စက်တင်ဘာ ၁ – ၂၀၂၆ SS (VOM) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေ အပါအဝင် ကျေးရွာအများအပြား ရေဝင်ရောက်နေပြီး လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရေကြီးလာတာဖြစ်ကာ ၁၀ ရက်ကြာတဲ့အထိ မြစ်ရေ ကျဆင်းခြင်းမရှိဘဲ ဆက်တိုးနေတာကြောင့် အိမ်ခြေ ၆၆၃၃ လုံးဝန်းကျင် ရေဝင်နေပြီး အိမ်ထောင်စု ၆၆၉၇ စု၊ လူဦးရေ သုံးသောင်းနှစ်ထောင်ဝန်းကျင် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။ “ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်တွေကတော့ တော်တော်များများ ရေမြုပ်ကုန်ပြီ။ လှေနဲ့ပဲ သွားလာနေရတယ်။ ကျိုက်မရောမြို့အဝင်ဆို ရေအမြင့်က ခါးစောင်းလောက်ရှိတယ်။ ကမ်းနားဘက်အခြမ်းကတော့ သွားလို့ မရတော့ဘူး၊ လူတရပ် မြုပ်တသွားပြီ။…
Read Moreပြည်ထောင်စုလမ်းမကြီးပေါ်က လမ်းပိုင်းတချို့ ရေကျော်နေပြီး ခရီးသွားကားတွေပိတ်မိနေ
စက်တင်ဘာ ၁ – ၂၀၂၆ SN (VOM) တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးက မြိတ် – တနင်္သာရီ – ကော့သောင်းလမ်းပိုင်းတွေမှာ ရေကျော်နေပြီး ပိတ်မိနေတဲ့ ကားတွေလည်း ရှိနေတယ်လို့ မြို့နယ် ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူတယောက်က ပြောပါတယ်။ “ကားအစီးရေက လမ်းဘေးမှာ နားထားတာဆိုရင် ၃၀ လောက်ရှိမယ်။ ပိတ်မိနေတာ သုံးရက်လောက်တော့ ရှိမယ်။ ရေကျော်နေတဲ့လမ်းပိုင်း သုံးနေရာစလုံးမှာ ပိတ်မိနေတာ။ လောလောဆယ် လမ်းတွေက ကားတွေ၊ ဆိုင်ကယ်တွေ လုံးဝ သွားလာလို့ မရသေးဘူး။ ဆိုင်ကယ်လေးတွေကိုတော့ လှေ၊ ဖောင်တွေနဲ့ ကူးပေးနေတယ်” လို့ သူက ပြောပါတယ်။ ပြည်ထောင်စု လမ်းမကြီးအတွင်း တနင်္သာရီ – ကော့သောင်းလမ်းပိုင်းက လယ်တောင်ယာရွာ လမ်းမပေါ်မှာ ၄ ပေခန့် ရေကျော်နေသလို တနင်္သာရီ – မြိတ်လမ်းပိုင်းက…
Read Moreမူလပိုင်ရှင်ပေါ်လာလို့ ကျူးကျော်လို့သတ်မှတ်ပြီး ဖယ်ရှားခံရမယ့် မန္တလေး မဟာအောင်မြေမြို့နယ်က အိမ်ခြေ (၂၀၀) ကျော်နဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေ
မန္တလေး၊ စက်တင်ဘာ – ၁ -၂၀၂၆ VOICE OF MYANMAR မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အကွက် ၄၀၅ (က-ခ) အုတ်ကျင်းရပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင် က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့တယ်ဆိုတဲ့ ၁၁ ဧကကျော် မြေဟာ မူလပိုင်ရှင်ရှိတယ်ဆိုပြီး တရားဝင်အထောက်အထားတွေနဲ့ ဖော်ပြလာပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော်နဲ့ မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို ပိုင်ရှင်ပေါ် ပေါက်လို့ ကျူးကျော်ဆိုပြီး ဖျက်ပေးရမယ်လို့ မတ်လ ၂၃ ရက်က သက်ဆိုင်ရာကနေ အကြောင်းကြား ခဲ့တာကြောင့် ဖယ်ရှားခံရမယ့်သူတွေနဲ့ မတ်လ ၂၂ ရက်နေ့မှာ VOM က သတင်းရိုက်ကူးတင်ဆက်ခဲ့တာကို…
