စပိန်ရေဘေး သေဆုံးသူ ၁၆၀ နီးပါးထိရှိလာ

မက်ဒရစ်၊ နိုဝင်ဘာ-၁-၂၀၂၄ မျိုးဆက်(VOM) စပိန်နိုင်ငံမှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုအတွင်း သေဆုံးသူဦးရေ ၁၅၈ ယောက်ကျော်ရှိလာပြီး ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့နေ့ကတော့ နိုင်ငံတဝန်း မိုးရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ဒရုန်းအစင်း ၁၂၀၀ ကျော်ထိ အသုံးပြုပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ယခုအချိန်မှာ အရေးအကြီးဆုံးကတော့ လူ့အသက်တွေကို မြန်မြန်ကယ်တင်နိုင်ဖို့ပဲလို့ စပိန်ဝန်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်က ရေဘေးသင့်ဒေသတွေကို သွားရောက်ရာမှာ ပြောပါတယ်။ ရေဘေးအသင့်ဆုံးမြို့တွေရှိ ရွှံ့နွံတွေနဲ့ အပျက်အစီးတွေအောက် အလောင်းတွေကို ဆယ်ယူနိုင်ရေး ကယ်ဆယ်ရေးသမားတွေက လုပ်ဆောင်နေကြပါတယ်။ ဗလင်စီယာမှာတော မြစ်တစ်စင်းရေလျှံလို့ သေဆုံးသူ ၄၀ အပါအဝင် လူ ၁၅၅ ယောက်သေဆုံးခဲ့ပြီး ပြည်နယ်အနောက်ဘက် ကတ်စတီလာလာမန်ချာမှာ နှစ်ယောက်၊ အန်ဒါလူစီးယားမှာ ဗြိတိန်နိုင်ငံသားတယောက်တို့ သေဆုံးခဲ့ပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ကားလမ်းတွေရေလျှံခဲ့ပြီး အသက်ဘေးကလွတ်မြောက်ဖို့အတွက် သစ်ပင် သို့မဟုတ် တံတားများပေါ်တက်ပြီး…

Read More

This Day in History

Voice of Myanmarမက်စ်ထရစ်စာချုပ် စတင်သက်ဝင်ခဲ့သည့် ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ဥရောပသမဂ္ဂကို တရားဝင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံထိရှိလာသည်။

Read More

တိုက်ပွဲတွေကြောင့် မန္တလေး – ဗန်းမော်လမ်းပိုင်း ကားခ ကျပ် သုံးသိန်းကျော်အထိ ဖြစ်လာ

အောက်တိုဘာ ၃၁ – ၂၀၂၄ SS (VOM) စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး – ဗန်းမော်လမ်းပိုင်း ကားခ ကျပ် သုံးသိန်းကျော်အထိ မြင့်တက်လာတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေဆီက သိရပါတယ်။ လက်ရှိမှာ နစကတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် အဲဒီလမ်းပိုင်းကို နှစ်ဖက်တပ်ဖွဲ့တွေက ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားတဲ့အတွက် ခရီးသည်တင်ကားတွေဟာ ရှောင်ကွင်းလမ်းက မောင်းနှင်နေရပြီး လမ်းတလျှောက် ပေးချေရတဲ့ ဂိတ်ကြေးတွေကြောင့် အခုလို ကားခတွေ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ “အရင်တုန်းကတော့ ဗန်းမော်ကနေ တကောင်းလမ်းအတိုင်း မောင်းရင် မန္တလေးကို တရက်တည်းနဲ့ ရောက်တယ်။ လမ်းကလည်း ကောင်းတယ်လေ။ အခုကတော့ သုံးရက်လောက်ကြာတယ်။ ရွှေဘို – မြစ်ကြီးနား လမ်းမကြီးပေါ်က အင်းတော်ကွင်းလမ်းကနေ ရှောင်ကွင်းပြီးသွားရတာ။…

Read More

နှစ် ၃၀ အတွင်း အကြီးဆုံးမုန်တိုင်း ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်

