မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

ဇူလိုင် ၂၃ – ၂၀၂၆ SN (VOM) မကွေးတိုင်းအတွင်းက မြိုင်နဲ့ ပေါက်မြို့နယ်အစပ် ဒေသတွေမှာ အစိုးရတတပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကတည်းက ပခုက္ကူမြို့နယ်၊ တပ်မ (၁၀၁) ကနေ အင်အားအများအပြားနဲ့ ထွက်ခွာလာတာဖြစ်ပြီး အခု ဇူလိုင်လ ၁၃ ရက်နေ့မှစတင်ကာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကနေ မြိုင်နယ်ထဲကို ဝင်ရောက်လာတာလို့ သိရပါတယ်။ “စစ်ကြောင်းလာတဲ့ လမ်းတလျှောက်မှာ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တာတွေလည်း ရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်တယ်။ ပေါက်ဒေသဘက်ရော၊ မြိုင်ဘက်မှာပါ ထိခိုက်၊ သေဆုံးတဲ့သူတွေလည်း တဖြည်းဖြည်း များလာသလို၊ ဒီ မြိုင်နယ်ဘက်မှာဆို အိမ်ခြေ…

Read More

တရားမဝင် ဓာတ်အားရယူ သုံးစွဲမှုတွေအတွက် လျော်ကြေးငွေ လျှော့ချ ကောက်ခံနေ

ဇူလိုင် ၂၃ – ၂၀၂၆ SS (VOM) မသမာတဲ့ နည်းလမ်းတွေနဲ့ တရားမဝင် လျှပ်စစ်ဓာတ်အား ရယူ သုံးစွဲနေသူတွေအနေနဲ့ သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဌာနတွေကို ဆက်သွယ် အကြောင်းကြားလာပါက လျော်ကြေးငွေ လျှော့ ကောက်ခံနေတဲ့အပြင် ဒဏ်ကြေးနဲ့ တရားစွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့် ပြုနေပြီဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။ တရားမဝင် လျှပ်စစ်ဓာတ်အား သုံးစွဲနေသူတွေအနေနဲ့ အခု ဇူလိုင်လ ၃၁ ရက်နေ့မတိုင်မီ သက်ဆိုင်ရာဌာန အသီးသီးကို ဆက်သွယ် အသိပေးရမှာဖြစ်ကာ လက်ရှိမှာ အဲဒီလို အသိပေးလာသူတွေကို ဓာတ်အားဖြတ်တောက်ခြင်း၊ ဒဏ်ကြေး ကျပ် သုံးသိန်း တောင်းခံခြင်း၊ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေနဲ့အညီ တရားစွဲဆိုခြင်းတို့မှ ကင်းလွတ်ခွင့် ပြုနေတဲ့အပြင် တရားမဝင် ဓာတ်အားရယူ သုံးစွဲမှုတွေအတွက်ကိုလည်း လျော်ကြေးငွေ တွက်ချက်ရာမှာ မူလသတ်မှတ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ကောက်ခံနေပြီ…

Read More

အစိုးရတပ်က MNDAA ထံက​​နေ သိန္နီနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လွှဲပေးဖို့ တောင်းဆိုနေကြောင်း သတင်းထွက်ပေါ်

ဇူလိုင် ၂၃၊ ၂၀၂‌၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ်မှာ အစိုးရတပ် ကိုယ်စားလှယ်တွေနဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) ကိုယ်စားလှယ်တွေကြား ဇူလိုင် ၂၂ ရက်က ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေကတည်းက အစိုးရဘက်က သိန္နီမြို့နဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းဆိုထားကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ အခုအကြိမ် တွေ့ဆုံမှုမတိုင်ခင် ဇူလိုင် ၁၄ ရက်ကလည်း နှစ်ဖက်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးပွဲမှာ အစိုးရတပ်ဘက်က သိန္နီမြို့အပြင် ချင်းရွှေဟော်အပါအဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည်လွှဲအပ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ နယ်စပ် ကုန်သည် တ​ေယာက်ကတော့ “အစိုးရဘက်က သိန္နီနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်တောင်းနေတယ်လို့ သိရတယ်။ လက်ရှိအချိန်အထိတော့ MNDAA ဘက်က…

Read More

ကန့်ဘလူ ဇီးကုန်းမြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင်နဲ့ပြည်သူ့စစ်တို့ ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့

ဇူလိုင် ၂၁ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ သွားလာတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွား ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၈ နာရီလောက်မှာ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူစစ်အဖွဲ့ဝင်ဟာ စျေးဝယ်ဖို့ ဆိုင်ကယ်တစီးကို နှစ်ယောက်စီးလာချိန် မြို့တွင်း လမ်းပိုင်းတနေရာမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” စျေးဝယ်လာတာကို လမ်းကနေ ဖြတ်ပြီးပစ်တာလို့သိရတယ်။ နှစ်ယောက်လုံး နေရာမှာပွဲချင်းပြီးဆုံးတယ်။ သေနတ်တွေလည်း ပါသွားတယ် သိရတယ်။ ပစ်ခတ်မှုပြီးတော့ စစ်တပ်ရော ရဲတွေရော မြို့ထဲစစ်ဆေးရေးတွေတင်းကြပ်တာ ရှိတယ်။ ” လို့ ဒေသခံကပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုမှာ သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း…

