တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ နွားဝယ်သွားတဲ့သူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့်ထား

တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ နွားဝယ်သွားတဲ့သူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့်ထား မိုးညို၊ မတ် ၂၈-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်း မိုးညိုမြိုနယ် ရေကင်းအုပ်စုအပိုင် ပဒေသာကျွန်းကျေးရွာမှာ မနေ့ မတ်လ ၂၇ရက်နေ့လည်ပိုင်းကတစ်သောင်းတန် ငွေတုသိန်းသုံးဆယ်ကျော်(၃၁၅၀၀၀၀)ကျပ်နဲ့နွားအရောင်းအဝယ်ပြုလုပ်သွားတဲ့အမည်မသိအမျိုးသားကို အမှုဖွင့်ကာဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရေကင်းနယ်မြေရဲစခန်းကသိရပါတယ်။ ‟ငွေတုတွေမိတယ်ဆိုတာ ဟုတ်ပါတယ်။ နွားအရောင်းအဝယ်လုပ်ကြတာပါ တရားခံဖမ်းဖို့သွားနေတာမလို့ လတ်တလော ဒီလောက်ဘဲပြောနိုင်ပါတယ်”လို့ ရေကင်းရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်လင်းကVOMကိုအတည်ပြုပြောပါတယ်။ ကျွန်းညိုအုပ်စု၊ ဘိုးဘိုးကြီးကုန်းကျေးရွာက နွားနှစ်ကောင်ကို ငွေကျပ် သိန်း (၂၀)ကျော်နဲ့ အမည်မသိ အမျိုးသားတစ်ဦးက ဝယ်ယူသွားပြီး၊ ငါးကယ်အုပ်စု၊ ပေကုန်းကျေးရွာက နွားတစ်ကောင်ကိုလည်း ငွေ ဆယ်သိန်းကျော် နဲ့ဝယ်ယူခဲ့ရာ တစ်သောင်းတန် ငွေစက္ကူအတုတွေဖြစ်နေတဲ့အတွက် ရေကင်းရဲစခန်းက သက်သေတွေရှေ့မှာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ နွားဝယ်သွားတဲ့ အမည်မသိအမျိုးသားကို (ပ)၁၉/၂၀၂၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆နဲ့အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရေကင်းနယ်မြေရဲစခန်းကပြောပါတယ်။ #VOM #voiceofmyanmar…

Read More

စစ်ကိုင်းတံတားနှစ်စင်းလုံးကို COVID_19ရောဂါအခြေအနေဆိုးရွားလာရင် ပိတ်သွားမယ်

စစ်ကိုင်းတံတားနှစ်စင်းလုံးကို COVID_19ရောဂါအခြေအနေဆိုးရွားလာရင် ပိတ်သွားမယ် စစ်ကိုင်း ၊ မတ် ၂၈-၂၀၂၀ ရှိုင်းအောင် (VOM) မြန်မာနိုင်ငံမှာ COVID-19 ရောဂါပြန့်ပွားလာတာဆိုရင် ဒီကနေ့မတ်လ ၂၈ ရက်နေ့မှာ ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိနေပြီး အဲ့ဒီထက်အခြေအနေဆိုးရွားလာရင် စစ်ကိုင်းတံတားနှစ်စင်းလုံးကို ဘလောက်တုံးတွေချကာ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင် ကပြောပါတယ်။ “အဆိုးရွားဆုံးအခြေအနေကိုလည်း ကျွန်တော်တို့ မျှော်လင့်ပြီးသားဖြစ်ပါတယ်။ အဲ့လိုဖြစ်လာခဲ့ရင်လည်း တစ်မြို့လုံးကိုပိတ်လိုက်မှာပါ၊ အဲ့ဒါကိုလဲ ပြည်သူတွေက လိုက်နာဖို့လိုပါတယ်။ ဆိုင်တွေပိတ်ဖို့ဆိုတာက ဆိုင်တိုင်းကို လျှောက်ပြီးပိတ်ဖို့ မလိုပါဘူး စားနပ်ရိက္ခာရောင်းတဲ့ဆိုင်တွေ ရှိတယ်၊ သူတို့ကို ပိတ်လိုက်ရင် ပြဿနာရှိပါတယ်။ ပါဆယ်ရောင်းဖို့သာ ညွှန်ကြားထားပါတယ်။ KTV တွေ အဝတ်အထည်ရောင်းတဲ့ ဆိုင်တွေကတော့ ပိတ်သွားပါပြီ။ လူအမြောက်အများသာထားမယ်ဆို အနှစ် ၇၀၀ ကွင်းမှာထားမယ်။ နောက်တစ်နည်းက သူ့ရဲ့အရပ်ဒေသက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ရှိပါတယ်။ အဲ့ဒီနေရာတွေမှာ ထားပါမယ်။ သူတို့ကို…

