ဩဂုတ် ၃၁ – ၂၀၂၆ SN (VOM) မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း အစိုးရကို ဆန့်ကျင် တော်လှန်နေတဲ့ တပ်ဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်မှုတွေနဲ့ အရပ်သား ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။ တချိန်တည်းမှာပဲ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာတာနဲ့အမျှ တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်းကြား စီးနင်းမှုတွေနဲ့ သတ်ဖြတ်မှုတွေလည်း ရှိနေပါတယ်။ ဒီကနေ့ ဩဂုတ် ၃၁ ရက်၊ မနက်ပိုင်းကလည်း မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမကြီးကျေးရွာမှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (ပလကဖ) ခေါင်းဆောင်လို့ ယူဆရတဲ့ ဦးစိုးလင်းထိုက် အပါအဝင် ၁၂ ယောက် သတ်ဖြတ်ခံရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ထမ္မကြီးကျေးရွာဟာ မလှိုင်မြို့ရဲ့ အရှေ့တောင်ဘက် ၁၁ မိုင်အကွာလောက်၊ မိတ္ထီလာမြို့နယ် အစပ်လောက်မှာ တည်ရှိပြီး ဒီနေ့ မနက် ၆…
Read Moreငါးသိုင်းချောင်းမှာ စက်လှေမှောက်လို့ တယောက်သေဆုံးပြီး နှစ်ယောက်ပျောက်နေ
ဩဂုတ် ၃၁ ၊ ၂၀၂၆ GG (VOM) ငါးသိုင်းချောင်းမြို့နယ်ထဲမှာ ဒီနေ့ ဩဂုတ် ၃၁ ရက်နေ့ မနက်ပိုင်းက စက်လှေတစီးတိမ်းမှောက်ပြီး တယောက်သေဆုံးကာ နှစ်ယောက်ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ စက်လှေတိမ်းမှောက်မှုမှာ ကိုမြင့်ဦး ၊ ကိုမှတ်ကြီး ၊ ကိုသိန်းမင်းအောင်တို့ ရေနစ်ခဲ့တာဖြစ်ပြီး အဲဒီထဲကမှ တယောက်သေဆုံးခဲ့တာ ဖြစ်ကြောင်း လက်ရှိမှာ ပျောက်ဆုံးနေတဲ့ နှစ်ယောက်ကို လူမှုကူညီရေး အသင်းဖွဲ့တွေက ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ် ။ ” စက်လှေမှောက်တဲ့သူတွေက ကြပ်ကွင်းရွာကပါ။ မှောက်တာကတော့ ကြပ်ကွင်းရွာအရှေ့ဘက်မှာပါ။ အခု မြင့်ဦး အလောင်းကိုတော့တွေ့ပြီ။ကျန်တဲ့နှစ်ယောက်မတွေ့သေးဘူး။ စက်လှေထွက်စီးကြတာ မမောင်းတတ်တော့ ဖြစ်သွားတာပါ ။အသက်တွေက ငယ်သေးတယ်။ ” လို့ ဒေသခံ က ပြောပါတယ်။ ဩဂုတ် ၂၇ ရက်နေ့ကလည်း ငါးသိုင်းချောင်းမြို့နယ် ၊ရွာသစ်ကုန်းရွာအနီးမှာ စက်လှေတစီးတိမ်းမှောက်ပြီး အသက် ၂၈…
Read Moreမင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ရှစ်ယောက် သေဆုံး
