တငွေ့ငွေ့ တက်နေတဲ့ အခြေခံစားသောက်ကုန်စျေးနူန်း

ဇူလိူင် ၁၂-၂၀၂၃ GG(VOM)   ပြည်တွင်း စားသုံးဆီစျေး လက်လီစျေးကွက်မှာ တစ်ပိဿာကို အမြင့်ဆုံး ၁၀၀၀၀ ကျပ်အထိ စျေးနူန်းမြင့်တက် လာသလို အခြားသော အခြေခံစားသောက်ကုန်ပစ္စည်းစျေးနူန်းတွေလည်း ပြန်လည်မြင့်တက်လာတာကြောင့် ပြည်သူတွေအားလုံး အဆင်မပြေဖြစ်နေကြရတယ်လို့ သိရပါတယ်။   အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ အာလူး ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူ ၊ ဂျင်း ၊အရောင်တင်မှုန့် ၊ အချိုမှုန့် ၊သကြား အပါအဝင် စတဲ့ နေ့စဥ် မဖြစ်မနေအသုံးပြုနေရတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေအားလုံး စျေးနူန်းမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။   ဂျင်းတက်ဆိုရင် တစ်ပိဿာကို ၃၀၀၀ ခန့်ကနေ လက်ရှိမှာ ၉၀၀၀ ကျပ်အထိဖြစ်လာပြီး ကြူကုတ်ကြက်သွန်ဖြူက ၈၅၀၀ ကျပ်၊ ဗမာကြက်သွန်ဖြူက ၉၅၀၀ ကနေ ၁၀၀၀၀ ကျပ်အထိရှိပြီး အာလူးက ၃၅၀၀ ကျပ်နဲ့ ကြက်သွန်နီကလည်း တစ်ပိဿာ ကို…

Read More

ဘဏ်နှစ်ဘဏ် အရေးယူခံရမှု နောက်ဆက်တွဲဂယက် ဘာတွေဖြစ်လာမလဲ

SN (VOM) အမေရိကန်အစိုးရက နိုင်ငံတကာ ငွေပေးချေမှုတွေအတွက် အဓိကကျတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကိုပါ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဇွန် ၂၁ ရက် ညဦးပိုင်းမှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ ဝင်ငွေတွေ၊ စစ်လက်နက် ဝယ်ယူမှုဆိုင်ရာ ကိစ္စရပ်တွေမှာ အဲ့ဒီ့ဘဏ်တွေကို အသုံးပြုခဲ့တာကြောင့် အခုလိုမျိုးအရေးယူဒဏ်ခတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ MFTB နဲ့ MICB တို့ဟာ နိုင်ငံခြားငွေကြေးနဲ့ လည်ပတ်လုပ်ကိုင်နေရတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကကျတဲ့ ဘဏ်တွေဖြစ်တဲ့အတွက် အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် အဲ့ဒီ့ဘဏ်စနစ်အတွင်း စီးဆင်းတဲ့ နိုင်ငံတကာငွေပေးချေမှုတွေအားလုံး ခက်ခဲသွားနိုင်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ ဆန်ရှင် (Sanciton) ထိသွားတဲ့ ဘဏ်နှစ်ဘဏ်ဟာ နိုင်ငံခြားငွေ လဲလှယ်မှုကို…

Read More

ဝင်ငွေ မမျှတမှုနဲ့ ကုန်ဈေးနှုန်းအခြေအနေ

SN (VOM) မြန်မာတစ်နိုင်ငံလုံးက ပြည်သူလူထုတွေအားလုံးဟာ လက်ရှိအချိန်မှာ အခြေခံလုပ်အားခ၊ လစာ၊ ဝင်ငွေနဲ့စားသောက်ကုန်ဈေးနှုန်း မမျှတမှုကို အလူးအလဲခံနေကြရတာ ဖြစ်ပါတယ်။ လုပ်ခ၊ လစာဝင်ငွေ နည်းပါးမှုကြောင့် အခြေခံပြည်သူတွေနဲ့ ဝန်ထမ်းတွေဟာ နေ့စဉ် မိသားစုစားသောက်စရိတ်ကို အလျဉ်မီအောင် မဖြေရှင်းနိုင်တဲ့အပြင် အခြား အိမ်မှုကိစ္စ၊ နေအိမ်ငှားရမ်းခ၊ သားသမီးပညာရေး၊ မိသားစုကျန်းမာရေး စတာတွေကို ဖြေရှင်းနိုင်ဖို့ အခက်အခဲများစွာရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကုန်ဈေးနှုန်းတွေဟာ ပုံမှန်ဈေးထက် ၃ ဆကနေ ၅ ဆခန့်အထိ မြင့်တက်လာနေတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တစ်ရက်စာအသုံးစရိတ်ဟာ တစ်နေ့လုံးစာဝင်ငွေထက် ပိုများနေပြီး စားသောက်နေထိုင်ရေးအတွက် တစ်နေ့ထက်တစ်နေ့ အဆင်‌မပြေမှုများစွာကို ရင်ဆိုင်နေကြရသလို အလုပ်အကိုင်လည်း ရှားပါးလာနေတယ်လို့ အခြေခံလက်လုပ်လက်စား လုပ်ကိုင်သူတွေက ပြောပါတယ်။ “ကျွန်မ အရင်အလုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံက အော်ဒါတွေမရလို့တဲ့ ပိတ်လိုက်ရတယ်လေ။ နောက်စက်ရုံတစ်ခု ထပ်ပြောင်းတယ်။ အဲ့ဒီစက်ရုံကလည်း ထပ်ပိတ်ပြန်တော့ အလုပ်ကမရှိတော့ဘူး။…

