လွှတ်တော်ခေါ်ပြီးမှ ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပလာနိုင်တယ်

NDF ပါတီအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးနဲ့ ဆက်သွယ်မေးမြန်းခြင်း ဩဂုတ် ၂ဝ – ၂ဝ၂၅ KKO(VOM) အခုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပထမပိုင်းရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကထုတ် ပြန်ကြေညာမှုအပြီးမှာနိုင်ငံရေးပါတီတွေအနေနဲ့ လှုပ်လှုပ်ရွရွဖြစ် လာခဲ့ပြီးမူဝါဒချမှတ်တာတွေရွေး ကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေအပါအဝင်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာပါတီရုံးခန်းဖွင့်လှစ်တာတွေနဲ့ ပါတီဝင်အင်အားစုစည်းတာတွေကိုအပြိုင် အဆိုင်ပြုလုပ်လာကြတာကိုတွေ့မြင်လာရပါတယ်။ ဒါကြောင့်မို့အခုရွေးကောက်ပွဲအတွက်ပြည်တွင်းမှာရှိနေတဲ့နိုင်ငံ ရေးပါတီတွေအနေနဲ့ဘာတွေပြင် ဆင်နေကြပြီလဲ၊ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို တမျိုးတဖုံပြောင်းလဲလာစေနိုင်မလား၊လက်နက်ကိုင်ပဋိပက္ခတွေများစွာရှိနေတဲ့စစ်ကိုင်းတိုင်းအတွင်းမှာရောရွေးကောက်ပွဲကိုကျင်းပပြု လုပ်နိုင်ပါ့မလား၊ လွှတ်တော်သုံးရပ်မှာအာဏာခွဲဝေအုပ်ချုပ်မှုတွေ ကရောဘယ်လိုအလားအလာရှိလာနိုင်မလဲ၊ရွေးကောက်ပွဲကနေထွက်ပေါ် လာမယ့်အစိုးရကရောနိုင်ငံတကာမှာပိုပြီးတရားဝင်မှုပိုရှိလာနိုင်မလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ် သက်ပြီးအမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)ရဲ့အတွင်းရေးမှူး (အဖွဲ့ဝင်)ဖြစ်တဲ့ ဒေါက်တာမျိုးဆက်သွေးကို VOM က အခုလိုမေးမြန်းခဲ့ပါတယ်။ VOM ။ ။ မင်္ဂလာပါ ဒေါက်တာမျိုးဆက်သွေး ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ VOM ။ ။ ရွေး/ကော်(UEC)ကနေ ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကိုအတိအလင်းကြေညာလိုက်ပြီဆိုတော့ လာမယ့်ရွေးကောက်ပွဲကျင်းပမယ့် ပုံစံနဲ့ အခင်းအကျင်းကဘယ်လိုမျိုးရှိလာနိုင်မလဲ၊ ဒေါက်တာမျိုးဆက်သွေး ။ ။ ရွေးကောက်ပွဲရက်ကတော့သတ်…

Read More

မြောက်ကိုရီးယားအတွက် လက်နက်မှောင်ခိုပို့တဲ့ တရုတ်နိုင်ငံသား ထောင်ရှစ်နှစ်ကျ

ဝါရှင်တန်၊ ဩဂုတ်-၂၀-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားအတွက် သေနတ်တွေနဲ့ အခြားစစ်ပစ္စည်းများ ခိုးထုတ်မှုနဲ့ တရုတ်နိုင်ငံသားတယောက်ကို အမေရိကန်တရားစီရင်ရေးဌာနက ထောင်ဒဏ် ရှစ်နှစ် ချမှတ်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၄၂ နှစ်အရွယ် ရှမ်ဝါဝမ်ဟာ ကယ်လီဖိုးနီးယားမှ အဲဒီပစ္စည်းတွေကို ဝယ်ယူပို့ဆောင်ပေးဖို့ မြောက်ကိုရီးယားအရာရှိများထံမှ ဒေါ်လာ နှစ်သန်းခန့် လက်ခံခဲ့ကြောင်း တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကယ်လီဖိုးနီးယား၊ အွန်တာရီယိုမှာနေတဲ့ အဲဒီတရုတ်နိုင်ငံသားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုင်ငံတကာစီးပွားရေးအရေးပေါ်ဥပဒေကို ချိုးဖောက်မှု၊ ပြည်ပအစိုးရဲ့ တရားမဝင်ကိုယ်စားလှယ်လုပ်ဖို့ ကြံစည်မှုတွေကြောင့်အပြစ်ရှိကြောင်း ဇွန်လမှာ ဝန်ခံခဲ့ပါတယ်။ သူဟာ အမေရိကန်မှာ တရားမဝင်နေထိုင်သူဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ကျောင်းသားဗီဇာနဲ့ အမေရိကန်ကို ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် နိုင်ငံတွင်းဆက်လက်နေထိုင်ခဲ့ကြောင်း တရားရေးဌာနက ပြောပါတယ်။ အမေရိကန်ကို မဝင်ရောက်မီ သူဟာ…