ဩဂုတ် ၃၁ – ၂၀၂၆ SS (VOM) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မနေ့ ဩဂုတ် ၃၀ ရက်၊ ညနေ ၅ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက် သေဆုံးကာ ၁၂ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂)၊ ဝှမ်းခမ်ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ခဲ့ပြီး လူသေဆုံး၊ ဒဏ်ရာရမှုတွေအပြင် နေအိမ် အလုံး ၂၀ ဝန်းကျင်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ပျမ်းမျှ နေအိမ် အလုံး ၂၀ လောက် ထိခိုက်တယ်။ တချို့အိမ်တွေကတော့ လုံးဝကို ပျက်စီးသွားတာ။ ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်အဆင့်တွေလည်း ပါတယ်။ သေဆုံးက လောလောဆယ် ရှစ်ယောက်ပေမယ့် နောက်တိုး ရှိလာနိုင်တယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။ ချင်းပြည်နယ်အတွင်းက မင်းတပ်နဲ့…
Read Moreသုံးခွမှာ မိုးကြိုးပစ်ခံရလို့ ၂ယောက်သေ တယောက် ဒဏ်ရာရ
ဩဂုတ် ၃၁ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ သုံးခွမြို့နယ် ၊ စီကြီးကုန်းရွာ နဲ့ ရေပေါ်ကန်ကျေးရွာ အကြားမှာ မိုးကြိုးပစ်ခံရပြီး G6 ကျောင်းသူ အပါအဝင် အမျိုးသမီးနှစ်ယောက် သေဆုံးကာ အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဩဂုတ် ၃၀ ရက်နေ့ ၊ ညနေ ၆ နာရီ ခွဲလောက်မှာ လမ်းလျှောက်လာချိန် မိုးကြိုးပစ်ခံရတာဖြစ်ပြီး အဲဒီဖြစ်စဥ်မှာ ဖခင်ဖြစ်သူ ဦးထွန်းထွန်းနိုင်က ပွန်းပဲ့ဒဏ်ရာရရှိပြီး သမီးဖြစ်သူ G6 ကျောင်းသူ အသက် ၁၃ နှစ်အရွယ် မဧကရီကျော် နဲ့ တူမတော်စပ်သူ အသက် ၂၂ နှစ်အရွယ် မစုဝေလင်း တို့ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ” မိုးကြိုးပစ်တာ စက်ကွင်းမိပြီး ဆုံးတယ်သိရတယ်။…
Read Moreလမ်းသွားလမ်းလာ သတိထားစရာများ
ယနေ့ခေတ် လူနေမှုဘဝမှာ အလုပ်သွားအလုပ်ပြန်၊ ဈေးသွားဈေးပြန်၊ ကျောင်းသွားကျောင်းပြန်၊ လမ်းလျှောက်သွားလာခြင်း၊ ဘတ်စ်ကားစီးခြင်း၊ Taxi သို့မဟုတ် App မှတစ်ဆင့် အငှားယာဉ်ခေါ်ယူစီးနင်းခြင်းတို့ဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။ လူအများစုအတွက်တော့ ဒီလိုသွားလာခြင်းတွေဟာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ မမျှော်လင့်ထားတဲ့ ခိုးယူမှု၊ လုယက်မှု၊ လိမ်လည်မှုနဲ့ ကိုယ်ထိလက်ရောက် အန္တရာယ်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် လမ်းဘေးမှာ ဖုန်းကိုင်ပြီး စကားပြောနေချိန်၊ ဖုန်းကြည့်ရင်း လမ်းလျှောက်နေချိန်၊ လက်ကိုင်အိတ်ကို လမ်းမဘက်ခြမ်းမှာ လွယ်ထားချိန်၊ ဆိုင်ကယ် သို့မဟုတ် ကားပေါ်က ဆင်းတက်နေချိန်တွေဟာ မိမိရဲ့အာရုံစူးစိုက်မှု လျော့နည်းနေတတ်တဲ့ အချိန်တွေ ဖြစ်ပါတယ်။ အဲဒီလိုအချိန်တွေကို အခွင့်ကောင်းယူပြီး ဖုန်း၊ အိတ်၊ ရွှေဆွဲကြိုးနဲ့ အဖိုးတန်ပစ္စည်းတွေကို လုယူသွားနိုင်ပါတယ်။ ဒါကြောင့် “ကိုယ့်ဆီမှာတော့ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး”…
Read Moreသူတို့အိမ် အခန်း (၂၀၈)
