ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးပွဲ မော်စကိုမှာပြုလုပ်ဖို့ ပူတင်အဆိုပြု

မော်စကို၊ ဩဂုတ်-၂၀-၂၀၂၅ ရတီ(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ထိပ်သီးဆွေးနွေးပွဲကို မော်စကိုမှာ ပြုလုပ်ဖို့ ရုရှားသမ္မတ ပူတင်က အဆိုပြုခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဇီလန်စကီး၊ ဥရောပခေါင်းဆောင်တွေနဲ့ ဒေါ်နယ်ထရန့်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ထရန့်ဟာ ပူတင်ကိုလည်း တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ရာ ယူကရိန်းနဲ့ထိပ်သီးဆွေးနွေးပွဲအပေါ် ပူတင်က အဆိုပြုခဲ့တာလို့ အေအက်ဖ်ပီက ဆိုပါတယ်။ ဥရောပခေါင်းဆောင်များတွေ၊ ဇယ်လင်စကီးတို့နဲ့ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ရာ ထရန့်က ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေကို ဆွေးနွေးခဲ့ပြီး အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့တွေနဲ့အတူ ဥရောပနိုင်ငံတွေက ထောက်ပံ့မှုတွေ ပြုလုပ်မယ်လို့ ပြောပါတယ်။ အမေရိကန်အနေနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲပြီးနောက် ယူကရိန်းလုံခြုံရေးအာမခံချက်အတွက် မြေပြင်တပ်ဖွဲ့တွေကိုတော့ ယူကရိန်းကို စေလွှတ်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒါပေမယ့်လည်း လေကြောင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေလုပ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်…

Read More

ကျောက်မဲ နောင်ပိန်ရွာ အနီးအထိ တပ်ကစစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ပြင်းထန်နေ

ဩဂုတ် ၂၀၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ အနီးအထိ ဩဂုတ်လ ၁၉ ရက်နေ့က နလအတပ်က စစ်ကြောင်းထိုးလာပြီး တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စစ်ကြောင်းထိုးလာနေတာ ဟုတ်တယ်။ နောင်ပိန်ထဲတောင် ပစ်နေပြီ။ ဒေသခံ တချို့က တခြားရွာဘက် ရောက်သွားပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နောင်ပိန်ရွာထဲက ဒေသခံ တချို့က‌တော့ မရှောင်ကြသေးပဲ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ “ထန်းတပင်မှာ စစ်တပ်တွေ ရာနဲ့ချီပြီးရောက်နေပါတယ်။ နောင်ပိန်ကလူတွေ ပုံဝိုးကို အများကြီး စစ်ရှောင် ရောက်နေပါတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ထန်းတပင်ရွာက နောင်ပိန်ရွာနဲ့ တစ်မိုင်ကျော် ခန့်သာ ဝေးတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ…

Read More

ဒီမောဆိုမြို့ကို နလအ တပ်တွေ ပြန်လည်ထိန်းချုပ်လိုက်ပေမယ့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ဩဂုတ် ၂၀ ၊၂၀၂၅ GG (VOM) ကယားပြည်နယ်၊ဒီမောဆိုမြို့ကို နလအ တပ်ကပြန်လည်ထိန်းချုပ်လိုက်ပေမယ့် တိုက်ပွဲတွေဆက်ရှိနေသလို ဖားဆောင်မြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေကာ လေကြာင်းတိုက်ခိုက်မှုရှိနေပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိနေတယ်လို့သိရပါတယ်။ ဒီမောဆိုမြို့ကို ဩဂုတ် ၁၉ ရက်နေ့မှာ စစ်တပ်က အပြည်အဝပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ကြောင်း နလအ သတင်းထုတ်ပြန်မှုအရသိရပါတယ်။ ” ဒီမောဆိုမြို့ ကို စစ်တပ်ကပြန်ထိန်းချုပ်သွားတာဟုတ်ပါတယ်။ဒါပေမယ့်တိုက်ပွဲကရှိနေတုန်းပဲ။ပစ်ခတ်မှုတွေရှိနေတယ်။အရင်ရင်ကတည်း တိုက်ပွဲကပြင်းထန်နေတာ စစ်တပ်ဘက်က လက်နက်ကြီးလက်နက်ငယ်၊လေကြာင်းအကုန်သုံးတိုက်လာတာတွေ့ရတယ်။” လို့ ဒီမောဆိုမြို့နယ်ရှိ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။ ဒီမောဆိုမြို့ကို စစ်တပ်မှ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဩဂုတ်လ ၄ ရက်နေ့မှစပြီး စနစ်တကျ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ၊ အဆိုပါတိုက်ပွဲအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူတွေရှိခဲ့သလို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဘက်ကလည်း ခြောက်ယောက်သေဆုံးခဲ့တယ်လို့ နလအ သတင်းထုတ်ပြန်မှုအရသိရပါတယ်။ မြို့ကိုထိန်းချုပ်ပြီးနောက် လွိုင်ကော် – ဒီမောဆိုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ မြို့တွင်းရှိ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်နဲ့ အဆောက်အဦတွေကို ပြန်လည်ပြုပြင်တည်ဆောက်ရေးကို ဒေသခံတွေနဲ့ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်သလို နယ်မြေလုံခြုံရေး နဲ့…

