ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကို အချိန်မပေးဖြစ်ဘူးဆိုတဲ့ ပိုင်ဖြိုးသု

ရန်ကုန် ဖေဖော်ဝါရီ ၃-၂၀၁၉ သင်းသဒ္ဒါ(VOM) ဇာတ်ကားတွေကို အဆက်မပြတ်ရိုက်ကူးနေရတဲ့ အကယ်ဒမီ ပိုင်ဖြိုးသုကတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကို အချိန်မပေးဖြစ်ကြောင်း ”သုက ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေတော့ ကိုယ့်ဟာကို အိမ်ထောင်ကျတယ်ဆိုတာ မေ့နေတယ်၊ အိမ်ထောင်ကျတာ သု တစ်လပေါ့၊ သုသုက wedding ပြီးကတည်းက အလုပ်တွေလုပ်နေတယ်၊ အမှန်အတိုင်း ပြောရရင် ကိုဏကြီးကို အချိန်မပေးဖြစ်ဘူး၊ အလုပ်တွေ ရှုပ်နေတာပါ”လို့ပြောပါတယ်။ ဒါရိုက်တာ ဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုကတော့ ၂၀၁၈ခုနှစ် ဇွန် ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ စေ့စပ်ခဲ့ကြပြီး ဇန်နဝါရီ ၁ရက်နေ့ ညနေ ၆ နာရီမှာက ရန်ကုန်မြို့ အင်ယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ Central Base Production နဲ့အတူ ဒါရိုက်တာ…

Read More

နေပြည်​​တော်​တိုင်းမ်​သတင်း​ထောက် အမည်ခံပြီး အကြမ်းဖက်​​ငွေ​တောင်းသူ၁၀ဦိးနဲ့ ငွေတောင်းခံရသူများ အပြန်အလှန် အမှုဖွင့်

