စက်တင်ဘာ ၂၄ – ၂၀၂၆ SS (VOM) သာသနာဝင်၊ သာသနာနွယ်ဝင်တွေကို e-ID (Electronic Identification) စနစ်ရဲ့ အခြေခံဖြစ်တဲ့ Unique ID (Unique Identification Number) ဂဏန်း ၁၀ လုံးပါ အမျိုးသားအဆင့် စိစစ်ရေးနံပါတ် ထုတ်ပေးသွားမယ်လို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထားပါတယ်။ e-ID စနစ်ဟာ နိုင်ငံသားနဲ့ လူဦးရေအချက်အလက်တွေကို ဗဟိုပြုသိမ်းဆည်းတဲ့ ဒေတာဘေ့စ်စနစ်ဖြစ်ပြီး UID ကတော့ အဲဒီ စနစ်အတွင်းမှတဆင့် တဦးချင်းစီကို သီးသန့်ထုတ်ပေးတဲ့ အထောက်အထားနံပါတ်လို့ သိရပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းက ရဟန်း၊ သာမဏေ၊ သီလရှင်တွေအတွက် ညွှန်ကြားစာသာ ထွက်ရှိထားပေမယ့် တနိုင်ငံလုံးက သာသနာဝင်၊ သာသနာနွယ်ဝင်တွေ အကုန်လုံး UID နံပါတ် ပြုလုပ်ရမယ်လို့ သိရပါတယ်။ “ဒါက ကိုယ်ရေး အချက်အလက်တွေနဲ့အတူ Biometrics (မျက်နှာသွင်ပြင်၊…
Read Moreမန္တလေးမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားအတွက် အဆင့်မြှင့်တင်မှုတွေကို ၅ နှစ်တာစီမံချက်နဲ့ဆောင်ရွက်နေ
မန္တလေး၊ စက်တင်ဘာ- ၂၄- ၂၀၂၆ SA(VOM) မန္တလေးမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားအတွက် အဆင့်မြှင့်တင်မှုတွေကို ၅ နှစ်တာစီမံချက်နဲ့ ၂၀၂၆ ဇူလိုင်လ ၁ ရက်နေ့က စတင်ကာ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်မိုးသက် က ဒီကနေ့ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ မန္တလေးမြို့မှာ နိုင်ငံတကာအဆင့်မီ ဖိုက်ဘာကွန်ယက်များဖြစ်ပေါ်လာစေရေးအတွက် ကောင်းကင် ဖိုက်ဘာ ကေဘယ်လ်ကြိုးတွေကို မြေအောက်ဖိုက်ဘာကွန်ယက်မှတဆင့် ပြောင်းလဲနိုင်ရေးအတွက် အဓိက လမ်းမကြီး ၇ ခုဖြစ်တဲ့ ၇၈ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ ၇၃ လမ်း ၂၆ လမ်းမှ ၄၁ လမ်းအထိ၊ ၆၆ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ၊ ၆၂ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ၊…
Read Moreကိုးကန့်တပ်ဖွဲ့နှင့် အစိုးရ NSPNCဆွေးနွေးပွဲ အပြုသဘောဆောင်တဲ့ ရလဒ်များရှိ
စက်တင်ဘာ ၂၄၊ ၂၀၂၆ NN(VOM) အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီNSPNC နဲ့ ကိုးကန့်တပ်ဖွဲ့တိုနေပြည်တော်ဆွေးနွေးပွဲဟာ အပြုသဘော ဆောင်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေရှိတယ်လို့ ဆွေးနွေးပွဲအကြောင်း သိရှိတဲ့ သူတချို့ထံကနေ သိရပါတယ်။ ကာလရှည်ကြာ ဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ယုံကြည်မှုပျက်ခဲ့ ရပေမယ့် ဒီဆွေးနွေးပွဲမှာတော့ နှစ်ဖက်လုံးက ယုံကြည်မှုတည်ဆောက်ရေးကို ဦးစား ပေးခဲ့ ကြတယ်လို့လည်း သိရပါတယ်။ “နယ်မြေကိစ္စတွေထက် ယုံကြည်မှုပြန်လည်တည်ဆောက်ရေးကို နှစ်ဖက် လုံးက ဦးစားပေးဆွေးနွေးနေတယ်” လို့ ဆွေးနွေးပွဲအကြောင်း သိရှိသူ တယောက်က ပြောပါတယ်။ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။ ဒေသခံတွေကတော့ ကိုးကန့်တပ်နဲ့ အစိုးရတို့ရဲ့ ဆွေးနွေးပွဲကို အဆင်ပြေ စေချင်နေကြပါတယ်။ “သူတို့ ပြေလည်ရင် သီပေါတံတား ဖွင့်ပေးမလားလို့ မျှော်လင့်တာပါ။ လူတွေ တအားဒုက္ခရောက်ကြလို့လေ။ အဆင်ပြေလို့ တိုက်ပွဲတွေ ပြန်မဖြစ်ရင်…
Read Moreတိုးချဲ့မြေနဲ့ စားကျက်မြေပေါ် အကွက်ရိုက် အိမ်ဆောက်ထားသူတွေကို ဖယ်ရှားခိုင်းနေ
စက်တင်ဘာ ၂၄ – ၂၀၂၆ SN (VOM) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာ စက်မှုဇုန် တိုးချဲ့ဧရိယာအတွင်းက မြေတွေပေါ်မှာ အကွက်ရိုက် အိမ်ဆောက်ထားသူတွေကို သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ပြီး ဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လှည်းကူးမြို့နယ်က ကျေးရွာ ၉ ရွာရှိ တရားမဝင် ဆောက်လုပ်ထားတဲ့ အကွက်ရိုက်အိမ်တွေနဲ့ တောင်ကြီး၊ အေးသာယာစက်မှုဇုန်၊ အမှတ်(၁၂) ရပ်ကွက်၊ တိုးချဲ့ဧရိယာအတွင်းရှိ နေအိမ်ခြံဝင်း ၃၀၀ ကျော်ကို ဖယ်ရှားခိုင်းနေတာလို့ သိရပါတယ်။ “၂၁ ရက်အတွင်း ဖယ်ရမယ်။ ဖယ်မပေးရင် အရေးယူမယ်ဆိုပြီး ပြောထားတယ်။ ရက်ပိုင်းအတွင်း အိမ်ကို ဖျက်ခိုင်းတော့ ပစ္စည်းတွေ ဘယ်ရွှေ့ရမှန်းလည်း မသိဘူး။ ဘယ်သူမှလည်း ဖယ်မပေးချင်ကြဘူး။ နေလာတာလည်း ကြာပြီလေ။ ပြီးတော့ မြေဖိုးရော၊ အိမ်ဆောက်ခရော အကုန်ဆုံးရှုံးရမယ့်ကိန်း ဆိုက်နေတယ်”…
Read MoreNUG အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေရှိ
စက်တင်ဘာ ၂၄ ၊ ၂၀၂၆ GG (VOM) KNU တပ်မဟာ ၃ နဲ့ တပ်မဟာ ၁ နယ်မြေထဲက NUG ရဲ့အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၄ ရက်၊ မနက် ၁၁ နာရီလောက်မှာ မွန်ပြည်နယ် သထုံမြို့နယ် နဲ့ ပဲခူးတိုင်း ၊ရွှေကျင်မြို့နယ်အစပ်ကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ၊ အဲဒီတိုက်ခိုက်မှုအတွင်းမှာ PDF အဖွဲ့ဝင် ခြောက် ယောက်သေဆုံးပြီး CDM အရာရှိ ဗိုလ်မှူးတွေအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေ များခဲ့တာလို့ ကနဦးသိရပါတယ်။ ” စစ်တပ်ကနေ CDM လုပ်ထားတဲ့ ဗိုလ်မှူး တင်လင်းအောင် ၊ဗိုလ်မှူး နေဝင်းအောင်တို့လည်း ဒဏ်ရာအပြင်းအထန်ရတယ်ကြားတယ်။ တခြားထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်ကြား ပေမယ့် အသေးစိတ်မသိရသေးဘူး။ ”…