ဆူးငှက် အဆင်ပြေလောက်သတဲ့ ————————- ထင်သည့်အတိုင်းပါပဲ၊ နောက်ရက်ရောက်တော့ ခင်ခင်အောင်က ရုံးမှာ ကိုသန်းဦးကို ရှာသတဲ့၊ အဘက လာခဲ့ပါ၊ အဆင်ပြေအောင် ညှိပေးပါမယ်တဲ့ ဟူလို။ ထို့ကြောင့် ကိုသန်းဦးက ကျွန်တော်နှင့် ဒိတ်ကဖေးမှာ တွေ့သောအခါ “အဆင်ပြေလောက်တယ်ဗျ၊ ခင်ခင်အောင်နဲ့ တွေ့ပြီးပြီ၊ သွားကြရအောင်၊ သေချာရင် တစ်ခါတည်း စရံပေးလိုက်ရအောင်၊ ကိုဆူးလည်း အဲ့ဒီနေရာကို ကြိုက်ရဲ့လား” တဲ့။ ကျွန်တော်က ဦးသြဘာတပည့်၊ အထူးပြောစရာမရှိ။ ကျွန်တော်ကြိုက် သည်။ သစ်ပင်ရှိသည်၊ ရေရှိသည်၊ ငှက်လေးတွေရှိသည်။ ပတ်ဝန်းကျင်ကလည်း အေးချမ်းသည်။ အနောက်မှာ ရေနီမြောင်း၊ အရှေ့မှာ အောင်ပင်လယ်နှင့် ရန်ကင်းတောင်၊ တောင်မှာ ယဉ်ပျံထန်းတော၊ မြောက်မှာ နန်းရှေ့အနှိတ်တော်၊ ကိုင်း.. ဘာလိုသေးလဲ၊ အဲ့သည်နေရာ မြေလေးဖို့ တဲလေးထိုး နေရုံပေါ့၊ ညအတွက်က ၆ဗို့ဘက်ထရီလေး…
Read Moreတနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ် အထက် ၇ လက်မကျော် ရောက်ရှိလာ
ဩဂုတ် ၃၀ – ၂၀၂၆ SS (VOM) တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ တနင်္သာရီမြစ်ရေဟာ ဒီကနေ့ ဩဂုတ် ၃၀ ရက်၊ မနက် ၁၁ နာရီအချိန် တိုင်းထွာချက်အရ မြို့ရဲ့ အန္တရာယ်ရေမှတ်အထက် ၇ လက်မကျော်ကို ရောက်ရှိလာပြီလို့ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ တနင်္သာရီမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေမှတ်က ၂၄ ပေဖြစ်ကာ လက်ရှိမှာတော့ ရေအမြင့်က သာမန် ရေမျက်နှာပြင်အထက် ၂၄ ပေ၊ ၇ လက်မကျော်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ “ရေက တောက်လျှောက် ဆက်တက်နေမယ်ဆို၊ မြို့ကိုကာထားတဲ့ ရေကာတာကို ရေကျော်လာမယ်ဆိုရင်တော့ စိုးရိမ်စရာရှိတယ်။ ဘာလို့လဲဆို ရေကာတာက ၂၇ ပေဝန်းကျင်လောက်ပဲ ကာထားပေးနိုင်တာကြောင့်ပါ။ လောလောဆယ်တော့ မြို့ထဲက…
Read Moreသူတို့အိမ် အခန်း (၂၀၇)
ပြွန်တစ်လုံး အရှေ့ဘက်မှာ —————————— “ဟာ.. ခင်ခင်အောင်” တဲ့။ စက်ဘီးစီးလာသူကလည်း သူ့နံမည် ခေါ်သံကြားမှ ရုတ်ခနဲ လှည့်ကြည့်ပြီး “ ဟာ.. ဦးသန်းဦး၊ ဘယ်လာကြတာလဲ” တဲ့။ စက်ဘီးစီးလာသူက ဖြေရင်း ပြောရင်း ထီးတစ်ဖက်နှင့် စက်ဘီးပေါ်က ဆင်းသည်။ ကိုသန်းဦးကလည်း ဆိုင်ကယ်ရပ်သည်။ “နင်က ရုံးသွားတာလား၊ နင်တို့ အိမ်က ဘယ်နားမှာလဲ” ဟု မေးသည်။ “ဦးသန်းဦးကလည်း ကျွန်တော်တို့ အိမ်က ဒီအရှေ့နားတင်လေ၊ မဝေးဘူး၊ ပြွန်တစ်လုံးနားမှာ၊ ဦးသန်းဦးက ဒီဘက်ဘာလာ ရှာတာလဲ” ဆိုတော့ ကိုသန်းဦးက “ဒါက ဒို့အစ်ကိုပဲ ဆိုပါတော့၊ မြေကလေး အိမ်ကလေးရှာနေတာ၊ ဒီဘက်မှာများ အဆင်ပြေမလားလို့ လာကြည့်ကြတာ” ဟုပြောလိုက်သည်။ ထိုအခါ အမျိုးသမီးက “ကျွန်တော်တို့ဘက် ကြည့်ပါလား၊ မြေရောင်းစရာတွေ အများကြီးရယ်၊…
