မော်လမြိုင်က ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်သူတချို့ကို ကားနဲ့အတူဖမ်းမိ

ဩဂုတ် ၂၉ ၊ ၂၀၂၆ GG (VOM) မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက် ၊ ကမ်းနားလမ်းက ကိုကို နှင့် ညီညီလျှပ်စစ်ပစ္စည်းဆိုင်ကို ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတယောက်ကို ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။ ကျူးလွန်သူအမျိုးသားကို ဓားပြတိုက်စဥ်က အသုံးပြုခဲ့တဲ့ကားတစီးနဲ့အတူ ပေါင်မြို့နယ်ထဲက တနေရာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ” ဖမ်းမိပါပြီ ။ ကား တစီး နဲ့ နောက်တစီး နဲ့ ကျန်တဲ့သူတွေ လိုက်နေတုန်း။ စစ်ဆေးရေး လုပ်နေတုန်းပါ။ ရဲတွေ စစ်ဆေးပြီး ကွင်းဆက်တရားခံတွေ ဆက်လိုက်နေတုန်းမို့ ဘာမှမသိရသေးဘူး။ ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ ဓားပြတိုက်မှုက မနေ့က ဩဂုတ် ၂၈ ရက်နေ့မနက် ၄ နာရီလောက်မှာ မျက်နှာဖုံးအုပ်ထားတဲ့ အမျိုးသားသုံးယောက်က ကားနှစ်စီးနဲ့ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်…

Read More

ကျောင်းအင်္ဂါရပ် မညီတဲ့ ကိုယ်ပိုင်ကျောင်းနဲ့ နိုင်ငံတကာကျောင်းတွေကို ပိတ်သိမ်းမယ်လို့ သတင်းတွေထွက်ပေါ်

ဩဂုတ် ၂၉ – ၂၀၂၆ SN (VOM) ကျောင်းပုံစံတကျ ဆောက်လုပ်ထားခြင်း မရှိတဲ့၊ ကျောင်းအင်္ဂါရပ်နဲ့ မညီတဲ့ ကိုယ်ပိုင်ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေကို လာမယ့် ၂၀၂၇ ခုနှစ်ကစပြီး ပိတ်သိမ်းသွားမယ်လို့ ပညာရေးအသိုင်းအဝိုင်းကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကန်ထရိုက်တိုက်၊ လုံးချင်းတိုက်တွေကို ကျောင်းအဖြစ် ဖွင့်လှစ်ထားတာတွေ၊ အကျယ်အဝန်း တဧကရဲ့ သုံးပုံတပုံတောင် မရှိတဲ့ ကျောင်းတွေနဲ့ စုဝေးဖို့နဲ့ ကစားကွင်း မြေနေရာမရှိတဲ့ ကျောင်းတွေကို ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။ ဒါအပြင် ကျောင်းခန်းမှ ဆင်းတာနဲ့ ကားလမ်းမကိုရောက်တဲ့၊ ကားရပ်နားကွင်း မရှိဘဲ အများသုံးလမ်းမကိုသာ အတင်အချ ပြုလုပ်နေတဲ့ ကျောင်းတွေ အားလုံးကိုလည်း ပိတ်သိမ်းရမယ်လို့ သိရပါတယ်။ “ကိုယ်ပိုင်ကျောင်းတွေနဲ့ ပတ်သက်လို့ ဒုဝန်ကြီး နှစ်ပါး၊ ညွှန်ချုပ်တွေ အကုန်လုံးက နေပြည်တော်မှာ အစည်းအဝေးလုပ်ပြီးတော့ ပြောထားတာရှိတယ်။…

