ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကြောင့် ရှစ်စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၆-၂၀၂၁ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးရရှိဖို့ ကြိုးစားနေကြချိန်မှာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်းဟာ ဇန်နဝါရီ ၁၅ ရက်ထိ နှစ်သန်းကျော် ရှိလာတယ်လို့ ရိုက်တာရဲ့စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ပေါ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်သန်းပြည့်ဖို့ ကိုးလကြာမြင့်ခဲ့ပြီး တစ်သန်းကနေ နှစ်သန်းပြည့်ဖို့ သုံးလသာအချိန်ကြာခဲ့တာကြောင့် သေဆုံးမှုအရှိန်မြှင့်မားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် လက်ရှိအချိန်ထိ တစ်ရက်ကို သေဆုံးသူ ၁၁၉၀၀ ဦးပျှမ်းမျှရှိနေပြီး သို့မဟုတ် ရှစ်စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေတယ်လို့ ရိုက်တာရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ မိမိတို့ရဲ့ကမ္ဘာကြီးဟာ စိတ်နှလုံးကြေကွဲဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရုပ်သံမှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။ ဧပြီ ၁ ရက်အထိ ကမ္ဘာတစ်ဝန်း သေဆုံးမှုဟာ ၂ ဒသမ ၉…

Read More

အထူးဒေသ တောထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၁၅၁ ဦးကို ပြန်ခေါ်ဖို့စီစဉ်နေ

ဇန်နဝါရီ ၁၆ -၂၀၂၁ သိင်္ဂီထွန်း(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) နဲ့ အထူးဒေသ(၂)ထဲက ကြံခင်းတောထဲမှာ မြန်မာအလုပ်သမား ၁၅၁ ဦး ပိတ်မိနေတာ ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့အထိဆိုရင် ၃ ရက်ရှိပြီဖြစ်တယ်လို့ အလုပ်သမားတွေဆီကနေ သိရပါတယ်။ အလုပ်သမားတွေဟာ ” ဝ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ကျင်းဝါ ဆေးလိပ်စက်ရုံမှာ အလုပ်သွားရောက်လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်ပါတယ်။ လက်ရှိမှာက ကိုဗစ်ကပ်ရောဂါဖြစ်နေတာကြောင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း စက်ရုံတွေကို လည်ပတ်ခွင့်ကန့်သတ်ထားတဲ့အတွက် အလုပ်သမားတွေမှာ စားဝတ်နေရေးအားလုံး အခက်အခဲဖြစ်နေတာကြောင့် နေရပ်ဒေသကိုပြန်လာခဲ့ရာ မြန်မာဘက်ကို ဝင်ခွင့်မရရှိသေးဘဲ ကြံခင်းတောထဲမှာ ပိတ်မိနေကြတာဖြစ်ပါတယ်။ ” စက်ရုံကနေလိုက်ပို့တယ်။ နာရီဝက်လောက်ကြာတယ်။ သူတို့ပြောတာက မိုင်းယန်းဘက်ကပိတ်ထားတယ်ဝင်လို့မရဘူး၊ ဖြတ်မရဘူး ပိတ်ထားတယ်ပေါ့ ၊အဲ့ဒီတော့ ဒီဘက်မှာတစ်လမ်းရှိတယ် လိုက်ပို့မယ်ဆိုပြီး လိုက်ပို့တာပေါ့။ ခိုးလမ်းမှန်းတော့ မသိဘူး။ ကိုဗစ်ကြောင့် စက်ရုံတွေကပိတ်ကြတယ်။ ဒီဇင်ဘာလကတည်းက ပိတ်တယ်။ သူတို့က…

