နိုဝင်ဘာ ၉ – ၂၀၂၄ SS (VOM) မနေ့ နိုဝင်ဘာ ၈ ရက်၊ ညပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက်အစောပိုင်းတွေမှာ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံး နဲ့ မှော်ဘီမှာပေါက်ကွဲမှုဖြစ်ပွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ နိုဝင်ဘာ ၈ ရက်၊ ည ၇ နာရီဝန်းကျင်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံး လုံခြုံရေးဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ “မြောက်ဥက္ကလာ အဝိုင်းနားက လျှပ်စစ်ရုံးမှာ ပေါက်ကွဲမှုဖြစ်တာ။ ခဏနေတော့ နစက လုံခြုံရေးအဖွဲ့တွေရောက်လာတာ အများကြီးပဲတွေ့ရတယ်။ လူနာတင်ကားလည်း တွေ့တယ်။ သူတို့ (နစက) ဘက်ကလူတွေ ထိခိုက်သွားတာ ရှိတယ်ထင်တယ်။ လဲကျနေတာတွေ တွေ့ခဲ့တယ်။ နောက်တော့ လုံခြုံရေးအဖွဲ့တွေက ထုံးစံအတိုင်းပါပဲ။ လမ်းပိတ်စစ်ဆေးတာတွေ လုပ်ကြတာပေါ့” လို့…
Read Moreတောင်ကြီးတန်ဆောင်တိုင် ရက်ရွေ့လိုက်လို့ ဟိုတယ်ဘိုကင်တင်ထားသူတွေ အခက်ကြုံ
ZY(VOM) နိုဝင်ဘာ ၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့ နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရက်ကြာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ တန်ဆောင်တိုင်ပွဲတော်ကို ပွဲရက်ရွေ့ဆိုင်း လိုက်တဲ့အတွက် ဟိုတယ်ဘိုကင်တင်ထားသူတွေဟာ အခက်ကြုံနေရတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။ မူလက တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပေမယ့် လက်ရှိ မိုးလေဝသခန့်မှန်းချက်များအရ ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး လာမယ့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ ပြောင်းလဲကျင်းပမယ်လို့ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီက နိုဝင်ဘာလ ၈ရက်၊ ညပိုင်းမှာ ထုတ်ပြန်အသိပေးထားပါတယ်။ ဒီပွဲတော်ရွေ့ဆိုင်းမှုကြောင့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံးမှာ ကြိုတင်ဘိုကင်ပြည့်နေတဲ့ ရန်ကုန်၊ နေပြည်တော်စတဲ့ ရပ်ဝေးက ဧည့်သည်တွေ အခက်ကြုံနေရပြီး ဟိုတယ်ဘိုကင်ထပ်မရရှိတဲ့အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ “၈ရက်ကနေ ၁၆ရက်အထိက…
Read Moreတောင်ငူအနီး တိုက်ပွဲပြင်းထန်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ
နိုဝင်ဘာ ၉ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့အပြင်ရှိ ကျေးရွာတွေအနီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရတယ်လို့ အဲဒီ ဒေသခံတွေဆီက သိရပါတယ်။ တောင်ငူမြို့အပြင်က အိုင်စောက်၊ ကမ်းနီ၊ ကရင်နီကုန်း၊ သက်ကယ်ကျင်း၊ ညောင်စခန်း၊ ကွမ်းသီးပင်နဲ့ ဇီးဖြူကုန်းကျေးရွာတို့မှာ မနေ့ နိုဝင်ဘာ ၈ ရက်၊ မနက်အစောပိုင်းကစပြီး နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ “တိုက်ပွဲက ရုတ်တရက်ကြီးထဖြစ်တာ။ နှစ်ဖက် ပစ်ခတ်တာတွေနဲ့ တော်တော်ပြင်းထန်တယ်။ ရွာထဲ၊ လယ်ကွင်းတွေထဲ လက်နက်ကြီးကျတာတွေ ရှိနေတော့ ဘယ်သူမှ မနေရဲကြတော့ဘူး။ ဘေးလွတ်ရာကို ချက်ချင်းရှောင်ရတာ။ အဝတ်အစားတွေကလွဲလို့ ဘာမှကိုမယူနိုင်ဘူး” လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။…
