ပဲခူးတိုင်း အ​နောက်ခြမ်းမှာ H1N1 လူနာတစ်​ဦး​သေဆုံး

မိုးညို၊ ဇူလိုင်​ ၂၄ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင်​ မိုးညိုမြို့နယ်​ ထိန်​​တော​ကျေးရွာက အမျိုးသမီးတစ်ဦးဟာ H1N1 ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ မိုးညိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။   အသက်​ ၄၇ နှစ်​အရွယ် အဲဒီအမျိုးသမီးဟာ ဖျားနာတဲ့လက္ခဏာကို ၁၀ ရက်​ကြာ ခံစား​နေရလို့ ဇူလိုင်​ ၂၀ ရက်​ည​နေပိုင်းမှာတော့ မိုးညို​မြို့နယ် ပြည်​သူ့​ဆေးရုံကို လာ​ရောက်​ပြသခဲ့ရာ H1N1 သံသယရှိတဲ့အတွက် သာယာဝတီခရိုင်​ပြည်​သူ့​ဆေးရုံကို လွှဲ​ပြောင်းကုသ​စေခဲ့ပြီး အဲဒီကတစ်​ဆင့်​ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှာ တက်​​ရောက်​ကုသ​နေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်​။   “ ​ဆေးရုံကိုသွားပြ​တော့ အဆုတ်​ပွပြီး H1N1 လက္ခဏာတွေ့တယ်​၊ စိုးရိမ်​ရ​ကြောင်း၊ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးကို ချက်​ချင်း ပြသဖို့လိုအပ်​​ကြောင်း ညွှန်​ကြားလို့…

Read More

မန္တလေးမြို့ကသွားနှင့်ခံတွင်းဆေးခန်းမီးလောင်ကျွမ်းမှုLevel-3အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ရ

မန္တလေး၊ဇူလိုင်၂၄-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်၃၃လမ်း၇၅လမ်းနဲ၇၆လမ်းကြားရှိ”ငွေတောင်ဦး”သွားနှင့်ခံတွင်းဆေးခန်းတွင်ဒီကနေ့မနက်၎နာရီအချိန်ခန့်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။   အဲ့ဒီဆေးခန်းရဲ့အပေါ်ထပ်မှာသွယ်တန်းထားတဲ့ဟောင်နွမ်းနေတဲ့ဝါယာကြိုးတွေကအပူလွန်ကဲပြီးအိမ်ပေါ်မျက်နှာကျက်ကိုမီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။   “မီးသတင်းရတာ၎နာရီလောက်ကပါ၊ငွေတောင်ဦးဆေးခန်းအဆောင်ကနေစလောင်တာပါ၊၄နာရီ၂၀မာမီးထိန်းပြီး၎နာရီ၂၅မှာမီးငြိမ်းသွားပါတယ်၊တပ်ဖွဲ့ဝင်အရန်၁၅၀သန္ဓေ၃၀၊မီငြိမ်းသတ်ယာဉ်အစီး၅၀၊ရေသယ်ယာဉ်၅စီး၊အုပ်ချုပ်မှုယာဉ်၃စီးနဲ့မီးငြိမ်းသတ်ခဲ့ပါတယ်၊မီးလောင်မှုအကြောင်းအရင်းကိုတော့စုံစမ်းနေတုန်းပါပဲ”လို့ချမ်းအေးသာစံမြို့နယ်ဒု-မီးသတ်ဦးစီးမှူးဦးငြိမ်းထက်အောင်ကပြောပါတယ်။   မီးလောင်မှုကိုLevel3 အဆင့်သက်မှတ်ကာမီးငြိမ်းသတ်ခဲ့ကြပြီးမီးလောင်မှုကြောင့်နေအိမ်၅လုံးနဲ့ဆိုင်ကယ်၆စီးအတွင်းပစ္စည်းအပါအဝင်တန်ဖိုးငွေသိန်းပေါင်း၂၄၈သိန်း၅သောင်းမီးလောင်ပျက်စီးဆုံးရှုံးခဲ့တာကြောင့်အမှတ်(၈)နယ်မြေရဲစခန်းကနေအိမ်ပိုင်ရှင်ဒေါ်တင်တင်ရွှေအသက်၈၁နှစ်ကိုပုဒ်မ၂၈၅နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။   #voiceofmyanmar#မန္တလေး #ချမ်းအေးသာစံ #မီးလောင်မှု  #သွားနဲ့ခံတွင်းဆေးခန်း  