ပန်းတောင်း၊ ဖေဖေါ်ဝါရီ ၃-၂၀၁၉ ဂျန်​ကိုးလ်​(VOM) ပဲခူးတိုင်း​ဒေသကြီး၊ ပြည်​ခရိုင်​၊ ပန်း​တောင်းမြို့နယ်၊ ​​ညောင်​​ချေ​ထောက်​​ကျေးရွာအုပ်​စုနယ်​​မြေဖြစ်​​တဲ့​ကျောက်​ဖူး၊သူရဲတန်းသစ်​​တောကြိုးဝိုင်းနယ်​​မြေအတွင်းမှာ နေပြည်​​တော်​တိုင်းမှုခင်းနှင့်​သတင်းစုံသတင်းဌာန သတင်း​ထောက်​ဆိုသူများက အကြမ်းဖက်​ခြိမ်း​ခြောက်​​ငွေ​တောင်းတယ်​လို့ဆိုပြီး အမှုဖွင့်လိုက်ပါတယ်။ လူအုပ်​စုနဲ့ ဝိုင်းဝန်းရိုက်​နှက်​ပြီး ဥသျှစ်​ပင်​နယ်​​မြေရဲစခန်းကိုေ​ဖ​ဖေါ်ဝါရီ၁​နေ့မနက်​၂နာရီ၁၅အချိန်​က ငွေတောင်းခံရသူ ဦးစောနိုင်ကနေ အမှုဖွင့်​လိုက်​တယ်​လို့ ဥသျှစ်​ပင်​နယ်​​မြေရဲစခန်းကသိရပါတယ်​၊ သမ္မတရဲ့တိုက်​ရိုက်​အမိန့်​ဆိုကာ မီး​သွေးဖိုတွေ၊ ​မျောတိုင်​တွေကို ဓာတ်​ပုံရိုက်​ မှတ်​တမ်းယူစာရင်း​ကောက်​ပြီး ​ငွေ​တောင်းတဲ့ သတင်း​ထောက်​ဆိုသူ၁၀ဦးကို​ ဒေသခံလူ၅၀ခန့်​က ဝိုင်းဝန်းရိုက်​နှက်​ဖမ်းဆီးကြိုးတုတ်​ပြီး ရဲစခန်းကို အပ်​နှံခဲ့တာ​လို့ မျက်​မြင်​သက်​​သေတွေက​ပြောပါတယ်။ “တဲမှာညအိပ်​တယ်​ ည၁၂နာရီ​လောက်​ကြ​တော့ အစည်း​ဝေးလုပ်​မလို့ တဲ​ပေါ်ကဆင်း​ပေးပါဆိုလို့ ဗိုက်​ကြီးသည်​ပါဆင်း​ပေးရတယ်​၊ ဟိုဘက်​တဲတိုက်​မှာလဲဓာတ်​ဘူး​တွေ၊ပန်းကန်​​တွေ ရိုက်​ခွဲတယ်​၊ ​မျောတိုင်​​တွေ့လို့​ငွေ၃သိန်း​တောင်းတာကို ၆သောင်း​ပေးလိုက်​ရတယ်​”လို့ ညောင်​​ခြေ​ထောက်​ရွာက​ဒေါ်စန်း​ဌေးက​ပြောပါတယ်​ တရားဝင်​မီး​သွေးလုပ်​ငန်းလုပ်​ကိုင်​သူ ဦးမြင့်​ဦး ကလည်း”ဒီ​ကောင်​​တွေက​ငွေ​တောင်းတာ​သေချာပါတယ်​  ပထမတခါ​ငွေ၁၀သိန်း​ပေးလိုက်​ရတယ်​၊ အဲဒါကိုရဲကစစ်​​နေတုန်းမို့လူအမည်​မ​ပြောလိုဘူး၊နေပြည်​​တော်​ကလာတာသမ္မတတိုက်​ရိုက်​အမိန့်​လို့​ပြောပြီး ဓား၊သံတုတ်​၊ဓါး​ကောက်​ စတဲ့လက်​နက်​​တွေကိုင်​ထားကြတယ်​လို့” ​ပြောပါတယ်​။ ဒီအမှုနဲ့ပတ်​သက်​ပြီး သတင်း​ထောက်​ဆိုသူ မျိုး​ဝေဦးပါ၁၀ဦးကလည်း အမည်​မသိလူ၅၀ခန့်​ကိုနာကျင်​​စေတဲ့အတွက်​ ပြန်​လည်​အမှု့ဖွင့်​ထားတယ်​လို့ ရဲစခန်းက သိရပါတယ်။ “​နေပြည်​​တော်​တိုင်းသတင်း​ထောက်​အဖွဲကသူတို့ကိုရိုက်​နှက်​သူ​တွေကို ပြန်​လည်​တိုင်​တန်းလို့ ၃၂၅/၃၂၃/၄၂၇/၅၀၆/၁၁၄နဲ့အမှု့ဖွင့်​ထား​ပေးပြီး…

Read More

အစ္စရေးနိုင်ငံအထိ ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးပျံကို အီရန်ကအောင်မြင်စွာ စမ်းသပ်နိုင်ပြီဟုဆို

တီဟီရန်၊ ဖေဖော်ဝါရီ ၃-၂၁၀၉ မျိုးဆက် (VOM) အစ္စရေးနိုင်ငံအထိ ပစ်လွှတ်နိုင်ပြီး မိုင် ၈၀၀ ကျော်အထိ ခရီးရောက်နိုင်တဲ့ ခရုဇ်ဒုံးပျံကို အီရန်တော်လှန်ရေး နှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အီရန်ကပြောပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ ကန့်ကွက်မှုတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေကို မထီမဲ့မြင်ပြုပြီး အထူးသဖြင့် တိုက်ချင်းပစ် ဒုံးပျံတွေကို စမ်းသပ်မှုတွေကို ချဲ့ထွင်လုပ်ဆောင် နေတာဖြစ်ပါတယ်။ဒါပေမယ့် ၎င်းရဲ့ ဒုံးပျံအစီအစဉ်တွေဟာ နိုင်ငံကာကွယ်ရေးအတွက်သာဖြစ်တယ်လို့ အီရန်က ဆိုပါတယ်။ အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးပျံအစီအစဉ်ကို ထိန်းချုပ်ဖို့အတွက် ဥရောပနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေဟာ လက်ရှိကန့်သတ်ထားတာထက်ကျော်လွန်ပြီး လက်နက်တွေကို ချဲ့ထွင်လုပ်ဆောင်ဖို့ လှုံ့ဆော်သလိုဖြစ်လာနိုင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ထိပ်တန်းတပ်မှူးတစ်ဦးက ပြောပါတယ်။ အဆိုပါ ဒုံးပျံကို မိုင်၈၄၀ အထိ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့တယ်လို့ အီရန် ကာကွယ်ရေးဝန်ကြီးက…