Read More

မန္တလေးမြို့မှာ ဈေးပေါင်း(၄၀)ကျော်ပိတ်လိုက်ပေမယ့် စားသောက်ကုန်နဲ့ ဆေးဆိုင်တွေကို ဖွင့်ခွင့်ပေး

မန္တလေးမြို့မှာ ဈေးပေါင်း(၄၀)ကျော်ပိတ်လိုက်ပေမယ့် စားသောက်ကုန်နဲ့ ဆေးဆိုင်တွေကို ဖွင့်ခွင့်ပေး မန္တလေး၊ မတ် ၂၈-၂၀၂၀ ဖြူဖြူ(VOM) မန္တလေးမြို့မှာရှိတဲ့ ဈေးပေါင်း(၄၀)ကျော်ကို ယာယီပိတ်လိုက်ပေမယ့် စားသောက်ကုန်နဲ့ ဆေးပစ္စည်းဆိုင်တွေကိုတော့ ဖွင့်ခွင့်ပြုထားမှာဖြစ်ပြီး မဖြစ်မနေပိတ်လိုက်ရမယ့် အခြေအနေဖြစ်ခဲ့ရင်တောင် ရပ်ကွက်တွေထိ ကားနဲ့အရောက်ပို့ပေးမှာဖြစ်လို့ ပြည်သူအနေနဲ့ မစိုးရိမ်ကြဖို့ မန္တလေးမြို့တော်စည်ပင်သာယာကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောပါတယ်။ “စားသောက်ကုန်ရောင်းတဲ့ဆိုင်တွေ လောလောဆယ်တော့ ပိတ်ဖို့လုံးဝမရှိပါဘူး။ ပိတ်ရတဲ့အနေအထားအထိ အခြေအနေကရောက်သွားတယ်ဆိုရင်တောင်မှ မြို့နယ်စည်ပင်ကော်မတီက ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်း၊ မွေးမြူရေးလုပ်ငန်းရှင်များအသင်းတို့ ဈေးအကျိုးတော်ဆောင်တွေအကုန်လုံးနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး ဆွေးနွေးထားချက်တွေရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ ရပ်ကွက်တွေအရောက် ကားတွေနဲ့ လိုက်ပြီးတော့ စားသောက်ကုန်ပစ္စည်းတွေကိုရောင်းချပေးမယ့် အစီအစဉ်လည်း ရေးဆွဲထားပါတယ်။”လို့ ဦးကျော်ဆန်းမြင့်ကပြောပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတစ်ဝှမ်း ထိန်းချုပ်ကန့်သက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး မန္တလေးမြို့မှာလည်း လူစုလူဝေးဖြစ်စေနိုင်တဲ့ အခြေအနေတွေနဲ့ တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုတွေကနေ ကူးစက်ပျံ့နှံံ့မှု လျော့ချနိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID…

Read More

နေပြည်တော်မြို့မဈေးနားက ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ စတင်ပိတ်

