အိပ်ပါတယ်ဆိုတဲ့ ရက်တွေကလည်း လွှတ်တော်တက်နေတဲ့ရက်တွေပါ။ လက်ရှိသူထွက်ပြေးတိမ်းရှောင်နေတယ်လို့ ယူဆရပါတယ်။” လို့ သူကပြောပါတယ် ။ စိုင်းကောင်းသက်စံ ထပ်ပြောတာက ” သူ့ခဲအိုနဲ့ကျွန်တော်ကသူငယ်ချင်းပါ။ သူနဲ့သွားတာလာတာစားတာသောက်တာရှိပါတယ်။ ကာမကိစ္စ Sex ကိစ္စလုံးဝမရှိခဲ့ပါဘူး။ မိတ်ဆွေသဘောအရ မိသားစုသဘောအရ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်။…
Read Moreအခန်း (၂၅၇)
ဆူးငှက် နှစ်နိုင်ငံ အရပ်ဖက် အဖွဲ့အစည်းများ ဆွေးနွေးပွဲတဲ့ ——————————————————- ထိုနှစ်ကာလများအတွင်း ခရီးသွားဇာတာ ပါလာပုံရသည်။ ၂၀၁၅ခုနှစ် မေလမှာ တရုတ်ပြည်ခရီးစဉ် ပြီးသည့်နောက် ထိုနှစ် ဒီဇင်ဘာလတွင် တရုတ်ပြည်သို့ပင် နောက်ထပ် ခရီးစဉ်တစ်ခု ထပ်မံ သွားရောက်ရသည်။ သည်တစ်ခါက အဖွဲ့ဝင်အဖြစ် လိုက်ပါရသည်။ တရုတ်ပြည်သူ့သမ်္မတနိုင်ငံ (CNIE) အဖွဲ့၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ အရပ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက် များ လေ့လာရန် (၁၆-၁၂-၂၀၁၅) မှ (၂၇-၁၂-၂၀၁၅)နေ့အထိ ဘီဂျင်း၊ ရှားမိန်နှင့် နန်နင်းမြို့များသို့ မြန်မာအရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ် (၂၀)ဦး သွားရောက်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ်တွင် မန်္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ်္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၏ ဖိတ်ကြားမှုနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၊…
Read More




