需要更多的教育来减少儿童被强奸率

需要更多的教育来减少儿童被强奸率 2020年8月26日 LEI LEI WIN(VOM) 8月20日,曼德勒地方法院判处aung mya tha san区的一名未成年人强奸犯将终身监禁。这种对未成年人的强奸很普遍,有的被判处死刑,有的被判处20年监禁。但一些嫌疑犯仍然逍遥法外。 一个名叫维多利亚的女孩于2019年5月16日在内比都的Wisdom Hill幼儿园被强奸,但尚未发现是任何人。 缅甸国家人权委员会2018年2月的一份声明指出,2016年为1100例,2017年为1405例,增加了305例。根据缅甸警方发布的官方数据,2017年报告了897起案件; 2018年有1,028例,2019年上半年有419例。 同样,根据缅甸邻国印度的国家犯罪记录局的数据,2018年有超过33,000起强奸案,每天有91名儿童被强奸。 资深人权家EqualityMyanmar的执行董事Aung Myo Min表示,强奸儿童的根本原因是基于:“关于这些问题尚无透彻的研究,但有关于儿童性虐待有几点需要注意。一、如果儿童被威胁了导致害怕他们就不会告诉家人,然后这件事情就会平复。 二、儿童没有受到保护,成年人不得不为此抱怨。他们没有教小孩如何保护自己。也没有教导他们不要信任任何人。最后,在社区中房屋都比较靠近。当父母去外地工作,邻居有时候就会照顾孩子。在这里,他们会利用信任来侵犯小孩。这几点是发生侵犯率最多的原因。” 大多数儿童强奸是由邻居犯下、叔叔、继父、僧侣等人甚至也会是他的父亲。 儿童权利家说,需要采取严格的法律措施来打击对儿童的性虐待,并且父母需要对孩子进行与年龄相关的性教育,以保护自己。 #voiceofmyanmar #VOM

Read More

VOMသတင်းထောက်တစ်ဦး ကွာရန်တင်းဝင်

VOMသတင်းထောက်တစ်ဦး ကွာရန်တင်းဝင် မန္တလေး၊ သြဂုတ် ၂၆-၂၀၂၀ ဟိန်းကို(VOM) Voice Of Myanmar(VOM)သတင်းဌာနကို ပြည်မြို့ကနေ သတင်းပေးပို့နေတဲ့ ကိုလပြည့်ဆိုသူဟာ မနေ့ သြဂုတ်လ ၂၅ရက်နေ့က ပြည်မြို့၊ ညောင်ကျိုးဂိတ်မှာ သတင်းသွားယူရင်း အဲ့ဒီကဖြတ်သန်းတဲ့အထဲမှာ ရောဂါပိုးတွေ့ရှိတဲ့အရပ်တွေက လာတဲ့လူတွေပါတဲ့အတွက် ကွာရန်တင်းဝင်နေရတာဖြစ်တယ်လို့ ကိုလပြည့်က VOMကိုပြောပါတယ်။ ” ကျွန်တော်တို့ မနေ့က ရခိုင်ဘက်ကဆင်းလာတဲ့ကုန်ကားနဲ့အခြားကားတွေကို ရခိုင်အထွက်၊ ပန်းတောင်းမြို့နယ်အပိုင်က ညောင်ကျိုးဂိတ်စခန်းမှာ ပိတ်ထားလိုက်တဲ့အတွက် သူတို့တွေအခက်အခဲဖြစ်နေလို့ ပြည်မြို့က တိုင်း‌ဒေသကြီး အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ရယ်၊ မိုးမေတ္တာနာရေးကူညီမှုအသင်းရယ်က အဲ့မှာပိတ်ပြီးအခက်အခဲဖြစ်နေတဲ့အတွက် ပြည်ဘက်ပြန်မယ့်သူတွေကို တာဝန်ရှိသူတွေနဲ့ညှိုနှိုင်းပြီးထောက်ခံချက်နဲ့ပြန်ခေါ်ဖို့နဲ့ သူတို့‌တွေကို ပြန်ရောက်ရင် Q ထားဖို့စတဲ့ သတင်းကို ကျွန်တော်နဲ့အခြားသတင်းထောက်တွေနဲ့လိုက်ကြတာပါ။ ခုလက်ရှိ Q ဝင်ရတာတော့ ကျွန်တော်ရယ် အခြားသတင်းထောက်တစ်ဦးရယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရယ်၊ ပရဟိတညီအကို ၃ ဦးရယ်ဝင်ရတာပါ”လို့ VOMသတင်းထောက် ကိုလပြည့်ကပြောပါတယ်။ အခုလက်ရှိ…