နေပြည်တော်မြို့မဈေးနားက ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ စတင်ပိတ် နေပြည်တော်၊ မတ် ၂၈-၂၀၂၀ ကိုထွန်း(VOM) နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ညွှန်ကြားချက်အရ မြို့မဈေးအနီးရှိ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေဟာ ဒီကနေ့မနက်ပိုင်းကစပြီး စတင်ပိတ်လိုက်ပြီဖြစ်ပါတယ်။ နေပြည်တော်မှာ COVID-19ရောဂါကူးစက်ခံရသူတစ်ဦးတွေ့ရှိပြီဆိုတဲ့သတင်းကို ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပြီးတဲ့နောက် အခုလိုပိတ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ နေပြည်တော်မြို့မစျေးမှာဖွင့်ထားတဲ့ နေပြည်တော်သန်းနိုင် စားဖွယ်စုံဆိုင်ပိုင်ရှင် ကိုသန်းနိုင်ပြောပြတာက “ဆိုင်ကသုံးရက်လောက်ရှိပြီ ထိုင်စားသူမရှိတော့ဘူး၊ ဒီနေ့မနက်ပိုင်းလေးခဏဖွင့်တယ်၊ မြို့မစျေးရဲ့ စျေးများဌာနက စာလာပို့တယ်၊ ပါဆယ်ဘဲရောင်းရမယ်ပေါ့၊ ဒါကြောင့်အခုပိတ်လိုက်ပြီ၊ မနက်ဖြန်ကစပြီးပိတ်ပါပြီ၊ ဆိုင်အလုပ်သမားတွေကိုတော့ အိမ်မှာဘဲထားမယ်”လို့ပြောပါတယ်။ အလားတူ နေပြည်တော်၊ သပြေကုန်း၊ ဧရာဝတီလမ်းရှိ စိတ်တိုင်ကျလ္ဘက်ရည်ဆိုင်မှာလည်းဆိုင်ထိုင်မရောင်းတော့ဘဲ ပါဆယ်သာရောင်းချနေတယ်လို့ သိရပြီး အခြားဈေးဆိုင်များမှာလည်း ဈေး၀ယ်သူတွေကို ရောဂါပိုးကူးစက်မှုမရှိစေဖို့ ၃ပေခြားအကွက်ချကာ ဈေး၀ယ်နိုင်ဖို့တွေလည်ူ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ နေပြည်တော်မြို့မဈေးနားက ဈေးဆိုင်၊စားသောက်ဆိုင်များကို ဒီကနေ့ မတ်လ၂၈ရက်နေ စတင်ပိတ်လိုက်တာဖြစ်ပြီး အခြားဈေးတွေကိုလည်း တရား၀င်ပိတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar…

Read More

ကိုဗစ် ၁၉ ရောဂါကာလအတွင်း ဧည့်လမ်းညွှန်တွေနဲ့ တစ်ကိုယ်ရည်ကာကွယ်ခြင်း အထူးဂရုစိုက်ဖို့လိုအပ်

