ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် စစ်ရေးထောက်ပံ့မှုတွေပါဝင်တဲ့ နိုင်ငံခြားအကူအညီဥပဒေကြမ်း အမေရိကန်အထက်လွှတ်တော် အတည်ပြုပြီ

ဝါရှင်တန်၊ ဧပြီ-၂၄-၂၀၂၄မျိုးဆက်(VOM)ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် စစ်ရေးထောက်ပံ့မှုတွေအပါအဝင် အမေရိကန်အစိုးရရဲ့ ဒေါ်လာ၉၅ ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားအကူအညီအစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။သမ္မတဂျိုးဘိုင်ဒင်ဟာ ဒီဥပဒေကြမ်းကို ဥပဒေအဖြစ် ဧပြီ ၂၅ ရက်မှာလက်မှတ်ထိုးဖို့ မျှော်လင့်ရပြီး ပြီးခဲ့တဲ့ စနေနေ့က အတည်ပြုခဲ့တဲ့ ဥပဒေကို မနေ့ကညပိုင်းမှာ ထောက်ခံခဲ့တာဖြစ်ပါတယ်။အထက်လွှတ်တော်ဟာ ဒီဥပဒေကို ၇၉ မဲ ၁၈ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဥပဒေကြမ်းမှာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၆၁ ဘီလီယံပါဝင်ပြီး အကူအညီတွေကို ရက်အနည်းငယ်အတွင်း စတင်ပေးပို့မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။အလားတူအကူအညီပေးရေး ဥပဒေကြမ်းတရပ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အထက်လွှတ်တော်က အတည်ပြုခဲ့ပေမယ့် ယူကရိန်းအတွက် စစ်ရေးအကူညီအသစ်ထပ်ပေးမှာကိုတော့ အထက်လွှတ်တော်မှာ ကန့်ကွက်တားဆီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။လက်ရှိအတည်ပြုလိုက်တဲ့ ဥပဒေမှာတော့ ရုရှား၊ အီရန်နဲ့ တရုတ်နိုင်ငံတို့အပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်တာအပါအဝင် တရုတ်ကုမ္ပဏီ ဘိုက်ဒန့်အနေနဲ့ လူကြိုက်များတဲ့ ဆိုရှယ်ပလက်ဖောင်းဖြစ်တဲ့ TikTok…

Read More

This Day in History

Voice of Myanmarမြောက်ကိုရီးယားသည် နျူကလီးယားလက်နက် ပိုင်ဆိုင်နေပြီး ဗုံးအဆင့် ပလူတိုနီယမ်များ ပြုလုပ်နေကြောင်း ၂၀၀၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် အမေရိကန်သံတမန်များအား တရားဝင်အသိပေးခဲ့သည်။

Read More

လျှပ်စစ်မီးနဲ့ နွေအပူ

ရန်ကုန်၊ ဧပြီ-၂၄-၂၀၂၄SN (VOM)မြန်မာနိုင်ငံတဝန်းမှာ ရာသီဥတုပူပြင်းလာသလို လျှပ်စစ်မီးပျက်ချိန်တွေလည်း ပိုတိုးလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ အလွန်ကို ဆိုးရွားလာနေတာ ဖြစ်ပါတယ်။ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးနေတာဖြစ်ပေမယ့် မီးလာရမယ့်အချိန်မှာ အချိန်ပြည့် မီးမပေးနိုင်တာက အစဉ်အလာတခုလို ဖြစ်နေပါပြီ။အလှည့်ကျမီးပေးစနစ်လို့ ဆိုပေမယ့် မီးပြတ်တောက်ချိန် များနေတာကြောင့် နေအိမ် တော်တော် များများမှာ ဘက်ထရီနဲ့ အင်ဗာတာနဲ့ ဆိုလာပြားတွေကို အသုံးပြုကြရပါတယ်။ တချို့က အိမ်သုံး မီးစက်တွေကို ဝယ်ယူအသုံးပြုကြပါတယ်။ ဝပ်တထောင်ကနေ သုံးထောင်အထိ အသုံးပြုနိုင်တဲ့ ဓာတ်ဆီသုံး မီးစက်တွေကို အများဆုံးအသုံးပြုကြတာပါ။ ဓာတ်ဆီသုံးမီးစက်တွေကလည်း တနာရီကို ပျမ်းမျှ စက်သုံးဆီ တလီတာလောက် ကုန်ကျတာကြောင့် လက်ရှိ မြင့်တက်နေတဲ့ဆီဈေးနဲ့…

Read More

မြဝတီတိုက်ပွဲ ငြိမ်သွားလို့ နေရပ်ပြန်လာသူတွေ တပတ်ကဒ် သက်တမ်းကျော်ပါက ဒဏ်ကြေးဆောင်ရသလို ရွှေထည်သယ်လာရင် ဘတ်နှစ်သောင်း ဒဏ်ရိုက်ခံရ