Read Moreနေ့စဉ်ကျန်းမာနေဖို့ မခက်ခဲတဲ့ အလေ့အကျင့် ၅ ခု
မန္တလာ ဆရာမျိုး ကျန်းမာရေးကောင်းဖို့ဆိုတာ နေ့တိုင်း အားကစားခန်းမသွားရမယ်၊ ဈေးကြီးတဲ့ အားဆေးတွေ သောက်ရမယ်၊ စားချင်တာတွေကို အကုန်ရှောင်ရမယ်လို့ မဆိုလိုပါဘူး။ နေ့စဉ်ဘဝထဲမှာ လွယ်လွယ်ကူကူ လိုက်နာနိုင်တဲ့ အလေ့အကျင့်ကောင်းလေးတွေကို မှန်မှန်လုပ်ပေးနိုင်ရင်တောင် ရေရှည်ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။ ပထမဆုံးက စားသောက်ပုံကို ဂရုစိုက်ဖို့ပါ။ ဆီအလွန်များတဲ့ အစားအစာ၊ အလွန်စပ်တဲ့အစားအစာ၊ အချိုနဲ့ အငန်လွန်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အထူးသဖြင့် အစာအိမ်မကောင်းသူ၊ ရင်ပူရင်ဆာဖြစ်တတ်သူတွေမှာ အလွန်စပ်တဲ့အစားအစာတွေက မအီမသာဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါပေမဲ့ အစပ်စားတာတစ်ခုတည်းကြောင့် Gastritis (အစာအိမ်ရောင်ခြင်း) ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ အစာအိမ်ရောင်ခြင်းမှာ H. pylori ပိုးဝင်ခြင်း၊ အကိုက်အခဲပျောက်ဆေးအချို့ကို မကြာခဏသောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း စတဲ့ အခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။ စားတဲ့အခါလည်း “ဘာမစားရဘူး” ဆိုတာကိုပဲ အာရုံစိုက်နေမယ့်အစား “ဘာတွေကို ပိုစားသင့်သလဲ” ဆိုတာ စဉ်းစားတာ…
Read Moreမြောက်ပိုင်းလမ်းပေါ်က ခရီးသွား
CM(VOM) ရှမ်းမြောက်ဒေသက မြို့တော်တော်များများမှာ ပြီးခဲ့တဲ့နှစ်တွေက တိုက်ပွဲ တွေကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပေမယ့် ကျွန်မတို့မြို့လေးကတော့ စစ်ဘေး ဒဏ်ကနေ လွတ်ခဲ့တာကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေလို တခြားမြို့တွေ ကို စစ်ရှောင်စရာ မလိုခဲ့ပါဘူး။ တိုက်ပွဲတွေနဲ့ နယ်မြေမငြိမ်းချမ်းမှုတွေကြောင့် ကျွန်မလည်း တော်ရုံ အကြောင်း ကိစ္စ မရှိဘဲ ခရီးမထွက်ဖြစ်ပါဘူး။ အခုတော့ အကြောင်း တိုက်ဆိုင်လို့ ရှမ်းမြောက်ကနေ မန္တလေးကို ခရီးနှင်ခဲ့ရပါတယ်။ စစ်ပွဲတွေဖြစ်ပြီးနောက် အဓိက ပြောင်းလဲသွားတာကတော့ လမ်းပန်းဆက် သွယ်ရေးနဲ့ အထူးသဖြင့် ကားခဈေးတွေပါပဲ။ အရင်ထက်ကို သိန်းနဲ့ချီပြီး ကားခဈေးတွေ တက်သွားတာပါပဲ။ တော်ရုံတန်ရုံနဲ့တော့ ခရီးတခါသွားဖို့ မလွယ်တော့ပါဘူး။ မိုင် ၂၆၀ ကျော် ကွာဝေးတဲ့ ရှမ်းမြောက် တန့်ယန်းမြို့ကနေ မန္တလေးကိုသွားဖို့ အတွက် ခရီးသည်တင်ကားလေး ရှေ့ခန်းတစ်ယောက်စာ နှစ်သိန်းခွဲပေးပြီး မနက် ၆ နာရီခွဲလောက်က…
Read More