Read More

ကလေးငယ်အဓမ္မပြုကျင့်မှုနှုန်း လျော့ကျဖို့ ပညာပေးမှုတွေ ပိုမိုလိုအပ်

ကလေးငယ်အဓမ္မပြုကျင့်မှုနှုန်း လျော့ကျဖို့ ပညာပေးမှုတွေ ပိုမိုလိုအပ် ဩဂုတ်-၂၆-၂၀၂၀ လဲ့လဲ့ဝင်း ( VOM) ဩဂုတ်လ ၂၀ရက်နေ့က မန္တလေးခရိုင်တရားရုံးကနေ အောင်မြေသာစံမြို့နယ်က သက်ငယ်မုဒိမ်းကျူးလွန်သူကို လွတ်ရက်မရှိထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့ပါတယ်။ ဒီလိုသက်ငယ်မုဒိမ်းမှု ဖြစ်စဉ်မျိုးတွေ မကြာခဏဆိုသလိုကြားရတတ်ပြီး တချို့သေဒဏ်ချမှတ်သလို တချို့အမှုတွေမှာ နှစ်(၂၀) တသက်တကျွန်းချမှတ်တာကို လေ့လာတွေ့ရှိရပါတယ်။ တချို့တရားခံတွေကိုတော့ ဖမ်းဆီးနိုင်မှုမရှိဘဲ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ ၂၀၁၉မေလ ၁၆ရက်နေ့က နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ မူကြိုကျောင်းသူတစ်ယောက် အဓမ္မပြုကျင့်ခံခဲ့ရပေမယ့် ဒီနေ့အထိ လက်သည်မပေါ်သေးပါဘူး။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၈ ဖေဖေါ်ဝါရီလကထုတ်ပြန်ချက်တခုမှာတော့ ၂၀၁၆ ခုနှစ်က (၁၁၀၀)မှု၊ ၂၀၁၇ခုနှစ်မှာ (၁၄၀၅)မှုဖြစ်ပွားခဲ့တာကြောင့် (၃၀၅)မှု ပိုတိုးလာတယ်လို့ ဖော်ပြဘူးပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၁၇မှာ (၈၉၇)မှု၊ ၂၀၁၈မှာ (၁၀၂၈)မှု ၊၂၀၁၉နှစ်ဝက်မှာ (၄၁၉)မှု ရှိခဲ့ပြီး…

Read More

ရန်ကုန်မြို့က လူနာအမှတ်- ၅၀၆ဟာ သင်္ဘောပြန်တက်ဖို့ ပြင်ပဆေးခန်းမှာ ဆေးစစ်ရာကနေ ကိုဗစ်ရောဂါပိုးတွေ့ခဲ့