မြဝတီ ၊ ဧပြီ ၂၃ – ၂၀၂၄ GG (VOM ) မြဝတီ မြို့မှာ တိုက်ပွဲတွေ ရပ်သွားတာကြောင့်ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို စစ်ရှောင်သွားသူအများစု နေရပ်ပြန်လာရာမှာ တပတ်ကဒ်ကိုင်ဆောင်သူတွေ ရက်ကျော်ကြေးအဖြစ် တရက်ကို ဘတ်၁၀၀ မှ၅၀၀ ဒဏ်ကြေး ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ တပတ်ကဒ်သက်တမ်းရက်ကျော်ကြေးအပြင် ရွှေထည်ပစ္စည်းကို ထုတ်ပိုးယူဆောင် လာမှုကိုပါ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀၀ အထိ ဒဏ်ရိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။ ” တံတားထိပ် ထိုင်းကာစတန်တွေက ရွှေထုပ်တွေ့ရင် ဘတ်နှစ်သောင်း ဒဏ်ဆောင်ဖို့ဆိုပြီး တောင်းတယ်၊ ထိုင်းစကားတတ်လို့ ပြောဆိုဖြေရှင်းနိုင်ရင် ဘတ်နှစ်ထောင်ကနေ ဘတ် ငါးထောင်လောက်နဲ့ ဖြေရှင်းလို့ရကြတယ်၊ ထိုင်းစကားမတတ် ဖြေရှင်းမတတ်ရင်တော့ ဘတ် တသောင်းခွဲကနေ ဘတ် နှစ်သောင်း အထိ ပေးရတယ်၊ တံတားဖြတ်စာရွက် သက်တမ်းကျော်ရင်လည်း လူကတရက်ကို ဘတ် ၁၀၀…

Read More

မိုးမောက်မှာ လက်နက်ကြီးကျည် ထိမှန်လို့ အရပ်သား သုံးယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရ

ဧပြီ ၂၃၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှာ လက်နက်ကြီးကျည်စထိမှန်လို့ အရပ်သား သုံးယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အကုန်လုံး ဟိုပြေးဒီပြေးနဲ့ ဆိုတော့။ မနေ့က သုံး ယောက်လောက်ပဲ သိတယ်။ အတိအကျက ဘယ်သူမှ မသိနိုင်ဘူး။ အဲဘက်ကနေ တိုက်ပွဲ ဖြစ်နေတော့ ပြန်လာတဲ့လူတို့၊ လာခိုလှုံတဲ့ လူလောက်ပဲ သိနိုင်တယ်။” လို့ ပရဟိတအသင်း တခုရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ဆေးရုံရောက်လာတဲ့ လူနာတွေရဲ့ ပြောပြချက်အရ မိုးမောက်မြို့ ဇောတိချောင်မှာ အမျိုးသမီး တယောက် အလင်းကောင် အောက်ချိုင့်မှာ အမျိုးသား နျစ်ယောက် စုစုပေါင်း သုံးယောက်သေဆုံးကြောင်း သိရတယ်လို ဆိုပါတယ်။ တိုက်ပွဲမှာ မိုးမောက် ခါနန်က ဘုရားကျောင်း နဲ့ လူနေအိမ် တချို့လည်း…

Read More

မလေးရှား တော်ဝင်ရေတပ် ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိပြိးနောက် လူ ၁၀ ယောက်သေဆုံး

ကွာလာလမ်ပူ၊ ဧပြီ-၂၃-၂၀၂၄ မျိုးဆက်(VOM) မလေးရှားတော်ဝင်ရေတပ်ရဲ့ စစ်ရေးပြအခမ်းအနားအတွက် လေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိပြီးနောက် လူ ၁၀ ယောက်သေဆုံးသွားပါတယ်။ ရဟတ်ယာဉ်တစင်းရဲ့ ပန်ကာနဲ့ အခြားရဟတ်ယာဉ်ကို ထိခိုက်မိပြီးနောက် မြေပြင်ပေါ်ကို နှစ်စင်းစလုံး ပျက်ကျခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီမတော်တဆမှုဟာ ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်မှာ မလေးရှားရေတပ်အခြေစိုက် စခန်းတခုဖြစ်တဲ့ လူမွတ်မြို့မှာ ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ “လေယာဉ်ပေါ်လိုက်ပါသွားသူတွေထဲက အသက်ရှင်ကျန်ရစ် ဘယ်သူမှမရှိပါဘူး။ ရုပ်အလောင်းတွေကို လူမွတ်ရှိ တပ်မတော်ဆေးရုံကို ပို့ထားပါတယ်” လို့ မလေးရှားတော်ဝင်ရေတပ်က ထုတ်ပြန်ပါတယ်။ လူခုနှစ်ယောက်လိုက်ပါတဲ့ HOM M503-3 ရဟတ်ယာဉ်ဟာ ပြေးလမ်းကြောင်းပေါ် ပျက်ကျခဲ့ပြီး လူသုံးယောက်လိုက်ပါတဲ့ Fennec M502-6 ရဟတ်ယာဉ်ကတော့ အနီးနားရှိ ရေကူးကန်ထဲကို ပျက်ကျခဲ့တယ်လို့…