Read More

အမှတ်ကောင်းဖို့ထက် မိမိဝါသနာပါရာကို ကျွမ်းကျင်ဖို့လိုပြီး ဝါသနာပါရာနဲ့ အသက်မွေး ဝမ်းကျောင်းအလုပ်တို့ထပ်တူညီဖို့လိုအပ်

ရန်ကုန်၊ဖေဖော်ဝါရီ ၂-၂၀၁၉ TGH(VOM) ပညာရေးကဏ္ဍနဲ့ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ အမှတ်ကောင်းဖို့ထက် မိမိဝါသနာပါရာကို ကျွမ်းကျင်ဖို့လိုကြောင်း၊ ဝါသနာပါရာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တို့ တူညီစေချင်ကြောင်း၊ Mismatch ဖြစ်တာမျိုးမဖြစ်သင့်တော့ကြောင်း  ယနေ့ UMFCCI မှာပြုလုပ်ခဲ့တဲ့ ပညာရေးနဲ့စီးပွားရေးကဏ္ဍ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး တွေ့ဆုံအစည်းဝေးပွဲမှာ ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီကဏ္ဍနှစ်ခုကို ထိထိမိမိပူးပေါင်းချိတ်ဆက်နိုင်မှသာ တိုင်းပြည်အတွက် ကျွမ်းကျင်ပြီး အရည်အသွေးပြည့်မှီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “အခြေခံပညာရေးကောင်းမှ၊ မူလတန်းပညာရေးကောင်းမှ၊ အရည်အသွေးမြင့်မားလာမှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ အရည်အသွေးရှိတဲ့ အခြေခံမူလတန်းပညာရေး၊ အဆင့်မြင့်ပညာရေး၊ နည်းပညာသက်မွေးပညာနဲ့ လေ့ကျင့်ရေး၊ ကျောင်းပြင်ပပညာရေး၊တသက်တာပညာရေးသင်ကြားလေ့ကျင့်ပေးမှုတွေကြောင့် အရည်အသွေး ပြည့်မှီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွန်းလာနိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကလည်း “စီးပွားရေးကဏ္ဍမှာ အရည်အချင်းပြည့်မှီတဲ့ Vocational Training တွေ လိုအပ်ပြီး ကျွမ်းကျင် လုပ်သားတွေမွေးထုတ်ပေးဖို့ကြိုးစားနေပါတယ်။…

