ဝါရှင်တန်၊ နိုဝင်ဘာ-၈-၂၀၂၄ရတီ (VOM)အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားရှိ ဆေးဘက်ဆိုင်ရာ သုတေသနစမ်းသပ်ခန်းတခုကနေ မျောက် ၄၃ ကောင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်နယ်တာဝန်ရှိသူတွေနဲ့ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီက ပြောပါတယ်။ဓါတ်ခွဲခန်း ဝန်ထမ်းတယောက်ဟာ မျောက်တွေထားတဲ့အဆောင်ရဲ့ တံခါးကို သေချာမပိတ်ရာကနေ မျောက်တွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပြီး မျောက်တွေဟာ ခုနှစ်ပေါင် အလေးချိန်ရှိတဲ့ မျောက်မတွေဖြစ်တယ်လို့ Alpha Genesis ကုမ္ပဏီက ပြောပါတယ်။မျောက်တွေဟာ အရွယ်ငယ်လွန်သေးတာကြောင့် ရောဂါကူးစက်စေပြီး စမ်းသပ်မှုတွေ မပြုလုပ်ရသေးတာကြောင့် Yemassee မြို့ ဒေသခံတွေအတွက် ဘေးအန္တရာယ်မဖြစ်စေကြောင်း၊ ဒါပေမယ့်လည်း အနားကို အကပ်မခံကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ကုမ္ပဏီအနေနဲ့ ပျောက်ဆုံးနေတဲ့ မျောက်အုပ်စုကို ရှာဖွေတွေ့ရှိထားတယ်လို့ အကြောင်းကြားလာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လွတ်မြောက်သွားမှုဟာ စိတ်ပျက်စရာဖြစ်ပေမယ့် သူတို့တွေ့ရှိထားပြီး နောက်နှစ်ရက်လောက်အကြာမှာ ဖမ်းနိုင်မယ်လို့ မျှော်လင့်ကြောင်း Alpha Genesis စီအီးအို ဂရက်ဝက်စ်တာဂါ့က ဆိုပါတယ်။တောင်ကယ်ရိုလိုင်းနားအခြေစိုက်…
Read Moreထရန့် သမ္မတမဖြစ်ခင် ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ အမြန်ပေးဖို့ ဘိုင်ဒင်အစိုးရ စီစဉ်နေ
ဝါရှင်တန်၊ နိုဝင်ဘာ-၈-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့် တာဝန်မယူခင်မှာ ယူကရိန်းအတွက် လက်ကျန် စစ်ရေးအကူအညီတွေကို အရှိန်မြှင့်ပေးအပ်ဖို့ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက စီစဉ်နေကြောင်း အမည်ဖော်လိုတဲ့ အစိုးရအရာရှိတွေကို ကိုးကားပြီး Politico သတင်းဌာနက ဖော်ပြထားပါတယ်။ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ယူကရိန်းလုံခြုံရေး အကူအညီပေးမယ့် အစီအစဉ်ရဲ့ နောက်ဆုံးလက်ကျန် ဒေါ်လာ ခြောက်ဘီလီယံကျော်ကို အမြန်ပေးအပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကူအညီတွေကိုတော့ ကွန်ဂရက်က အတည်ပြုထားပြီး ဖြစ်ပါတယ်။ဒါဟာ သမ္မတဖြစ်လာမယ့် ထရန့်လက်ထက်မှာ ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေ ဆက်ပေးမှာလားဆိုတဲ့ ဘိုင်ဒင်အစိုးရရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ထင်ဟပ်စေပါတယ်။ ယူကရိန်းအတွက် ကူညီထောက်ပံ့မှုတွေကို ဒေါ်နယ်ထရန့်က ပြစ်တင်ခဲ့ပါတယ်။ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ဒေါ်နယ်ထရန့်နဲ့ ဖုန်းပြောခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရလဒ်အပေါ် ဂုဏ်ပြုခဲ့ကြောင်း၊ အနီးကပ်တွေ့ဆုံဆွေးနွေးမှုတွေကို နှစ်ဖက်အကြား ဆက်လက်ထိန်းသိမ်းထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တင်မယ်လို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ငြိမ်းချမ်းရေးကို အင်အားသုံးရယူမယ်ဆိုတာ အမေရိကန်သမ္မတသစ်နဲ့ အမေရိကန်ရဲ့ မူဝါဒဖြစ်ခဲ့မယ်ဆိုရင်…