Read More

ကနီမြို့နယ်က ကျေးရွာတချို့မှာ ဆင်တုပ်ကွေးဖျားနာသူ များလာ

ကနီ၊ ဇူလိုင် ၂၃ – ၂၀၁၉ ရန်နိုင်စိုး (VOM)   စစ်ကိုင်းတိုင်း ကနီမြို့နယ် တွင်းမကျေးရွာအုပ်စုမှာ ကလေးငယ်တွေအပါအဝင် ဆင်တုပ်ကွေးလို့ပြောဆိုနေကြတဲ့ ဖျားနာမှုတွေ အတော်များများ ဖြစ်ပေါ်နေပါတယ်။   ” ကလေး၊ လူကြီး တော်တော်များများ ဖျားနာနေတယ်။ ၁၀ ရက်လောက်ကတော့ မလှုပ်နိုင်ဘူး။ ကျေးရွာအုပ်စုမှာ ရာခိုင်နှုန်းနဲ့တွက်ရင် ၅၀ ကျော် ၆၀ ရာခိုင်နှုန်းအထိဖြစ်နေကြတာ။ အိမ်မှာ တစ်ယောက်ဖြစ်ရင် အကုန်ကူးကြတာ။ နာတာရှည်လူနာမျိုးဆို ပိုဆိုးတယ်။ ကျနော်တို့ရွာအုပ်စုမှာ ၅ ယောက်လောက် ဒီလထဲ သေဆုံးတယ်။” လို့ တွင်းမကျေးရွာနေ ဦးဝင်းက ပြောပါတယ်။   တွင်းမကျေးရွာအုပ်စုဝင် ငါးရွာရှိတဲ့အထဲမှာ ကျေးရွာ ၄ ရွာလောက်က တုပ်ကွေး ဖြစ်ပေါ်နေတာပါ။ တချို့ လူနာတွေကတော့ ကနီဆေးရုံမှာ ကုသနေရပြီး တုပ်ကွေးဖြစ်ပွားတဲ့ လူနာဦးရေစာရင်းကတော့ အတိအကျ…

Read More

အထက်မင်းလှမှာ ၇ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရ

မင်းလှ၊ ဇူလိုင် -၂၃-၂၀၁၉ ဂျန်ကိုးလ်(VOM)   မကွေးတိုင်း သရက်ခရိုင် အထက်မင်းလှမြို့ ရုံးမြောက်ရပ် ရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၂၉ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်မှုတစ်ခု မနေ့ ဇူလိုင် ၂၂ ရက် ဖြစ်ပွားခဲ့တယ်လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ်။   ကလေးငယ်ရဲ့ အဖေ(ပထွေး)ဖြစ်သူဟာ ထန်းကိုင်းရေနံမှော်မှာ အလုပ်လုပ်ပြီး အိမ်ကိုခေတ္တပြန်လာစဉ် သူနဲ့အတူ လုပ်ဖေါ်ကိုင်ဖက်ဖြစ်သူ ဘဲဒေါဆိုသူပါလာပြီး ကလေးငယ်ကို အိမ်သာထဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။   “ကလေးပျောက်သွားလို့ လိုက်ရှာနေဆဲမှာ ကလေးနဲ့အတူ ဘဲဒေါက အိမ်သာထဲက ထွက်လာတာတွေ့တော့ ကလေးကို ဘဲဒေါဘာလုပ်သေးလဲဆိုတော့ မပြောဘူး။ ဘောင်းဘီချွတ်ကြည့်မှ သိရတာ။ အဲဒီအချိန် သူတို့က အလုပ်ကို ပြန်နေကြပြီ။”လို့ ကလေးမိခင်က ရဲစခန်းမှာ ထွက်ဆိုချက်ပေးပါတယ်။   လက်ရှိမှာ…