Read More

တက္ကစီမောင်းရင်း အိမ်ပြန်လမ်း ပျောက်ခဲ့သူတွေ

SN (VOM)   တစ်စထက်တစ်စ လျော့ရဲလာတဲ့ မလုံခြုံမှုတွေကြောင့် ရန်ကုန်မြို့မှာ တက္ကစီလုယက်မှုတွေဟာ အခုနှစ် မတ်လလောက်ကစလို့ အရင်ကထက်ပိုပြီး ခပ်စိပ်စိပ် ဖြစ်ပွားလာနေပါတယ်။(၂)နှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့မှာ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု စတဲ့ ဒုစရိုက်မှုတွေဟာ နေရာအနှံ့ ပေါ်ပေါက်လာနေပါတယ်။   မြို့ပေါ်က လမ်းမတွေပေါ်မှာ ပြေးဆွဲနေတဲ့ တက္ကစီယာဉ်မောင်းတွေကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့ သွားလာနေရတာပါ။   ကားကို လုယက်ရုံတင်မကဘဲ လူ့အသက်အန္တရာယ်ကို ရန်ရှာ သတ်ဖြတ်သွားတဲ့ ဖြစ်စဉ်တွေဟာ အခုနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ကြောက်ရွံ့ထိတ်လန့်ဖွယ် ဖြစ်ပွားလာနေပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေဟာ မလုံခြုံတော့သလို စည်းကမ်းမဲ့ ရမ်းကားသူတွေကြောင့် လူ့အသက်တချို့ဟာ ကြက်ကလေး၊ ငှက်ကလေးတွေလို တဖြုတ်ဖြုတ် ကြွေလို့ နေပါတယ်။   (၂)နှစ်ကျော်ကာလအတွင်း ဆိုးရွားစွာ ဖြစ်ပေါ်လာတဲ့ မလုံခြုံမှုတွေကြောင့် ရန်ကုန်မြို့ပေါ်မှာ ညအချိန်တွေဆို လူအသွားအလာ…

Read More

သတိပြုရမယ့် မိုးကြိုးအန္တရာယ်

SN (VOM) ရာသီဥတုကပေးတဲ့ သဘာဝအန္တရာယ်တွေထဲမှာ မိုးနဲ့အတူ အမြဲယှဉ်တွဲ ပါလာတာကတော့ မိုးကြိုးအန္တရာယ်ပါ။ တကယ်တော့ မိုးကြိုးအန္တရာယ်ဟာ တရားလွန် ကြောက်လန့်နေဖို့ မလိုပေမယ့် ဆင်ခြင်စရာ၊ ကာကွယ်စရာရှိတာတွေကို မလိုက်နာနိုင်ရင်တော့ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်သလို အသက်အန္တရာယ်က လွတ်ခဲ့ရင်တောင် ကိုယ်တွင်းအင်္ဂါစနစ်တွေမှာ နောက်ဆက်တွဲ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ကျန်စေနိုင်တယ်လို့ သိရပါတယ်။ မိုးကြိုးပစ်ခတ်မှုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ တစ်စက္ကန့်ကို မိုးကြိုးအကြိမ်တစ်ရာနီးပါး ရှိတယ်လို့ သိရပါတယ်။ မိုးကြိုးဆိုတာ မိုးတိမ်တောင်တွေက ပါလာတဲ့ ရေမှုန်ရေမွှားတွေ ကမ္ဘာ့လေထုအတွင်း ပွတ်တိုက်ခြင်းကြောင့် လျှပ်စီးကြောင်းတွေ ဖြစ်လာပြီး အဲ့ဒီ့ လျှပ်စီးကြောင်း လျှပ်ကူးတဲ့အခါ “မိုးကြိုးပစ်ခြင်း”ကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ တိမ်တိုက်အချင်းချင်း လျှပ်စီးကူးခြင်းဖြစ်သလို တိမ်တိုက်၊ မြေပြင်က အရာဝတ္ထုတွေနဲ့ ကမ္ဘာမြေကြီးအကြား လျှပ်စီးကူးတတ်တဲ့အတွက် မိုးကြိုးပစ်ခြင်း ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။ လျှပ်စီးကြောင်းကြီးတွေ ဖြစ်ပေါ်လာပြီး မိုးကြိုးပစ်တဲ့…