ရန်ကုန်မြို့က လူနာအမှတ်- ၅၀၆ဟာ သင်္ဘောပြန်တက်ဖို့ ပြင်ပဆေးခန်းမှာ ဆေးစစ်ရာကနေ ကိုဗစ်ရောဂါပိုးတွေ့ခဲ့ ရန်ကုန် ၊သြဂုတ် ၂၆-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့မှာတွေ့ရှိတဲ့ ကိုဗစ် အတည်ပြုလူနာအမှတ်- ၅၀၆ဟာ သင်္ဘောပြန်တက်ဖို့ ပြင်ပဆေးခန်းတစ်ခုမှာ ဆေးစစ်ရာကနေ ကိုဗစ်၁၉ရောဂါပိုးရှိကြောင်း တွေရှိခဲ့ရတာဖြစ်တဲ့အတွက် ဘယ်သူတွေဆီကနေ ကူးစက်ခံရသလဲဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။ လူနာအမှတ်- ၅၀၆ နဲ့ ဆက်စပ်ခဲ့သူတွေထဲမှာ ကျောင်းသားတစ်ဦးလည်း ပါဝင်နေကြောင်း၊ မိသားစုကိုတော့ လောလောဆယ်မှာ home Quarantine ထားရှိထားပြီး ဆေးစစ်ခဲ့တဲ့ ဆေးခန်းနဲ့ တခြား ဆက်စပ်ခဲ့သူတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ” သူက သင်္ဘောသား ပြန်ရောက်တာ ၂ နှစ်လောက်ရှိပြီ၊ ခုမှ သင်္ဘောပြန်တက်ဖို့ ဆေးစစ်တော့ positive တွေ့တယ်ဆိုပြီး သိရတော့ ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး သွားခေါ်တယ်။ ခုဝေဘာဂီဆေးရုံကိုပို့ထားတယ်။ ကွန်တက် ဘယ်လောက်ရှိမလဲဆိုတာတော့…

Read More

NLDပါတီဝင်များ ရွေးကောက်ပွဲကာလမှာ တစ်သီးပုဂ္ဂလနဲ့ အခြားပါတီရဲ့ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ပါက ပါတီဝင်အဖြစ်ကထုတ်ပယ်

NLDပါတီဝင်များ ရွေးကောက်ပွဲကာလမှာ တစ်သီးပုဂ္ဂလနဲ့ အခြားပါတီရဲ့ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ပါက ပါတီဝင်အဖြစ်ကထုတ်ပယ် ရန်ကုန် ၊ သြဂုတ် ၂၆-၂၀၂၀ ယဉ်ပပထွန်း(VOM) အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ပါတီမှ ပါတီဝင်တွေအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂကအနေနဲ့ဒါမှမဟုတ် အခြားပါတီဝင်ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဥပြိုင်ပါက အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့နေ့လယ်ပိုင်းမှာပဲ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အဖွဲ့ဝင်အချို့ဟာ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ်လည်းကောင်း၊ အခြားပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ဖို့ ဆောင်ရွက်ထားတာရှိတယ်လို့လည်း သိရပါသည်။ ” အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေဟာ ပါတီကရွေးချယ်ထားတဲ့ပုဂ္ဂိုလ်တွေက အများနဲ့ယှဉ်ပြိုင်ပြီးတော့ တစ်သီးပုဂ္ဂလိကနဲ့ဖြစ်စေ အခြားပါတီအောက်ကဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရဆိုတာ ကျွန်တော်တို့ပါတီစည်းကမ်း ချမှတ်ထားပါတယ် ။ အဲ့စည်းကမ်းကို ချိုးဖောက်တဲ့အပြင် ပါတီဝင်အဖြစ်ကနေထုတ်ပယ်မယ်ဆိုတာလဲ ကျွန်တော်တို့ကြေညာထားပါတယ် ။ အခုဟာက ဘယ်ပုဂွိုလ်ကိုကျွန်တော်တို့ပါတီဝင်အဖြစ်ကရပ်စဲတယ်ဆိုတာကို ကျွန်တော်တိုသိတဲ့အခါမှာ ထုတ်ပြန်တာပါ။ ကျွန်တော်တို့မသိတဲ့ ပုဂွိုလ်တွေလည်း အများကြီးကျန်သေးတယ်လို့သိရပါတယ်။ ဒါကြောင့်ကျွန်တော်တို့မူလစည်းကမ်းချက်နဲ့အညီ ပုဂွိုလ်များကိုကြေညာချက်ထုတ်တဲ့နေ့ကစပြီး ပါတီဝင်အဖြစ်က ရပ်စဲသွားပြီဆိုတာ ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ် ”…