Read More

YBS မဟုတ်သော ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသီးသန့် ပြေးဆွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃-၂၀၁၉ TGH(VOM) ရန်ကုန်မြို့ကို ပတ်ပြီးပြေးဆွဲမယ့် မြို့ပတ်ခရီးစဉ်သီးသန့်ယာဉ်လိုင်းကို ယခုလအတွင်းမှာ စတင် ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကပြောပါတယ်။ လက်ရှိ မြို့ပတ်ရထားနည်းတူ ရန်ကုန်မြို့တစ်ပတ်လုံးပြေးဆွဲမှာဖြစ်ပြီး ခရီးစဉ်အစအဆုံး အတွက်လူတစ်ယောက်ကို တစ်ထောင်ကျပ် ၊ ခရီးစဉ်လမ်းတစ်ဝက်ကိုတော့ ၅၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ” မြို့ထဲကိုပတ်မယ်၊ မြို့အပြင်ကနေပတ်မယ်၊ လမ်းကတစ်လမ်းထဲကပတ်မှာမဟုတ်ဘူး၊ လမ်းအများ ကြီးပတ်မှာဖြစ်တယ်၊ ဘယ်လမ်းကြောင်းတွေဖြစ်မယ်ဆိုတာကိုတော့ နောက်မှ တရားဝင်ကြေငြာပေး မှာဖြစ်တယ်၊ ဒီလထဲမှာ စပြီးပြေးဆွဲဖို့တော့ များတယ်၊ ကုမ္ပဏီဘက်ကလည်း စာတင်ထားတယ်၊ ဆရာ တို့ဘက်ကလည်း အမြန်ဆုံးပြေးဆွဲနိုင်အောင် လုပ်ဆောင်နေတယ်”လို့  ရန်ကုန်ုတိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။ အဆိုပါ မြို့ပတ်ကားခရီးစဉ်လမ်းကြောင်းဟာ အောင်မင်္ဂလာအဝေးပြေးကားဝန်းကနေ စတင်ထွက်ခွာပြီး  မြို့တွင်း၊ မြို့ပြင် ပတ်ပြေးဆွဲသွားမှာဖြစ်ပြီး၊ လိုက်ပါစီးနင်းမယ့် ခရီးသွားတွေအနေနဲ့…

Read More

စီးပွားရေးသမားတွေကို အရမ်းကြိုက်တယ်ဆိုတဲ့ အေးမြတ်သူ

ရန်ကုန် ဖေဖော်ဝါရီ ၃ -၂၀၁၉ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် အေးမြတ်သူကတော့ ကိုယ်တိုင်စီးပွားရေးလုပ်ဖို့ သတ္တိမရှိပေမယ့် စီးပွားရေးသမားတွေဟာ အနိုင်အရှုံးခံရဲတဲ့ သတ္တိရှိလို့ အရမ်းကြိုက်တယ် လို့ ဆိုပါတယ်။ ”အေးမြတ်သူတို့ စီးပွားရေးလုပ်ဖို့က ငွေကြေးရှိဖို့လိုသလို သတ္တိရှိဖို့လည်း လိုပါတယ်။ရင်းရဲမှ ၊အရှုံးအနိုင် ခံရဲတဲ့ သတ္တိရှိဦးမှပါ။စီးပွားသမားတွေကို အေးမြတ်သူအရမ်း ကြိုက်တယ်။သူ့တို့က သူများတွေထက် ပို သတ္တိရှိမှ ဖြစ် တယ်။အေးမြတ်သူမှာ အဲလိုသတ္တိမရှိသလို ငွေကြေးအင်အား အေးမြတ်သူမှာ မရှိပါဘူး”လို့ဆိုပါတယ်။ အနုပညာတချို့ ကိုယ်ပိုင် Brand တွေ ထုတ်တဲ့အပေါ်မှာ ” အေးမြတ်သူ က ကိုယ်ပိုင် Brand ထုတ်ဖို့မရှိပါဘူး၊ ကိုယ့်အနီးပတ်ဝန်းကျင် ကြည့်ရင်းတွေးရင်းနဲ့တော့ ငွေစုဖြစ်ပါတယ်၊ ကိုယ်ပိုင် Brand တစ်ခုထုတ်နိုင်အောင် တောင့်တင်းခိုင်မာတဲ့ ငွေကြေးအင်အား အေးမြတ်သူမှာ မရှိပါဘူး၊ စိတ်ကူးတော့ အေးမြတ်သူ မယဉ်ဖြစ်ပါဘူး၊ ဖြစ်နိုင်လို့ ငွေကြေးတတ်နိုင်ရင်…

