ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နဲ့ ပုဂံနန်းမြင့်မျှော်စင်ကို ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်

အောက်တိုဘာ ၃၀ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီး တယောက်ဖြစ်တဲ့ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နဲ့ ပုဂံနန်းမြင့်မျှော်စင်ကို ထပ်မံ ရောင်းချသွားမှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေကြား ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။ ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ပြန်လည်ရောင်းချဖို့အတွက် ဈေးကွက်ထဲ အရောင်းတင်ထားသလို ပုဂံယဉ်ကျေးမှုဒေသ တခုလုံးကို အပေါ်စီးကနေမြင်နိုင်တဲ့ နန်းမြင့်မျှော်စင်ကိုလည်း ရောင်းချတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အိမ်ခြံမြေလုပ်ငန်းရှင် တယောက်က “သတင်းတွေကတော့ ပြန့်နေတာပဲ။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ပြန်ရောင်းမယ်ဆိုတဲ့ သတင်းကတော့ ကြားပါတယ်။ ဒါပေမယ့် အသေးစိတ်အခြေ‌အနေ၊ ဘယ်လောက်နဲ့ ဈေးခေါ်ထားတယ်လို့တော့ မသိရဘူးပေါ့။ ပြန်ရောင်းမယ်ဆိုတာက‌တော့ သေချာသလောက်ပါပဲ။ ဝယ်လက်ကတော့ မတွေ့သေးဘူးပြောတယ်။ နန်းမြင့်မျှော်စင်ကြီးကတော့ သူနဲ့ဆက်စပ်နေတဲ့ Aureum Palace Hotel & Resort ကိုပါ တခါတည်းရောင်းချမယ့်…

Read More

တောင်ကြီးတန်ဆောင်တိုင်ကြောင့် မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်

ZY(VOM)အောက်တိုဘာ ၂၉၊ ၂၀၂၄ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်းတွေထံကနေ သိရပါတယ်။တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာလ ၁၈ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။အဲဒီလိုထုတ်ပြန်ကြေညာပြီးနောက် ရန်ကုန်၊ နေပြည်တော်စတဲ့ ရပ်ဝေးက ဧည့်သည်တွေ ကြိုတင်ဘိုကင် တင်ထားကြတာကြောင့် အခုအောက်တိုဘာလအတွင်း ဟိုတယ်၊ မိုတယ်တွေနဲ့ တည်းခိုခန်းတွေအားလုံး ဘိုကင်ပြည့်နေတာကြောင့် ထပ်မံဘိုကင်တင်ကြသူတွေကို လက်မခံတော့ဘူးလို့ ဆိုပါတယ်။“၂၆ရက်ကတည်းက ဘိုကင်တွေပြည့်နေပြီ။ တခြားဟိုတယ်၊ မိုတယ်တွေကို ဆက်သွယ်ပေးတော့လည်း သူတို့လည်း ပြည့်နေကြပြီတဲ့။ ၇ရက်အထိတော့ အခန်းတချို့ကျန်သေးတယ်။ ၈ရက်ကနေ ၁၆ရက်အထိတော့ အကုန်ကုန်သွားပါပြီ။ ပျော်ပွဲရွှင်ပွဲက ငတ်နေကြတာကြာပြီဆိုတော့…

Read More

လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင် လွတ်ငြိမ်းသက်သာခွင့်ရ

မန္တလေး ၊ အောက်တိုဘာ ၂၉- ၂၀၂၄ အဂတိလိုက်စားမှုစွဲချက်နဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရတဲ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သက်ဆိုင်ရာက သိရပါတယ်။ လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင် ဟာ ကျမ္မာရေးမကောင်းလို့ အရေးပေါ် ေဆးဝါးကုသမှုခံယူနေရသူဖြစ်ပါတယ်။ သူ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးခဲ့ပြီး နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာမှုကြောင့်လို့ဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ အမှုဖွင့်ခံရပြီးနောက် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင် ခန့်အပ်ခံရသူဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ နိုင်ငံတော်သမ္မတ…