Read More

ပြည်တွင်းရွှေဈေး တရက်အတွင်း ကျပ် နှစ်သိန်းနီးပါး ကျဆင်း

ဩဂုတ် ၂၀ – ၂၀၂၅ SN (VOM) ပြည်တွင်းက ပြင်ပရွှေဈေးကွက်မှာ တရက်အတွင်း အခေါက်ရွှေဈေး ကျပ် နှစ်သိန်းနီးပါးအထိ ဈေးကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ အခေါက်ရွှေဈေးဟာ မနေ့ ဩဂုတ် ၁၉ ရက်၊ မနက်ပိုင်းက တကျပ်သား ခုနစ်ဆယ့်ခုနစ်သိန်း တသောင်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ ကျပ် ခုနစ်ဆယ့်ခြောက်သိန်း ခုနစ်သောင်းဝန်းကျင်ကို ရောက်ရှိလာပြီး ညနေပိုင်းမှာတော့ ခုနစ်‌ဆယ့်ခြောက်သိန်းဝန်းကျင်နဲ့ ဈေးပိတ်ခဲ့ကာ တရက်အတွင်း ကျပ် တသိန်းဝန်းကျင် ဈေးကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အခုလို ရွှေဈေး ပြန်လည် ကျဆင်းလာတာနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “အခုက ရွှေဈေးကျတဲ့ ရာသီလည်း ရောက်လာတာပေါ့။ အဓိက ကတော့ ဒေါ်လာဈေးကြောင့်ပေါ့။ နှစ်စဉ် ဩဂုတ် လကုန်ပိုင်းကုန်ကစပြီး ဒေါ်လာဈေးက ကျတတ်တယ်။ ဒီအချိန်ကတော့…

Read More

မွမ်ဘိုင်းမှာ ရေကြီးရေလျှံ အကြီးအကျယ်ဖြစ်ပွားနေ

မွမ်ဘိုင်း၊ ဩဂုတ်-၂၀-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယ၏ စီးပွားရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွ အကြီးအကျယ် ဖြစ်ပွားနေပြီး လမ်းတွေရေမြှုပ်နေကာ မြို့ခံသန်းပေါင်းများစွာ ရေဘေးသင့်နေပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် လေယာဉ်နဲ့ ရထား ခရီးစဉ်တွေ နှောင့်နှေးပြီး အများအပြား ဖျက်သိမ်းခဲ့ရပါတယ်။ မြို့ရဲ့ နေရာအများအပြားမှာ ခါးအထိရေဝင်ရောက်နေပြီး ရေလျှံနေတဲ့ လမ်းတွေပေါ်မှာ မြို့ခံတွေ သွားလာနေတာတွေနဲ့ မြောင်းတွေထဲက အမှိုက်တွေ များစွာကိုလည်း ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ရေကြီးရေလျှံမှုကြောင့် လမ်းခရီးတဝက်မှာ ပိတ်မိနေသူ ၆၀၀ နီးပါးကို ကယ်တင်ခဲ့ပါတယ်။ ကျောင်းနဲ့ ကောလိပ်အများစုကတော့ ပိတ်ထားဆဲဖြစ်ပါတယ်။ မြို့ရဲ့ မြေနိမ့်ရာဒေသတွေက လူ ၃၅၀ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက မြို့နဲ့ အနီးတစ်ဝိုက်ရှိခရိုင်တွေအတွက် အနီရောင်သတိပေးချက်ထုတ်ပြန်ထားပြီး ဒီကနေ့မှာ အလွန်ပြင်းထန်သောမိုးရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။ မွမ်ဘိုင်းတည်ရှိတဲ့ မဟာရာရှထရာပြည်နယ်မှာ အခုလို မုတ်သုံမိုးရွာသွန်းတာဟာ ပုံမှန်ဖြစ်ပေမယ့်…