Read More

သူတို့အိမ် အခန်း (၁၇၃)

ဆူးငှက် ၁၉၈၈ခု၊ ဒီဇင်ဘာ ၁၃ ရက် —————————– ကျွန်တော်တို့ မုန့်ဟင်းခါး မှာသောက်နေစဉ်မှာပဲ စက်မှုတက္ကသိုလ် တက်ဆဲ တူတော်မောငက် အနားရောက်လာသည်။ ခင်သော်ဇင်က က အောင်မိုးဝင်းလာလေ၊ မုန့်ဟင်းခါးမှာလိုက်မယ်လေ ဟု ဆိုတော့ သူက ခေါင်းရမ်းပြီး “လေးဆန်း.. ဖိုးဖိုး ဘာဖြစ်သွားမှန်းမသိဘူးဗျ၊ ဈေးသွားမလို့ ပြင်ရင်း အိပ်ရာထဲမှာ လဲသွားလို့၊ အမေကြီးက နှိပ်ပေးနေတယ်၊ သတိလစ်သွားတာလားမသိဘူး၊” ဟု ပြောသည်။ ကျွန်တော်လည်း မုန့်ဟင်းခါးပန်းကန်ကို ထားခဲ့ပြီး အိမ်သို့ ပြန် လိုက်သည်။ နောက်က ခင်သော်ဇင်လည်း ဗိုက်ကြီး တကားကားနှင့် ပြန်လိုက်လာသည်။ အိမ်ရောက်တော့ အခန်းထဲမှာ အဘက ပက်လက်၊ အမေက အဘ ဇက်ကို အသာနှိပ်နေ၏။ အဘ၏ ပါးစောင်တစ်ဖက်က သွားရေကျနေလို့ တဘက်နှင့် သုတ်လိုက်ပြီး ကျွန်တော်က အဘ အဘ…

Read More

ငလျင်နဲ့ ကိုဗစ်အကျိုးဆက်ကြောင့် မြန်မာ့ရုပ်သေးအနုပညာ ထိန်းသိမ်းရေး ပိုမိုခက်ခဲလာဟု ရုပ်သေးကော်မတီဥက္ကဋ္ဌပြော

ဇူလိုင် ၂၁- ၂၀၂၆ NW(VOM) ကိုဗစ်ကပ်ရောဂါနဲ့ မန္တလေးငလျင်ရဲ့ အကျိုးဆက်တွေကြောင့် မြန်မာ့ရိုးရာ ရုပ်သေးအနုပညာ ဖျော်ဖြေတင်ဆက်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ပိုမိုခက်ခဲလာ တယ်လို့ မြန်မာနိုင်ငံရုပ်သေးကော်မတီ ဥက္ကဋ္ဌဒေါ်မမနိုင်က ပြောပါတယ်။ ရုပ်သေးသဘင်ကို မန္တလေးတောင်ခြေရှိ ရုပ်သေးပြဇာတ်ရုံမှာ ကိုဗစ်မတိုင်ခင်က နိုင်ငံခြားခရီးသွားဧည့်သည်တွေကို အဓိကထား ဖျော်ဖြေခဲ့ပေမယ့် ကိုဗစ်နောက်ပိုင်း ပွဲအရေအတွက် လျော့နည်းလာခဲ့ပြီး မန္တလေးငလျင် ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ မြို့ရဲ့ အခြေအနေကြောင့် ဖျော်ဖြေမှုတွေ ရပ်တန့်သွားသလောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့ရှိ Governor’s Residence နဲ့ ပူးပေါင်းကာ ရုပ်သေး ဖျော်ဖြေတင်ဆက်မှုတွေ ပြန်လည်ဆောင်ရွက်နေပြီး ခရီးသွားဧည့်သည်တွေနဲ့ နိုင်ငံခြား သံရုံး မိသားစုတွေ လာရောက်ကြည့်ရှုမှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ယနေ့ခေတ် လူငယ်တွေနဲ့ ကလေးငယ်အများစုဟာ မြန်မာ့ရိုးရာ ရုပ်သေးအနုပညာကို မသိရှိတော့တဲ့အတွက် ကျောင်းတွေကို ကိုယ်တိုင်သွားရောက် ဖျော်ဖြေပြသကာ…

Read More

မုံရွာမြို့နယ် ချင်းတွင်းမြစ်အတွင်း စက်တပ်လှေတစီး တိမ်းမှောက်ပြီး ငါးယောက် ပျောက်ဆုံးနေ