Read More

ပြည်မြို့မှာ နေအိမ်ထဲဝင်ပြီး ရိုက်နှက်လုယက်ဖြစ်ပွား

ဇန်နဝါရီ ၁၆ -၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့၊ဆံတော်ရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း ဝင်ရောက်လုယက်မှုဖြစ်စဉ် ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မနက် ၉ နာရီခန့်က အမျိုးသားတစ်ဦး နေအိမ်အတွင်းဝင်ရောက်လာပြီး ကလေးပုခက်လွှဲချိန် အသုံးပြုတဲ့ ဝါးလုံးတုတ်နဲ့ နေအိမ်ပိုင်ရှင်သမီးဖြစ်သူကို ရိုက်နှက်ကာ ဝတ်ဆင်ထားတဲ့နားကပ်အပြင် စိန်နားကပ်တစ်ရံလည်း လုယူသွားခဲ့တယ်လို့ သိရပါတယ်။ ” အခုက ရှာနေတုန်းပဲ။ CCTVမှာပြန်ကြည့်နေတုန်းပဲ။ဘကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်နေတယ်။ အမျိုးသမီးကလည်း ၆၀ နီးပါးလောက်ရှိတယ်။ အဲ့ဒါကို တုတ်နဲ့ရိုက်သွားတယ်။ နားက နားကပ်ဖြုတ်ယူသွားတယ်။ စိန်နားကပ်တစ်ရံပါသွားတယ်ပြောတယ်။ လောလောဆယ် အဲ့ဒါပဲသိရသေးတယ်။ ဘာတွေပါသလဲကတော့ မိသားစုဆုံမှသိမယ်”လို့ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က ရာအိမ်မှူး ဦးဝင်းမောင်ကပြောပြပါတယ်။ လက်ရှိ ပြည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ရပ်ကွက်တာဝန်ရှိသူတွေ ပူးပေါင်းပြီး တရားခံဖမ်းဆီးရမိရေး CCTV ကနေ စုံစမ်းမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ အရိုက်ခံခဲ့ရတဲ့ အိမ်ရှင်ရဲ့သမီးဖြစ်သူကတော့ အရိုက်ခံရတဲ့ဒဏ်ရာနဲ့…

Read More

အင်းစိန်ထောင်ရှေ့ဆန္ဒပြချိန် ရဲတပ်ဖွဲ့နဲ့ပဋိပက္ခဖြစ်ပြီး အမျိုးသားရေးသမားတစ်ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၁၆ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့မှာ ဦးဝီရသူအပါအဝင် အမျိုးသားရေးသမားတွေကို ရုံးထုတ်စစ်ဆေးပေးဖို့ ဒီကနေ့မနက် ၁၀ နာရီက သံဃာတော်တွေနဲ့ အမျိုးသားရေးသမားတွေ ဆန္ဒပြနေချိန် ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ပွားပြီး အမျိုးသားရေးလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ” ဒီကနေ့မနက်ပိုင်း ဆန္ဒပြတကို သံဃာတော်တွေဘက်က ဇန်နဝါရီ ၁၃ရက်နေ့က အင်းစိန်ရဲစခန်းမှာ ငြိမ်းစုစီတင်ခဲ့ပေမယ့် ဇန်နဝါရီလ ၁၅ရက်နေ့ အင်းစိန်ထောင်ဗူးဝရှေ့မှာ မပြုလုပ်ဖို့ ညှိနိုင်းခဲ့တယ်”လို့ အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက VOMကိုပြောပါတယ်။ အင်းစိန်ထောင်ဗူးဝရှေ့မှာ ဆန္ဒပြတာမပြုလုပ်ဖို့နဲ့ အခြားနေရာမှာသာ ဆန္ဒပြဖို့ခွင့်ပြုကြောင်း ရန်ကုန် မြောက်ပိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှဝေက သံဃာတော်တွေကို လျှောက်ထားခဲ့ပါတယ်။ အဲ့ဒီလို လျှောက်ထားနေတာကို သံဃာတော်တွေက လက်မခံဘဲ ဆက်လက်ဆန္ဒပြတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။ “ယနေ့ပြုလုပ်တဲ့ပွဲဟာ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားရေးအကျဉ်းသားများအား ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ ဆန္ဒပြပွဲဦးဆောင်သူ ဆရာတော်အဂ္ဂဓဇကမိန့်ပါတယ်။ အဲ့ဒီလိုပြောကြားပြီးမကြာမီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သံဃာတော်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကာ…

Read More

Voice Of Myanmar  ရဲ့ သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်

ဇန်နဝါရီ ၁၅-၂၀၂၁ ၁. ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ရှမ်းပြည်နယ်ပါတီရုံးခွဲမှာ တိုင်းရင်းသားပါတီ ၄ ခုနဲ့တွေ့တဲ့သတင်း အကျဉ်းချုပ်   ၂- ပြည်အကျဉ်းထောင်က အချုပ်သား ၂ဦး ကိုဗစ်ပိုးတွေ့လို့ ထောင်ကိုအသွားအလာကန့်သတ်လိုက်တဲ့သတင်း   ၃- ကန်တော်ကြီးပတ်လမ်းမှာ ကားတစ်စီး အရှိန်လွန်တိမ်းမှောက် လူ နှစ်ဦးသေ၊နှစ်ဦးဒဏ်ရာရရှိတဲ့ဆိုတဲ့သတင်း   ၄- ကော့သောင်းမှာ ဂက်စ်အိုးတင်လာတဲ့ ၁၀ ဘီးကားမှောက် ‌နေအိမ် ၃ လုံးနဲ့ လူတစ်ဦး မီးလောင်သေဆုံးတဲ့ သတင်း   ၅- တ.စ.ည ပါတီရဲ့ တတိယမြောက်ဥက္ကဋ္ဌ ဦးသန်းတင် ကွယ်လွန်တဲ့ နာရေးသတင်း   ၆- ဒီသတင်းကတော့ ထိုင်းရဲစခန်းမှာ အဖမ်းခံထားရတဲ့ ကျမတို့နိုင်ငံက မြန်မာအမျိုးသမီးတဦးကို ရဲအရာရှိက မုဒိမ်းမှုကျူးလွန်တဲ့ သတင်း   ၇- ကချင်ပြည်နယ်က တန် ၅…

Read More

ကေအိုင်အေ ထိန်းချုပ်နယ်မြေက စစ်ရှောင်အိမ်ထောင်စု ၃၅ စု နေရပ်ပြန်အခြေချဖို့ဆောင်ရွက်

မြစ်ကြီးနား-ဇန်နဝါရီ ၁၅-၂၀၂၁ ရန်အောင်ထွန်း(VOM) ကေအိုင်အေထိန်းချုပ် နယ်မြေအတွင်းက အိမ်ထောင်စု ၃၀ ကျော် ဒဘတ်ယန်ကျေးရွာမှာ ပြန်လာနေထိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ကချင်ပြည်နယ် စစ်ရှောင်များအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) အတွင်းရေးမှူ ၃ ဦးခါးလီက ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းမှာ ပြောပါတယ်။ ပြန်လည်အခြေချနေထိုင်သူတွေအတွက် နေအိမ်တည်ဆောက်ရေး ဆောင်ရွက်ပြီးစီးတဲ့ အခါ ကေအိုင်အေဘက်က အိမ်ထောင်စု ၊ လူဦးရေးစာရင်းနဲ့တကွ စေလွှတ်ပေးမှာဖြစ်လို့ သွားကြိုရမယ့်လို့ ဆိုပါတယ်။ ဒဘတ်ယန်ကျေးရွာက နေအိမ်တည်ဆောက်ရေး လုပ်ငန်းတွေကတော့ ဖေဖော်ဝါရီလကုန်မှာ ပြီးစီးမယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်က စစ်ရှောင်တွေနေရပ်ပြန်အခြေချ နိပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ ၅ သန်း ကူညီတဲ့အထဲက လက်ရှိမှာ ၂ သန်းခွဲနဲ့ အိမ်အလုံးပေါင်း ၅၁၂ အိမ် တည်ဆောက်ဖို့ ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်အထိ အိမ်အလုံး ၃၀၀ ဝန်းကျင်…

Read More

NLD ပါတီနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ တိုင်းရင်းသားပါတီတွေရဲ့ ပြောပြချက်

တောင်ကြီး၊ ဇန်နဝါရီ- ၁၅- ၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ပါတီရုံးခွဲမှာ တိုင်းရင်းသားဒေသခံပါတီတွေကို ပါတီတွေကို ဇန်နဝါရီ ၁၃ ရက်နေ့ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ဒီကနေ့ ညနေပိုင်းအထိ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှုကို ကျေနပ်အားရမှု ရှိတယ်လို့ ပြောကြားလာသလို တိုင်းရင်းသားပါတီတွေရဲ့ တွေ့ဆုံပွဲအပြီး ဖြေကြားချက်တွေကို VOM သတင်းထောက် နေနန်းနွယ်က ရိုက်ကူး တင်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းဆွေးနွေးပွဲကို လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူး ဦးစိုင်းနောင့်၊ ဝ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် တို့က ပါတီတွေ့ဆုံပွဲအပြီးမှာ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ #VOM #voiceofmyanmar #NLD #SNLD #ရှမ်းပြည်နယ် #တောင်ကြီး #တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံ

Read More

တောင်ကြီးမြို့မှာ NLDပါတီက SNLD ၊ SNDP ၊ လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီ နဲ့၀ အမျိုးသားပါတီတို့နဲ့ တွေ့ဆုံဆွေးနွေး