Read More

တပ်ဘက်ကပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိ

မြောက်ဦး၊ ဇူလိုင် ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာ စစ်တပ်ဘက်က သေနတ်ပစ်ခတ်မှုကြောင့် ချောင်းထဲသွားလာနေတဲ့ လှေပေါ်က လူငယ်တစ်ဦးကို ကျည်မှန်ဒဏ်ရာရရှိခဲ့တယ်လို့ တိမ်ညိုကျေးရွာသားတွေက ပြောပါတယ်။   အဲ့ဒီပစ်ခတ်မှုဟာ တိမ်ညိုကျေးရွာအတွင်းရှိ အရင်စပါးအဝယ် (အခုထောက်ပို့)ဒိုင်ကွင်းမှာ စခန်းချနေတဲ့ တပ်မတော်တပ်စခန်းက မနက်ပိုင်းမှာ သေနတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီလူငယ်ရဲ့ဦးခေါင်းကို ကျည်ထိမှန်ခဲ့ရတာဖြစ်တယ်လို့ ရွာသားတွေက ဆိုပါတယ်။   “မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ရွာထဲက ဒိုင်ကွင်းမှာရှိနေတဲ့ စစ်တပ်က သေနတ်တွေပစ်တယ်။ ဘာကြောင့်ပစ်လဲ ကျနော်တို့လည်း မသိဘူး။ အဲ့ဒီမှာ ချောင်းထဲက လှေမှာပါလာတဲ့ ကလေးရဲ့ဦးခေါင်းကို ထိသွားခဲ့တာပါ။ အခုအဲ့ဒီကလေးကို မြောက်ဦးဆေးရုံကို ပို့နေပါတယ်။”လို့ တိမ်ညိုကျေးရွာသားတစ်ဦးက ပြောပါတယ်။   သေနတ်ကျည်ထိမှန်ဒဏ်ရာဟာ လူငယ်ရဲ့ဦးခေါင်းနားထင်ကို ကျည်ဖောက်ဝင်နေတဲ့အတွက် အခြေအနေမှာ ပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ သိရပါတယ်။  …

Read More

တပ်မတော်ဘက်က တရားစွဲဆိုထားတဲ့ ဦးစိန္တိတအမှုကို အမှုမမြောက်တဲ့အတွက် တရားရုံးက ပလပ်

မန္တလေး၊ ဇူလိုင် ၂၂-၂၀၁၉ ဟိန်းကို(VOM)   လူမှုကွန်ယက်စာမျက်နှာမှာ တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားတယ်ဆိုကာ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးကနေ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို တရားစွဲဆိုဖို့ တိုင်တန်းထားမှုကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက အမှုမမြောက်တဲ့အတွက် ဒီကနေ့ ဇူလိုင် ၂၃ ရက် ရုံးချိန်းမှာ ပလပ်ခဲ့ပါတယ်။   ရွှေဝါရောင် ဆရာတော်ဦးစိန္တိတကို ဒုတိယဗိုလ်မှူးကြီးသန်းဇော်ဦးကနေ ၂၀၁၉ ခုနှစ် မေလ၂၇ ရက်က ပြည်ကြီးတံခွန်တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့  တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။   အဲဒီနောက် ၂၀၁၉ ခုနှစ် ဇွန်လ ၆ရက်မှာ ရဲတပ်ဖွဲ့က ဆရာတော် သီတင်းသုံးနေထိုင်တဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မလိခဝါဆိုကျောင်းတိုက်ကို လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဒီနေ့မှာတော့ အဲဒီအမှုကို တရားရုံးက ပလပ်ခဲ့တာ ဖြစ်ပါတယ်။   #voiceofmyanmar #ရွှေဝါရောင်ဆရာတော် #ဦးစိန္တိတ #ဒုတိယဗိုလ်မှူးကြီးသန်းဇော်ဦး…