Read Moreသူတို့အိမ် အခန်း (၂၂၉)
ဆူးငှက် ဟိုဟာလုပ်ပါလား၊ ဒီဟာလုပ်ပါလား —————————————– တကယ်တော့ မည်သည့် ပြဿနာဖြစ်စေ၊ သတင်းရင်းမြစ် အချက်အလက် မှန်ကန်ဖို့ အရေးကြီးသည်။ ထိုသတင်းရင်းမြစ် အချက်အလက်မှန်ကန်ပါမှ သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်စသော မဟာဗျူဟာအပိုင်း နည်းဗျူဟာ အပိုင်း မှန်ကန်နိုင် ပါမည်။ ကျွန်တော်က ဆီမီးခွက်လေးမျှသော ဘာမဟုတ်သည့် မြေလေးအတွက် ဟိုစာတင် သည်စာတင်လေးမျှ လုပ်ရတာကို ကြီးကြီးကျယ်ကျယ် မဟာဗျူဟာတွေ နည်းဗျူဟာတွေ ချပြနေရကောင်းဟု အပြစ်တင်ကြလိမ့်မည်။ သို့သော် ထို မဖြစ်စလောက် အသေးအမွှားလေး၏ ကိုယ်တွေ့မှသည် ကြီးကြီးကျယ်ကျယ် စဉ်းစားကြည့်မိခြင်း ဖြစ်ပါ၏။ ကုန်ကြမ်းဟု ဆိုရမည့် မြေပြင် သတင်းအချက်အလက် အမှန်မရှိပါပဲ ဘယ့်နှယ် ဦးတည်လုပ်ဆောင်ရမည့် လမ်းကြောင်းဟူသော ကုန်ချောအမှန်အကန် ရနိုင်ပါ့မလဲ။ ကျွန်တော်တို့ အလုပ်ကလေးတွင် ကိုယ်တိုင် သွားရောက်၍ နဖူးတွေ့ ဒူးတွေ့လုပ်ဆောင်ခဲ့ရသည်ကိုပင် အပြင်မှာကျ…
Read Moreမန္တလေး ချမ်းမြသာစည်မြို့နယ်က လင်မယားနှစ်ယောက်ကို သတ်သွားတဲ့ တရားခံတွေကို ဖမ်းမိပြီ
မန္တလေး၊ စက်တင်ဘာ- ၂၃- ၂၀၂၆ SA(VOM) ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁(A) လမ်း၊ ၆၈(A) ၆၈(B) လမ်းကြားက နေအိမ်တစ်အိမ်တခုမှ ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက လင်မယားနှစ်ယောက်ကို သတ်ပြီး ထွက်ပြေးနေတဲ့ တရားခံတွေကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှတ် ၁၁ နယ်မြေရဲစခန်းမှူး ဦးကျော်မန်း နဲ့ အဖွဲ့က အခင်းဖြစ်ရပ်နေရာကိုစစ်ဆေးပြီး ပတ်ဝန်းကျင်သက်သေတွေနဲ့ သေဆုံးသူ နေအိမ်ကို ဝင်ထွက်သွားလာတတ်သူ ရင်းနှီးကျွမ်းဝင်သူများအားစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ရှိ နေအိမ်/ဈေးဆိုင်များမှ CCTV မှတ်တမ်းများအား စစ်ဆေးခြင်းများဆောင်ရွက်ခဲ့တာမှာ စက်တင်ဘာ ၁၇ ရက်နေ့မှာ မသင်္ကာတဲ့ တရားခံ ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့မှာ မသင်္ကာဖွယ်တွေ့ရှိတဲ့ ကျော်ဇင်(ခ)ကျော်ကြီး၊လမင်းထွန်း(ခ) ကရင်၊ ကိုဖြိုး(ခ)အရှည်ကြီး၊ ဇော်လွင်(ခ)ဦးဇော် တို့(၄)ယောက်ကို…
Read Moreတရုတ်နိုင်ငံသားကျားဖြန့် ၆၀ ကျော်ကို ဝ က ဖမ်းဆီးပြီး တရုတ်ဘက် ပြန်ပို့