Read More

ရင်ချင်းဆက် အမွှာမိန်းကလေး မွေးဖွားပြီး ၂ ရက်အကြာ တွင် ကွယ်လွန်

ကလေး၊ ဖေဖော်ဝါရီ ၃-၂၀၁၉ မိုင်ချယ်ရီ(VOM) ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်း က ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ မွေးဖွားခဲ့တဲ့ ရင်ချင်းဆက် အမွှာမိန်းကလေး နှစ်ဦးဟာ မွေးဖွားပြီး ၂ ရက် အကြာမှာ ကွယ်လွန်ခဲ့တယ်လို့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။ မွေးဖွားချိန်မှာ ၈ ပေါင် ၈ အောင်စ ရှိတဲ့ ကလေးငယ်ဟာဆိုရင် မွေးဖွားပြီးစ အချိန်ထဲက ကျန်းမာရေး လိုအပ်ချက်တွေ ရှိတာကြောင့် ဂရုတစ်စိုက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၄၀ အချိန်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ခဲ့တဲ့ ကလေးတွေကို မိဘတွေ ရဲ့ သဘောတူညီချက် နဲ့ ရင်ခွဲစစ်ဆေးခဲ့ရာမှာတော့ လူနှစ်ဦး အတွက်ရှိရမယ့် ခန္ဓာကိုယ်တွင်း ကလိစာတွေက…

Read More

အမေရိကန်မှာ ပြင်းထန်တဲ့ အအေးလှိုင်းကျရောက်မှုကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်အနောက်အလယ်ပိုင်းဒေသတွေမှာ ဆယ်စုနှစ်များစွာအတွင်း ဆိုးရွားပြင်းထန်တဲ့ အအေးလှိုင်းတွေ ကျရောက်နေတာကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိလာပြီဖြစ်ပါတယ်။ အမေရိကန် လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ရှိသော လူပေါင်း သန်းကိုဆယ်ခန့်ဟာ အပူချိန် အနှုတ်၁၇ဒီဂရီစင်တီဂရိတ် သို့မဟုတ် ယင်းအပူချိန်ထက်လျော့ကျတဲ့ အခြေအနေမှာ နေထိုင်နေရပါတယ်။ အမေရိကန်နိုင်ငံသား သန်း၂၅၀ခန့်ကတော့ ဝန်ရိုးစွန်းနဲ့ နီးတဲ့ ဒေသများ၏ အေးလွန်းတဲ့ ရာသီဥတုအတွေ့အကြုံကို ရှိထားပြီးသားဖြစ်ပါတယ်။ အလွန်အေးတဲ့ ရာသီဥတုအခြေအနေကြောင့် နိုင်ငံတစ်ဝန်း အချို့သော နယ်မြေတွေမှာ သွားလာမှုကို ဟန့်တားထားချိန်မှာ  ဆေးရုံတွေမှာတော့ အအေးလွန်ကဲမှုကြောင့်ဖြစ်ပေါ်သော အနာရောဂါတွေကို ကုသပေးနေရပါတယ်။ အပူချိန်ဟာ ယခုသီတင်းပတ်ကုန်ကျော်လွန်သည်တိုင်အောင် အပြောင်းအလဲ ဖြစ်ပေါ်နေအုံးမယ်လို့ မျှော်မှန်းရပါတယ်။  ရာသီဥတုဆိုးရွားမှုကြောင့် အထူးသဖြင့် အိမ်ယာမဲ့တွေ ဒုက္ခရောက်ကြရပြီး မြို့တွေအနီးတစ်ဝိုက်မှာ နွေးထွေးတဲ့ ယာယီရွက်ဖျင်တဲတွေကို ဖန်တီးပေးထားရပါတယ်။ ချီကာဂိုဆေးရုံမှာတော့ အအေးလွန်ကဲမှုကြောင့် ဖြစ်တဲ့ ရောဂါ…

Read More

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းလူမျိုးထဲက ချီးကျူးထိုက်တဲ့ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရ

ရန်ကုန် ဖေဖော်ဝါရီ ၂-၂၀၁၉ မိုင်ချယ်ရီ(VOM) ၂၀၁၈ ခုနှစ် ရဲ့ ချင်းလူမျိုးထဲက ချီးကျူးထိုက်တဲ့ပုဂ္ဂိုလ်(2018 Chin Person of the Year) အဖြစ်  ဒုသမ္မတဦးဟင်နရီဗန်ထီးယူ ကို ချင်းမျိုးနွယ်စုလူမှုရေးအသင်း (၁၉) သင်း စုပေါင်း ပါဝင်ဖွဲ့စည်းထားတဲ့ ချင်းလူမှုရေးအသင်း (ရန်ကုန်)က ရွေးချယ်လိုက်ပါတယ်။ “ သူက ချင်းလူမျိုးများကနေပြီးမှ ဒီလိုမျိုးခေါင်းဆောင် ဒုသမ္မတအဆင့်ထိ ရောက်တာ တစ်ယောက်မှ မရှိသေးပါဘူး၊ သူက ပထမအကြိမ်လဲ ဖြစ်တယ်၊ ချင်းလူမျိုးတွေ အားလုံးအတွက် တကယ့် မွန်မြတ်စရာတစ်ခု ဖြစ်သလို ဒီလိုမျိုးနေရာ ရသွားတော့ ချင်းလူမျိုးတွေ အားလုံးအတွက် အမှန်တကယ် ဂုဏ်ယူစရာ ဖြစ်တာပေါ့” လို့ ချင်းလူမှုရေးအသင်း(ရန်ကုန်) ဥက္ကဌ ဦးပီတာငွန်ဇာကျုံး က ပြောပါတယ်။ ဒီလိုရွေးချယ်ဖို့အတွက် အသင်း (၁၉)သင်းကို လွှမ်းခြုံတဲ့ ဗဟိုအဖွဲ့ဝင်တွေထဲက အဖွဲ့ဝင်…

Read More

လူ ၃၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဘရာဇီးဆည် ကျိုးကျတဲ့ ရုပ်သံမှတ်တမ်းထွက်ပေါ်

ဘရာဆီးလီးယား၊ ဖေဖော်ဝါရီ-၂ မျိုးဆက် (VOM) ဘရာဇီးနိုင်ငံတောင်ပိုင်းရှိ သံသတ္တုမိုင်းတွင်းတစ်ခုမှာ အသုံးပြုတဲ့ ဆည်ကျိုးမှုဖြစ်ပေါ်ခဲ့တဲ့ ထိတ်လန့်ဖွယ်  ရုပ်သံမှတ်တမ်းထွက်ပေါ်လာပြီး ဆည်ကျိုးကျတာကြောင့်  လူပေါင်း ၃၀၀ကျော်သေဆုံးခဲ့ရပါတယ်။ အဆိုပါ ရုပ်သံမှတ်တမ်းကို  Bandeirantes ရုပ်သံလိုင်းက ဖမ်းယူထားခြင်းဖြစ်ပြီး မီနာဂျရွိုက်စ်ပြည်နယ်၊ ဘရူမာဒင်ဟို ဒေသရှိ သတ္တုတွင်းကုမ္ပဏီသက်သာဆိုင်နဲ့  အနီးဝန်းကျင်ရှိ အဆောက်အဦတွေအပေါ် ရွှံ့တွေပြိုဆင်းလာပုံကို ဖော်ပြထားပါတယ်။ အဆိုပါမိုင်းတွင်းဟာ Vale SA သတ္တုတူးဖော်ရေးကုမ္ပဏီပိုင်ဖြစ်ပါတယ်။ ထိုသို့သောဖြစ်ရပ်မျိုးဟာ သုံးနှစ်အတွင်း အဆိုပါ ကုမ္ပဏီပိုင်မိုင်းတွင်းတွေထဲမှာ ဒုတိယအကြိမ် မတော်တဆမှုဖြစ်ပါတယ်။ ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူငါးဦးဖမ်းဆီးခံထားရပြီး သုံးဦးမှာ ကုမ္ပဏီအရာရှိတွေဖြစ်တယ်လို့  ဘရာဇီးအစိုးရ ရှေ့နေတွေက ပြောပါတယ်။ #voiceofmyanmar#လူ၃၀၀ကျော်သေဆုံးခဲ့ရတဲ့#ဘရာဇီးဆည်ကျိုးကျတဲ့ရုပ်သံမှတ်တမ်းထွက်ပေါ်# Ref: BBC   Video : R

Read More