Read More

တောင်ကိုရီးယား လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ ရုရှားစစ်လေယာဉ်ကို သတိပေးပစ်ခတ်

ဆိုးလ်၊ ဇူလိုင်-၂၃-၂၀၁၉ မျိုးဆက် (VOM)   တောင်ကိုရီးယား လေပိုင်နက်အတွင်းကို ဇူလိုင် ၂၃ ရက်က ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားစစ်ဘက် လေယာဉ်တစ်စင်းကို တောင်ကိုရီးယားစစ်ဘက်က သတိပေးပစ်ခတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့  ဆိုးလ်မြို့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။   ဒါ့အပြင် တရုတ်စစ်ဘက်လေယာဉ်လည်း တောင်ကိုရီးယား လေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားလေပိုင်နက်ကို ချိုးဖောက်ပြီး ရုရှားစစ်ဘက်လေယာဉ်တစ်စင်း ကျူးကျော် ၀င်ရောက်တာဟာ ပထမဆုံးဝင်ရောက်လာခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။   ရုရှားလေယာဉ်သုံးစင်းထဲက တစ်စင်းဟာ ဇူလိုင် ၂၃ ရက် အစောပိုင်းက တောင်ကိုရီးယား လေကြောင်းကာကွယ်ရေး ဇုန်အတွင်း ၀င်ရောက်လာခဲ့သလို တရုတ်စစ်ဘက်လေယာဉ်နှစ်စင်းလည်း  ၀င်ရောက်ခဲ့တယ်လို့  တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။   ဒါပေမယ့် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရုရှားနဲ့ တရုတ်ဘက်က တာဝန်ရှိသူတွေကတော့ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုတာမျိုး…

Read More

နိုင်ငံခြားရေးဝန်ကြီး ဌာနညွှန်မှူးအိမ်မှ ဌာနဆိုင်ရာ အချက်အလက်များ ခိုးယူခံရ

မန္တလေး၊ ဇူလိုင်လ ၂၂၊ ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ပါတ်ကုန်းဝန်းကျင်  ၂၇ လမ်း  ၇၂ × ၇၃ လမ်း ကြားမှာနေထိုင်တဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ  ညွှန်ကြားရေးမှူး ဦးရဲမင်းသိန်းရဲ့အိမ်မှာ ခိုးမှုဖြစ်လို့ ဌာနဆိုင်ရာ အချက်အလက်တွေနဲ့ ရွှေထည်ပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ ရဲက ပြောပါတယ်။   ဦးရဲမင်းသိန်းဟာ ဇူလိုင်လ ၂၁ ရက်နေ့က ညနက်မှ အိမ်ပြန်ရောက်ခဲ့ပြီး မနက်ပိုင်းမှာတော့ အရေးကြီး စာရွက်စာတမ်းတွေနဲ့ ငွေနဲ့ လက်ဝတ်လက်စားတွေ ပျောက်ဆုံးနေတာသိခဲ့ရလို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။   Sam sonite အိတ် တစ်လုံး ကာလ တန်ဖိုး (၂ )သိန်း ကျပ်၊ အိတ်အတွင်းမှ အရေးကြီး အချက်အလက်ပါသည့်  ငွေမှင်ရောင် …

