မေ ၂၄ – ၂၀၂၆ SN (VOM) အစိုးရတပ် ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ မနေ့ မေ ၂၃ ရက်၊ ညနေပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် ဒေသခံတချို့ ထိတ်လန့်ပြီး ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ကသာမြို့အစွန်က ရပ်ကွက်တွေဖြစ်တဲ့ မိဿလင်း၊ စေတီကုန်း၊ ရပ်ကွက် (၅) အရှေ့ကုန်း အစရှိတဲ့ နေရာတွေက ဒေသခံတွေဟာ ကားကြီး၊ ကားငယ်တွေ၊ သုံးဘီးတွေ၊ ဆိုက္ကားတွေ အသုံးပြုကာ ပြောင်းရွှေ့နေကြတာဖြစ်ပြီး တဖန်ပြန်ပြီး တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “မနေ့ ညနေ ၄ နာရီလောက်က လက်နက်ကြီးနဲ့ တချက်၊ နှစ်ချက်လောက်ပစ်တယ်။ အဲဒီလို ပစ်လိုက်တဲ့အတွက် ဒီနေ့မနက်မှာ ကသာမြို့နယ် အစွန်းနားက ရပ်ကွက်တွေက လူတွေက ကြောက်လန့်ပြီး ရွှေ့ပြောင်းနေကြတာ။…
Read MoreMonth: May 2026
ဖားကန့်မှာ KIA တပ်ဖွဲ့က ဘုန်းကြီးကျောင်းအထိ လူသစ်စုဆောင်းလို့ သံဃာတော်တွေနဲ့ အခြေအတင်ဖြစ်
မေ ၂၄၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့် ဆိုင်းတောင်ဘက်မှာ KIA တပ်ဖွဲ့က မနေ့ မေလ ၂၃ ရက်နေ့ ညနေပိုင်းမှာ ဘုန်းကြီးကျောင်းအထိ လူသစ်စုဆောင်းလို့ သံဃာတော်တွေနဲ့ အခြေအတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လက်သီးနဲ့ထိုးတာ မဟုတ်ဘူး။ မအော်နဲ့ဆိုပြီး ပါးစပ်ကို အဝတ်နဲ့ ဆို့တယ်လို့ ကြားရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူဖို့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာကို လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။ “မနေ့ ညနေ ၅ နာရီလောက်က ဘုန်းကြီးကျောင်းဝင်းအတွင်း လူသစ်စုဆောင်ရေးဝင်ဆွဲသွားလို့ ရဟန်းသံဃာတွေနဲ့ အခြေအတင် ဖြစ်ပွားခဲ့တာ။ ရဟန်းတပါးကို ဆောင့်တွန်းခဲ့တဲ့အထိ ဖြစ်သွားတယ်လို့ သိရတယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ စစ်သားစုဆောင်းတဲ့…
Read Moreချင်းပြည်နယ်တောင်ပိုင်းကို လေကြောင်းဆက်တိုက်ဗုံးကြဲနေ၊ နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅၀ နီးပါးအထိရှိခဲ့
မေ ၂၄ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေကို အစိုးရတပ်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေတယ်လို့ စုံစသိရပါတယ် ။ ချင်းတောင်ပိုင်းမှာရှိတဲ့ ကန်ပက်လက် ၊မင်းတပ် ၊ မတူပီမြို့တွေကို ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် စစ်အင်အား ထောင်နဲ့ချီပြီး မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်နေသလို လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ် ။ ဒီကနေ့ မေ ၂၄ ရက်နေ့ မနက်ပိုင်း ၉ နာရီကနေ ၁၀ နာရီအတွင်းမှာပင် မတူပီမြို့နယ် ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။ အလားတူ ကန်ပက်လက်မြို့နယ်မှာလည်း မနက်အစော ၁ နာရီလောက်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ရှိခဲ့ပြီး မနက် ၉ နာရီကျော်လောက်မှာ တကြိမ် လေကြောင်းတိုက်ခိုက်မှုရှိခဲ့ တယ်လို့…
