ကချင်ပြည်နယ် အထက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ပူတာအိုနယ်မှာ ကုန်စျေးနူန်းတွေ အဆမတန်မြင့်တက်လာ

မေ ၊ ၅ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ မတ် ၈ ရက်ကစလို့ ကချင်ပြည်နယ် အထက်ပိုင်း မြစ်ကြီးနားနဲ့ ပူတာအိုကြားမှာ နစကတပ်ဖွဲ့တွေနဲ့ KIA လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားပြီး ၊ မြစ်ကြီးနား – ပူတာအို လမ်းပိုင်းဟာလည်း ပိတ်ဆို့မှုတွေလုပ်ထားကြောင့် အခုထိ ကုန်စည်သယ်ယူပို့ဆောင်ခွင့် မရသေးဘူးလိူ့ ကားသမားတွေဆီက သိရပါတယ်။ ကားသမား တယောက်က ” မြစ်ကြီးနား – လမ်းပိုင်းပိတ်ထားတာ ပြီးခဲ့တဲ့ မတ် ၈ ရက်စပိတ်တယ် ၊ အဲ့ဒါကြောင့် အတက်ကား ကုန်တင်ယာဥ်တချို့ လမ်းမှာ ပိတ်မိနေတာ ၂ လ ပြည့်တော့မယ် ” လို့ ပြောပါတယ်။ ပူတာအိုမြို့ခံတယောက်က ” ပူတာအိုနယ်မှာ ကုန်စည်ဝင်ရောက်မှုမရှိတာ ၂ လပြည့်တော့မယ်…

Read More

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ် စတင်

ပေကျင်း၊ မေ-၅-၂၀၂၄မျိုးဆက်(VOM)တရုတ်သမ္မတရှီကျင်းပင်ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ်ကို ဒီနေ့ မေ ၅ ရက်မှာ စတင်လိုက်ပြီး သူဟာသက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးမှာဖြစ်ပါတယ်။ရှီကျင်းပင်ဟာ ပြင်သစ်၊ ဆားဘီးယားနဲ့ဟန်ဂေရီ နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး ဒါဟာ ငါးနှစ်တာကာလအတွင်း သူ့ရဲ့ပထမဆုံးသော ဥရောပခရီးစဉ်ဖြစ်ပါတယ်။ပြင်သစ်မှာတော့ ရှီကျင်းပဟာ သမ္မတမက်ခရွန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ယူကရိန်းအရေးနဲ့ အရှေ့အလယ်ပိုင်း အခြေအနေတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာ ပြင်သစ်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် ၆၀ ပြည့်အထိမ်းအမှတ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ရှီကျင်းပင်ဟာ ပြင်သစ်မှာ မက်ခရွန်၊ ဥရောပကော်မရှင်ဥက္ကဌ အူဆူလာဗွန်ဒါလီယန်တို့နဲ့အတူ ဥရောပ-တရုတ်ဆက်ဆံရေးကို သုံးပွင့်ဆိုင် ဆွေးနွေးမှာဖြစ်ပါတယ်။ဆားဘီးယားနဲ့ ဟန်ဂေရီခရီးစဉ်တွေမှာတော့ သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေနဲ့အတူ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ် စီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ တရုတ်နဲ့ ဥရောပ်တို့အကြား ဆက်ဆံရေး အတွက် အရေးပါတယ်လို့ တရုတ်နို်ငငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။Ref:NHKPhoto:Reuters

Read More

ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားက ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး ဖမ်း၀ရမ်းထုတ်

မော်စကို၊ မေ-၅-၂၀၂၄မျိုးဆက်(VOM)ရုရှားအာဏာပိုင်တွေဟာ ယူကရိန်းသမ္မတ ဇီလန်စကီးကို ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး အလိုရှိစာရင်းမှာ ထည့်သွင်းကာ ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ရုရှားနိုင်ငံပိုင် တက်စ်သင်းဌာနက ဖော်ပြထားပါတယ်။ဇီလန်စကီးကို အလိုရှိစာရင်းမှာ ထည့်သွင်းလိုက်ပေးမယ့် ဒီကိစ္စနဲပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ရုရှားရဲ့ ဒီကြေညာချက်ဟာ စိတ်ပျက်ဖွယ် ဝါဒဖြန့်မှုတခုသာဖြစ်တယ်လို့ ယူကရိန်းကဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားဟာ ယူကရိ်နးနဲ့ အခြားသော ဥရောပနိုင်ငံရေးသမားအချို့ကို ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကိုလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်မှုကြောင့်ဆိုကာ နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဖမ်း၀ရမ်း ထုတ်ခံထားရပြီး သူကိုယ်တိုင် ဖမ်းဆီးခံရနိုင်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုပါတယ်။စစ်ရာဇဝတ်မှုတွေကျူလွန်တယ်လို့ သံသယရှိတဲ့ ပူတင်ကို ဖမ်းဆီးဖို့အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ အမိ်န့ဟာ အလွန်မှန်ကန်ပြီး နိုင်ငံပေါင်း ၁၂၃ နိုင်ငံကအကောင်အထည်ဖော်ရမယ့် ကိစ္စဖြစ်တယ်ဆိုတာ သတိပေးလိုကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။Ref:ReutersPhoto:Reuters