Read More

မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းအားလုံး မနက်ဖြန်ကစပြီး ပြန်ပိတ်မယ်

မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းအားလုံး မနက်ဖြန်ကစပြီး ပြန်ပိတ်မယ် ရန်ကုန် ၊သြဂုတ် ၂၆-၂၀၂၀ သိင်္ဂီ (VOM) မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းအားလုံးကို မနက်ဖြန် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ပြန်လည်ပိတ်သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုအဖြစ် ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၀၀ နီးပါး အထိရှိလာပြီး အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးတချို့မှာလည်း ပြည်တွင်းကူးစက်မှုတွေ့ရှိလာရတဲ့အတွက် လက်ရှိဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းပေါင်း ၆၀၀၀ ကျော်ကို မနက်ဖန်ကစပြီး ပိတ်ဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ဖုန်းနဲ့ ညွှန်ကြားတာတော့ရပြီးပြီ။ တရားဝင်ညွှန်ကြားစာကတော့ မရသေးဘူး။ ဒါပေမယ့် ကျောင်းအားလုံးကို မနက်ဖြန်ကစပြီး အကုန်ပိတ်ပါမယ်။ ဒီနေ့ တက်နေတာကတော့တက်ပါစေတော့။ မနက်ဖြန်ကစပြီးတော့ တနိုင်ငံလုံးက ကျောင်းတွေကို အကုန်ပိတ်မှာပါ။ စာကတော့ ညနေလောက်မှထွက်ပါလိမ့်မယ်။ အားလုံးဆို အထက်တန်းပေါင်း ၆၀၀၀ ကျော်ရှိနယ်။ ဘုန်းတော်ကြီးသင်ရော၊ ကိုယ်ပိုင်ကျောင်းရော…

Read More

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ထံ Facebookကပေးအပ်

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလစုံစမ်းရေးအဖွဲ့ထံ Facebookကပေးအပ် နယူးယောက်၊ သြဂုတ်-၂၆-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်တာတွေရှိမရှိ စုံစမ်းစစ်ဆေးနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM)ကို  အချက်အလက်တွေ ပေးအပ်ခဲ့တယ်လို့ Facebook ကပြောပါတယ်။ ဘင်္ဂါလီတွေကိုဆန့်ကျင်တဲ့ အမုန်းစကားဖြန့်နေတာတွေကိုရပ်တန့်ဖို့ ၂၀၁၈ ခုနှစ်ကဖယ်ရှားခဲ့တဲ့ မြန်မာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့ အကောင့်နဲ့ ပေ့ချ်တွေက အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ(IIMM)ကို ပေးအပ်ခဲ့တာလို့ Facebookတာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအချက်အလက်တွေပေးတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ခြင်းမရှိမရှိကို အဲ့ဒီအဖွဲ့က  စုံစမ်းစစ်ဆေးနေသရွေ့ Facebookကနေ  သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ဆက်လက်ပေးအပ်သွားမယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီတွေအပေါ် မြန်မာစစ်ဘက်က ၂၀၁၇ ခုနှစ်မှာ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်ဆိုကာ မြန်မာနိုင်ငံကို  အိုင်စီဂျေမှာ တရားစွဲထားတာဖြစ်ပါတယ်။ အဲ့ဒီစွဲချက်တွေကို မြန်မာတာဝန်ရှိသူတွေက ငြင်းဆိုထားပြီး ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကိုသာ တရားဝင်စစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်တယ်လို့…

Read More

အသက်မပြည့်တဲ့ ကလေး၂ဦးကို အဓမ္မပြုကျင့်ခဲ့သူအား ပြစ်ဒဏ်လျှော့လိုက်တဲ့အတွက်နစ်နာသူမိသားစုက ကန့်ကွက်မှုပြုလုပ်