Read Moreသူတို့အိမ် အခန်း (၁၂၀)
ဆူးငှက် စာမူ ခွင့်ပြုမိန့်ရပြီတဲ့ —————————- ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၊ု ထိုနေ့တွင် စာပေဗိမာန်သို့ ထပ်မံသွားရောက်စုံစမ်းတော့ လာမည့် တနင်္လာနေ့တွင် စာပေစိစစ်ရေးရုံးသို့ စာမူခွင့်ပြုချက် လာရောက် ထုတ်ယူပါ ဟူသော သတင်းကို ကြားသိရသည်။ ထို့ကြောင့် ဦးဇော်ဝင်းက အပြန်တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတိုက်သို့ ဝင်ပြီး တနင်္လာနေ့ထွက်မည့် သတင်းစာတွင် ထည့်သွင်းရန် အတွက် စာအုပ်ကြော်ငြာ အပ်ခဲ့သည်။ သို့သော် တနင်္လာနေ့ မရ၊ အင်္ဂါနေ့မှ ရမည်တဲ့။ အင်္ဂါနေ့က အင်္ဂလိပ်နှစ်ဆန်း ၁ရက်နေ့လေ။ ပိုကောင်းတာပေါ့ ဟု ဆိုကာ ဦးဇော်ဝင်းက ကြော်ငြာ စာသားရေးပေးခဲ့သည်။ ကဗျာလွတ်အက (ဒေါ်သြဘာသောင်းမူ)၊ ဒေါ်သြဘာသောင်း ကြီးကြပ်မှုဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ကဗျာလွတ်ကကြိုး ၁၂၅မျိုးကို မှတ်တမ်းတင်ခဲ့သူ “ခင်ဝင်းနွယ်” ၏ ကြိုးပမ်းချက်။ ၇နှစ်နီးပါးမျှ…
Read Moreတိုက်ပွဲကြောင့် မော်လူးလမ်းပိုင်းမှာ ကားအစီးရေ ၂၀၀ ကျော် ပိတ်မိနေ
မေ ၂၃ – ၂၀၂၆ SS (VOM) ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာ တိုက်ပွဲ ဖော်ဆောင်နေတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေက မော်လူးလမ်းပိုင်း သွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့အတွက် ခရီးသည်တင်ကားနဲ့ ကုန်တင်ကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။ “ကားတွေ ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ ပိတ်မိနေတာ သုံးရက် ကြာသွားပြီ။ ပါလာတဲ့ စားစရာတွေက ရှိတဲ့လူလည်း ရှိသေးသလို မရှိတဲ့လူလည်း မရှိတော့ဘူး။ လမ်းစရိတ်တွေလည်း ကုန်ပြီ။ နောက် ဘယ်နှစ်ရက်လောက် နေရဦးမယ်မသိဘူး။ အားလုံး ဒုက္ခရောက်နေကြရတယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။ ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ အင်းတော်မြို့နဲ့ မော်လူးမြို့တို့မှာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းဖြစ်ပြီး လေကြောင်း…
Read Moreအုတ်ဖိုမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ ကျေးရွာ ၂၀ ကျော် အရေးပေါ်စစ်ရှောင်နေရ
