မိုးဖျက်လို့ ဆောင်းသီးနှံ မတ်ပဲနဲ့ပဲတီစိမ်း စိုက်ပျိုးဖို့ အချိန်နောက်ကျသွားလို့ တောင်သူတွေ ဒုက္ခရောက်

  နိုဝင်ဘာ ၁၃ ၊ ၂၀၂၆ CC (VOM) မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲ ၊ ပဲတီစိမ်း စိုက်ပျိုးဖို့ အချိန်နောက်ကျသွားတဲ့အတွက် စိုက်ဧကနဲ့ ပဲအထွက်နူန်းသိသိသာသာလျော့ကျသွားနိုင်တယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင် ပဲတီစိမ်းနဲ့ မတ်ပဲကို အောက်တိုဘာလကုန်လောက်ကတည်းကစပြီး နိုဝင်ဘာ ၁၅ ရက်မကျော်ခင်မှာ တောင်သူ အများစုစိုက်ပျိုးပြီးစီးလေ့ရှိပေမယ့် အခုတော့ မိုးဆက်တိုက်ရွာပြီး ရေဝင်ရောက်မှုကြောင့် နိုဝင်ဘာလကုန်လောက်မှသာ စတင်စိုက်ပျိုးနိုင်မယ့်အခြေအနေ ရှိနေပါတယ်။ ပဲစိုက်ရာသီချိန်ကျော်လွန်ပြီးမှ စိုက်ပျိုးပါက အပင်ပေါက်နူန်းမကောင်းတော့ဘဲ အပင်အားကောင်းမှုလျော့ကျသွားခြင်းကြောင့် အထွက်နူန်း သိသိသာသာလျော့ကျကာ တောင်သူတွေ ဆုံးရှုံးမှုရှိနိုင်တာကြောင့် ပဲစိုက်ဧကတွေ လျှော့ချစိုက်ဖို့ နဲ့ လုံးဝမစိုက်ပျိုးတော့ဘဲထားဖို့ စဥ်းစားနေကြပါတယ်။ ဒီနှစ်က အယ်လ်နီညိုဖြစ်စဥ်သက်ရောက်မှုကြောင့်လည်း ပဲအပါအဝင် စိုက်ခင်းတွေ သီးနှံအထွက်နူန်းလျော့နိုင်တဲ့ အခြေအနေတွေပါရှိနေတော့ တောင်သူတွေမှာ အခက်ကြုံနေကြရတာပါ ။ ” မိုးသာမရွာရင် ပဲတွေကြဲပြီးပြီ။ အခုတော့ ဘာမှလုပ်မရဘူး။ လယ်တွေထဲ…

Read More

ပုဂံရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်ပြီ

  နိုဝင်ဘာ ၁၃ ၊ ၂၀၂၆ GG (VOM) ရန်ကုန် – ပုဂံရထားခရီးစဥ်အတွက် ရထားလက်မှတ်ကို ဒီလနိုဝင်ဘာ ၁၄ ရက်ကစပြီး ORTP စနစ်နဲ့ အွန်လိုင်းကနေ ဝယ်ယူနိုင်ပြီ ဖြစ်တယ်လို့ မြန်မာ့မီးရထားဌာနကသိရပါတယ်။ လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ရန်ကုန်ဘူတာကြီးကနေ ပုဂံကို ထွက်ခွာမယ့် ရန်ကုန် – ပုဂံ ခရီးစဥ်အတွက် စတင်ရောင်းချပေးမှာဖြစ်ပြီး တပတ်ကြိုတင်ပြီး လက်မှတ်ဖြတ်ရတာ ဖြစ်ပါတယ်။ ” ၁၄ ရက်နေ့ ည ၁၂ နာရီကစပြီး လက်မှတ်ဝယ်လို့ရပါပြီ။ ၂၀ ရက်နေ့ထွက်မယ့် ခရီးစဥ်အတွက်ပါ။ “လို့ ORTP Call Center တာဝန်ကျဝန်ထမ်းက ​ ဆိုပါတယ်။ ရထား လက်မှတ်စျေးနူန်းတွေအနေနဲ့ကတော့ လက်ရှိရောင်းချနေတဲ့ စျေးနူန်းတွေအတိုင်း မပြောင်းလဲသလို ရထားပြေးဆွဲတဲ့ ခရီးစဥ်ကလည်း မပြောင်းဘူးလို့…

Read More

ပြန်ဖို့ ခက်၊ နေဖို့ ကြပ်နေတဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ

နိုဝင်ဘာ ၁၂ – ၂၀၂၆ SN (VOM) လက်ရှိ ပြည်တွင်းက နိုင်ငံခြားငွေကြေး ဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ပြည်ပဝင်ငွေတွေ များစွာ လိုအပ်နေချိန် ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေအပေါ် အစိုးရက ဘဏ္ဍာရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ တင်းကျပ်မှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်လမ်းကြောင်းကနေ မိသားစုဆီ မဖြစ်မနေ ပြန်လွှဲရတာနဲ့ ၂ ရာခိုင်နှုန်း ဝင်ငွေအခွန် ပေးဆောင်နေရတာတွေပါ။ ပြည်ပရောက် မြန်မာလုပ်သားတွေကတော့ ဒီလို သတ်မှတ်ချက်တွေဟာ သူတို့အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခုလို့သာ ရှုမြင်နေကြပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပြည်တွင်းပေါက်ဈေး ကွာဟချက်တွေ၊ တရားဝင် ငွေလွှဲနှုန်းထားတွေရဲ့ အဆင်မပြေမှုတွေက ပြည်ပရောက် အလုပ်သမားတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေတာပါ။ ငွေကြေးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။…

Read More

ကြက်သွန်နီစျေး လက်ကား​ဈေးတပိဿာ နှစ်​သောင်းအထိတက်လာ

နိုဝင်ဘာ ၁၂ ၊ ၂၀၂၆ GG (VOM) ပြည်တွင်းကြက်သွန်နီစျေးက ဒီရက်ပိုင်းအတွင်း လက်ကားစျေး တပိဿာကို နှစ်​သောင်းကျပ်အထိ အဆမတန် မြင့်တက်လာပါတယ်။ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် လက်ကားစျေး တပိဿာ နှစ်​သောင်းကျပ်ဖြစ်လာတာကြောင့် လက်လီစျေးကွက်မှာ အချောအသန့်ရှယ်ကြက်သွန်က ၂၀၀၀၀ ကျပ်အထက်အထိ စျေးရှိနေပါတယ်။ ခုလို ကြက်သွန်နီစျေး အဆမတန်မြင့်တက်လာတဲ့အတွက် စားသောက်ဆိုင်တွေ ၊ မုန့်ဟင်းခါး ၊ အကြော်ဆိုင် စတဲ့ ကြက်သွန်နီအသုံးပြုရတဲ့ အစားအစာဆိုင်တွေမှာ ကြက်သွန်သုံးစွဲတာ လျှော့ချလာသလို ပြည်သူအများစုကလည်း ချွေတာသုံးစွဲ လာကြပါတယ်။ ” မုန့်ဟင်းခါးထဲမှာ ကြက်သွန်နီက အဖြစ်လောက်ပဲ ထည့်နိုင်တော့တယ်။ ကြက်သွန်အစား ငှက်ပျောအူ ၊ ပိန်းရိုးကို အစားထိုးထည့်နေရတယ်။ မုန့်ဟင်းခါးဆိုက် ဥတောင် ၁၅၀၀၀ ကျော်နေပြီ။ ” လို့ မုန့်ဟင်းခါး ရောင်းချသူ တယောက်က ဆိုပါတယ်။ ရန်ကုန်ဘုရင့်နောင်မှာ…

Read More

ရင်းနှီးမြုပ်နှံခွင့် ပေးကား ပေး၏ မရဖြစ်နေတဲ့ မြန်မာလျှပ်စစ်နဲ့ စွမ်းအင် ကဏ္ဍ

    စိမ်းနု (VOM)   မကြာမှီက ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်တွင်းလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး နိုဝင်ဘာလက နေပြည်တော်က ဟိုတယ် တစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။   ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက် ငါးနှစ်အကြာမှာ တပ်မတော်က ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။     လွန်ခဲ့တဲ့ ငါးနှစ်က ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအပြောင်း လဲကြောင့် နိုင်ငံတကာထောက်ခံမှု အားနည်းနေတဲ့အပြင် နိုင်ငံရေး တည်ငြိမ်မှု အားနည်းနေတဲ့အတွက် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တွေ မရှိသလောက် နည်းပါးနေသေးပါတယ်။   ခေတ်အဆက်ဆက် ရေနံ နဲ့ သဘာဝဓါတ်ငွေ့ တူးဖော် ၊ ထုတ်လုပ်ရေးနဲ့ လျှပ်စစ်ကဏ္ဍမှာ ပြည်ပ ကုမ္ပဏီများကသာ နေရာယူခဲ့ပြီး ပြည်တွင်း ကုမ္ပဏီက အကူသဘောနဲ့သာ ပူးတွဲလုပ်ကိုင်ကြပါတယ်။   နိုင်ငံခြား…

Read More

သူတို့အိမ် အခန်း (၂၆၀)

  ပိုမိုပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်လိမ့်မည် ————————————————– ၂၀၁၅ခုနှစ်ကျော် ကာလများတွင် သရက်ကုန်းရပ်ကွက်လေး အခြေအနေက သိသိသာသာ တည်ငြိမ်သွားပါပြီ။ ၂၀၁၀ခုနှစ်နှင့် ၂၀၁၅ခုနှစ်ကြားတွင် တောဂရန်ရှိ လူနေမြေကွက်များကို စိစစ်ပြီး မန္တလေးစည်ပင်သာယာက နှစ်၃၀ ဂရန်တွေ ထုတ်ပေးခဲ့သည်။ ဆက်လက်၍ ကျန်မြေကွက်များကိုလည်း ဂရန်တွေ ထုတ်ပေးပါမည်တဲ့။ ၂၀၁၅ခုနှစ်တွင် အစိုးရ အဖွဲ့သစ် ပြောင်းလဲသောအခါ ပိုမိုပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။   ကနဦးအစအနေနှင့် ကျွန်တော်နှင့် ရင်းနှီးသော အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ကိုသင့်နော်၊ ကိုမျိုးဝင်း(မဟာနန္ဒာ)နှင့် ကျွန်တော်အပါအဝင် ၃ဦးကို အလွတ်သဘော တွေ့ဆုံပြီး မန္တလေးနှင့် ပတ်သက်၍ ပြုပြင်ရမည့် ကိစ္စများအားဆွေးနွေးကြရာ အစိုးရသစ်ဖွဲ့ပြီး မကြာမီ စတင်ကျင်းပရမည့် သင်္ကြန်ပွဲတော်ကိစ္စကိုပဲ အလေးထားဆွေးနွေးဖြစ်ကြသည်။     ကတ္တရာပူပူမှာ ကလေးတွေကို ဒုက္ခမပေးပါနဲ့…

Read More

TNLA နဲ့ပူးပေါင်းခဲ့တဲ့ လီဆူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က တပ်မတော်ထံ အလင်းဝင်

မိုးကုတ်၊ နိုဝင်ဘာ- ၁၁- ၂၀၂၆ SA(VOM) အရင်က TNLA နဲ့ ပူးပေါင်းပြီး ဒေသကာကွယ်ရေးဆိုကာ အစိုးရတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ မိုးကုတ်ဒေသခံဖြစ်တဲ့ လီဆူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အင်အား ၂၀၀ ဟာ တပ်မတော်ထံ အလင်းဝင်တဲ့အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက မိုးကုတ်မြို့က ပတ္တမြားမြေ မိုးလုံလေလုံ အားကစားခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။ ပစ္စတို ၃လက်၊ AK-47၊ M22၊ Type 81 သေနတ်နဲ့ ကျည်အိမ် စုစုပေါင်း ၈၄ လက် အပါအဝင် 7.62 mm ကျည် ၁၄၆၀ တောင့်၊ 9mm ကျည် ၇ တောင့် တို့ပါဝင်ခဲ့တာတွေ့ရပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက်ကိုင်အဖွဲ့အသီးသီးကအလင်းဝင်ခဲ့တဲ့အင်အား စာရင်းတွေအရ ၂၀၀၀ ကျော်ရှိခဲ့ပြီး အခု ၂၀၀ ယောက်အပါအဝင် စုစုပေါင်း ၂၅၀၀…

Read More

စစ်ကိုင်းတိုင်း မော်လူးနားမှာဖြစ်နေတဲ့တိုက်ပွဲဟာ တိုင်းတပါးသားတွေစီးပွားရေးလုပ်ဖို့ KIA က စစ်ရေးနဲ့ အကာကွယ်ပေးနေတာလို့ ရှမ်းနီပါတီ​ဥက္ကဋ္ဌဆို

နိုဝင်ဘာ ၁၁ -၂၀၂၆ VOM ကချင်ပြည်နယ် မိုးညှင်းနဲ့ ဗန်း​မော်​ဒေသမှာအ​ခြေစိုက်တဲ့ ကျားနီပါတီလို့ လူသိများတဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်​​ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်း​ဌေး​အောင်က စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ရွှေဘို-မြစ်ကြီးနားလမ်းပေါ် မော်လူးနားမှာဖြစ်နေတဲ့ တိုက်ပွဲဟာ နိုင်ငံသားမဟုတ်တဲ့ တဖက်နိုင်ငံက အလုပ်သမားနဲ့ စက်ယန္တရားတွေသွင်းလာတဲ့ စီးပွားရေးသမားတွေကို အကာကွယ်ပေးဖို့ လုပ်တဲ့ ကေအိုင်အေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လတ်တ​လောဖြစ်​နေတဲ့ မော်လူးနားက ယာဉ်တန်းတွေကို လေကြောင်းက ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့ အ​ခြေအ​နေ​တွေနဲ့ အစိုးရတပ်ရဲ့စစ်ဆင်ရေးအခြေအနေတွေကိုသိနိုင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်​​ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်း​ဌေး​အောင်ကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားတာဖြစ်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်း​အောင် #voiceofmyanmar #VOM #တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်​​ရေးပါတီ #ဥက္ကဋ္ဌ စိုင်း​ဌေး​အောင်