အသက်မပြည့်တဲ့ ကလေး၂ဦးကို အဓမ္မပြုကျင့်ခဲ့သူအား ပြစ်ဒဏ်လျှော့လိုက်တဲ့အတွက်နစ်နာသူမိသားစုက ကန့်ကွက်မှုပြုလုပ် မန္တလေး၊ သြဂုတ် ၂၆-၂၀၂၀ မှူးသခင်(VOM) အသက်မပြည့်သေးတဲ့ ကလေးငယ်၂ဦးကို အဓ္ဓမပြုကျင့်ခဲ့တဲ့ တရားခံအား ထောင်ဒဏ် ၄၃ နှစ်ကနေ ထောင်ဒဏ် ၁၇ နှစ်ထိ စစ်ကိုင်းတိုင်းတရားလွှတ်တော်က လျှော့ပေါ့ပစ်ဒဏ် ချလိုက်တာကို ရှုတ်ချတဲ့အနေနဲ့ နစ်နာသူမိသားစုနဲ့ တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်းတွေက ဒီကနေ့မနက်ပိုင်းက ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နေကြာတိုက်ရှေ့မှာ ကန့်ကွက်မှုပြုလုပ်ခဲ့ပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေး ၂ ဦးရဲ့ ဦးလေးတော်စပ်သူပြောပြတာကတော့ ” ဒီကနေ့ ကျွန်တော်တို့လုပ်ရတဲ့ပွဲရဲ့ ရည်ရွယ်ချက်ကတော့ အဓိက တရားမျှတမှုရချင်လို့ပေါ့၊ မြိုနယ်၊ ခရိုင်ကနေ ၄၃နှစ်ချထားပြီးသားကို တိုင်းတရားရုံးကနေပြီးတော့ ၂၆နှစ်လျှော့ချလိုက်တယ်၊ ဘာဖြစ်လို့သက်ငယ်မုဒိန်းကို ဒီလိုလျှော့သလဲဆိုတာကို သိချင်ပါတယ်”လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ၂၀၁၇ နှစ်က အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် တစ်ဝမ်းကွဲ ညီ…

Read More

ကနီမြို့နယ်မှာ ဘုရားပြုပြင်ဖို့ ရှင်းလင်းတူးဖော်ရာကနေ ရှေးဟောင်းဘုရားဆင်းတုများတွေ့ရှိ

ကနီမြို့နယ်မှာ ဘုရားပြုပြင်ဖို့ ရှင်းလင်းတူးဖော်ရာကနေ ရှေးဟောင်းဘုရားဆင်းတုများတွေ့ရှိ မုံရွာ၊ သြဂုတ် ၂၆-၂၀၂၀ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝရာကျေးရွာရှိ သမိုင်းဝင်ရွှေမုဌောဘုရားအနီးက ဘုရားကုန်းကို ပြန်လည်ရှင်းလင်းတူးဖော်ရာကနေ ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းက ရှေးဟောင်းဘုရားဆင်းတုတော်တွေ တွေ့ရှိခဲ့ပါတယ်။ တူးဖော်တွေ့ရှိခဲ့တဲ့ ဘုရားဆင်းတုတော်အရေတွက်ဟာ ၅၀ ကျော်လောက်ရှိပြီး ကျောက်သားဆင်းတုတော်တွေပါသလို သံထည်သတ္တုသားနဲ့ပြုလုပ်ထားတယ်လို့ ယူဆရတဲ့ ဆင်းတုတော် ၃ ဆူလည်း ပါရှိတယ်လို့ သိရပါတယ်။ ” ဒီဒေသက ထီသိန်း ၁ သောင်းခွဲပေါက်တဲ့ ဒါကာက ဘုရားပြန်ပြုပြင်ဖို့ ရွာနဲ့တိုင်ပင်ပြီး ဘုရားကုန်းကိုရှင်းပြီး အုပ်ဖိနပ်လိုင်းကို တူးရာကနေတွေ့တာ။ ထူးဆန်းတာက မြေအိုးတစ်လုံးလည်းတွေ့တယ်၊ အဲ့ဒီအိုးထဲမှာ အံတော်တစ်ဆူကို ရွှေချထားတာ တွေ့ရှိရတယ်။ ကျန်တဲ့အတုံးတွေက အမဲတုံးတွေ ၅၀ခန့် အိုးထဲပါတယ် ။ ဘာတုံးတွေလဲတော့ မစစ်ဆေးရသေးဘူး ၊ ‌ကျောက်စိမ်းရောင် ခွက်တစ်ခုလည်း ပါသေးတယ်…