Read More

လှိုင်သာယာမှာ ဒိုင်နာနဲ့ ရေသယ်ကားတိုက်လို့ တယောက်သေပြီး ကိုးယောက် ဒဏ်ရာရ

အောက်တိုဘာ ၂၉ – ၂၀၂၄ SS (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်) မှာ ဒီကနေ့ အောက်တိုဘာ ၂၉ ရက်၊ မနက်အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တယောက်သေဆုံးကာ ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ အင်းစိန် – ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးမှာ ဒီကနေ့ မနက် ၃ နာရီ ၅၃ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး JAC HFC အမျိုးအစားယာဉ်က TOYOTA TOYOACE ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာကြောင့် အမျိုးသား တယောက် သေဆုံးခဲ့ကာ နောက်ထပ် အမျိုးသား သုံးယောက်ကတော့ စိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပြီး အမျိုးသား လေးယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ…

Read More

ရုရှားကို မြောက်ကိုရီးယားတပ်တွေ စေလွှတ်ပြီးနောက် ကင်ဂျုံအန် ရုရှားထပ်သွားဖို့ရှိ

ပြုံးယမ်း၊ အောက်တိုဘာ-၂၉-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေဟာ ရုရှားကို သွားရောက်နေပြီး ဒါဟာ ကင်ဂျုံအန်ရဲ့ နောက်ထပ်ရုရှားခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်ဟာ ယခုနှစ်ကုန်ပိုင်းမှာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ နှစ်ဘက်အကြား တွေ့ဆုံဆွေးနွေးမှုဟာ ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ဖြန့်ကြက်ချထားမှုတွေလည်း ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ရုရှားအနောက်ပိုင်း ကာ့စ်ဒေသကို မြောက်ကိုရီးယားတပ်တွေ ဖြန့်ကြက်ချထားကြောင်း နေတိုးအကြီးအကဲက မနေ့က ထပ်မံအတည်ပြုပြောဆိုထားပြီး နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းမှု နက်ရှိုင်းလာတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။ရုရှားကတော့ မြောက်ကိုရီးယားတပ်တွေ ဖြန့်ကြက်ချထားခြင်းဟာ တတိယနိုင်ငံတခုကို မရည်ရွယ်ဘူးလို့ ပြောဆိုထားပါတယ်။ တကယ်လို့ ရုရှားကို တာဝေးပစ်လက်နက်တွေနဲ့တိုက်ဖို့ ယူကရိန်းကို ခွင့်ပြုချက်ပေးခဲ့မယ်ဆိုရင် အမေရိကန်နဲ့ နေတိုးအဖွဲကို နည်းမျိုးစုံနဲ့ တုံ့ပြန်သွားမယ်လို့ ပူတင်က သတိပေးထားပါတယ်။မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေဟာ မနေ့က ပြုံးယမ်းလေဆိပ်ကနေ ရုရှားကို သွားပြီလို့ မြောက်ကိုရီးယား အလုပ်သမားပါတီရဲ့ သတင်းစာကလည်း ရေးသားဖော်ပြထားပါတယ်။ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား…

Read More

အစ္စရေးနဲ့ အမေရိကန်ကို နောက်ထပ်တိုက်ရင် အကျိုးဆက်မကောင်းဘူးလို့ အီရန်ကို သတိပေး

နယူးယောက်၊ အောက်တိုဘာ-၂၉-၂၀၂၄မျိုးဆက်(VOM)အရှေ့အလယ်ပိုင်းမှာ အစ္စရေး သို့မဟုတ် အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရန်ကနောက်ထပ် တိုက်ခိုက်မယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန်ကို အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သတိပေးလိုက်ပါတယ်။“မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အတွက် ကျွန်တော်တို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး။ ရှုတ်ထွေးမှုတွေ မဖြစ်ချင်ပါဘူး။ ဒါကြောင့် အစ္စရေးနဲ့ အီရန်တို့အကြား တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆုံးသတ်သင့်တယ် ”လို့ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးက ပြောပါတယ်။ဒါပေမယ့်လည်း အီရန်သံအမတ် အာမီယာဆာအိဒ်အိုင်ရာဗာနီကတော့ အမေရိကန်ဟာ သူ့ရဲ့မဟာမိတ်တွေကို စစ်ရေး ကူညီပံ့ပိုးမှုတွေက အခြေအနေကို ရှုတ်ထွေးစေတယ်လို့ စွပ်စွဲထားပါတယ်။“ အီရန်ဟာ သံခင်းတမန်ခင်းတွေကို အဆက်မပြတ်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံအနေနဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဖိုပ မွေးရာပါအခွင့်အရေး လက်ဝယ်ရှိတယ် ”လို့ သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောပါတယ်။အီရန်ရဲ့ စစ်ရေးနဲ့ စီးပွားရေးတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်ဖို့နဲ့ အီရန်အစိုးရမှာ နျူကလီးယားစွမ်းရည် မရှိအောင်…