ကိုဗစ် ၁၉ ရောဂါကာလအတွင်း ဧည့်လမ်းညွှန်တွေနဲ့ တစ်ကိုယ်ရည်ကာကွယ်ခြင်း အထူးဂရုစိုက်ဖို့လိုအပ် ရန်ကုန် ၊ မတ် ၂၈-၂၀၂၀ သိဂီ ၤ(VOM) ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူနဲ့ ကားတစ်စီးတည်းအတူစီးမိရင် ရောဂါကူးစက်နိုင်ချေများတဲ့အတွက် ဧည့်လမ်းညွှန်တွေအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ တစ်ကိုယ်ရည်ကာကွယ်မှုတွေကို အထူးဂရုစိုက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းက သတိပေးပြောဆိုလိုက်ပါတယ်။ “နည်းနည်းလေး သတိထားပြီးတော့ ခပ်လှမ်းလှမ်းနေတာတို့ ဒါပေမယ့်လည်း အလုပ်သဘာ၀ ကားတစ်စီးတည်း အတူစီးရတယ်။ အဲယားကွန်းကလည်း မဖွင့်လို့မရဘူး ဒီလိုအခြေအနေမှာ တစ်ကိုယ်ရည်ကာကွယ်မှုကို သေချာဂရုစိုက်ဖို့လိုအပ်တယ်။ တစ်ကိုယ်ရည်ကာကွယ်မှု ဘယ်လောက်ပဲလုပ်ထားလည်း ရောဂါပိုးရှိသူနဲ့ တစ်စီးတည်း အတူစီးမိတယ်ဆိုရင် ရောဂါပိုးကူးစက်ခံရနိုင်မှုက များတယ်။ လေယာဉ်တွေလည်းပါမယ်။ ဖြစ်ချင်မှတော့ဖြစ်မယ် ဖြစ်နိုင်ချေများတယ်။ အလုပ်သဘာဝဖြစ်တော့ ထမင်းစားတာဘာညာ ခွဲစားလို့ရပေမယ့် ခရီးသွားရင် ကားတစ်စီးတည်း စီးရတယ်။ ဝန်ဆောင်မှုပေးတဲ့အခါလည်း အကွာအဝေး ကွာပြောဖို့ကလည်း သိပ်အဆင်မပြေဘူး။”လို့ ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းကပြောပါတယ်။ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ…

Read More

မန္တလေးဈေးချိုတော်ကို COVID-19 ကာကွယ်ရေးအတွက် ယာယီပိတ်

မန္တလေးဈေးချိုတော်ကို COVID-19 ကာကွယ်ရေးအတွက် ယာယီပိတ် မန္တလေး၊ မတ် ၂၈-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့က ကုန်အရောင်းအဝယ်အများအပြားပြုလုပ်နေတဲ့ ဈေးချိုတော်ကို COVID-19ရောဂါကြိုတင်ကာကွယ်ရေးအနေနဲ့ မတ်လ (၂၉)ရက်နေ့ကနေစပြီး ခေတ္တယာယီပိတ်သိမ်းလိုက်ပြီလို့ အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ကပြောပါတယ်။ “လတ်တလောအနေအထားအရ COVID-19ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးမှာ အထောက်အကူဖြစ်ရေရည်ရွယ်ချက်နဲ့ ပိတ်ရခြင်းဖြစ်ပါတယ်။ ဈေးသူဈေးသားတွေကိုလည်း ဒီဟာနဲ့ပတ်သက်ပြီး သဘောပေါက်နားလည်အောင်ရှင်းပြပြီး ဖြစ်ပါတယ်”လို့ အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးမင်းထွန်းကပြောပါတယ်။ ဈေးချိုတော်အတွင်းက လူသုံးကုန်ပစ္စည်းတွေနဲ့ အထည်အလိပ်တန်းတွေကို ပိတ်လိုက်ပေမယ့် အသား၊ငါးနဲ့ အစားအသောက်တန်းကို အချိန်အကန့်အသတ်ပုံစံနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဈေးချို #ယာယီပိတ် Zawgyi မန္တလေးဈေးချိုတော်ကို COVID-19 ကာကွယ်ရေးအတွက် ယာယီပိတ် မန္တလေး၊ မတ် ၂၈-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့က ကုန်အရောင်းအ၀ယ်အများအပြားပြုလုပ်နေတဲ့ ဈေးချိုတော်ကို COVID-19ရောဂါကြိုတင်ကာကွယ်ရေးအနေနဲ့ မတ်လ (၂၉)ရက်နေ့ကနေစပြီး ခေတ္တယာယီပိတ်သိမ်းလိုက်ပြီလို့…

Read More

Covid-19ရောဂါကာကွယ်ရေးအတွက် ဖားကန့်နယ်မြေ အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