Read More

ဟောင်ကောင်မှာ ကိုဗစ်ရောဂါကုသပျောက်ကင်းပြီးသူ လေးလအကြာမှာ ဒုတိယအကြိမ် ရောဂါပိုးပြန်ကူးစက်ခံရ

ဟောင်ကောင်မှာ ကိုဗစ်ရောဂါကုသပျောက်ကင်းပြီးသူ လေးလအကြာမှာ ဒုတိယအကြိမ် ရောဂါပိုးပြန်ကူးစက်ခံရ ဟောင်ကောင်၊ဩဂုတ် ၂၆-၂၀၂၀ လဲ့လဲ့ဝင်း(VOM) Coronavirusရောဂါကုသပျောက်ကင်းသူတစ်ဉီးဟာ ဥရောပနိုင်ငံကနေ ဟောင်ကောင်ကိုပြန်လာပြီးနောက်ပိုင်း ဒုတိယအကြိမ်ရောဂါပိုးကူးစက်ခံရသူဖြစ်တယ်လို့ ဟောင်ကောင်တက္ကသိုလ်အဏုဇီဝဗေဒဌာနက အတည်ပြုပြောခဲ့ပါတယ်။ ဟောင်ကောင်မီဒီယာတွေရဲ့ သြဂုတ်လ ၂၄ရက်နေ့ သတင်းဖော်ပြချက်တွေမှာတော့ ဒုတိယအကြိမ် ရောဂါပိုးပြန်တွေ့တဲ့လူနာဟာ အသက် ၃၃နှစ်အရွယ် ယောက်ကျားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအမျိုးသားဟာ မတ်လကုန်ပိုင်းက Covid19ရောဂါပိုးတွေ့ရှိခဲ့ပြီး ကုသမှုတွေခံယူကာ ရောဂါပျောက်ကင်းခဲ့သူဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ ပထမဦးဆုံးအကြိမ် ရောဂါပျောက်ကင်းပြီးနောက်ပိုင်း ဒုတိယအကြိမ်ထပ်မံကူးစက်ခံသူလည်းဖြစ်တယ်လို့ ဟောင်ကောင်တက္ကသိုလ်အဏုဇီဝဗေဒဌာနကပြောပါတယ်။ သြဂုတ်လအစောပိုင်းမှာ အဲ့ဒီအမျိုးသားဟာ ဗြိတိန်ကနေတဆင့် စပိန်ကိုခရီးထွက်ခဲ့ပြီး ဟောင်ကောင်ကိုပြန်လာတဲ့အချိန် ထပ်မံစစ်ဆေးခဲ့တဲ့အခါ အခုလို ရောဂါပိုးပြန်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဟောင်ကောင်တက္ကသိုလ်အဏုဇီဝဗေဒဌာနကလည်း ဒီလူနာရဲ့ ရောဂါပိုး ၂ ကြိမ်ကူးစက်မှု ဗိုင်းရပ်စ်မျိုးကွဲဗီဇ(Virus strain gene)အစီအစဉ်တွေဟာ သိသိသာသာကွဲပြားခြားနားနေပြီး ဗိုင်းရပ်စ်ပိုးတွေရဲ့ မျိုးကွဲဗီဇအစီအစဉ်အကြား ကွဲပြားခြားနားမှု ၂၄ ခုရှိတယ်လို့လည်း ပြောပါတယ်။ ဟောင်ကောင်တက္ကသိုလ်အဏုဇီဝဗေဒဌာနရဲ့ တွဲဖက်ပါမောက္ခ သူ့ချီဟုန်…

Read More
VOM News

FREE
VIEW