Read More

တောင်ကြီးမှာ အမှိုက်ခွန်ပြေစာမပါရင် ပစ်ခတောင်းလို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများလာ

ZY(VOM) အောက်တိုဘာ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရှိ အမှိုက်ကန်တွေမှာ အမှိုက်သိမ်းခ ကောက်ခံနေတဲ့အတွက် လက်ရှိကာလအတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေ များပြားလာပေမယ့် သက်ဆိုင်ရာက ထိန်းသိမ်းနိုင်ခြင်းမရှိဘူးလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ အမှိုက်ကန်တွေမှာ ပေးမပစ်တော့ဘဲ အမှိုက်ခွန် ဆောင်ထားတဲ့ ပြေစာ ဖြတ်ပိုင်း မပြနိုင်ပါက တကြိမ်အမှိုက်ပစ်ခ ၅၀၀ ကျပ် ပေးဆောင်ရမယ်ဆိုတဲ့ စနစ်ပြောင်းလဲလိုက်တဲ့အတွက် မြို့တွင်းက ရေမြောင်းတွေ၊ လမ်းကြားတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေ များလာတာဖြစ်တယ်လို့ သိရပါတယ်။ “လုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီအနေနဲ့ ပြည်သူလူထုအပေါ် မြို့လူထု အပေါ် တကယ်ကော စေတနာ ရှိသလား ဆိုတာမျိုးပဲမေးကြည့်ချင်ပါတယ်။ စာချုပ်ပါအချက်လို့ပြောရင် အမှိုက်ကား ဘယ်နှစီးနဲ့ လုပ်နေပါတယ်လို့ ဖြေလိမ့်မယ်။ တကယ်ကောရှိသလားဆိုရင် မရှိနိုင်ဘူး။ ဆီစျေးတက်တော့ အမှိုက်က စျေးတက်တယ်၊ အချိန်မှန်လာမလာတော့မသေချာဘူး။ အဲဒီတော့ လူထုက အမှိုက်ခွန်မဆောင်ချင်ကြတော့ဘူး။…

Read More

အိန္ဒိယ လေကြောင်းလိုင်းတွေကို ဗုံးခြိမ်းခြောက်မှု ၃၀၀ နီးပါးထိရှိခဲ့လို့ အစိုးရက သတိပေးချက်ထုတ်ပြန်

ဒေလီ၊ အောက်တိုဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အိန္ဒိယနိုင်ငံမှာ ယခုလအတွင်း လေကြောင်းလိုင်းတွေအပေး ဗုံးခြိမ်းခြောက်မှုတွေ မြင့်တက်ခဲ့ပြီး ခရီးသွားလာမှုနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အစိုးရက ပြောကြားပြီးနောက် သတင်းမှားတွေဖြန့်ဝေတာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် ပလက်ဖောင်းတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။အချို့သော ခြိမ်းခြောက်မှုတွေဟာ လေယာဉ်တွေကို ဂျာမနီ၊ ကနေဒါတို့ကို လမ်းကြောင်းပြောင်းစေခဲ့ပြီ ဗြိတိန်နဲ့ စင်ကာပူ ခရီးစဉ် လေယာဉ်အချို့ဆိုရင် တိုက်လေယာဉ်တွေပါ ချဉ်းကပ်စောင့်ကြပ်ခဲရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။အောက်တိုဘာလလယ်ကတည်းက အိန္ဒိယလေကြောင်းလိုင်းတွေမှာ ဗုံးခြိမ်းခြောက်မှု ၃၀၀ နီးပါး ရှိတယ်လို့ ပီတီအိုင်သတင်းဌာနက ဖော်ပြထားပြီး တခြားသတင်းဌာနအချို့ကတော့ ဗုံးခြိမ်းခြောက်မှု ၄၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ဒီလို မသမာတဲ့ရည်ရွယ်ချက်နဲ့ ဗုံးခြိမ်းခြောက်မှုတွေဟာ နိုင်ငံနဲ့ အများပြည်သူမတည်မငြိမ်ဖြစ်ပြီး စီးပွားရေးကိုလည်း ထိခိုက်စေပြီး သတင်းမှားတွေဟာ အထိန်းအကွပ်မရှိ ပြန့်နှံ့နေတယ်လို့ အိန္ဒိယ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။လူမှုကွန်ရက် ပလက်ဖောင်းတွေအနေနဲ့ သတင်းမှားတွေကို ချက်ချင်းဖယ်ရှားဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး ဒါကို မလိုက်နာဘူးဆိုရင်…

Read More

ထိုင်ဝမ်ကို အမေရိကန်က လက်နက်တွေရောင်းမယ့်ကိစ္စ တန်ပြန်အရေးယူမယ်လို့ တရုတ်သတိပေး

ပေကျင်း၊ အောက်တိုဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာနှစ်ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချမယ့် အစီအစဉ်ကို တရုတ်နိုင်ငံက အပြင်းအထန်ကန့်ကွက်လိုက်ပြီး တရုတ်ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ တန်ပြန်အရေးယူမှုတွေ ပြုလုပ်မယ်လို့ သတိပေးလိုက်ပါတယ်။ထိုင်ဝမ်နဲ့ အမေရိကန်တို့အကြား တရားဝင်သံတမန်ဆက်ဆံရေး ထားရှိခြင်းမရှိပေမယ့် တရုတ်ရဲ့ စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အတွက် ခုခံကာကွယ်ဖို့အတွက် တရုတ်ရဲ့ ကန့်ကွက်မှုတွေကြားကပဲ ထိုင်ဝမ်အတွက် ကာကွယ်ရေးပစ္စည်းတွေကို အမေရိကန် ပေးအပ်နေပါတယ်။ယူကရိန်းမှာ စမ်းသပ်နေတဲ့ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေ ပထမဆုံးပေးပို့မှုပါဝင်တဲ့ ဒေါ်လာ နှစ်ဘီယံတန်ဖိုးရှိ လက်နက်ရောင်းချမယ့် အစီအစဉ်ကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြီးခဲ့တဲ့နေ့မှာ အတည်ပြုခဲ့ပါတယ်။ဒီနောက်မှာတော့ လက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလာပါတယ်။ထိုင်ဝမ်ရေလက်ကြားမှာ လက်နက်တပ်ဆင်တာတွေကို ရပ်တန့်ဖို့နဲ့ ရေလက်ကြား တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းထားပါတယ်။Ref:BBCPhoto:Reuters

Read More

နာလန်ထူနိုင်ဖွယ်မရှိသေးတဲ့ မြန်မာ့ခရီးသွားကဏ္ဍ

အောက်တိုဘာ-၂၇-၂၀၂၄ SS (VOM) ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲ နောက်ဆက်တွဲ မတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ရပ်တန့်လုနီးပါး ဖြစ်သွားတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ လက်ရှိအချိန်ထိ ပုံမှန်အခြေအနေကို ပြန်မရောက်သေးပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ စိတ်ဝင်တစား လည်ပတ်စရာ နေရာ ၃၀ ထက်မနည်းရှိနေပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက် ပြည်ပခရီးသွားအများစုဟာ ရွှေတိဂုံစေတီရှိတဲ့ ရန်ကုန်အပါအဝင် မန္တလေး၊ ပုဂံ၊ ကလောနဲ့ အင်းလေးဒေသတို့ကိုသာ အများဆုံး သွားရောက်ကြပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့ အန္တရာယ်ရှိ ခရီးသွား သတိပေးချက်တွေ၊ နယ်မြေမတည်ငြိမ်မှုတွေအပြင် ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ခရီးသွားလာနိုင်တဲ့ နေရာဒေသ အင်မတန် နည်းပါးသွားတာ ဖြစ်ပါတယ်။ လက်ရှိ အခြေကနေနဲ့ကတော့ ပုဂံ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင်နဲ့ မြိတ်ကျွန်းစုဒေသတွေဆီကိုသာ အဓိက ခရီးသွားလာလို့ ရနိုင်မှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေအကြား…

Read More