Read More

တိုက်ပွဲတွေကြောင့်ပျက်စီးခဲ့ရတဲ့ မိုးကုတ်မှာ လျှပ်စစ်မီးပြန်ရပြီ

မိုးကုတ်၊ နိုဝင်ဘာ- ၁၁- ၂၀၂၆ SA(VOM) တိုက်ပွဲတွေကြောင့် လျှပ်စစ်ဓာတ်အားပေးစနစ်တွေ ပျက်စီးခဲ့ရတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ်၊ ဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားလိုင်းတွေကို တိုင်းအစိုးရအဖွဲ့က ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး မနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က မိုးကုတ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှာ ဓာတ်အားလွှတ် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ လက်ရှိမှာတော့ တမြို့လုံးမီးလင်းသေးတာမဟုတ်ပေမယ့် နေရာအတော်များများမှာ လျှပ်စစ်မီးရရှိတာကို တွေ့ရပြီး ကျန်ရှိနေတဲ့ နေရာတွေကတော့ လျှပ်စစ်မီးကြိုးတွေခိုးခံရတာ၊ ထရန်စဖော်မာ တွေခိုးခံရတာတွေနဲ့ မီတာကြွေးကျန်တွေကြောင့် အလုံးစုံ မီးမလင်းသေးတာလို့ လျှပ်စစ်ရုံး တာဝန်ရှိသူတွေဆီက သိရပါတယ်။ မိုးကုတ်မြို့နယ်ဟာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်မှာပါဝင်ပြီး ဧရိယာအကျယ်အ၀န်းအားဖြင့် (၄၅၃.၆၀)စတုရန်းမိုင်ရှိပြီးတော့ လူဦးရေ (၁၈၇,၁၉၇)ဦး၊ အိမ်ထောင်စုဦးရေ (၃၄,၄၉၂)ဦး၊ မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာပေါင်း (၁၃၁)ရွာတို့ရှိတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လမတိုင်မီတွင် ဓာတ်အားစနစ်မှတဆင့် မီးသုံးသူစုစုပေါင်း…

Read More

သံတမန်တစ်ယောက် သူ့ထင်မြင်ချက်ကို ထုတ်ပြောဆိုတာဟာ ပြည်တွင်းရေးစွက်ဖက်တာလား?

(ဂျာမနီသံရုံးယာယီတာဝန်ခံအား ခေါ်ယူသတိပေးမှုနှင့် ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၄၁(၁) ၏ ဥပဒေမေးခွန်း) ဒေါက်တာဖိုးဖြူ (ကော်ပိုရိတ် ဥပဒေဒါရိုက်တာ) International CogniLex Research Centre ၁။ သံတမန်တစ်ယောက်မှာ စကားပြောခွင့် ဘယ်လောက်ရှိသလဲ? မိတ်ဆွေ။ ကိုယ့်အိမ်ကို ဧည့်သည်တစ်ယောက် ရောက်လာတယ်ဆိုပါစို့။ ဧည့်သည်က အိမ်ရှင်ကို လေးစားရမယ်။ အိမ်စည်းကမ်းကိုလည်း လိုက်နာရမယ်။ ဒါပေမဲ့ အိမ်ထဲမှာ မတရားတာတစ်ခုခု တွေ့လို့ မေးခွန်းထုတ်မိရင်ရော။ အဲဒါဟာ အိမ်ရှင်ကို မလေးစားတာလား။ အိမ်တွင်းရေးကို ဝင်စွက်ဖက်တာလား။ ဒါမှမဟုတ် မေးခွန်းတစ်ခု မေးလိုက်တာပဲလား။ နိုင်ငံတကာသံတမန်ရေးမှာလည်း အလားတူမေးခွန်းမျိုး ရှိပါတယ်။ သံတမန်ဆိုတာ သာမန်ဧည့်သည်တော့ မဟုတ်ပါဘူး။ သူဟာ မိမိနိုင်ငံကို ကိုယ်စားပြုပြီး အခြားနိုင်ငံတစ်ခုမှာ တရားဝင်တာဝန်ထမ်းဆောင်နေသူပါ။ သူ့မှာ လုပ်ပိုင်ခွင့်တွေရှိသလို လိုက်နာရမယ့် စည်းကမ်းတွေလည်း ရှိပါတယ်။ ၁၉၆၁ ခုနှစ် ဗီယင်နာသံတမန်ဆက်ဆံရေးကွန်ဗင်းရှင်း (Vienna…

Read More