အောက်တိုဘာ ၄၊ ၂၀၂၅ Shy V (VOM) TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန် နဲ့ သီပေါမှာ ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့က လေကြောင်း တိုက်ခိုက်ခံရလို့ လူ ထခိုက်မှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ့်ဆန် ဇယ်တုန်ဟုန်းမှာ ကြဲသွားတာ။ ဂျက်ဖိုက်တာ။ နေ့လယ် ၁၂ နာရီကျော်လောက်က။ လူ ထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လေကြောင်း ဗုံးကြောင့် နှစ်ယောက် သေဆုံးပြီး ကိုးယောက် ထိခိုက် ဒဏ်ရာ ရထားတယ်လို့ သူက ပြောပါတယ်။ “သီပေါ ဒီမနက် ကြဲသွားပြန်ပြီ။ မြို့ပြင်ဘက် အုံမုရွာနဲ့ ဂေါ်ဒန် သတ္တုတွင်းဘက်မှာ။ လူ အထိအခိုက်တော့ မရှိလောက်ဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။…
Read More၈မိုင်ဂုံးတံတားပေါ်မှာ ယာဉ်သုံးစီးဆင့်တိုက်လို့ နှစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ
အောက်တိုဘာ ၄ ၊၂၀၂၅ GG (VOM) ရန်ကုန် ၊မရမ်းကုန်းမြို့နယ်၊ ၈ မိုင်ဂုံးကျော်တံတားပေါ်မှာ အောက်တိုဘာ ၃ ရက်နေ့ည ၁၁ နာရီခွဲကျော်လောက်က ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားကာ အမျိုးသားနှစ်ယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ၈ မိုင်ဂုံးကျော်တံတားပေါ်မှာ လိုက်ထရပ်ကားနှစ်စီးက မျက်နှာချင်းဆိုင်တိုက်မိပြီး ၊ လိုက်ထရပ်ကားကို နောက်ကနောက် 4 wheel ကားကနေ ထပ်ဆင့်တိုက်ခံရပြီး လိုက်ထရပ်ကားခေါင်းကြေမွသွားပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” သေဆုံးနှစ်ယောက်မှာ တယောက်လှိုင်သာယာကပါ။ နောက်တယောက်က မင်္ဂလာဒုံကပါ။ ဒဏ်ရာရနှစ်ယောက်ကတော့ Myanmar Net ဝန်ထမ်းတွေလို့သိရတယ်။ဘယ်လိုဖြစ်ပြီးတိုက်လဲတော့သေချာမသိဘူး။ဖြစ်ပြီးမှရောက်တော့ လူနာတွေပဲ အဓိကပို့တာ။” လို့ လူထဲကလူ လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။ သေဆုံးအမျိုးသားနှစ်ယောက်မှာ လိုက်ထရပ်ကားပေါ်မှာဖြစ်ပြီး တယောက်က အသက် ၃၀ ဝန်းကျင်၊ နောက်တယောက်က ၂၆ ဖြစ်ကြောင်း၊ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ မနေ့ အောက်တိုဘာ…
Read Moreမန္တလေးတက္ကသိုလ် ရာပြည့်သဘင်ဖွင့်ပွဲကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်
မန္တလေး၊ အောက်တိုဘာ- ၄- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ မန္တလေးတက္ကသိုလ်ကြီးဟာဆိုရင် ဒီနှစ် ၂၀၂၅ ခုနှစ်မှာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး ရာပြည့်သဘင်အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ တက်ရောက်တာကို တွေ့ရပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရာပြည့်အထိမ်းအမှတ်ကျောက်စာကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘွဲ့နှင်းသဘင် ခန်းမမှာ မန္တလေးနဲ့ မန္တလေးတက္ကသိုလ်ကြီးအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကို တက္ကသိုလ် ကျောင်းသား/သူ ဟောင်းတွေ၊ မြို့မိမြို့ဖတွေနဲ့ အငြိမ်းစား ဆရာ၊ ဆရာမဟောင်းတွေ ကျောင်းသားကျောင်းသူအဟောင်းရော အသစ်တွေပါ တက်ရောက်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးဟာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း မီးလောင်ခဲ့ရာမှာ အထက်မြန်မာပြည်က တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒီပျက်စီးမှုတွေကို ရာပြည့်ပွဲအချိန်မီပြုပြင်နိုင်ခဲ့လို့ ခုလို မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ပွဲ ကျင်းနိုင်တာဖြစ်ပါတယ်။ ဒီရာပြည့်သဘင်ပွဲကို…
Read Moreကျောက်မဲမှာ ဆက်သွယ်ရေးလိုင်း ပြန်ရ၊ မြို့ပြင်က လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေ
အောက်တိုဘာ ၄၊ ၂၀၂၅ Shy V (VOM) နလအ တပ်ဖွဲ့ ပြည်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြန်ရနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအခြေအနေမှာတော့ မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေပြီး အောက်တိုဘာဘာ ၃ ရက်နေ့က လက်နက်ကျည် ကျတာရှိတယ်လို့ ဆိုပါတယ်။ “ကျောက်မဲ မြို့ထဲ လက်နက်ကျည်တွေ ကျတာ ဟုတ်တယ်။ မြို့ပြင် အပေါ်ကနေ လှမ်းပစ်ပုံရတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကျောက်မဲ ဓမ္မမေဒနီ ရွှေကျင်ကျောင်းမှာ အောက်တိုဘာလ ၃ ရက်နေ့ မနက်အစောပိုင်း ၁ နာရီကျော်ခန့်က လက်နက်ကြီးကျည်တွေ ကျပြီး အဆောက်အဦးထိခိုက်မှုရှိပေမယ့် သံဃာတော်တွေအားလုံး ဘေးကင်းတယ်လို့ သိရပြီး အုတ်ကျင်း၊ ခဲအင်း၊ တိလင် တွေဘက်မှာလည်း ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့က…
Read Moreကမ္ဘောဒီးယား လွှတ်တော်အမတ်ဟောင်းကို သတ်ဖြတ်သူ ထိုင်းနိုင်ငံသား ထောင်တသက်တကျွန်းကျ
ဘန်ကောက်၊ အောက်တိုဘာ-၄-၂၀၂၅ ရတီ(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကမ္ဘောဒီးယား အတိုက်အခံ နိုင်ငံရေးသမား တယောက်ကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကို ထောင်တသက်တကျွန်းချမှတ်လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ကမ္ဘောဒီးယားရှိ အတိုက်အခံလွှတ်တော်အမတ်ဟောင်း ပြင်သစ်နိုင်ငံသား လင်ကင်ယာဟာ ဇနီးဖြစ်သူနဲ့အတူ ဘန်ကောက်မြို့ကို ရောက်ရှိနေချိန်မှာ ထိုင်းနိုင်ငံသား အသက် ၄၁ နှစ်အရွယ် အက်ကာလက်ပေနွိုင်က ဇန်နဝါရီ ၇ ရက်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယား အတိုက်အခံ အင်အားစုတွေကတော့ နိုင်ငံရဲ့ သြဇာကြီးခေါင်းဆောင်ဟောင်း ဟွန်ဆန်က သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ဒီကိစ္စအတွက် သံသယရှိသူတွေကိုပါ ဖော်ထုတ်ပေးဖို့ လင်ကင်ယာရဲ့ ဇနီးသည်က တောင်းဆိုထားပါတယ်။ ကမ္ဘောဒီးယားအစိုးရ သို့မဟုတ် ဟွန်ဆန်အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဝန်ကြီးချုပ် ဟွန်မာနက်က ပြောပါတယ်။ တရားခံဟာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာလို့ ဘန်ကောက် ရာဇ၀တ်တရားရုံး…