Read More

တရုတ်အတွက် စစ်ဘက်နည်းပညာတွေ ရယူပေးပို့နေတဲ့ ဂျာမနီနိုင်ငံသားသုံးယောက်ကို ဖမ်းဆီးထိန်းသိမ်း

ဘာလင်၊ ဧပြီ-၂၃-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံအတွက် စစ်ဘက်ဆိုင်ရာနည်းပညာတွေ ရယူပေးပို့နေခဲ့တဲ့ ဂျာမနီနိုင်ငံသားသုံးယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဂျာမနီအစိုးရရှေ့နေတွေက ပြောပါတယ်။သံသယရှိသူတယောက်ဟာ တရုတ်နိုင်ငံ လုံခြုံရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးတယောက်အတွက် အေးဂျင့်အဖြစ် လုပ်ဆောင်ခဲ့ပြီး သံသယရှိသူဟာ ဂျာမနီမှာ ကုမ္ပဏီတခုဖွင့်လှစ်ထားတဲ့ စုံတွဲကို အသုံးချခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ဒီစုံတွဲဟာ သူတို့ရဲ့ကုမ္ပဏီမှတစ်ဆင့် ဂျာမနီတက္ကသိုလ်တခုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၊ သူတို့ရဲ့ရည်ရွယ်ချက်ဟာ စစ်သင်္ဘောတွေအပါအဝင် သင်္ဘောအင်ဂျင်နည်းပညာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ဂျာမနီတက္ကသိုလ်တာဝန်ရှိသူတွေဟာ တရုတ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်နေတဲ့ သူတို့ သုံးယောက်ကို သတိမပြုမိကြောင်း တာဝန်ရှိသူတွေကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။သူတို့ ဖမ်းဆီးခံရချိန်မှာ သံသယရှိသူတွေဟာ တရုတ် ရေတပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်တိုးချဲ့ဖို့ အသုံးဝင်မယ့် နောက်ထပ်သုတေနသနစီမံကိန်းအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း ဂျာမနီအစိုးရရှေ့နေများက ပြောဆိုပါတယ်။Ref:NHKPhoto:Reuters

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၃ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၈၉၀ ကျပ်ဝယ်ဈေး – ၃၈၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၁၀ ကျပ်ဝယ်ဈေး – ၂၇၆၀ ကျပ်-ယူရိုရောင်းဈေး – ၄၁၈၈ ကျပ်ဝယ်ဈေး – ၄၁၀၂ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၄.၇၁ ကျပ်ဝယ်ဈေး – ၁၀၂.၅၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၅ ကျပ်ဝယ်ဈေး – ၈၅၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၂ ကျပ်ဝယ်ဈေး – ၅၁၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၀၅ ကျပ်ဝယ်ဈေး – ၂၄.၅၄ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၅၄ ကျပ်ဝယ်ဈေး – ၄၅.၅၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၁ ကျပ်ဝယ်ဈေး – ၂.၇၆ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၅၉ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၂၉ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၃၀၀၀၀ ကျပ်ဝယ်ဈေး ၄၆၉၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၃၀၀၀၀ ကျပ်ဝယ်ဈေး ၄၄၉၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြန်မာ – အိန္ဒိယ မီဇိုရမ်နယ်စပ်ဂိတ်ကို လာမယ့် မေလကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်

ဧပြီ ၊ ၂၂ ၊ ၂၀၂၄SP (VOM)မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်တဲ့ ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ရိဒ် – ဇိုခွာသာရ် ချစ်ကြည်ရေး တံတားကို လာမယ့် မေ ၁ ရက်ကစလို့ ရက်အကန့်မရှိ ပိတ်ထားတော့မယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။” အခု ပိတ်မယ်ဆိုတဲ့ တံတားဟာ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသာရ်နဲ့ ချင်းပြည်နယ် ရိဒ် ဆက်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး တံတားဂိတ်ဖြစ်တယ် ၊ အဲ့ဒီ ဂိတ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၈ နဲ့ ၁၉ မှာ နှစ်ရက်ကြာပိတ်ထားခဲ့ပြီး ၊ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းမှာ အဲ့ဒီ အမှတ် ၂ ချစ်ကြည်ရေးတံတားကို အာသန်ရိုင်ဖယ်တပ်က…

Read More