Read More

စားနပ်ရိက္ခာလိုအပ်ချက်အတွက် အခက်‌ပွေနေဦးမယ့် မြန်မာ

SN (VOM) လူသားတစ်ယောက်ရဲ့ လိုအပ်ချက်များစွာမှာ စား၊ ဝတ်၊နေရေး ဆိုတာဟာ အဓိကကျတဲ့ အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီ အခြေခံလိုအပ်ချက် သုံးမျိုးထဲက စားသောက်ရေး ဆိုတာကတော့ လူသားတွေအတွက် မရှိမဖြစ် အရေးကြီးဆုံး အခန်းကဏ္ဍတစ်ခု အဖြစ် ပါဝင်နေပါတယ်။ ငတ်မွတ်ခေါင်းပါးမှု ပြဿနာဟာ နက်နဲရှုပ်ထွေးလွန်းတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ သဘာဝဘေး၊ စစ်ဘေး၊ အကြမ်းဖက်ဘေးနဲ့ ဝင်ငွေ၊ ထွက်ငွေ မမျှတခြင်းတွေဟာ ငတ်မွတ်ခေါင်းပါးမှုကို ပေါ်ပေါက်စေပါတယ်။ လက်ရှိမှာတော့ တိုးပွားလာတဲ့ အလုပ်လက်မဲ့လူဦးရေ၊ သီးနှံအထွက်နှုန်း ထိခိုက်စေတဲ့ ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ အားနည်းခြင်းနဲ့ နယ်မြေ ငြိမ်းချမ်းမှုမရှိခြင်း အစရှိတဲ့ အကြောင်းရင်းတွေကြောင့် မြန်မာနိုင်ငံအတွင်းက လူသားတွေအတွက် စားနပ်ရိက္ခာပြဿနာဟာ တစ်စထက်တစ်စ ကြီးထွားလို့လာနေပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့စည်းတစ်ခုဖြစ်တဲ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)ရဲ့ ၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ စားနပ်ရိက္ခာ…

Read More

မုန်တိုင်းအချက်ပေး ခေါင်းလောင်းသံ

SN (VOM) မြန်မာနိုင်ငံမှာ မုန်တိုင်းရာသီ (၂)ချိန်ရှိပြီး မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ မေလလယ်အထိနဲ့ မိုးလွန်ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။ မုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိပြီး ကနဦးမှာ အနောက် (သို့မဟုတ်) အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားတတ်ကာ တစ်ခါတရံမှာတော့ မြောက် (သို့မဟုတ်) အရှေ့မြောက်အရပ်ဆီသို့ ပြောင်းလဲ ရွေ့လျားတတ်တယ်လို့ သိရပါတယ်။ အခုလို ရွေ့လျားမှုဟာ မြန်မာနိုင်ငံအတွင်း မုန်တိုင်းဝင်ရောက်မှုကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ မုတ်သုံလေ ရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်တွေ ဖြစ်ပေါ် တတ်ပြီး မိုးကြိုရာသီနဲ့ မိုးလွန်ရာသီတွေမှာ ဖြစ်တတ်တဲ့ မုန်တိုင်းတွေဟာ အဖျက်စွမ်းအားများပြီး ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်စေတတ်တယ်လို့ သိရပါတယ်။ မုန်တိုင်းတွေရဲ့ အရေးပါလှတဲ့ အဖျက်စွမ်းအား (၃) မျိုးကတော့ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်းနဲ့ မုန်တိုင်းဒီရေတက်ခြင်းတို့ ဖြစ်ပါတယ်။…