မေ ၂၃ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာဘက်တွေမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်လောက် အရေးပေါ်စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။ အုတ်ဖိုမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရှားစေးဖိုရွာ ၊ ကြီးပျက်ရွာတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး အစိုးရတပ်က အင်အားရာနဲ့ချီစစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုရှိနေတယ်လို့ သိရပါတယ် ။ ” ခုဖြစ်နေတဲ့ နေရာက တိမ်မြုတ်ရွာ ဘေးက ရွာတွေဘက်မှာ ဖြစ်နေတာ ။ တိမ်မြုတ်ရွာမှာက တပ်ကအထိုင်ချထားတာရှိတယ်။ အဲဒီတော့ တိမ်မြုပ်ရွာနဲ့ အုတ်ဖိုအကြားက သိပ်မဖြစ်ဘူး ။ တိမ်မြုပ်ရွာ ဘေးတဝိုက်က ရွာတွေကတော့ PDF တွေလှုပ်ရှားမှုရှိတယ်။ တိမ်မြုပ် ရွာဘက်တွေကိုတော့ အရေးကြီးကိစ္စ မရှိရင် သိပ်မသွားကြပါဘူး ။ အခုက ကျွန်တော်တို့လည်း ကိုယ့်လုံခြုံရေး ကိုယ်ပဲဂရုစိုက်နေနေရတဲ့…
Read Moreတရုတ်-ဗမာ သမိုင်းဝင်စာချုပ်များ
(ကုန်းဘောင်ခေတ်မှ ဒေါ်အောင်ဆန်းစုကြည်ခေတ်အထိ) MT(VOM) သမိုင်းဆိုတာ နောက်ကြောင်းပြန်လှည့်ကြည့်ဖို့တင်မဟုတ်ဘဲ အနာဂတ်ကို လမ်းခင်းဖို့လည်း ဖြစ်ပါတယ်။ ကျနော်တို့ ဗမာပြည်ဟာ ပထဝီဝင်အနေအထားအရ အင်အားကြီးမားတဲ့ တရုတ်ပြည်ကြီးနဲ့ နယ်နိမိတ်ချင်း ကီလိုမီတာ နှစ်ထောင်ကျော် ထိစပ်နေတာမို့ ရှေးပဝေသဏီကတည်းက ဒွန်တွဲနေခဲ့တဲ့ အိမ်နီးချင်းတွေပါ။ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို ပြန်ကြည့်ရင် မုန်းတလှည့် ပြုံးတလှည့်၊ စစ်မက်ဖြစ်ပွားလိုက် ချစ်ကြည်ရေးစာချုပ်တွေ ချုပ်ဆိုလိုက်နဲ့ သံတမန်ရေး ကစားကွက်တွေ ရှုပ်ရှုပ်ထွေးထွေး ရှိခဲ့တာကို တွေ့ရမှာပါ။ အဲဒီလို ခေတ်အဆက်ဆက် ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအကြောင်းကို ကုန်းဘောင်ခေတ်ကနေ မနေ့တနေ့က ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်အထိ အချက်အလက်စုံစုံလင်လင်နဲ့ သမိုင်းအကွေ့အကောက်တွေကို ပြန်ပြောင်းသုံးသပ် တင်ပြပေးချင်ပါတယ်။ (၁)ကုန်းဘောင်ခေတ် ကောင်းတုံစာချုပ် (၁၇၆၉) ရှေးပုဂံခေတ်ကတည်းက တရုတ်-ဗမာ ဆက်ဆံရေး ရှိခဲ့ပေမယ့် အပြန်အလှန် လေးစားမှုရှိတဲ့ ပထမဆုံး တရားဝင်စာချုပ်လို့ ပြောရင်တော့ ကုန်းဘောင်ခေတ်မှာ ချုပ်ဆိုခဲ့တဲ့…
Read Moreမိခင်နိုင်ငံကိုပြန်ပြီး Green Card လျှောက်ရမယ်ဆိုတဲ့ ထရန့်အစိုးရရဲ့မူဝါဒသစ်ကြောင့် အမေရိကန်ရောက် မြန်မာတွေ အခက်တွေ့