Read More

မန္တလေးတက္ကသိုလ် အားကစားကွင်း ပုဂ္ဂလိကလက် ပေးဖြစ်မလား

မန္တလေး၊ ဇူလိုင် ၂၂ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတက္ကသိုလ်ပိုင် ကျောင်းတွင်းအားကစားကွင်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်းဖို့ ကမ်းလှမ်းချက်အပေါ် ကျောင်းသားအချို့က ကန့်ကွက်နေပေမယ့် အထက်အဆင့်ဆင့်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ ကျောင်းအုပ်ချုပ်ရေးဘက်က သိရပါတယ်။   ကျောင်းပိုင် အားကစားကွင်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ကနဦး ၁၀ နှစ်၊ နောက်ပိုင်းမှာ အနှစ် ၂၀ အကျိုးတူငှားရမ်းဖို့ အဆိုပြုထားတာဖြစ်ပြီး ဒီအပေါ်မှာ ကျောင်းသားသမဂ္ဂတွေ၊ လက်ရှိ ကျောင်းသား၊ ကျောင်းသူအချို့နဲ့ ကျောင်းသားဟောင်းအချို့က ကန့်ကွက်နေကြပါတယ်။   ဒါပေမယ့် လက်ရှိအခြေအနေဟာ ကုမ္ပဏီဘက်က အဆိုပြုတဲ့အဆင့်သာရှိသေးပြီး ဒီအပေါ်မှာ သဘောတူမတူဆိုတာကိုတော့ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ၊ ကျောင်းသားဟောင်းတွေ၊ ပြင်ပအားကစားသမားတွေနဲ့ ကျောင်းစီမံခန့်ခွဲသူတွေ အားလုံးရဲ့သဘောထားကောက်ယူကာ အထက်အဆင့်ဆင့်တင်ပြပြီးမှ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ မန္တလေးတက္ကသိုလ် ဒုပါချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပါတယ်။…

Read More

မြေပုံမြို့နယ်မှာ ကျေးရွာတချို့ နေရပ်စွန့်ခွာ

မြေပုံ၊ ဇူလိုင် ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း ကျေးရွာတချို့က ဒေသခံအများအပြားဟာ နေရပ်စွန့်ခွာထွက် ပြေးနေကြရတာ ဖြစ်ပါတယ်။   အဲ့ဒီဒေသခံတွေဟာ မြေပုံမြို့နယ် ပေါက်တူးတောင်၊ ကျေးတော၊ စက်ခွေ၊ တပ်ရာ၊ ရေခေါင်းချိန် စတဲ့ကျေးရွာတွေကဖြစ်ပြီး တပ်မတော်စစ်ကြောင်းတွေ ရောက်ရှိလာတတ်တာကြောင့် ထွက်ပြေးနေကြတာ ဖြစ်တယ်လို့ အဲ့ဒီရွာသားတွေက ပြောပါတယ်။   “ကျနော်တို့ ထွက်ပြေးလာခဲ့တာက သုံရက်ရှိပါပြီ။ ကျနော်တို့ပေါက်တူးတောင်ရွာကို စစ်တပ်က ဝင်လာတယ်။ စခန်းချပြီးတော့နေတယ်။ ဒါကြောင့် ကြောက်ပြီးတော့ ထွက်ပြေးလာခဲ့တာပါ။”လို့ ကမ်းထောင်းကြီးမြို့ကို ရောက်ရှိနေတဲ့ ပေါက်တူးတောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။   အဲ့ဒီကျေးရွာသားတွေဟာ ကမ်းထောင်းကြီးမြို့ကို အများစုထွက်ပြေးလာခဲ့ကြပြီး တချို့အိမ်ထောင်စုတွေကတော့ စိတ္တရနဲ့ သရက်တောင်ကျေးရွာတွေကိုလည်း ရောက်ရှိခိုလှုံနေကြပါတယ်။   “အဲ့ဒီရွာသားတွေ ထွက်ပြေးနေကြတာက မြောက်ဦးနဲ့ ကျောက်တော်တို့မှာ ဖြစ်ပွားခဲ့သလို ဖြစ်မှာကို စိုးရိမ်ပြီးတော့…

Read More