Read Moreနစ်ဆန်းကားကုမ္ပဏီက ဝန်ထမ်းအယောက် ၉၀၀၀ လျှော့မယ်လို့ ကြေညာ
တိုကျို၊ နိုဝင်ဘာ-၈-၂၀၂၄ရတီ(VOM)နစ်ဆန်း မော်တော်ကားကုမ္ပဏီဟာ တရုတ်နဲ့ အမေရိကန်မှာ ရောင်းအားကျဆင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကို လျှော့ချလိုက်တာကြောင့် အလုပ်သမားထောင်ပေါင်းများစွာကို အလုပ်ကနေ ရပ်နားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဂျပန်အခြေစိုက် မော်တော်ကားကုမ္ပဏီကြီးဟာ ကမ္ဘာတဝန်းမှာ ထုတ်လုပ်မှု ငါးပုံတပုံလျှော့ချမှာဖြစ်ပြီး ကုန်ကျစရိတ်သက်သာအောင်ကြိုးပမ်းမှုအဖြစ် အလုပ်အကိုင်ပေါင်း ၉၀၀၀ ကျော်ကို လျှော့ချမယ်လို့ ဆိုပါတယ်။ဘယ်ဌာနတွေကို အဓိက လျှော့ချမလဲဆိုတာကိုတော့ အသေးစိတ် ပြောဆိုတာမျိုးမရှိသေးပါဘူး။ အင်္ဂလန်အရှေ့မြောက်ပိုင်း ဆန်းဒါးလန်းရှိ ကားစက်ရုံမှာတော့ အလုပ်သမားပေါင်း ၆၀၀၀ ကျော် ခန့်အပ်ထားပါတယ်။နစ်ဆန်းဟာ ၂၀၂၄ ခုနှစ်အတွင်း သူ့ရဲ့လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းကို ၇၀ ရာခိုင်နှုန်းထိ လျှော့ချခန့်မှန်းထားပြီး ဒါဟာ ဒုတိယအကြိမ်မြောက် စီးပွားရေးခန့်မှန်းချက်ကို ပြင်ဆင်တာလည်းဖြစ်ပါတယ်။ဒီလို အလုပ်အကိုင်တွေလျှော့ချတာဟာ ကုမ္ပဏီကို သေးငယ်သွားစေတာမဟုတ်ဘဲ လုပ်ငန်းစုကို ကျစ်ကျစ်လစ်လစ်နဲ့ ရေရှည်ခံနိုင်ရည်ရှိအောင် ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ နစ်ဆန်းအမှုဆောင်အရာရှိချုပ် မာကိုတိုယူချီဒါက ပြောပါတယ်။နိုဝင်ဘာ ၈ ရက်မနက်ပိုင်းမှာတော့ တိုကျိုစတော့စျေးကွက်မှာ နစ်ဆန်းရဲ့…
Read MoreThis Day in History
Voice of Myanamarအင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်သည် ဖိလစ်ပိုင်နိုင်ငံကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်က ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၈၀၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်သူ ၁၄ သန်းကျော် မုန်တိုင်းဒဏ် သင့်ခဲ့ရသည်။
Read Moreယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပဏာမရွေးချယ်စာရင်းမှာ မြန်မာ့ရိုးသင်္ကြန်ပွဲတော် ပါဝင်လာ
Ms(VOM)နိုဝင်ဘာ ၇၊၂၀၂၄မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပဏာမ ရွေးချယ်တဲ့အဆင့်မှာ ပါဝင်လာပြီဖြစ်ကြောင်း သိရပါတယ်။ကမ္ဘာ့နိုင်ငံအသီးသီးက တင်ပြထားကြတဲ့ အဆိုပြုစာတွဲတွေအနက် ယူနက်စကိုရဲ့ပဏာမအဆုံးအဖြတ်မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်တဲ့ အဆိုပြုစာတွဲတွေထဲမှာ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်စာတွဲပါဝင်လျက်ရှိတာကို ယူနက်စကိုရဲ့ Website မှာ အသိပေးထုတ်ပြန်ထားတာပါ။အဆိုပါ မြန်မာတို့ရဲ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကမ္ဘာ့အသိအမှတ်ပြု ယူနက်စကို မှတ်တမ်းဝင် အေမွအနှစ်ဖြစ် ဖို့ကို လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ မှာကျင်းပပြုလုပ်မယ့်(၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ တင်သွင်းထားတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနဲ့ပတ်သက်ပြီး တရားဝင်ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။“ပဏာမ ရွေးချယ်အတည်ပြုတဲ့အထဲ မြန်မာ့ရိုးရာအတာသသင်္ကြန်ပါတာပါ။ ဒီဇင်ဘာလမှာ လုပ်မယ့်(၁၉)ကြိမ်မြောက်ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာမှ အတည်ပြုမှာပါ။ ယူနက်စကိုစာရင်းဝင်သွားရင်မြန်မာ့ရိုးရာအတာသသင်္ကြန်ကဘာထူးခြားသွားလဲဆိုတော့ ကမ္ဘာကအသိ အမှတ်ပြုလိုက်တာပေါ့။ဒါကြောင့်နိုင်ငံမှာရှိတဲ့ နိုင်ငံသားအားလုံးဂုဏ်သိက္ခာပိုင်ဆိုင်ရာပေါ့ ဒါကိုလည်းကမ္ဘာက အသိအမှတ်ပြုလိုက်တဲ့သဘောပါပဲ ကျွန်တော်တို့နိုင်ငံအနေနဲ့လည်းဂုဏ်သိက္ခာပိုင်းဆိုင်ရာ အသိအမှတ်ပြု ခံလိုက်ရတာပါပဲ။ နောက်ဘာတွေဆက်လုပ်ရမလဲဆိုတော့ မြန်မာ့ရိုးရာအတာသသင်္ကြန်ပွဲက အခုမှဖြစ်တဲ့ပွဲမဟုတ်ပါဘူး။ပုဂံခေတ်ထဲကအရင်စတင်ကတည်းက…
Read Moreတရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်ဖို့ ဒေါ်နယ်ထရန့်ကို ရှီကျင်းပင် တိုက်တွန်း
ပေကျင်း၊ နိုဝင်ဘာ-၇-၂၀၂၄ရတီ(VOM)တရုတ်-အမေရိကန် ဆက်ဆံရေးတည်ငြိမ်စေဖို့ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို တရုတ်သမ္မတ ရှီကျင်းပင်က တိုက်တွန်းလိုက်ပါတယ်။တည်ငြိမ်ကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ နှစ်နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွားအတွက်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက်တွေနဲ့လည်း ကိုက်ညီတယ်လို့ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရန့်ကို ဂုဏ်ပြုတဲ့သဝဏ်လွှာမှာ ရှီကျင်းပင်က ပြောပါတယ်။တရုတ်နဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အကျိုးဖြစ်ထွန်းမှုတွေရှိခဲ့သလို ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် ဆိုးကျိုးတွေရင်ဆိုင်ခဲ့ရတယ်ဆိုတာကိုလည်း သမ္မတရှီကျင်းပင်က ထောက်ပြခဲ့တယ်လို့ နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။နှစ်ဦးနှစ်ဘက် အပြန်အလှန်လေးစားမှု ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေခံမူတွေကို လိုက်နာကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရှီကျင်းပင်က ဆိုပါတယ်။ အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေကို အခွန်စည်းကြပ်မှုတွေ ထပ်မံခြိမ်းခြောက်မှုတွေ ပေါ်ပေါက်နေချိန်မှာ ကွဲပြားမှုတွေကို လက်တွေ့ဆန်ဆန်ချဉ်းကပ်ဖို့ တိုက်တွန်းထားကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။အခွန်စည်းကြပ်မှုတွေ တင်းတင်းကြပ်ကြပ်လုပ်မယ်လို့ ကတိပြုထားတဲ့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ကတော့ ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ်ကို ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး…