Read Moreရုရှားရဲ့ ယူကရိန်းစစ်ရေးရည်မှန်းချက် မပြောင်းလဲဘူးလို့ ပူတင်ပြော
မော်စကို၊ နိုဝင်ဘာ-၉-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းမှာ ပြုလုပ်နေတဲ့ ရုရှားရဲ့စစ်ဆင်ရေး ရည်မှန်းချက်တွေကို ပြောင်းလဲဖို့ သမ္မတပူတင်က ရည်ရွယ်ချက်မရှိကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။သမ္မတပူတင်ဟာ စစ်ဆင်ရေးပန်းတိုင်ကို ပြောင်းမယ်လို့ တခုမှမပြောဘူးကြောင်း၊ ရည်မှန်းချက်တွေက ယခင်နည်းတူပဲလို့ ကြိမ်ဖန်များစွာ ပြောခဲ့တယ်လို့ သူကဆိုပါတယ်။ ပူတင်ဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့လည်း ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။အမေရိကန်ပြည်သူတွေ ယုံကြည်စိတ်ချလို့ ရွေးချယ်လိုက်တဲ့ ဘယ်သူနဲ့မဆို လက်တွဲလု်ပဆောင်သွားမယ်လို့ သမ္မတပူတင်က ပြောဆိုခဲ့ပါတယ်။ နေတိုးအဖွဲ့ထဲကို ယူကရိန်းဝင်ရောက်မယ့် ကိစ္စကို ပယ်ချခြင်းအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အဆိုပြုချက်တွေကို ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသလေးခုနဲ့ ကရိုင်းမီးယားဒေသကို ရုရှားရဲ့ အချုပ်အခြာအာဏာစက်အတွင်း ထည့်သွင်းဖို့ဆိုတာ လက်ခံရမယ်လို့ ပူတင်က အခိုင်အမာဆိုပါတယ်။ ရုရှား-ယူကရိန်းနယ်နိမိတ်ဟာ ဒေသခံတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ရေးဆွဲသင့်တယ်လို့လည်း သူကပြောပါတယ်။ယူကရိန်းကတော့ ရုရှားရဲ့တောင်းဆိုချက်တွေကို ပယ်ချထားပြီး ယူကရိန်းပိုင်နက်တွေ ပြန်လည်ရရှိရေးနဲ့ ရုရှားတပ်တွေ…
Read Moreရွေးကောက်ပွဲ ရှုံးနိမ့်မှု သမ္မတဂျိုးဘိုင်ဒင်ကို အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပလိုစီ အပြစ်တင်
ဝါရှင်တန်၊ နိုဝင်ဘာ-၉-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတရွေးကောက်ပွဲ့နေ သမ္မတဂျိုးဘိုင်ဒင် စောစောစီးစီးနုတ်ထွက်ခဲ့မယ်ဆိုရင် ဒီမိုကရက်တစ်တွေအတွက် ရွေးကောက်ပွဲမှာ အခြေအနေပိုကောင်းနိုင်တယ်လို့ အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပလိုစီက ပြောဆိုလိုက်ပါတယ်။သမ္မတဘိုင်ဒင်သာ ရွေးကောက်ပွဲယှဉ်ပြိုင်မှုကနေ မြန်မြန်ထွက်ခဲ့မယ်ဆိုရင် တခြားကိုယ်စားလှယ်လောင်းတွေ ရှိကောင်းရှိလာနိုင်တယ်လို့ နယူးယောက်တိုင်းမ်သတင်းဌာနကို သူမက ပြောပါတယ်။ လက်ရှိမှာတော့ ပြိုင်ဘက် ရီပတ်ဘလီကန်တွေဟာ သမ္မတရာထူးရယူနိုင်တဲ့အပြင် လွှတ်တော်နှစ်ရပ်စလုံးမှာလည်း အများစုအနိုင်ရထားပါတယ်။ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးပြီးနောက် ဂျိုးဘိုင်ဒင်ရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖို့ သမ္မတဂျိုးဘိုင်ဒင်ကို ဖိအားပေးမှုတွေမှာ နိုင်ငံရေးဩဇာကြီးမားတဲ့ နန်စီပလိုစီက ဦးဆောင်ခဲ့တယ်လို့ ရှုမြင်ခြင်း ခံထားရပါတယ်။ဘိုင်ဒင်ဟာ အဲဒီနောက်ပိုင်းမှာတော့ သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး ဒုတိယသမ္မတဖြစ်သူ ကမလာဟားရစ်ကို ထောက်ခံခဲ့ပါတယ်။ ကမလာဟားရစ်ကတော့ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ခဲ့ပါတယ်။ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြောင်းနဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို ငြိမ်းချမ်းစွာ စနစ်တကျ အာဏာလွှဲပြောင်းရေးကို ကတိပြုကြောင်း သမ္မတဂျိုးဘိုင်ဒင်က ကတိပြုထားပြီး ထရန့်ကတော့ လက်ရှိမှာ…
Read Moreထိုင်းမှာ သက်တမ်းလွန်နေထိုင်သူတွေ ဒဏ်ကြေးပေးရမယ့်အပြင် ပြည်ဝင်ခွင့်ပါ ပိတ်ခံရမယ်
နိုဝင်ဘာ ၉ – ၂၀၂၄SS (VOM)ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန် နေထိုင်သူတွေအနေနဲ့ ဘတ် နှစ်သောင်းထက် မပိုတဲ့ ဒဏ်ကြေး ပေးဆောင်ရမယ့်အပြင် ပြည်ဝင်ခွင့်ပါ ပိတ်ပင်ခံရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက မနေ့ နိုဝင်ဘာ ၈ ရက်မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူတွေ (မည်သည့်အထောက်အထား၊ လက်မှတ် ကိုင်ဆောင်သူမဆို) တရက်ကို ဘတ် ၅၀၀ နှုန်းနဲ့ စုစုပေါင်း ဘတ် နှစ်သောင်းထက်မပိုတဲ့ ဒဏ်ကြေးငွေကို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ ခြွင်းချက်မရှိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါအပြင် နေထိုင်ခဲ့တဲ့ သက်တမ်းလွန် ကာလအလိုက် ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ဒါနဲ့ ပတ်သက်လို့ ထိုင်းရောက် မြန်မာလုပ်သားတယောက်က “ကိုယ့်လူမျိုးတွေရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးဖို့ထက် ပိုပြီး ဒုက္ခရောက်အောင်ကိုပဲ အကြောင်းအမျိုးမျိုး ရှာနေကြတယ်။ သူများနိုင်ငံမှာ…
Read MoreThis Day in History
Voice of Myanmarစစ်အေးတိုက်ပွဲ၏ သင်္ကေတတခုဖြစ်သည့် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီကို ပိုင်းခြားထားသော ၂၈ မိုင်အရှည်ရှိ ဘာလင်တံတိုင်းကြီးကို အရှေ့ဂျာမနီအစိုးရက ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
Read Moreလွတ်ငြိမ်းသက်သာခွင့်ရတဲ့ လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင် ကွယ်လွန်ပြီ
မန္တလေး ၊ နိုဝင်ဘာ ၉- ၂၀၂၄မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊(၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ဆေးကုသမှုခံနေရတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ၇၄ နှစ်ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီမှာ ကွယ်လွန်သွားခဲ့တယ်လို့ သက်ဆိုင်ရာက အတည်ပြုပါတယ်။ဦးဝင်းခိုင်ဟာ အဂတိလိုက်စားမှုစွဲချက်နဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရပြီး ၂၀၂၄ အောက်တိုဘာ၂၉ရက်က လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာဖြစ်ပါတယ်။သူ့ရဲ့နာရေးကို နိုဝင်ဘာလ ၉ ရက် ဒီနေ့ မနက် ၁၁ နာရီမှာ ဆေးရုံကြီးရေခဲတိုက်ကနေ ကြာနီကန်သုဿာန်ကို ပို့ဆောင်သင်္ဂြိုလ်မယ်လို့သိရပါတယ်။သူ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးခဲ့ပြီး နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာမှုကြောင့်လို့ဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ…
Read Moreမီးပျက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ
နိုဝင်ဘာ ၉၊ ၂၀၂၄ SN (VOM) လက်ရှိ မြန်မာပြည်မှာ နွေရာသီကာလကို ရောက်ဖို့ ဝေးစွ၊ မိုးလေကင်းလွတ်တဲ့ အချိန်ရာသီရယ်လို့ ပီပီပြင်ပြင် မရောက်သေးခင်မှာဘဲ နိုင်ငံတဝန်း နေရာအများစုမှာ နာရီနဲ့ချီ လျှပ်စစ်မီးပြတ်တောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာတောင် မြို့နယ်အများစု အလှည့်ကျမီးလာရမယ့်အချိန်တောင် မလာလို့ လူမှုဒုက္ခတွေများစွာ ကြုံနေကြရပါတယ်။ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေနဲ့ လာမယ့် ၂၀၄၀ ခုနှစ်အတွင်းမှာ မြန်မာတနိုင်ငံလုံး မီးလင်းရမယ် လို့ စီမံကိန်းချထားတာပါ။ ဒါပေမယ့်လည်း နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက် သုံးနှစ်ကျော် ကာလအတွင်းမှာတော့ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုကို မြို့နေလူထုတွေ ခါးစည်းခံနေကြရပါတယ်။ ဒါနဲ့ပတ်သက်လို့ လျှပ်စစ်ဝန်ကြီးဌာနဘက်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ရေအားလျှပ်စစ်ထုတ် စက်ရုံတွေအတွင်း ရေဝင်ရောက်၊ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့…
Read Moreညောင်ဦး River House ဟိုတယ်မန်နေဂျာနဲ့အဖွဲ့က လာတည်းခိုတဲ့ လူငယ်အဖွဲ့ကို ဝိုင်းရိုက်လို့ တယောက်သေပြီး လေးယောက်ဒဏ်ရာရ
နိုဝင်ဘာ ၈ – ၂၀၂၄ GG (VOM) ပုဂံနဲ့ေညာင်ဦးကို အလည်အပတ်လာတဲ့ အမျိုးသားလူငယ် ၇ ယောက်ကို သူတို့တည်းတဲ့ ဟိုတယ်ရဲ့မန်နေဂျာအပါအဖွဲ့က ဝိုင်းရိုက်လို့ တယောက်သေပြီး လေးယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ် ။ ခရီးသွားလူငယ်အဖွဲ့ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဟိုတယ်က ပုဂံညောင်ဦး ၊ ရွှေစည်းခုံဘုရားအနီး၊အမှတ် ၇ ၊ ဝက်ကြီးအင်းရပ်က River House Hotel ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ညမှာ ဟိုတယ်မန်နေဂျာအပါ အဖွဲ့က ရိုက်နှက်ခဲ့ကြတာဖြစ်တယ်လို့ အရိုက်ခံရပြီးသေဆုံးသွားသူရဲ့အကိုက ပြောဆိုထားပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ညက ဟိုတယ်ရဲ့မြစ်ကမ်းနံဘေးမှာ ခရီးသွားအမျိုးသားလူငယ် ၇ ယောက်အဖွဲ့ဟာ bluetooth box ဖွင့်ပြီး သီချင်းသီဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောဆို အချင်းများပြီးနောက် လူငယ် ၅ ယောက်က အခန်းကိုပြန်လာချိန်မှာ အရိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ဟိုတယ်မှာ ၃ရက် ည…
Read More