Read More

လွှတ်တော်ခေါ်ပြီးမှ ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပလာနိုင်တယ်

NDF ပါတီအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးနဲ့ ဆက်သွယ်မေးမြန်းခြင်း ဩဂုတ် ၂ဝ – ၂ဝ၂၅ KKO(VOM) အခုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပထမပိုင်းရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကထုတ် ပြန်ကြေညာမှုအပြီးမှာနိုင်ငံရေးပါတီတွေအနေနဲ့ လှုပ်လှုပ်ရွရွဖြစ် လာခဲ့ပြီးမူဝါဒချမှတ်တာတွေရွေး ကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေအပါအဝင်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာပါတီရုံးခန်းဖွင့်လှစ်တာတွေနဲ့ ပါတီဝင်အင်အားစုစည်းတာတွေကိုအပြိုင် အဆိုင်ပြုလုပ်လာကြတာကိုတွေ့မြင်လာရပါတယ်။ ဒါကြောင့်မို့အခုရွေးကောက်ပွဲအတွက်ပြည်တွင်းမှာရှိနေတဲ့နိုင်ငံ ရေးပါတီတွေအနေနဲ့ဘာတွေပြင် ဆင်နေကြပြီလဲ၊ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို တမျိုးတဖုံပြောင်းလဲလာစေနိုင်မလား၊လက်နက်ကိုင်ပဋိပက္ခတွေများစွာရှိနေတဲ့စစ်ကိုင်းတိုင်းအတွင်းမှာရောရွေးကောက်ပွဲကိုကျင်းပပြု လုပ်နိုင်ပါ့မလား၊ လွှတ်တော်သုံးရပ်မှာအာဏာခွဲဝေအုပ်ချုပ်မှုတွေ ကရောဘယ်လိုအလားအလာရှိလာနိုင်မလဲ၊ရွေးကောက်ပွဲကနေထွက်ပေါ် လာမယ့်အစိုးရကရောနိုင်ငံတကာမှာပိုပြီးတရားဝင်မှုပိုရှိလာနိုင်မလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ် သက်ပြီးအမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)ရဲ့အတွင်းရေးမှူး (အဖွဲ့ဝင်)ဖြစ်တဲ့ ဒေါက်တာမျိုးဆက်သွေးကို VOM က အခုလိုမေးမြန်းခဲ့ပါတယ်။ VOM ။ ။ မင်္ဂလာပါ ဒေါက်တာမျိုးဆက်သွေး ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ VOM ။ ။ ရွေး/ကော်(UEC)ကနေ ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကိုအတိအလင်းကြေညာလိုက်ပြီဆိုတော့ လာမယ့်ရွေးကောက်ပွဲကျင်းပမယ့် ပုံစံနဲ့ အခင်းအကျင်းကဘယ်လိုမျိုးရှိလာနိုင်မလဲ၊ ဒေါက်တာမျိုးဆက်သွေး ။ ။ ရွေးကောက်ပွဲရက်ကတော့သတ်…