Read More

ပခုက္ကူ အမှတ်(၅) အထည်စက်ရုံ ဝန်ထမ်းလစာငွေ သိန်း တ​ထောင်​ကျော် ဓါးပြတိုက်ခံရ

သြဂုတ် ၂၉-၂၀၂၆ PL(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့အ​ရှေ့ဘက်မှာရှိတဲ့ အမှတ် (၅) အထည်စက်ရုံဝန်ထမ်း​တွေအတွက် ထုတ်ယူလာတဲ့ လစာငွေကျပ် သိန်း ၁,၄၁၀ နဲ့ ဝန်ထမ်း​တချို့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က စက်ရုံ​ရှေ့မှာဘဲ တားဆီး ဓါးပြတိုက် ဖမ်း​ခေါ်သွားတဲ့ ဖြစ်စဉ်တခု ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းက ဖြစ်ခဲ့ပါတယ်။ “ဩဂုတ်လ ၂၈ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်က မြန်မာ့စီးပွားရေးဘဏ်က​နေ စက်ရုံဝန်ထမ်း​တွေအတွက် လစာငွေထုတ်ပြန်လာချိန် စက်ရုံရှေ့အရောက်မှာ အမည်မသိတဲ့လက်နက်ရှည် ၂ လက် ကိုင်ဆောင်ထားတဲ့လူငယ် ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ယာဉ်​ပေါ်ပါဝန်ထမ်း​တွေကို ဖမ်းခေါ်သွားတာပါ” လို့လုံခြုံရေးနဲ့နီးစပ်သူက ပြောပါတယ်. ​အဆိုပါ မော်တော်ယာဉ်ပေါ်မှာ ယာဉ်မောင်း ဦးပြည့်ဖြိုးမောင် (၄၀ နှစ်) ၊ လက်ထောက်စက်ရုံမှူး ဦးအောင်ထိုက် (၅၄ နှစ်)၊…

Read More

ပိတ်ခံခဲ့ရတဲ့ သီပေါမြို့နယ်က ကျောင်း ၁၇ ကျောင်းကို ဒီနေ့ပြန်ဖွင့်

ဩဂုတ် ၂၉ ၊ ၂၀၂၆ CC (VOM) ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ လုံခြုံရေးအရဆိုပြီး ပိတ်ခံခဲ့ရတဲ့ စာသင်ကျောင်း ၁၇ ကျောင်းကို ဒီနေ့ ဩဂုတ် ၂၉ ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ် ။ အဲဒီစာသင်ကျောင်းတွေကို ဩဂုတ် ၃ ရက်နေ့ကစပိတ်ခဲ့ပြီးနောက် ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့ အပါအဝင်အားလုံး ဆွေးနွေးညှိနိူင်းမှုတွေပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၂၇ ရက်အကြာမှာ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ” အဆင်ပြေတယ် ။ကျွန်တော်တို့ ( ကျောင်းတွေ) ဒီနေ့သွားဖွင့်တယ်။ ရှမ်းပြည်နယ် အစိုးရရော ၊ပြည်ထောင်စုအဆင့်ကရော ခွင့်ပြုလိုက်တာပါ။ ” လို့ သီပေါမြို့နယ် ရှမ်းနှင့် တိုင်းရင်းသားများပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောပါတယ်။ စာသင်ကျောင်းတွေထဲမှာ MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ် ထားတဲ့ ဆောင်ကြဲရွာက အထက်တန်း နှစ်ကျောင်း၊ နောင်အန်ရွာ…

Read More

MNDAA နဲ့ AA တပ်ဖွဲ့တို့ရဲ့ စစ်ဆေး​ရေးဂိတ်မှာ အစစ်ဆေးမခံတဲ့ ကားသမား ပစ်ခံရ

ဩဂုတ် ၂၉၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နဲ့ ၁၀၅ မိုင်ကြားက MNDAA နဲ့ AA တပ်ဖွဲ့တို့ ဂိတ်မှာ ကားသမား တယောက် ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ ဩဂုတ်လ ၂၉ ရက် စနေ့ နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်မှာ MNDAA နဲ့ AA တပ်ဖွဲ့တို့ ဂိတ်ချထားပြီး စစ်ဆေးရေး ပုံမှန် လုပ်နေကျ နေရာမှာ အစစ်ဆေးမခံတဲ့ ကားသမား တယောက် ပစ်သတ်ခံရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကားမောင်းတဲ့ အမျိုးသမီးက ညအိပ် ဝတ်စုံ ဝတ်ဆင်ထားကာ ဆေးကြောင်တယ်လို့ ယူဆရပြီး အဲဒီ စစ်ဆေးရေးဂိတ်က ဘန်ကာတောင် ပြားနေအောင် ကားနဲ့ တိုက်ထားတယ်လို့…

Read More

သူတို့အိမ် အခန်း (၂၀၆)