ဇန်နဝါရီ ၁၅ -၂၀၂၁ နေနန်းနွယ်(VOM) NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီကနေ့မနက်ပိုင်းက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နဲ့ “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ NLD နဲ့တွေ့ဆုံမှုအပြီးမှာတော့ SNLDပါတီ အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်က “ကျွန်တော်တို့ မူဝါဒအကြောင်းပြောတယ်၊ ဒီလိုလုပ်ဆောင်ကြတဲ့အချိန်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲပေါ့၊ လွှတ်တော်ထဲမှာရော ၊ ဥပဒေပြုရေးရော ၊ အုပ်ချုပ်ရေးမှာရော၊ အခြားအပိုင်းမှာရော ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲပေါ့၊ NLDဆိုတာကလည်း SNLDနဲ့လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက အတူတူ အလုပ်လုပ်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ပြီးခဲ့တဲ့ ၂၀၁၅ လောက်တုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာတွေ မရှိခဲ့ဘူး၊ ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ ဒီအမျိုးသားညီညွတ်ရေးတည်ဆောက်တဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ဆောင်မယ့်ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း မြင်တယ်၊ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ကို တာဝန်ပေးအပ်လာမယ်ဆိုရင် SNLDအနေနဲ့ကတော့ ကြိုစားပြီးလုပ်ဆောင်သွားမယ်”လို့ ဖြေကြားခဲ့ပါတယ်။ ဒီကနေ့တွေ့ဆုံမှုဟာ အလွန်ကောင်းမွန်တဲ့…

Read More

ရှမ်းပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအပြီး NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့က သတင်းစာရှင်းလင်း

တောင်ကြီး-၁၅ ဇန်နဝါရီ -၂၀၂၁ နေနန်းနွယ် ( VOM) NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီးမှာ ဗဟိုကော်မတီဝင်ဒေါက်တာအောင်မိုးညို၊ နန်းခင်ထွေးမြင့်၊ ဦးအင်ထုံးခါးနော်ဆမ် တို့ဟာ သူတို့ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။ #voiceofmyanmar #VOM #တောင်ကြီးတွေ့ဆုံပွဲအပြီးသတင်းစာရှင်းလင်း

Read More

တရုတ်အစိုးရက ပြစ်ဒဏ်ကျ မြန်မာအကျဉ်းသားတစ်ရာကျော် ထပ်မံလွှတ်ပေး

ဇန်နဝါရီ ၁၅ -၂၀၂၀ အေးချမ်းသူ(VOM) တရုတ်အစိုးရက အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာအကျဉ်းသားတွေကို ဒီကနေ့မနက်ပိုင်းက ထပ်မံလွှတ်ပေးခဲ့တယ်လို့ မူဆယ်မြို့ တရုတ်ကျောင်း ကွာရန်တင်းစင်တာကနေ သိရပါတယ်။ မူဆယ်မြို့ တရုတ်ကျောင်း ကွာရန်တင်းစင်တာ မှ ထောင်လွဲတာဝန်ခံဦးမျိုးမြင့်က “ဒီနေ့ပြန်လွှတ်တာ ယောက်ကျ်ားလေး ၁၀၉ယောက်၊ မိန်းခလေး ၉ယောက် အားလုံးပေါင်း ၁၄၀ပါ၊ ပြစ်ဒဏ်ခံယူပြီးတဲ့ မြန်မာနိုင်ငံသားအကျဉ်းသားတွေကို မြန်မာ-တရုတ် နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ဖြစ်တဲ့ နန်းတော် ဂိတ်ကတဆင့် မြန်မာနိုင်ငံကို ပြန်လည် လွဲပြောင်းပေးခဲ့တာဖြစ်တယ်၊ အများစုက ကွမ်းတုံထောင်နဲ့ ဟွေ့ကျိုးထောင်တွေက အများဆုံးဖြစ်တယ်”လို့ VOMကို ပြောပါတယ်။ ပစ်ဒဏ်ကလွှတ်မြောက်လာသူတွေကို ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးကာ မူဆယ်ကွာရန်တင်းစင်တာမှာ ၄ ရက်ထားရှိပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာ နေ့ရပ်ကိုပြန်လည်ပို့ဆောင်ဖို့ စီစဉ်သွားမယ်လို့ ထောင်လွဲတာဝန်ခံ ဦးမျိုးမြင့်ကပြောပါတယ်။ ဒီကနေ့ပြန်လည်လွှတ်မြောက်လာသူအများစုဟာ ရခိုင်ပြည်နယ်မှာ နေထိုင်သူအများစုဖြစ်ပြီး လ.ဝ.ကအမှုနဲ့ပြစ်ဒဏ်…

Read More