Read Moreဧရာဝတီတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ကိုးယောက်အထိရှိလာ
စက်တင်ဘာ ၁ ၊ ၂၀၂၆ GG (VOM) ငါးသိုင်းချောင်းမြို့နယ်မှာ ဒီကနေ့စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ရေနစ်သေဆုံးတဲ့ အမျိုးသားနှစ်ယောက်အလောင်းကို တွေ့ရှိခဲ့တာကြောင့် ခုဆိုရင် ဧရာဝတီတိုင်းရေဘေးမှာ ရေနစ်သေဆုံးသူ ကိုးယောက်အထိ ရှိလာပါတယ်။ ဒီကနေ့ တွေ့ရှိရတဲ့ အမျိုးသားရုပ်အလောင်းနှစ်ခုဟာ ဩဂုတ် ၃၀ ရက်နေ့ ညနေပိုင်းက ကြပ်ကွင်းရွာအရှေ့ဘက် စက်လှေတိမ်းမှောက်မှုမှာ ပျောက်ဆုံးနေသူတွေဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် ကိုမှတ်ကြီး နဲ့ သိန်းမင်းအောင်တို့ ဖြစ်ပါတယ်။ လက်ရှိမှာ ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရေကြည်မြို့နယ် ရင်ခွဲရုံကိုပို့ဆောင်ထားပါတယ်။ ” မနက် ၇ နာရီ ကျော်လောက်ကတွေ့တယ်။မနေ့က အလောင်းတွေ့တဲ့နေရာမှာပဲတွေ့တာ။စက်လှေကတော့မတွေ့သေးဘူး။စက်လှေမှောက်တာ သုံးယောက်ကို တေယာက္က မနေ့ကတွေတယ်။ နှစ်ယောက်ကဒီနေ့တွေ့တာ။သိန်းမင်းအောင်ကဆိုရင် ရွှေဘိုရပ်ကွက်စာရေးပါ။ ကြပ်ကွင်းရွာကပါ။ ” လို့ ဒေသခံက ပြောပါတယ်။ ဩဂုတ် ၃၁ ရက်နေ့မနက်ပိုင်းက…
Read Moreပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ပင်စင်စားဝန်ထမ်းတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
ပခုက္ကူ၊ စက်တင်ဘာ ၁-၂၀၂၆ LP(VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ နိုင်ငံ့ဝန်ထမ်း ပင်စင်စားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လစဉ် ၂၁ ရက်နေ့တိုင်း အခမဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ကုသရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေကို ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးနဲ့ နာတာရှည်ရောဂါတွေအတွက် အခမဲ့ကုသမှုတွေ ပေးနေတာဖြစ်တယ်လို့ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝေဝေဦးက ပြောပါတယ်။ ”အဓိကကတော့ ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ နာတာရှည်ရောဂါတွေကို လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ပေးပြီး နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ အခြေခံဆေးဝါး တစ်လစာကို အခမဲ့ ပေးဝေမှာပါ ဒါ့အပြင် လိုအပ်လာရင် အထူးကုနဲ့ပြမှရမယ်ဆိုရင် One Stop Service ဆောင်ရွက်ပေးပြီးသွေးစစ်၊ ဆီးစစ်တာ၊ ECG တိုင်းတာတာနဲ့ ဓာတ်မှန်ရိုက်ကူးတာ…
Read Moreငွေလွှဲစနစ်တွေ အဆင်ပြေလာသလောက် လိမ်လည်မှုလမ်းကြောင်းတွေကိုလည်း ပိုတင်းကျပ်စွာ စောင့်ကြည့်ဖို့လိုပြီ
မန္တလာ ဆရာမျိုး ယနေ့ခေတ်တွင် ငွေလွှဲ၊ ငွေလက်ခံ၊ ဈေးဝယ်၊ ဘေလ်ပေးချေမှုများကို ဖုန်းတစ်လုံးတည်းဖြင့် လုပ်ဆောင်နိုင်လာခြင်းသည် နည်းပညာတိုးတက်မှု၏ အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။ Mobile Wallet များသည် လူအများ၏ နေ့စဉ်ဘဝကို လွယ်ကူစေသလို အချိန်ကုန်သက်သာစေပြီး ငွေကြေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ လက်လှမ်းမီစေသည်။ သို့သော် စနစ်တစ်ခုသည် လူကောင်းများအတွက် လွယ်ကူလာလေလေ၊ လူလိမ်များကလည်း အဲဒီလွယ်ကူမှုကို ဘယ်လိုအလွဲသုံးစားလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမည့်အရေး ပိုကြီးလာသည်။ အထူးသဖြင့် ယနေ့အများပြည်သူကြား “ကျားဖြန့်” ဟု သိကြသည့် အွန်လိုင်းလိမ်လည်မှုကွန်ရက်များသည် ဖုန်းခေါ်လိမ်ခြင်း၊ Social Media မှတစ်ဆင့် လိမ်လည်ခြင်း၊ အတုအယောင်ရင်းနှီးမြှုပ်နှံမှု၊ လောင်းကစား၊ ချေးငွေ၊ အလုပ်အကိုင် အမည်ခံလိမ်လည်မှု စသည့်နည်းလမ်းပေါင်းစုံကို အသုံးပြုလာကြသည်။ သို့သော် လိမ်လည်မှုတစ်ခု ဖြစ်မြောက်ဖို့ “လိမ်တတ်ခြင်း” တစ်ခုတည်း မလုံလောက်ပါ။ လိမ်လည်ရရှိလာသည့်ငွေကို လက်ခံရန်၊ နောက်တစ်ဆင့်လွှဲရန်၊…
Read Moreသူတို့အိမ် အခန်း (၂၀၉)
ဆူးငှက် အမှတ်မှားခဲ့သည် ———————- တကယ်တော့ ကျွန်တော်သည် “သူတို့အိမ်” ကို ရေးသားရာတွင် အကိုးအကား ဒိုင်ယာရီ မှတ်တမ်း မရှိပါ။ အတတ်နိုင်ဆုံး မိမိမှတ်ဉာဏ်ကိုသာ အားကိုးပါသည်။ ထိုအထဲမှ စာရွက်စာတမ်း၊ ပြေစာ၊ ဓာတ်ပုံတို့၏ အထောက်အထားဖြင့် ကျားကန် ခိုင်မတ်စေပါ၏။ သည်တွင် သရက်ကုန်းက မြေကွက်လေး သွားကြည့်ပြီး ငွေချေမည့်နေ့ကို စဉ်းစားသောအခါ အတော် စဉ်းစားယူရသည်။ အတော်ကသိကအောင့်နိုင်သည်မှာ ရက်နှင့် လကိုမှတ်မိပြီး ခုနှစ်က ဒွဟဖြစ်နေသည်။ ထို့ကြောင့် အတော်စဉ်းစားပြီး ၁၉၉၉ ခုနှစ် ဇူလိုင်လ ၉ ရက်ဟု ရေးလိုက်သည်။ တကယ်တော့ မဟုတ်။ မနေ့ကမှ ဓာတ်ပုံ အဟောင်းအိတ်ကို မွှေလိုက်တော့ ခုနှစ် အမှန်ကို သိလိုက်ရသည်။ ရက်နှင့် လကမမှား၊ ခုနှစ်က…
Read MoreMNDAA ဖမ်းထားတဲ့ အစိုးရတပ်ဖွဲ့ဝင် တရာကျော် ပြန်လွှတ်
ဩဂုတ် ၃၁၊ ၂၀၂၆။ NN(V0M) ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးတာခံလိုက်ရတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေထဲက တပ်သား ၁၀၀ကျော်ဟာ မနေ့(ဩဂုတ်၃၀) က ပြန်လွတ်လာတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာပဲ လားရှိုးကို ရောက်လာတာဖြစ်ပြီး ကျန်းမာရေး မကောင်းတဲ့သူတွေကိုတော့ ဆေးကုသမှုတွေ ပေးနေတယ်လို့ သိရပါတယ်။ “တရာ့နှစ်ယောက်လို့ပြောတယ်။ မနေ့က ပြန်ရောက်လာတယ်။ တချို့က စစ်ဆေးရုံမှာ ဆေးကုပေးနေတာ။ သုံးလေးနေရာလောက် ခွဲထားတယ်” လို့ ပြန်လွတ်လာသူတွေ အကြောင်း သိရှိတဲ့ ဒေသခံတယောက်က ပြောပါတယ်။ ၁၀၂၇ တိုက်ပွဲအတွင်း လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် အစိုးရတပ်ဖွဲ့ဝင် အရာရှိအပါအဝင် တပ်သား ထောင်နဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ MNDAA နဲ့ အစိုးရတပ်တို့ အပစ်အခတ်ရပ်စဲပြီးနောက်မှာ ဖမ်းဆီးထားတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကို MNDAA…