ဇူလိုင် ၂၁ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကမ်းနားလမ်း၊ ချင်းတွင်းမြစ်အတွင်း မနေ့ ဇူလိုင် ၂၀ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က စက်တပ် လှေငယ်တစီး တိမ်းမှောက်ခဲ့ပြီး ငါးယောက် ပျောက်ဆုံးနေတယ်လို့ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီ စက်တပ် လှေငယ်ပေါ်မှာ အမျိုးသား ခြောက်ယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း ခုနစ်ယောက် လိုက်ပါလာတာဖြစ်ပြီး အခင်းဖြစ်ပြီးနောက် အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပေမယ့် အမျိုးသား ငါးယောက်ကတော့ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။ “မှောက်တဲ့လှေက စက်လှေကြီးမဟုတ်ဘူး။ လှေအသေးစားလေးကို စက်လေးတပ်ထားတာ။ သူတို့က ဟိုဘက်ကမ်းကိုဖြတ်တာ။ ရွာအလှူပွဲကို ပြန်ကြမယ့်သူတွေလို့ သိရတယ်။…

Read More

မန္တလေးမှာ ” ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော်” ကျင်းပမယ်

မန္တလေး၊ ဇူလိုင်- ၂၁- ၂၀၂၆ SA(VOM) မန္တလေးမြို့မှာ ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ၃ ရက်နေ့အထိ Mandalay Convention Center မှာ မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးခွဲ(မန္တလေး) က ကြီးမှူးကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီ – ယန်ဇီ ရိုးရာယဥ်ကျေးမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ကျင်ပဖို့အတွက် အကြိုသတင်းစာရှင်းလင်းပွဲကို ဒီက နေ့ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁(ဘီ) ကမ်းနားလမ်း မှာရှိတဲ့ ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲတော်ကို မြန်မာ- တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခွင်းအလမ်းများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး နိုင်ငံတကာသံရုံးများ၊…

Read More

သီ​ပေါ တာလုံဖောင်ဆိပ်မှာ ပျောက်ဆုံးသွားတဲ့ အမျိုးသားငါးယောက် သုံးရက်ကြာတဲ့ အထိ ပြန်မတွေ့ သေး

ဇူလိုင်၂၁၊ ၂၀၂၆ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ် တာလုံကျေးရွာ ဖောင်ဆိပ်မှာ ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းက ဖောင်တိမ်းမှောက်ပြီး ရေစီးနဲ့မျောပါ ပျောက်ဆုံးသွားတဲ့ အမျိုးသား ငါးယောက်ကို ဇူလိုင် ၂၁ ဒီနေ့အထိ ပြန်မတွေ့သေးဘူးလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ အခုလ ၁၉ ရက်နေ့ မနက် ၂ နာရီမှာ သီပေါ ဒုဋ္ဌဝတီမြစ်ကို ဖောင်ဆိပ်ကနေ ကူးဖို့လုပ်နေချိန် ဖောင်တိမ်းမှောက်လို့ လူခုနှစ်ဦးနဲ့ ကားတစ်စီး ရေစီးနဲ့ မျောပါသွားခဲ့ပါတယ်။ ဖောင်လုပ်သား နှစ်ဦးပဲ ကမ်းကို ကူးလာနိုင်ပြီး ကျန်တဲ့ အမျိုးသား ငါးဦးနဲ့ ယာဉ်ကတော့ ရေစီးနဲ့ ပါသွားခဲ့ပါတယ်။ ရေစီးထဲ ပါသွားတဲ့ အမျိုးသားတွေဟာ အသက် ၂၀ ကနေ ၃၀ ကျော်အရွယ် တွေ ဖြစ်ပြီး အဲဒီထဲက အမျိုးသား…

Read More

နေပြည်တော်မှာ လူသတ် ဆိုင်ကယ်လုခဲ့တဲ့တရားခံတွေကို တနှစ်ကျော်အကြာမှ သေဒဏ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်နိုင်ခဲ့

ဇူလိုင် ၂၁ ၊ ၂၀၂၆ GG (VOM) နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ်မှာ လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ တရားခံနှစ်ယောက်ကို မသေမချင်း ကြိုးကွင်းစွပ်သေဒဏ်အပြင် အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ပါ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ တရားခံတွေဖြစ်တဲ့ ကျော်ထက်ဦး နဲ့ အောင်သူဝင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) (ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် နဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေဖို့ ပျဉ်းမနားခရိုင်တရားရုံးက မနေ့က ဇူလိုင် ၂၀ရက်မှာ အမိန့်ချမှတ်ခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။ အမှုဖြစ်ပွားပြီး တနှစ်ကြာပြီးနောက်မှာမှ ခုလို ကြီးလေးတဲ့ပြစ်ဒဏ်ကို အမိန့်ချမှတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” အမှုက တကယ်ဆို ဖြစ်တာ မနှစ်က…

Read More