Covid-19ရောဂါကာကွယ်ရေးအတွက် ဖားကန့်နယ်မြေ အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ် ဖားကန့်၊ မတ် ၂၇-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်မှာ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဖားကန့်ရတနာနယ်မြေကို ဝင်ရောက်လာတဲ့ ခရီးသည်အားလုံးကို ဒီကနေ့မတ်လ ၂၇ရက်နေ့ မနက်ပိုင်းကစတင်ပြီး ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်နေပါတယ်။ ဖားကန့်ရတနာနယ်မြေကို အဓိကဝင်ပေါက်တွေဖြစ်တဲ့ လုံးခင်းကျေးရွာအနီးရှိ လယ်ပြင်စုပေါင်း စစ်ဆေးရေးဂိတ် ၊ ဝှေခါကျေးရွာအနီး ဆပ်ပြာချောင်းစုပေါင်းစစ်ဆေးရေးဂိတ် ၊ ဆယ်ဇင်းကျေးရွာအနီး ဆယ်ဇင်းဂိတ်တို့ကနေ ဝင်ရောက်လာသမျှ ခရီးသည်အားလုံးကို ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာတွင် ကိုယ်အပူချိန်တိုင်းခြင်း ၊ ခရီးးသွားရာဇဝင်မှတ်တမ်းများ မေးမြန်းခြင်း ၊ ဖားကန့်မြို့နယ်တွင်နေထိုင်မည့် လိပ်စာများအား မှတ်သားထားခြင်း တို့ ဆောင်ရွက်သွားမယ်”ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ် ။ စစ်ဆေးမှုများပြုလုပ်ရာမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ၊…

Read More

ဗင်နီဇွဲလားသမ္မတကိုမူးယစ်အကြမ်းဖက်မှုနဲ့ အမေရိကန်တရားစွဲ

ဗင်နီဇွဲလားသမ္မတကိုမူးယစ်အကြမ်းဖက်မှုနဲ့ အမေရိကန်တရားစွဲ ဝါရှင်တန်၊ မတ်-၂၇-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်အစိုးရဟာ ဗင်နီဇွဲလားသမ္မတနီကိုးလက်မာဒူရိုနဲ့ အခြားထိပ်တန်းအရာရှိတွေကို မူးယစ်အကြမ်းဖက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ သူတို့ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်စေဖို့ မူးယစ်ဆေးတွေ၊ ကိုးကင်းတွေကို လက်နက်တစ်ခုလို အသုံးပြုနေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားပါတယ်။ မာဒူရိုကိုဖမ်းဆီးနိုင်ဖို့ အရေးကြီးသတင်းအချက်အလက်တွေပေးသူကို ဆုကြေးငွေပေါင် ၁၂ဒသမ၅သန်း ပေးအပ်သွားမယ်လို့ ကမ်းလှမ်းထားကြောင်း အမေရိကန် ရှေ့နေချုပ်ဝီလီယံဘားက ကြေညာထားပါတယ်။ အမေရိကန်ရဲ့ စွဲချက်တင်မှုတွေကြောင့် ယခင်ကတည်းက ဆက်ဆံရေးဆိုးရွားနေတဲ့ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာနိုင်ပါတယ်။ ဗင်နီဇွဲလားသမ္မတဟာ အကျင့်ပျက်ခြစားမှုတွေလုပ်ဆောင်နေပြီး ကြမ်းကြုတ်တဲ့ အစိုးရအဖွဲ့ကို ဦးဆောင်နေတယ်လို့ ယခင်အချိန်တွေကတည်းက အမေရိကန်ကနေ စွပ်စွဲပြောဆိုထားပြီး ဗင်နီဇွဲလားသမ္မတကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားတာ ဖြစ်ပါတယ်။ Ref : BBC Photo:Getty Images #VOM #voiceofmyanmar #ဝါရှင်တန် #ဗင်နီဇွဲလားသမ္မတ #အမေရိကန်တရားစွဲ Zawgyi…