Read More

ကျောက်မဲ နောင်ပိန်ရွာမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၀ ယောက်ထက်မနည်းသေဆုံး

ဩဂုတ် ၂၀၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးအုပ်စု၊ ပင်တီးရွာ ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းကို ဩဂုတ်လ ၂၀ ရက်‌ နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေနဲ့ SSPP/SSA ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ “လူ ၁၀ ယောက် ထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်။ ၁၂ ယောက် ထနခိုက် ဒဏ်ရာ ရထားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ဒီနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀…

Read More

အဆိုတော်လွှမ်းပိုင် ဆဲဆိုတဲ့ကိစ္စ ဝေဖန်သံတွေညံနေ

ဩဂုတ် ၂၀ – ၂၀၂၅ SS (VOM) အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်ရဲ့ မီဒီယာအင်တာဗျူး ရုပ်သံ လူမှုကွန်ရက်ပေါ် ဖြန့်သူကို တောင်းပန်ခိုင်းမှုနဲ့ အနုပညာရှင်တချို့နဲ့ အနုပညာ သတင်းမီဒီယာ အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ မျိုးစုံထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်တဲ့ ဖိုက် ပလက်စ် ဝမ်း (5+1) ရုပ်ရှင်ဇာတ်ကား Press Show ရဲ့ မီဒီယာ အင်တာဗျူးတခုမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဗွီဒီယိုဖြန့်သူက လက်ရှိမှာ စာချုပ်စာတမ်းနဲ့တကွ ပြန်လည် တောင်းပန်လိုက်ရတာ ဖြစ်ပါတယ်။ မနေ့ ဩဂုတ် ၁၉ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ တောင်းပန်စာမှာ အဆိုပါ ဗွီဒီယိုဖြန့်သူက အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်ရဲ့ အင်တာဗျူးကို အွန်လိုင်းပေါ်မှာ…

Read More

ကဆုန်ပေါက် နရီ(၅)

ဆူးငှက် ဗွီဒီယိုပေါ်ဦးကာလက ရန်ကုန်မှ နာမည်ကျော် ဒါရိုက်တာကြီးနှစ်ဦးက မန္တလေးမှာ ဗွီဒီယိုတစ်ကားလာရိုက်သည်။ ယခုလို တောင်ပြုံးပွဲကြီး ကျင်းပနေချိန်ပေါ့။ ဇာတ်ဝင်ခန်းမှာ တောင်ပြုံးပွဲပါသည်။ မင်းသား မင်းသမီး တောင်ပြုံးပွဲ လည်ပတ်ခန်း၊ တောင်ပြုံးပွဲကို မတ္တရာရထားနှင့် လုယက်တိုးဝှေ့ တက်ကာသွားသည့် အခန်းတွေပါသည်။ ထို့ပြင် ဇာတ်တစ်ဝက်က မန္တလေးမှာ ဇာတ်အိမ်တည်သည်။ ဇာတ်လမ်းအရ မင်းသမီးက မန္တလေးသူ။ ဗွီဒီယိုရိုက်ရင်း တောင်ပြုံးမှာ၊ မန္တလေးမှာ လည်ပတ်မှာမို့ ရန်ကုန် ရင်းနှီးရသော စာရေးဆရာ၊ ရုပ်ရှင်ဝေဖန်ရေး စာရေးဆရာကြီး ဇနီးမောင်နှံလည်း ပါလာမည်။ ဆရာကြီးတို့ ဇနီးမောင်နှံက ကျွန်တော့်အိမ်မှာ တည်းကြမည်။ ဒါရိုက်တာနှင့် မင်းသား မင်းသမီးများက ဌာနဆိုင်ရာ ဘန်ဂလိုတစ်ခုမှာ တည်းကြမည်။ စက်အဖွဲ့နှင့် ကျန်လူများက မန္တလေး တောင်ခြေ ရဟန်းပျိုကျောင်းတိုက်မှာ တည်းကြမည်။ ဤအစီအစဉ်ဖြင့် မန္တလေးသို့ တက်လာခြင်းဖြစ်၏။ ဤသို့ဖြင့် မန္တလေးဘူတာအဆင်း…

Read More

မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးရေလျှံမှုတွေ ထပ်ဖြစ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်း သက်ရောက်မှုများနိုင်