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၅ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၆၀ ကျပ်ဝယ်ဈေး – ၃၉၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၇၀ ကျပ်ဝယ်ဈေး – ၂၈၂၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၇ ကျပ်ဝယ်ဈေး – ၈၇၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၄၀ ကျပ်ဝယ်ဈေး – ၅၃၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၈၅ ကျပ်ဝယ်ဈေး – ၂၅.၃၀ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၃၇ ကျပ်ဝယ်ဈေး – ၄၆.၃၇ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၂ ကျပ်ဝယ်ဈေး – ၂.၈၆ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၈၇ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အပစ်ရပ်ရေး အဆိုပြုချက် ဟားမတ်စ်တို့လက်မခံရင် အီဂျစ်ကို ကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ဘူးလို့ အစ္စရေးပြော

ကိုင်ရို၊ မေ-၅-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါစားခံတွေ ပြန်လည်လွတ်မြောက်ရေး ဆွေးနွေးပွဲတွေကို အီဂျစ်မှာ ကျင်းပနေပြီး မကြာသေးမီက ပေးပိုခဲ့တဲ့ အဆိုပြုချက်ကို ဟားမတ်စ်တို့က လက်မခံဘူးဆိုရင် အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို အီဂျစ်စေလွှတ်မှာမဟုတ်ဘူးလို့ အစ္စရေးက ပြောပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမေရိကန် စီအိုင်အေညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်နဲ့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။သဘောတူညီချက်တခုရရှိဖို့ အပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ ဆွေးနွေးပွဲကို လာရောက်မယ်လို့ ဟားမတ်စ်တို့က ပြောဆိုထားပြီး ပြသနာအများအပြားအပေါ် သဘောတူညီချက်တွေ ရရှိထားတယ်လို့ အီဂျစ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။မကြာသေးမီက အီဂျစ်ရဲ့ အဆိုပြုချက်မှာတော့ ဓါးစာခံတွေ အဆင့်ဆင့်ပြန်လွှတ်ပေးရေးအတွက် ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲရေးလည်းပါဝင်သည်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားတဲ့ ဟားမတ်စ်နဲ့ ဟားမတ်စ်တို့ကို အပြီးတိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ အစ္စရေးတို့အကြား သဘောတူညီချက်ရရှိဖို့က မသေချာသေးပါဘူး။ဒီအတောအတွင်း အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသ ရာဖာမြို့ကို ချေမှုန်းတိုက်ခိုက်ရေး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး…

Read More

This Day in History

Voice of Myanmarဥရောပသမိုင်းကို ပြောင်းလဲစေနိုင်ခဲ့သည့် ပြင်သစ်စစ်ဘုရင် နပိုလီယံဘိုနာပတ်သည် စိန့်ဟယ်လယ်နာကျွန်းတွင် ၁၈၂၁ ခုနှစ် မေ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More

ကလေးမြို့နယ် မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးတိုက်ပွဲတွေကြောင့် ၁၂ ယောက်ထက်မနည်း သေဆုံး

မေ ၊ ၅ ၊ ၂၀၂၄SP(VOM)စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် မြောက်ပိုင်း ၊ ပြည်တော်သာကျေးရွာနားမှာ မနေ့ မေ ၄ ရက်က နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေ များပြားခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” ကလေးမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး အခုထိ တိုက်ပွဲတွေဖြစ်နေတယ် ၊ တိုက်ပွဲဖြစ်တာ သုံးလကျော်နေပြီ ၊ မနေ့က ပြည်တော်သာရွာနားက တိုက်ပွဲမှာ လူ ၁၂ ယောက်ထက်မနည်း ထိခိုက်သေဆုံးတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကလေးမြို့နယ် မြောက်ပိုင်း ဆည်တော်ဦး ၊ ကျောင်းတိုက် ၊ နန်းချောင်း ၊ ပျဥ်းခုံကြီး…

Read More

နွေအပူထဲ သောက်သုံးရေအတွက် အခက်ပွေရတဲ့ စစ်ဘေးရှောင်တွေ

မေ-၅-၂၀၂၄ SN (VOM) မြန်မာနိုင်ငံက အပူပိုင်းဒေသတွေနဲ့ မိုးနည်းရပ်ဝန်းဒေသတချို့မှာ မိုးရာသီကာလ ကျော်လွန်တာနဲ့ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်ပြီး ရေရှားပါးတာက နှစ်စဉ်ကြုံတွေ့ရတဲ့ ပြသနာပါ။ ရေရှားပါးပြတ်လပ်တဲ့ အချိန်ရောက်တိုင်း ဌာနဆိုင်ရာတွေ၊ လူမှု အဖွဲ့အစည်းတွေရဲ့ ရေပေးဝေရေး အစီအစဉ်တွေ၊ သောက်သုံးရေ လှူဒါန်းမှုတွေနဲ့ ဖြတ်သန်းနေရတာပါ။ ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက ပြည်သူတွေဟာ ရေရှားပါးပြတ်လပ်မှုရဲ့ ဒဏ်ကို ပိုပြီး ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတိုင်းလိုလိုက ဒေသခံတွေဟာ စစ်ကြောင့် ပူပန်ရတဲ့အပြင် ရေရှားတဲ့ဒဏ်ကိုပါ ခံစားနေရကြရတာပါ။ နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် နှစ်တွေမှာ နွေရာသီကာလ ရေအခက်အခဲကြုံတဲ့အချိန် အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေး မှုတွေ၊ အလှူရှင်တွေ အလွန်ကို ပေါများခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှားပါးရာ ဒေသတွေက…

Read More

ယနေ့ ရွှေဈေး (မေ – ၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More