ဆူးငှက်   ရတနာပုံခေတ်မှ အစ၊ ကိုလိုနီခေတ်အလယ် —————————————————- တကယ်တော့ နန်းရှေ့ ရေစစ်ကန်ဆိုသည်မှာ မင်းတုန်းမင်း၏ ရတနာပုံနေပြည်တော် ရွှေမြို့တော်၏ အပြင်မြေမြို့ရိုးကြီး၏ အရှေ့ဘက် ကက်ရက်မှာ တည်ရှိသည်။ မန္တလေးကို မြေမြို့ရိုးကြီး ဝန်းရံကာ တံခါး ၅၇ပေါက်ရှိသည်။ ရှင်ဘုရင်စံတော်မူသည် ရွှေနန်းတော်တည်ရှိရာကို တစ်ဖက် တာ၆၀၀ (၁မိုင် ၂ဖာလုံ ၅၅ကိုက်) စီရှိသော မြို့ရိုး ၄ဖက်နှင့် ကာရံထားပြီး တံခါး ၁၂ရပ်ရှိသည်။ ရွှေမြို့တော်ကို လေးပြင်လေးရပ် သတ်မှတ်ကာ ရပ်ကွက်ပေါင်း ၅၄ကွက်နှင့် ဖွဲ့စည်းထား၏။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ထားသည့်အပြင် ဘေးပတ်လည်မှာလည်း ပုဂံခေတ်ကတည်းက ဆည်ဖို့ထားသော ကန်များအပြင် သဘာဝအင်းများ မြောင်းများ ချောင်းများလည်း ရှိသောကြောင့် ရွှေမြို့တော်၏ လူနေရပ်ကွက် ပတ်လည်မှာလည်း မြေမြို့ရိုးကြီး တာဖို့ခဲ့သည်မှာ ရွှေမြို့တော် တည်စ ၁၂၂၀ခုနှစ် ကတည်းက…

Read More

ဧရာဝတီတိုင်းမှာ စပါးတင်းတရာကို ၅ သိန်းထပ်တက်လာသလို ဆန်တအိတ်ကို ၅၀၀၀ မှ ၁၅၀၀၀ ထပ်တက်လာ

  ဩဂုတ် ၂၉ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ဆန်စပါးစျေးကွက်မှာ စပါးတင်းတရာကို အမြင့်ဆုံး ကျပ်ငါးသိန်းလောက်အထိ ထပ်တက်လာသလို ဆန်စျေးကလည်း တအိတ်ကို ၅၀၀၀ မှ ၁၅၀၀၀ လောက်ထပ်တက်လာတယ်လို့သိရပါတယ် ။     ဧရာဝတီတိုင်းအတွင်း စပါးခင်းတွေရေနစ်မှုအခြေအနေ ၊ မြေပြင်မှာ စပါး ရှားလာခြင်း ၊ ရန်ကုန်က ဝယ်လက်တွေ ဝယ်လိုအားများလာခြင်း စတဲ့ အခြေအနေတွေကြောင့် ဩဂုတ်လကုန်ပိုင်းမှာ ဆန်စပါးစျေး ထပ်တက်တာဖြစ်ပါတယ်။     ပုံမှန်ဆိုရင် ရန်ကုန်က ဝယ်လက်ကုန်သည်တွေဟာ စပါးကို အောက်တိုဘာလမှာသာ ဝယ်ယူသိုလှောင်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ အချိန်စောပြီး ဩဂုတ်လအတွင်း ဝယ်လိုအားများခဲ့တယ်လို့ သိရပါတယ် ။   “အဓိကရန်ကုန်ဝယ်လက်လှောင်တဲ့သူက အဟောင်းတန်းကိုလှောင်ဖို့ ကြိုပြီးတော့ဝယ်တာ ၊ ပုံမှန်ဆိုရင်သူတို့က ဆယ်လပိုင်းလောက်မှ ဝယ်တာကို ရေကြီးသံကြားတော့…