ဩဂုတ် ၁၉ – ၂၀၂၅ SS (VOM) လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်သက်ရောက်မှုကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးများပြီး ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ဩဂုတ် ၁၉ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း – ဩရိဿပြည်နယ်တောင်ပိုင်း) ကမ်းခြေတို့မှာ မုန်တိုင်းငယ်တလုံး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက် – အနောက်တောင်ဘက် ရေမိုင် ၄၅၅…

Read More

ကျောက်မဲက နောင်ပိန်နဲ့ ကျောင်းကုန်းရွာမှာ လက်နက်ကြီးကျလို့ တဦးသေ၊ ကိုရင်တပါးဒဏ်ရာရ

ဩဂုတ် ၁၉၊ ၂၀၂၅ နွယ်နီ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာနဲ့ နောင်ပိန်ရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတဦး သေဆုံးပြီး အသက် ၆ နှစ်အရွယ် ကိုရင်တစ်ပါး ဒဏ်ရာရသွား တယ်လို့ နောင်ပိန် ရွာခံတွေက ပြောပါတယ်။ ဩဂုတ် ၁၈ ရက်နေ့ မနေ့က နေ့လယ်ပိုင်းမှာ နောင်ချိုအခြေစိုက် နအလ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ ကျောင်းကုန်းရွာကို ကျရောက်ခဲ့ပြီး နေ့လယ်ပိုင်းမှာ နောင်ပိန်ရွာကို ထပ်မံပစ်ခတ်ခဲ့တာလို့ နောင်ပိန်ရွာသား တယောက်က ပြောပါတယ်။ “ကျောင်းကုန်းမှာက အိမ်ပေါ်ကျတော့ အသက် ၄၀ အရွယ် အမျိုးသားက ဒဏ်ရာရပြီး လားရှိုးပို့သွားတုန်း သေသွားတယ်။ နောင်ပိန်မှာတော့ နာမိန်းပရိယတ္တိစာသင်တိုက်ပေါ်ကျသွားလို့ ကိုရင်တပါး ရင်ဘတ်ထိတယ်။ ဒီနေ့ လားရှိုးဆေးရုံကို ပို့ထားတယ်” လားရှိုးဆေးရုံကို ပို့ထားတဲ့ ကိုရင်ဟာ ခွဲစိတ်ကုသဖို့…

Read More

အက်ရှင်မင်းသားကြီး ဂျက်လီ အသေးစားခွဲစိတ်မှုအတွက် ဆေးရုံတက်ခဲ့ရ

စင်ကာပူ၊ ဩဂုတ်-၁၉-၂၀၂၅ ရတီ(VOM) သရုပ်ဆောင်မင်းသားကြီး ဂျက်လီဟာ ဆေးရုံတက်နေရတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေတင်ခဲ့ပြီးနောက် သူ့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။ သြဂုတ် ၁၇ ရက်က ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်လီဟာ သူဆေးရုံကုတင်ပေါ်မှာ ရောက်နေတဲ့ ဓါတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး မကြာသေးမီက မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတခုကြုံတွေ့ခဲ့ရတယ်လို့ ရေးသားခဲ့ပါတယ်။ အခြားဗီဒီယိုတခုမှာတော့ ဂျက်လီကို ခွဲစိတ်ခန်းသို့ တွန်းလှည်းနဲ့ ပို့နေချိန်မှာ အနီရောင်ဦးထုပ် ဝတ်ဆင်ထားတဲ့ ဂျက်လီကို တွေ့ရမှာဖြစ်ပါတယ်။ ခွဲစိတ်မှုအပြီးမှာတော့ ဆေးရုံအိပ်ယာပေါ်ထိုင်လျက် သူ့အဖွဲ့နဲ့ တွေ့ဆုံနေတာကိုလည်း တွေ့ရပါတယ်။ အားအင်ပြည့်၀ပြီး တက်ကြွလာတယ်လို့ ခံစားရကြောင်း ဂျက်လီက ပြောပါတယ်။ အရမ်းစိုးရိမ်စရာမလိုဘူးလို့ သူ့ရဲ့ လူမှုကွန်ရက် Weibo ဂျက်လီက ရေးသားထားပါတယ်။ရုပ်ပိုင်းဆိုင်ရာ ပြဿနာအနည်းသယ်ရှိတာကြောင့်လို့ ဆိုပါတယ်။ လူတိုင်းရဲ့ စိုးရိမ်မှုတွေအတွက် ကျေးဇူးတင်ရှိပြီး အရမ်းစိုးရိမ်စရာ မလိုကြောင်းနှင့်…

Read More
VOM News

FREE
VIEW