မေ ၂၄ – ၂၀၂၆ SN (VOM) အမေရိကန်နိုင်ငံအတွင်း ယာယီဗီဇာနဲ့ ရောက်ရှိနေပြီး အမြဲတမ်းနေထိုင်ခွင့်အတွက် Green Card လျှောက်မယ့် နိုင်ငံခြားသားတွေအနေနဲ့ မိခင်နိုင်ငံကိုပြန်ပြီး သက်ဆိုင်ရာသံရုံးကတဆင့် လျှောက်ထားရမယ်ဆိုတဲ့ မူဝါဒသစ်ကြောင့် အမေရိကန်ရောက် မြန်မာတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို (USCIS) က မနေ့ မေ ၂၂ က ကြေညာလိုက်တဲ့ လမ်းညွှန်ချက်အသစ်အရ ကျောင်းသားဗီဇာ (F-1)၊ အလုပ်ဗီဇာ (H-1B) အပါအဝင် ယာယီဗီဇာ (Temporary Visas) အမျိုးမျိုးနဲ့ အမေရိကန်ကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ အမြဲတမ်းနေထိုင်ခွင့် (Permanent Residency/Green Card) လျှောက်ထားလိုပါက ၎င်းတို့ရဲ့ မိခင်နိုင်ငံတွေကို ပြန်သွားရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ ဒီလုပ်ထုံးလုပ်နည်းအသစ်ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် အပြောင်းလဲကြီးတခုဖြစ်ပြီး…
Read MoreTNLA ဖမ်းမိထားတဲ့ ရာနဲ့ချီတဲ့စစ်သုံ့ပန်းတွေကိုနမ့်ဆန်မြို့ကနေ နမ့်ခမ်းကို ရွှေ့နေ
မေ၊၂၂၊ ၂၀၂၆ NN(VOM) ၁၀၂၇ တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံရပြီး နမ့်ဆန်မြို့မှာ ထိန်းသိမ်းထားတဲ့ အစိုးရတပ်ရဲ့ စစ်သုံ့ပန်းတွေထဲက အယောက်တရာကျော်ကို TNLA တပ်ဖွဲ့က အခုလဆန်းပိုင်းမှာ နေရာရွှေ့လိုက်တယ်လို့ ဒေသခံတွေထံကနေ သိရပါ တယ်။ နမ့်ဆန်မြို့ကနေ နမ့်ခမ်းမြို့ဘက်ကို ရွှေ့လိုက်တာဖြစ်ပြီး ဘယ်နေရာမှာ ထားတယ်ဆိုတာကိုတော့ အတိအကျ မသိရသလို အဆက်အသွယ်လည်း မရဘူးလို့ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ “အရင်က နမ့်ဆန်မှာထားတာ။ ပြီးခဲ့တဲ့တခေါက်က သူတို့ လူတရာကျော် လွှတ်ပေးပြီး နောက်ပိုင်း ကျန်တဲ့သူတွေကို နေရာရွှေ့လိုက်တယ်လို့ ပြောပါတယ်။ နမ့်ခမ်းဘက်ရွှေ့တာလို့ ပြောတယ်။ အခုထိတော့ ဘယ်မှာထားတယ် ဆိုတာ အဆက်အသွယ်မရသေးဘူး” လို့ မိသားစုဝင်တယောက်က ပြောပါတယ်။ မိုးကုတ်၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံမြို့ သိမ်း တိုက်ပွဲတွေမှာ အစိုးရတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး TNLA…
Read Moreမကွေးတိုင်းအတွင်း စစ်ရှောင်တွေတိုးလာလို့ အကူအညီတွေ လိုအပ်နေ
မေ ၂၂ – ၂၀၂၆ SN (VOM) မကွေးတိုင်းက မြို့နယ်တချို့မှာ တိုက်ပွဲတွေနဲ့ စစ်ရေး တင်းမာမှုတွေ ရှိနေတဲ့အတွက် ဒေသခံ အများအပြား စစ်ရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိ စလင်းမြို့နယ်မှာ ဒေသအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၂၅၃ ၊ ၂၅၄) ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တွေ ပူးပေါင်းထားတဲ့တပ်တွေဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့ကစပြီး စလင်း – ကံပြားလမ်းအတိုင်း ဝင်ရောက်လာခဲ့ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အဲဒီ တပ်တွေဟာ မြေနီကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲပြီးနောက် ဒေသတွင်း လက်နက်ကိုင်တပ်တွေရှိရာ နေရာတွေကို…
Read More