Read More

မော်လမြိုင်က ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာပါသွား

ဩဂုတ် ၂၈ ၊ ၂၀၂၆ GG (VOM) မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက် ၊ ကမ်းနားလမ်းရှိ ကိုကို နှင့် ညီညီလျှပ်စစ်ပစ္စည်းဆိုင်ကို ဒီကနေ့ ဩဂုတ် ၂၈ ရက်နေ့မနက်အစောပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ မနက်အစော ၄ နာရီလောက်မှာ လက်နက်ကိုင်ထားပြီး မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားသုံးယောက်က ကားနှစ်စီးနဲ့ရောက်လာပြီး သေနတ်ပြခြိမ်းခြောက် ဓားပြတိုက်ကာ မီးခံသေတ္တာကိုယူဆောင်သွားတာလို့ သိရပါတယ်။ ” ဘေးကဆောက်လက်စတိုက်ကနေဝင်ပြီး တိုက်တာလို့သိရတယ်။ဆိုင်နဲ့အိမ်ကတွဲဖွင့်ထားတာ ။ ပိုင်ရှင်တွေမရှိတာကို သိလို့ဝင်လုပ်သွားတာထင်တယ်။ အိမ်အကူကောင်မလေးရယ်၊ တူမဖြစ်တဲ့ကောင်မလေးပဲရှိတာကို လုပ်သွားတာ။ကောင်မလေးတွေကို ကြိုးနဲ့တုပ်ပြီး မီးခံသေတ္တာမသွားတာ ။ မီးခံသေတ္တာထဲဘာတွေရှိလဲတော့ ကျွန်တော်တို့ မသိနိုင်ဘူး။ ပိုင်ရှင်တွေက ရန်ကုန်သွားတာလို့တော့ ပြောတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ ဓားပြတိုက်မှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ နယ်မြေရဲစခန်းက အခင်းဖြစ်ရာအိမ်ကိုရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေ…

Read More

ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် စည်းမျဥ်းသစ် ထိုင်းမှာ ဒီနေ့စတင်

ဩဂုတ် ၂၈ ၊ ၂၀၂၆ CC (VOM) ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် စည်းမျဥ်းအသစ်က ဒီနေ့စတင်ပြီ ဖြစ်တာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ သတိထားနေထိုင်ဖို့ ပြောဆိုနေကြပါတယ်။ အဲဒီစည်းမျဥ်းသစ်က ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် နေထိုင်ခြင်း ၊ တရားမဝင် အလုပ်လုပ်ကိုင်ခြင်း ၊တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်း ၊အစိုးရစာရွက်စာတမ်း အတုပြုလုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်း ၊ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သော ကြီးလေးတဲ့ပြစ်မှု ကျူးလွန်ခြင်း ၊ အဲဒီပြစ်မှုကို အဓိကကျူးလွန်သူ၊ လှုံ့ဆော်သူ သို့မဟုတ် အားပေးကူညီသူခြင်း ပြုလုပ်သူတွေဟာ ပြည်နှင်ဒဏ်ချမှတ်ခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ပြစ်မှုတွေထဲက တခုခုကို ကျူးလွန်ပါက ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချခံရမယ့်အပြင် ကျခံပြီးပါက ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။…

Read More

မူဆယ်က ကျားဖြန့်ရုံကို အစိုးရတပ်ဖွဲ့ဝင်တွေ ဝင်စီး၊ တရုတ်နိုင်ငံသား ၁၈ ယောက် အပါအဝင် ၃၁ ယောက် ဖမ်းမိ

ဩဂုတ် ၂၈၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်ထဲက ကျားဖြန့်ရုံကို အစိုးရတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့က ဝင်ရောက်စီးနင်းတာမှာ တရုတ်နိုင်ငံသား ၁၈ ယောက် အပါအဝင် ၃၁ ယောက်ကို ဖမ်းမိတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။ ကောင်းမှုတုံရပ်ကွက် မြို့ရှောင်လမ်းမှာရှိတဲ့ နေအိမ်ကို ဝင်စီးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ၁၈ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၅ ယောက်ကို ဖမ်းမိတာလို့ သိရပါတယ်။ “မနေ့က ဝင်ဖမ်းတာဟုတ်တယ်။ တပ်ရော ရဲရောပါတယ်။ တရုတ်တွေ လည်း မိတယ်။ သတင်းပေးလို့ ဝင်ဖမ်းတာလို့တော့ ပြောတယ်” လို့ မူဆယ်မြို့ခံတယောက်က ပြောပါတယ်။ ဖမ်းဆီးရမိသူတွေနဲ့အတူ ဖုန်းမျိုးစုံ ၄၂၂ လုံး၊ တရုတ်ယွမ် နှစ်သောင်းကျော်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။…

Read More