Read More

မြောက်ကိုရီးယားအတွက် လက်နက်မှောင်ခိုပို့တဲ့ တရုတ်နိုင်ငံသား ထောင်ရှစ်နှစ်ကျ

ဝါရှင်တန်၊ ဩဂုတ်-၂၀-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားအတွက် သေနတ်တွေနဲ့ အခြားစစ်ပစ္စည်းများ ခိုးထုတ်မှုနဲ့ တရုတ်နိုင်ငံသားတယောက်ကို အမေရိကန်တရားစီရင်ရေးဌာနက ထောင်ဒဏ် ရှစ်နှစ် ချမှတ်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၄၂ နှစ်အရွယ် ရှမ်ဝါဝမ်ဟာ ကယ်လီဖိုးနီးယားမှ အဲဒီပစ္စည်းတွေကို ဝယ်ယူပို့ဆောင်ပေးဖို့ မြောက်ကိုရီးယားအရာရှိများထံမှ ဒေါ်လာ နှစ်သန်းခန့် လက်ခံခဲ့ကြောင်း တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကယ်လီဖိုးနီးယား၊ အွန်တာရီယိုမှာနေတဲ့ အဲဒီတရုတ်နိုင်ငံသားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုင်ငံတကာစီးပွားရေးအရေးပေါ်ဥပဒေကို ချိုးဖောက်မှု၊ ပြည်ပအစိုးရဲ့ တရားမဝင်ကိုယ်စားလှယ်လုပ်ဖို့ ကြံစည်မှုတွေကြောင့်အပြစ်ရှိကြောင်း ဇွန်လမှာ ဝန်ခံခဲ့ပါတယ်။ သူဟာ အမေရိကန်မှာ တရားမဝင်နေထိုင်သူဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ကျောင်းသားဗီဇာနဲ့ အမေရိကန်ကို ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် နိုင်ငံတွင်းဆက်လက်နေထိုင်ခဲ့ကြောင်း တရားရေးဌာနက ပြောပါတယ်။ အမေရိကန်ကို မဝင်ရောက်မီ သူဟာ…

Read More

ပြည်တွင်းရွှေဈေး တရက်အတွင်း ကျပ် နှစ်သိန်းနီးပါး ကျဆင်း

ဩဂုတ် ၂၀ – ၂၀၂၅ SN (VOM) ပြည်တွင်းက ပြင်ပရွှေဈေးကွက်မှာ တရက်အတွင်း အခေါက်ရွှေဈေး ကျပ် နှစ်သိန်းနီးပါးအထိ ဈေးကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ အခေါက်ရွှေဈေးဟာ မနေ့ ဩဂုတ် ၁၉ ရက်၊ မနက်ပိုင်းက တကျပ်သား ခုနစ်ဆယ့်ခုနစ်သိန်း တသောင်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ ကျပ် ခုနစ်ဆယ့်ခြောက်သိန်း ခုနစ်သောင်းဝန်းကျင်ကို ရောက်ရှိလာပြီး ညနေပိုင်းမှာတော့ ခုနစ်‌ဆယ့်ခြောက်သိန်းဝန်းကျင်နဲ့ ဈေးပိတ်ခဲ့ကာ တရက်အတွင်း ကျပ် တသိန်းဝန်းကျင် ဈေးကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အခုလို ရွှေဈေး ပြန်လည် ကျဆင်းလာတာနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “အခုက ရွှေဈေးကျတဲ့ ရာသီလည်း ရောက်လာတာပေါ့။ အဓိက ကတော့ ဒေါ်လာဈေးကြောင့်ပေါ့။ နှစ်စဉ် ဩဂုတ် လကုန်ပိုင်းကုန်ကစပြီး ဒေါ်လာဈေးက ကျတတ်တယ်။ ဒီအချိန်ကတော့…

Read More

မွမ်ဘိုင်းမှာ ရေကြီးရေလျှံ အကြီးအကျယ်ဖြစ်ပွားနေ

မွမ်ဘိုင်း၊ ဩဂုတ်-၂၀-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယ၏ စီးပွားရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွ အကြီးအကျယ် ဖြစ်ပွားနေပြီး လမ်းတွေရေမြှုပ်နေကာ မြို့ခံသန်းပေါင်းများစွာ ရေဘေးသင့်နေပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် လေယာဉ်နဲ့ ရထား ခရီးစဉ်တွေ နှောင့်နှေးပြီး အများအပြား ဖျက်သိမ်းခဲ့ရပါတယ်။ မြို့ရဲ့ နေရာအများအပြားမှာ ခါးအထိရေဝင်ရောက်နေပြီး ရေလျှံနေတဲ့ လမ်းတွေပေါ်မှာ မြို့ခံတွေ သွားလာနေတာတွေနဲ့ မြောင်းတွေထဲက အမှိုက်တွေ များစွာကိုလည်း ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ရေကြီးရေလျှံမှုကြောင့် လမ်းခရီးတဝက်မှာ ပိတ်မိနေသူ ၆၀၀ နီးပါးကို ကယ်တင်ခဲ့ပါတယ်။ ကျောင်းနဲ့ ကောလိပ်အများစုကတော့ ပိတ်ထားဆဲဖြစ်ပါတယ်။ မြို့ရဲ့ မြေနိမ့်ရာဒေသတွေက လူ ၃၅၀ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက မြို့နဲ့ အနီးတစ်ဝိုက်ရှိခရိုင်တွေအတွက် အနီရောင်သတိပေးချက်ထုတ်ပြန်ထားပြီး ဒီကနေ့မှာ အလွန်ပြင်းထန်သောမိုးရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။ မွမ်ဘိုင်းတည်ရှိတဲ့ မဟာရာရှထရာပြည်နယ်မှာ အခုလို မုတ်သုံမိုးရွာသွန်းတာဟာ ပုံမှန်ဖြစ်ပေမယ့်…