Read Moreရွေးကောက်ပွဲ နှောင့်ယှက်မှုနဲ့ ဖမ်းဆီးအရေးယူခံရသူ ၆၄ ယောက်အထိ ရှိလာ
အောက်တိုဘာ ၄ – ၂၀၂၅ SS (VOM) ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လှုံ့ဆော်မှုကြောင့် လက်ရှိအချိန်မှာ ဖမ်းဆီး အရေးယူခံရသူ ၆၄ ယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ ပါတီစုံအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။ မနေ့ အောက်တိုဘာ ၃ ရက်က နေပြည်တော်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့အထိ အမှု ၂၄ မှုအတွက် လူပုဂ္ဂိုလ် ၆၄ ယောက်ကို အရေးယူထားတယ်လို့ သိရပါတယ်။ “ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ် အရေးယူသွားဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲအတွက်…
Read Moreပြိုင်ဘက်ကို ဒိုင်ပွဲရပ်အနိုင်ယူပြီး MMA ဖိုက်တာလောကကို အောင်လအန်ဆန် အဆုံးသတ်
အောက်တိုဘာ ၄၊၂၀၂၅ GG (VOM) MMAဖိုက်တာ အောင်လအန်ဆန်က ဒီနေ့အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်း ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာ ကျင်းပတဲ့ ONE Fight Night ပွဲမှာ တဖက်ပြိုင်ဘက် ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန်ကာဒက်စတမ်ကို ဒုတိယအချီမှာပဲ ထိုးသတ်အနိုင်ယူနိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ တဖက်ပြိုင်ဘက်ကစားသမားကို ဒုတိယအချီမှာ ဒိုင်ပွဲရပ်အခြေအနေနဲ့ အနိုင်ယူထိုးသတ်နိုင်ခဲ့တာ့ဖြစ်ပါတယ်။ ဒီနေ့ကစားပွဲဟာ အောင်လအန်ဆန်ရဲ့ One Championship ကစားသမားဘဝကနေ အနားမယူခင် နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲဖြစ်ပြီး အနိုင်ပွဲနဲ့အဆုံးသတ်ကာ မြန်မာပရိတ်သတ်တွေကို နူတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အောင်လအန်ဆန်က ကစားပွဲမတိုင်ခင်မှာ ပရိတ်သတ်တွေကိုပြောခဲ့တဲ့ ” သုံးချီအတွင်း ပြီးအောင်ထိုးမယ်။အားလုံးဂုဏ်ယူနိုင်အောင် ကျွန်တော်နိုင်အောင်ထိုးပေးမယ်” ဆိုတဲ့စကားအတိုင်း အနိုင်ယူထိုးသတ်သွားတာဖြစ်ပါတယ်။ ” ကိုအောင်လကတော့ သူရဲ့နောက်ဆုံးပွဲကိုအနိုင်နဲ့ လှလှပပလေး အဆုံးသတ်သွားသလို ကျွန်တော်တို့ မြန်မာပရိတ်သတ်လည်း ကျေနပ်စေခဲ့တယ်။ကိုအောင်လအတွက် ဂုဏ်ယူရပါတယ်။” လို့ မြန်မာပရိတ်သတ်တယောက်ကပြောပါတယ်။ အောင်လအန်ဆန်ရဲ့ ဒီနေ့ကစားပွဲမှာ…
Read Moreရွှေ၊ ငွေဈေး ကျနေပေမယ့် ပြည်ပအဝင် ပိတ်ထားလို့ သွင်းကုန်ပစ္စည်းတွေ ဈေးမကျပြန်
အောက်တိုဘာ ၄ – ၂၀၂၅ SN (VOM) လက်ရှိ ပြည်တွင်းမှာ ရွှေဈေးနဲ့ နိုင်ငံခြား ငွေလဲနှုန်းတွေ ကျဆင်းနေပေမယ့် ပြည်ပအဝင် ပိတ်ထားတာကြောင့် သွင်းကုန်ပစ္စည်း ရှားပါးနေပြီး ဈေးနှုန်းကျဆင်းခြင်း မရှိသေးဘူးလို့ စီးပွားရေး လေ့လာ စောင့်ကြည့်သူတွေနဲ့ ပြည်သူတွေက ပြောပါတယ်။ လက်ရှိ ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ၇၉ သိန်းကျော် ဝန်းကျင်မှာ ရောက်ရှိနေသလို အမေရိကန် ဒေါ်လာဈေးကလည်း ၄၀၀၀ ကျော်ဝန်းကျင်မှာ ကျဆင်း ရောက်ရှိနေတာ ဖြစ်ပါတယ်။ အခေါက်ရွှေ ဈေးနှုန်းဟာ စက်တင်ဘာ ၃၀ ရက်က တကျပ်သား သိန်း ရှစ်ဆယ် ရှစ်သောင်းဝန်းကျင်မှာ ရှိခဲ့သလို အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းကလည်း ရောင်းဈေး ကျပ် ၄၁၇၀ ဝန်းကျင်မှာ ရှိခဲ့ရာကနေ လက်ရှိမှာတော့ ဆက်တိုက် ဈေးပြန်လည် ကျဆင်းနေတာပါ။ “ရွှေဈေး၊…