Read More

အကာအကွယ် မဲ့နေတဲ့ အဖိနှိပ်ခံ မြန်မာအလုပ်သမားများ

SN (VOM) နှစ်စဉ် မေလ ၁ ရက်နေ့ကို အလုပ်သမားအခွင့်အရေးတွေ အာမခံချက် အပြည့်အဝရရှိစေဖို့ ကြိုးပမ်းအားထုတ်ခဲ့မှုတွေအတွက် အသိအမှတ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာတဝှမ်းရှိ အလုပ်သမားတွေက “မေဒေးနေ့“ အဖြစ် ဂုဏ်ပြုကျင်းပကြပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှာကျရောက်‌ခဲ့တဲ့ အလုပ်သမားနေ့ (မေဒေးနေ့)ဟာ နိုင်ငံတကာအတွက် (၁၃၃)ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၁၉၃၈ ခုနှစ်၊ မေလ ၁ ရက်နေ့မှသာ ပထမအကြိမ်အဖြစ် စတင် ကျင်းပနိုင်ခဲ့တဲ့အတွက် (၄၈)နှစ်တာ နောက်ကျပြီး ကျင်းပခဲ့‌ရတာကြောင့် အခုအကြိမ်ဟာ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ (၈၅ ) ကြိမ်မြောက် ဖြစ်ပါတယ်။ မေဒေး (ခေါ် ) အလုပ်သမားနေ့ဆိုတာဟာ အလုပ်သမား လူတန်းစားတွေအဖို့ လွန်စွာအရေးပါတဲ့ နေ့ကြီးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ပြီး အလုပ်သမားတွေရဲ့ ဘဝသစ်…

Read More

သမိုင်းတလျှောက် အမြင့်ဆုံးဖြစ်လာတဲ့ ပြည်တွင်းဆန်ဈေး

SN (VOM) သင်္ကြန်မတိုင်မီ ကာလကတည်းက အမြင့်ဈေးမှာပဲ ရှိခဲ့တဲ့ ပြည်တွင်းဆန်ဈေးနှုန်းဟာ သင်္ကြန်ကာလအလွန်မှာတော့ သမိုင်းတလျှောက် မကြုံဖူးတဲ့ ဈေးတန်းတခုကို ရောက်ရှိလာပါတယ်။ စျေးကွက်ထဲ ဆန်အသစ်တွေ ဝင်ရောက်နေချိန်မှာ ဆန်စျေးကျဆင်းလေ့ရှိပေမယ့် အခု ၂၀၂၃ ခုနှစ်မှာတော့ စပါးစျေးနဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာကြောင့် ဆန်စျေးတွေလည်း တောက်လျှောက် လိုက်ပါမြင့်တက်နေတာပါ။ အခုလို ပြည်တွင်းဆန်စျေးကွက်အတွင်း စျေးနှုန်း မတန်တဆမြင့်တက်နေတာဟာ နယ်မြေ မတည်ငြိမ်မှုတွေအရ စပါးစိုက်ပျိုးနိုင်ခြင်းမရှိဘဲ စိုက်ဧကလျော့ကျလာတာ၊ လျှပ်စစ်မီးမရတာကြောင့် စပါးကြိတ်ခွဲမှုလုပ်ငန်းတွေ နှောင့်နှေးပြီး ကုန်ကျစရိတ် ပိုလာတာ၊ သယ်ယူစရိတ်တွေ မြင့်တက်လာတာ၊ လှောင်လက်တွေရဲ့ စျေးကစားမှုတွေရှိနေတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ လက်ရှိဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၀၅,၀၀၀ မှ ၁၁၀,၀၀၀ အထိ မြင့်တက်နေတာဖြစ်ပြီး ရက် ၉၀ ဆန်ကြမ်းဈေးမှာလည်း တစ်အိတ်ကို ကျပ်…

Read More

မီးပြတ်ချိန်များလို့ ပိုပြီး အခက်ကြုံနေရတဲ့ ပြည်သူတွေ

SN (VOM) ပူပြင်းခြောက်သွေ့လာတဲ့ နွေရာသီကာလအတွင်းမှာ လျှပ်စစ်မီးဟာလည်း တနေ့ထက်တနေ့ ဆိုးရွားစွာပြတ်တောက်လာတာကြောင့် မြန်မာနိုင်ငံအတွင်းနေထိုင်တဲ့ ပြည်သူတွေဟာ လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဒီရက်ပိုင်းအတွင်း မီးပြတ်တောက်မှု အခြေအနေ အလွန်ဆိုးရွားလာနေပြီး သက်ဆိုင်ရာကတော့ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးလျက်ရှိကြောင်း ထုတ်ဖော်ပြောပေမယ့် လျှပ်စစ်မီးမလာတာက ပိုများနေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။ လျှပ်စစ်မီးဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ ၂၄ နာရီ အချိန်ပြည့်မရရှိတော့ဘဲ အချိန်ပိုင်းနဲ့ အလှည့်ကျ ဖြန့်ဝေပေးမယ်လို့ ကြေညာထားပေမယ့် ဒီကနေ့အထိ သတ်မှတ်အချိန်ဇယားအတိုင်း အတိအကျ ပေးနိုင်ခြင်းမရှိလို့ လူထုကြား အငြင်းပွားပြောဆို ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း အရင်ကထက်ပိုပြီး မီးပျက်ချိန်များလာတာကြောင့် ပြည်သူတွေဟာ ချက်ပြုတ်ရာမှာ ထင်း၊ မီးသွေးနဲ့ ဂက်စ်တွေအပြင်…

Read More
VOM News

FREE
VIEW