Read More

ကျောက်မဲ နောင်ပိန်ရွာမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၀ ယောက်ထက်မနည်းသေဆုံး

ဩဂုတ် ၂၀၊ ၂၀၂၅ Shy V (VOM) ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးအုပ်စု၊ ပင်တီးရွာ ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းကို ဩဂုတ်လ ၂၀ ရက်‌ နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေနဲ့ SSPP/SSA ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ “လူ ၁၀ ယောက် ထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်။ ၁၂ ယောက် ထနခိုက် ဒဏ်ရာ ရထားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ဒီနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀…

Read More

အဆိုတော်လွှမ်းပိုင် ဆဲဆိုတဲ့ကိစ္စ ဝေဖန်သံတွေညံနေ

ဩဂုတ် ၂၀ – ၂၀၂၅ SS (VOM) အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်ရဲ့ မီဒီယာအင်တာဗျူး ရုပ်သံ လူမှုကွန်ရက်ပေါ် ဖြန့်သူကို တောင်းပန်ခိုင်းမှုနဲ့ အနုပညာရှင်တချို့နဲ့ အနုပညာ သတင်းမီဒီယာ အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ မျိုးစုံထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်တဲ့ ဖိုက် ပလက်စ် ဝမ်း (5+1) ရုပ်ရှင်ဇာတ်ကား Press Show ရဲ့ မီဒီယာ အင်တာဗျူးတခုမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဗွီဒီယိုဖြန့်သူက လက်ရှိမှာ စာချုပ်စာတမ်းနဲ့တကွ ပြန်လည် တောင်းပန်လိုက်ရတာ ဖြစ်ပါတယ်။ မနေ့ ဩဂုတ် ၁၉ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ တောင်းပန်စာမှာ အဆိုပါ ဗွီဒီယိုဖြန့်သူက အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်ရဲ့ အင်တာဗျူးကို အွန်လိုင်းပေါ်မှာ…

Read More

ကဆုန်ပေါက် နရီ(၅)

ဆူးငှက် ဗွီဒီယိုပေါ်ဦးကာလက ရန်ကုန်မှ နာမည်ကျော် ဒါရိုက်တာကြီးနှစ်ဦးက မန္တလေးမှာ ဗွီဒီယိုတစ်ကားလာရိုက်သည်။ ယခုလို တောင်ပြုံးပွဲကြီး ကျင်းပနေချိန်ပေါ့။ ဇာတ်ဝင်ခန်းမှာ တောင်ပြုံးပွဲပါသည်။ မင်းသား မင်းသမီး တောင်ပြုံးပွဲ လည်ပတ်ခန်း၊ တောင်ပြုံးပွဲကို မတ္တရာရထားနှင့် လုယက်တိုးဝှေ့ တက်ကာသွားသည့် အခန်းတွေပါသည်။ ထို့ပြင် ဇာတ်တစ်ဝက်က မန္တလေးမှာ ဇာတ်အိမ်တည်သည်။ ဇာတ်လမ်းအရ မင်းသမီးက မန္တလေးသူ။ ဗွီဒီယိုရိုက်ရင်း တောင်ပြုံးမှာ၊ မန္တလေးမှာ လည်ပတ်မှာမို့ ရန်ကုန် ရင်းနှီးရသော စာရေးဆရာ၊ ရုပ်ရှင်ဝေဖန်ရေး စာရေးဆရာကြီး ဇနီးမောင်နှံလည်း ပါလာမည်။ ဆရာကြီးတို့ ဇနီးမောင်နှံက ကျွန်တော့်အိမ်မှာ တည်းကြမည်။ ဒါရိုက်တာနှင့် မင်းသား မင်းသမီးများက ဌာနဆိုင်ရာ ဘန်ဂလိုတစ်ခုမှာ တည်းကြမည်။ စက်အဖွဲ့နှင့် ကျန်လူများက မန္တလေး တောင်ခြေ ရဟန်းပျိုကျောင်းတိုက်မှာ တည်းကြမည်။ ဤအစီအစဉ်ဖြင့် မန္တလေးသို့ တက်လာခြင်းဖြစ်၏။ ဤသို့ဖြင့် မန္တလေးဘူတာအဆင်း…

Read More
VOM News

FREE
VIEW