Read Moreယာယီသမ္မတရဲ့ မန္တလေးခရီးစဥ်အတွင်း ရှော့တိုက်ဒုံး နန်းတွင်းထဲကျလို့ မင်းကွန်းဘက်မှာ စစ်ကြောင်းထိုးနေ
စစ်ကိုင်း- အောက်တိုဘာ – ၄ – ၂၀၂၅ VOM ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မန္တလေးခရီးစဥ်အတွင်း မန္တလေးနန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာနေရာကို ချိန်ရွယ်ပစ်တဲ့ ရှော့တိုက်ဗုံး တလုံးကျခဲ့ပါတယ်။ နန်းတွင်း ရှော့တိုက်ဒုံးကျတာနဲ့ ပတ်သက်လို့ မန္တလေးက လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူကို မေးကြည့်တော့ ” ဖြစ်စဥ်သတင်းရပါတယ် မနက် ၆ နာရီကျော်က နန်းတွင်း တပ်ထိန်းတပ်ရှေ့ လမ်းပေါ်ကျတယ် လူ အဆောက်အဦ ထိခိုက်မှုမရှိပါဘူး” လို့ ပြောပါတယ်။ ဒီလုပ်ရပ်ကို Brave Warriors for Myanmar (BWM) အဖွဲ့နဲ့ အခြားလက်နက်ကိုင် သုံးဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်တာဖြစ်တယ်လို့ BWM အဖွဲ့က သတင်းမီဒီယာတချို့ကို ပြောကြားထားတာ တွေရပါတယ်။ ဒီလိုဖြစ်စဥ်တွေရှိပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေဟာ ဒီနေ့မနက် ၉နာရီက မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကို တက်ရောက်…
Read Moreရေကြီးပြီး တံတားကျိုးလို့ ကျောက်ပန်းတောင်း-မိတ္ထီလာ ကားလမ်းပိတ်
အောက်တိုဘာ ၃၊ ၂၀၂၅ GG (VOM) ကြက်မောက်တောင်ဆည် ရေလျှံမှုကြောင်မန္တလေးတိုင်း ကျောက်ပန်းတောင်း – မိတ္ထီလာမြို့ကားလမ်းပေါ်က တံတားတစင်းရေတိုက်စားပျက်စီးသွားတာကြောင့် ကျောက်ပန်းတောင်း – မိတ္ထီလာလမ်း ပိတ်နေတယ်လို့သိရပါတယ်။ ကျောက်ပန်းတောင်း – မိတ္ထီလာကားလမ်းပေါ်က စည်ပင်သာရွာနဲ့ ကိုင်းရွာကြားက တံတားပျက်စီးသွားတာဖြစ်ကြောင်း လတ်တလောမှာ ကား ၊ဆိုင်ကယ် အားလုံးဖြတ်သန်းသွားလာရမရဘူးလို့သိရပါတယ်။ ” တံတားကရေတိုက်စားပြီး ကျိုးကျပျက်စီးသွားတော့ လမ်းပိတ်နေတာပါ။တံတားကတော့ အသေးပါ။ မိတ္ထီလာကနေ ကျောက်ပန်းတောင်းကိုသွားမယ်ဆိုရင် ရှောင်ကွင်းလမ်းကနေသွားလို့တော့ရပေမယ့် ခုရက်ကတော့သိပ်အဆင်မပြေဘူး။အဲဒီဘက်တွေလည်းရေကျော်တာရှိတယ်။ရှောင်ကွင်းလမ်းက ရွာတွေဘက်ကသွားရမှာပေါ့။အမြန်လမ်းဘက်ကလည်းရတယ်။ ခရီးတော့ရှည်တာပေါ့။” လို့ ကျောက်ပန်းတောင်း ဒေသခံကပြောပါတယ်။ မိတ္ထီလာ – ကျောက်ပန်းတောင်းလမ်း သွားလာခွင့်မရတဲ့အတွက် ရှောင်ကွင်းလမ်းအဖြစ် ကျေးရွာဘက်ကနေသွားလို့ရပြီး အောက်ပိုင်းကားအမြင့်ပိုင်းတွေသာသွားလို့ရပြီး ခရီးသည်တင်Express ကားတွေသွားလာဖို့အဆင်မပြေဘူးလို့သိရပါတယ်။ ဒါကြောင့် ပုဂံကို သွားဖို့စီစဥ်ထားသူတွေအနေနဲ့ မိတ္ထီလာကိုမဝင်တော့ဘဲ အမြန်လမ်း မိုင်တိုင် ၂၂၀ ကနေ တောင်ညိုလမ်းခွဲ – ကံပြားလမ်းဆုံ –…
Read More