စက်တင်ဘာ ၂၃၊ ၂၀၂၆ Shy V (VOM) ဝပြည် ဒေသ အတွင်း ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းနဲ့ ဆက်နွှယ်သူ ၆၄ ဦးကို စက်တင်ဘာ ၂၂ ရက်မှာ တရုတ်ဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဝပြည်နယ် တရားရေးကော်မတီက ထုတ်ပြန်ပါတယ်။ “UWSA ထိန်းချုပ်ဒေသ ပန်ဆန်းကနေ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ကျားဖျန့် အွန်လိုင်း ငွေလိမ် လုပ်ငန်း လုပ်ကိုင်သူ ၆၄ ယောက်ကို မန်ခါး နယ်စပ် ဂိတ် ကနေ တဆင့် ယူနန် အစိုးရဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲဒီ ၆၄ ဦးထဲမှာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ ၆၃ ဦးနဲ့ အမှုနဲ့ ဆက်နွှယ်သူ…
Read Moreမြန်မာပြည် (အထက်ပိုင်း) မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်
စက်တင်ဘာ ၂၃ – ၂၀၂၆ SN (VOM) မြန်မာပြည် (အထက်ပိုင်း) က အင်းတော်၊ မြစ်ခြေ၊ ဆိပ်ဖြူနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းက ကျေးရွာတွေမှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။ “စက်တောကုန်း၊ နန့်သဲ၊ နောင်မိုးနဲ့ သံဘိုကျေးရွာတွေမှာ လေကြောင်းဖြစ်တာ။ စက်တောကုန်းရွာအကျော်က ဆီခြံနားမှာ ပေါက်ကွဲတာက ဆီဆိုင်ရော၊ ဆီဘောက်ဆာကားတွေရော၊ ကုန်ကားတွေရောပါ မီးလောင်ကုန်တယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကို ကြက်ခြေနီအဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက…
Read Moreအနီရောင်စည်းကိုဖြတ်ကျော်ခြင်း
(စာအုပ်မိတ်ဆက်) MT(VOM) အက္ကဘာ ရှာဟစ် အာမက် (Akbar Shahid Ahmed) က အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမှာ အခြေစိုက်တဲ့ သတင်းထောက်တစ်ယောက်ပါ။ အဓိကအားဖြင့် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာရေးရာသတင်းတွေ နဲ့ သုံးသပ်ချက်တွေကို အထူးပြု ရေးသားနေသူ ဖြစ်ပါတယ်။ သူဟာ သံတမန်ရေးရာ အထူးသတင်းထောက်အဖြစ် (NOTUS နဲ့ The Washington Sun လို သတင်းဌာနတွေမှာ) လုပ်ကိုင်နေပါတယ်။ ဒီမတိုင်ခင်ကတော့ HuffPost မှာ ၁၂ နှစ် ကြာအောင် နိုင်ငံတကာရေးရာ သတင်းထောက်အဖြစ် အမေရိကန် လွှတ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သတင်းတွေကို သတင်းယူ ရေးသားခဲ့ဖူးပါတယ်။ အရှေ့အလယ်ပိုင်း ဒေသရေးရာ သတင်းတွေနဲ့ ပတ်သက်ပြီး နာမည်ရခဲ့သူပါ။ အထူးသဖြင့် ဂါဇာ ပဋိပက္ခအပေါ် အမေရိကန်ရဲ့ သံတမန်ရေးရာ…
Read More