Read Moreရခိုင်ကုန်စည်လမ်းကြောင်း မကောင်းတာကြောင့် ချင်း(ဂျင်း)လျှော့စိုက်ဖို့ တောင်သူတွေကို တိုက်တွန်း
ZY(VOM) နိုဝင်ဘာ ၇၊ ၂၀၂၄ ရခိုင်ပြည်နယ်ကို ကုန်စည်တင်ပို့ရာလမ်းကြောင်း မကောင်းနိုင်သေးတဲ့အတွက် လာမယ့် ၂၀၂၅၊ ၂၀၂၆ခုနှစ် ၂နှစ်တာကာလ အတွင်း ချင်းလျှော့စိုက်ဖို့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက တောင်သူတွေကို ကုန်သည်တွေက တိုက်တွန်းပြောဆိုမှုတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ ထွက်ရှိတဲ့ ချင်းတွေကို အဓိကထား ဝယ်ယူနေတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ပြီး ချင်းတင်ပို့ရောင်းချနိုင်ဖို့ သယ်ယူပို့ဆောင်ရေးအတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဖြစ်တဲ့ လမ်းကြောင်းက ရခိုင်၊ တောင်ကုတ်လမ်းကြောင်းဖြစ်နေတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။ အဲဒီလမ်းကြောင်းမှာ နစကတပ်ဖွဲ့နဲ့ AAတို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်တိုက်ရှိနေပြီး လာမယ့် ၂နှစ်တာ ကာလအတွင်း လမ်းကြောင်းပြန်မကောင်းသေးတဲ့အတွက် ချင်းတွေကို လျှော့ချပြီး အခြားသီးနှံတွေ အစားထိုးစိုက်ပျိုးသင့်တယ်လို့ ဆိုပါတယ်။ “ရခိုင်ပြည်နယ် လမ်းကြောင်းမကောင်းနိုင်သေးတဲ့အတွက် ချင်းအရောင်းအဝယ် မကောင်းနိုင်ဘူး။ ချင်းတွေကို အဓိကဝယ်တာက ဘင်္ဂလားဒေ့ရှ်။ သယ်ယူပို့ဆောင်ရေးအတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဖြစ်တဲ့ လမ်းကြောင်းက ရခိုင်၊တောင်ကုတ်မလား။…
Read Moreမြဝတီ-ကော့ကရိတ်လမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဂိတ်ပေါင်း ၅ဝ ကျော်ကို လမ်းအသုံးပြုခ ပေးနေရလို့ အခက်ကြုံနေ
နိုဝင်ဘာ ၇ – ၂ဝ၂၄ KKO(VOM) အာရှလမ်းမကြီးမှလွဲလို့ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွေအားလုံးကို ပြီးခဲ့တဲ့ အောက်တို ဘာလကုန်ပိုင်းမှစလို့ ပုံမှန်အတိုင်းအသုံးပြုသွားလာနိုင်ပြီဖြစ်သော်လည်း လမ်းတံတားဂိတ်ကြေးများစွာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ တွေကို လမ်းအသုံးပြုသူတွေက ပေးဆောင်နေရလို့ အခက်တွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ ဒီလမ်းပိုင်းအတွင်းမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင့်လက် နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့ တွေရဲ့ဂိတ်တွေဟာ ဂိတ်ပေါင်း ၅ဝ ကျော်အထိရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် လမ်းကြေးကောက်ခံမှုတွေကနေ တဆင့် ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့တလပျမ်းမျှဝင်ငွေဟာ မြန်မာကျပ်ငွေသိန်းပေါင်းလေးသောင်းဝန်းကျင်အထိရရှိနေတယ်လို့လည်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)က သူတို့ရဲ့သုတေသနစာတမ်းတစ်စောင်မှာ ထုတ်ဖော်ရေးသားထားခဲ့ပါတယ်။ “အာရှလမ်းမကြီးကလွဲလို့ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတွေ အားလုံးပုံမှန်အတိုင်းသွားလာလို့ရပါပြီ။ လမ်းတွေအားလုံးသွားလို့ရပြီ။အာရှလမ်းမကြီးကတော့အသုံးပြုလို့မရသေးဘူး။အခုသွားလို့ရတယ်ဆိုတာက တောလမ်းတွေဘက်ပါ”လို့ မြဝတီမြို့ဒေသခံ တယောက်က VOM ကို ပြောပါတယ်။ မြဝတီမြို့ဒေသခံတွေနဲ့ ကုန်တင်ယာဉ်မောင်းနှင်သူတွေရဲ့ပြောကြားမှုအရအောက်တိုဘာ လကုန်ပိုင်းမှစလို့ မြဝတီ-ကော့ကရိတ်သွားလမ်းပိုင်းတွေဖြစ်တဲ့ ယခင်လမ်းဟောင်းဒေါနတောင်တက်လမ်းအပါအဝင် ၁၀၁၈ လမ်း၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းပိုင်းတွေ ပြန်လည်ပြင်ဆင်ပြီးပြီဖြစ်လို့…
Read Moreမြောက်ကိုရီးယား တပ်တွေနဲ့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပြီလို့ ယူကရိန်းပြော
ကိဗ်ယက်၊ နိုဝင်ဘာ-၇-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားတပ်တွေနဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ယူကရိန်းစစ်တပ် တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာပါဝင်ခဲ့ပြီး မြောက်ကိုရီးယားစစ်သား အုပ်စုငယ်ကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်ယူမီရော့ဗ်က ကေဘီအက်စ် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။မြောက်ကိုရီးယားတပ်တွေ ရုရှားကို ရောက်ရှိလာတာနဲ့ပတ်သက်ပြီး တုံ့ပြန်ခြင်းမရှိတဲ့ အနောက်မဟာမိတ်နိုင်ငံတွေကို ပြစ်တင်ပြောဆိုထားတဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ မြောက်ကိုရီးယားနဲ့ ပထမဆုံးတိုက်ခိုက်မှုဟာ ကမ္ဘာမှာ မတည်မငြိမ်ဖြစ်မှုရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်တာလို့ သတိပေးထားပါတယ်။.ယူကရိန်တပ်တွေ ခြေကုပ်ယူထားတဲ့ ကာ့စ်နယ်စပ်ဒေသမှာ မြောက်ကိုရီးယားစစ်သား ၁၁၀၀၀ ရှိတယ်လို့ ယူကရိန်းက ပြောဆိုထားပြီး အများစုဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။“ သူတို့က ရုရှားစစ်ယူနီဖောင်းတွေဝတ်ပြီး နည်းဗျူဟာပိုင်း လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ရှေ့တန်းစစ်မျက်နှာတွေမှာ ရုရှားစစ်တပ်ရဲ့ ကွပ်ကွဲမှုနဲ့အတူ ဖြန့်ကြက်နေတယ် ”လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက…
Read MoreThis Day in History
Voice of Myanmar အင်္ဂါဂြိုဟ်ကို ကာလရှည်ကြာ လေ့လာနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် စက်ရုပ်အာကာသယာဉ် မားစ်ဂလိုဘယ်ဆာဗေယာသည် ဂြိုဟ်ပေါ်တွင် စတုတ္ထအကြိမ်မြောက် တိုးချဲ့မစ်ရှင်ပြုလုပ်စဉ် ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် အမေရိကန်အာကာသအေဂျင်စီ (နာဆာ) နှင့် အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့သည်။
Read More