Read Moreငလျင်ဒဏ်လျှော့ချတဲ့ ဆောက်လုပ်ရေးပစ္စည်း (Isolator)ထည့်သွင်းတည် ဆောက်မယ့် အဆောက်အဦအတွက် မန္တလေးတိုင်းအစိုးရအဖွဲ့ ပန္နက်တင်
မန္တလေး၊ သြဂုတ်- ၃၁- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးဝင်းအတွင်းမှာ တည်ဆောက်မယ့် Mandalay Management Corporation(MCC) အဆောက်အဦအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးငလျင်ဒဏ်လျော့ချတဲ့ ဆောက်လုပ်ရေးပစ္စည်း (Isolator)ကို Starlight SafetyInsideCompany က ထုတ်ကုန်တွေကို အသုံးပြုပြီး ထည့်သွင်းတည် ဆောက်မှာဖြစ်ကာ အဲ့ဒီ အဆောက်အဦးပန္နက်တင်အခမ်းအနားကို ဒီကနေ့မနက်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးခင်မောင်အေးနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ စတဲ့ တာဝန်ရှိသူတွေ တက်ရောက်ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပပေးခဲ့ပါတယ်။ ” မန္တလေးမြို့က စစ်ကိုင်းပြတ်ရွေ့နဲ့ အနည်းဆုံးတည်ရှိတဲ့မြို့ပေါ့၊ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း မန္တလေးငလျင်ကြီးကို ပြင်းထန်စွာခံစားခဲ့ရပြီးပြီ အဲ့ဒါကြောင့်…
Read Moreမုံရွာ ချမ်းမြဝတီရပ်မှာ နေအိမ်မီးလောင်လို့ ၈၄နှစ်အရွယ်အဘိုးသေဆုံး
မုံရွာ သြဂုတ်- ၃၀-၂၀၂၆ MW(VOM ) စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ် မနောသုခလမ်းက နေအိမ်တအိမ်မှာ သြဂုတ်လ၃၀ရက်ည၁၁နာရီလောက်က ဆိုလာဘက်ထရီအပူလွန်ကဲပြီးမီးလောင်မှူဖြစ်ခဲ့တာ ၈၄နှစ်အရွယ်အဘိုးတဦး သေဆုံးခဲ့ပါတယ်။ ဆိုလာနဲ့သုံးတဲ့ ဘက်ထရီအပူလွန်ကဲရှော့ဖြစ်ရာကတဆင့် မီးကူးစက်လောင်ကျွမ်းရာမှာ သွပ်မိုး၊ကပ်ကာ၂ထပ်အိမ်တစ်လုံး၊ သွပ်မိုး၊ကပ်ကာ၁ထပ်အိမ်၂လုံး၊ ဆိုင်ကလုံးဆိုင်ငယ်တစီး၊ စူပါကပ်ဆိုင်ကယ်တစီး၊ ဆိုလာ၃ချပ်နဲ့ ဘက်ထရီအိုး၁လုံးတို့မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုကြောင့် အသက်၈၄နှစ်အရွယ် ဦးအောင်စန်းသေဆုံးခဲ့ပြီး မီးလောင်မှုကို စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှုးရုံး၊ မုံရွာခရိုင်မီးသတ်စခန်း၊ မုံရွာမြို့နယ်မီးသတ်စခန်းတို့အပါအဝင် ရပ်ကွက်တွေက မီးငြိမ်းသတ်ယာဥ် ၅စီး၊ ရေသယ်ယာဥ်၆စီး၊ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့၊ လူငယ်အားမာန်၊ ပေးဆပ်သူလူမှုကူညီရေးအဖွဲ့များက အသင်းဝင်တွေ ဝိုင်းဝန်းငြိမ်းသတ်ရာ ည၁၁နာရီ၂၅မိနစ်မှာ မီးလုံးဝငြိမ်းသွားပါတယ်။ မီးလောင်မှုကို မုံရွာခရိုင်မီးသတ်ဦးစီးမှုး ဦးညီညီဇော်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မုံရွာမြို့အမှတ်(၂)ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၂၈၅နဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
Read More