Read More

” ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ “

အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ VOM ဆက်သွယ်မေးမြန်းချက် ” ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ ” စစ်တွေ၊ မတ် ၂၇- ၂၀၂၀ ခိုင်လင်းစံ (VOM) အစိုးရကနေ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က အကြမ်းဖက်မှုတိုက်ဖျက်းရေးအဖွဲ့ ဥက္ကဋ္ဌခွင့်ပြုချက်နဲ့ အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့ အုပ်စုအဖြစ် ကြေညှာတာနဲ့ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ VOM။ ။ အေအေအဖွဲ့ကို အစိုးရကနေပြီးတော့ အကြမ်းဖက်အဖွဲ့ အုပ်စုဆိုပြီး ထုတ်ပြန်ထားတာရှိတယ်ဆိုတော့ ဒီအပေါ်မှာ အေအေပြောခွင့်ရသူတစ်ယောက်အနေနဲ့ ဘယ်လိုသဘောရလဲ ခင်ဗျား။ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ။ ။ အဲဒါကတော့ အစိုးရဖက်က ကျနော်တို့ကို ဘယ်လိုပဲ သဘောထားထား အဓိကတော့ ရခိုင်ပြည်သူလူထု ထောက်ခံမှုကအရေးကြီးတယ်။ ကျနော်တို့က တော်လှန်ရေးလုပ်ဖို့ဆိုပြီး အစိုးရနဲ့ တပ်မတော်ဆီမှာ မှတ်ပုံတင်ထားတာလည်း မဟုတ်ဘူး။ တော်လှန်ရေးလုပ်ကတည်းက မြန်မာအစိုးရရဲ့ခွင့်ပြုချက်နဲ့ လုပ်တာမှမဟုတ်တာ။ ကိုယ့်အလုပ်ကိုယ်…

Read More

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း တရုတ်ထက်ကျော်လွန်၊ အလုပ်လက်မဲ့ဦးရေ စံချိန်တင်မြင့်တက်

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း တရုတ်ထက်ကျော်လွန်၊ အလုပ်လက်မဲ့ဦးရေ စံချိန်တင်မြင့်တက် ဝါရှင်တန်၊ မတ်-၂၇-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူဦးရေဟာ လက်ရှိအချိန်ထိ ၈၃၅၀၀ကျော်ရှိပြီး အခြားနိုင်ငံတွေရဲ့ ကူးစက်မှုနှုန်းထက် ပိုမို မြင့်မားနေပါတယ်။ Johns Hopkins တက္ကသိုလ်က စုစည်းထားတဲ့ စာရင်းဇယားတွေအရ အမေရိကန်ရဲ့ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ရောဂါကူးစက်ခံရသူဦးရေ ၈၀၅၈၉ ဦးရှိတဲ့ တရုတ်နိုင်ငံထက်ပင် ကျော်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်မှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ အရေအတွက်က တစ်ခြားနိုင်ငံတွေထက် နည်းနေသေးပါတယ်။ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၉၁ ဦး၊ အီတလီနိုင်ငံမှာ ၈၂၁၅ဦးထိရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွါးရေးလုပ်ငန်းတွေရပ်နားထားရချိန်မှာ အမေရိကန်အလုပ်လက်မဲ့ဦးရေဟာလည်း စံချိန်တင်မြင့်တက်လျှက်ရှိပါတယ်။ မတ်၂၁ရက်သီတင်းပတ်ကုန်အထိ အလုပ်လက်မဲ့စာရင်းသွင်းထားသူဦးရေဟာ ၃ဒသမ၃သန်းနီးပါးရှိကြောင်း အမေရိကန် အလုပ်သမားရေးရာဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ဒါဟာ ၁၉၈၂ခုနှစ်မှာ ရှိထားတဲ့ စံချိန်တင်အလုပ်လက်မဲ့စာရင်း ၆၉၅၀၀၀ ထက် ငါးဆနီးပါးပိုများလာတာဖြစ်ပါတယ်။ Ref :…

Read More
VOM News

FREE
VIEW