တိုင်ပေ၊ အောက်တိုဘာ-၃၁-၂၀၂၄ ရတီ(VOM) ထိုင်ဝမ်မှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ကောင်ရေးကြောင့် မြို့ကြီးတွေနဲ့ ခရိုင်တွေအားလုံးမှာ စာသင်ကျောင်း၊ အစိုးရရုံးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ရက်အဖြစ်ကြေညာခဲ့ပြီး လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒီမုန်တိုင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ထိုင်ဝမ်ကို တိုက်ခတ်မယ့် အရွယ်အစားအကြီးမားဆုံး မုန်တိုင်းဖြစ်ပြီး မွန်းလွဲပိုင်းမှာ တောင်ထူထပ်ပြီး လူဦးရေနည်းပါးတဲ့ အရှေ့ဘက်ကမ်းရိုးတန်း ကုန်းတွင်းပိုင်းကို စတင်တိုက်ခတ်နေပါတယ်။ မုန်တိုင်းကြောင့် ကျွန်းအားလုံးနီးပါးမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကို ထိုင်ဝမ် မိုးလေဝသဌာနက သတိပေးထားပြီး အနည်းငယ်အားပျော့သွားပေမယ့်လည်း တနာရီ ကီလိုမီတာ ၂၅၀ ကျော်ထိ တိုက်ခတ်နို်ငတဲ့ အဆင့်လေး ဟာရီကိန်းမုန်တိုင်းနဲ့ အလားတူဖြစ်ပါတယ်။ ထိုင်ဝမ်မိုးလေဝသဌာနကတော့ ထိုင်ဝမ်ကို တိုက်ခတ်မယ့် အားအပြင်းဆုံးမုန်တိုင်းလို့ သတ်မှတ်ထားပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း အရွယ်အစားအကြီးဆုံး မုန်တိုင်းဖြစ်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ အရှေ့ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် မုန်တိုင်းအားပျော့သွားကာ ထိုင်ဝမ်ရေလက်ကြားကို ဦးတည်မယ်လို့…

Read More

တနိုင်ငံလုံးက စက်မှုဇုန်တွေအားလုံး တရက် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မီးရရှိမယ်

အောက်တိုဘာ ၃၁ – ၂၀၂၄SN (VOM)တနိုင်ငံလုံးက စက်မှုဇုန်တွေ အားလုံး ဒီကနေ့ အောက်တိုဘာ ၃၁ ရက်ကစပြီး တရက် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မီး ရရှိတော့မှာဖြစ်တယ်လို့ စက်မှုဇုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။အခုလို ၄ နာရီအလှည့်ကျ လျှပ်စစ်မီးပေးမယ့်အကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ဇုန်လုပ်ငန်းရှင်တွေဆီကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စာပို့ အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။“ကျွန်တော်တိုဆီ တနေ့က အကြောင်းကြားတာပေါ့။ တရက်ပဲခြားတယ်။ စက်မှုဇုန်တွေသည် မီးလာရင်တော့ ကောင်းတာပေါ့။ မီးမလာဘူး ဆိုရင်တော့ ဆီပေးပေါ့။ ဆီလည်းမပေးဘူး၊ မီးလည်းမလာဘူး ဆိုရင်တော့ ပိတ်ရတော့မှာပေါ့” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။စက်မှုဇုန်တွေကို လက်ရှိ မီးပေးမယ့်စနစ်ကတော့ တရက်ကို မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ (ဒါမှမဟုတ်) နေ့လယ် ၁…

Read More

ယူကရိန်းနယ်စပ် ၅၀ ကီလိုမီတာအကွာထိ မြောက်ကိုရီးယားစစ်သားတွေ ရောက်ရှိနေ

ကိဗ်ယက်၊ အောက်တိုဘာ-၃၁-၂၀၂၄မျိုးဆက်(VOM)ရုရှားရှိ မြောက်ကိုရီးယား စစ်သားတွေဟာ ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၅၀ အကွာမှာ ရောက်ရှိနေပြီလို့ ယူကရိန်း တာဝန်ရှိသူတယောက်ကို ကိုးကားပြီး ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ဖော်ပြလာပါတယ်။ရုရှားကို စေလွှတ်ထားပြီးဖြစ်တဲ့ မြောက်ကိုရီးယားစစ်သား ၃၀၀၀ ကို ကာ့စ်ဒေသကနေ အရပ်ဘက်ကားတွေနဲ့ ယူကရိန်းနယ်စပ်အနီးကို လျှို့ဝှက်ပို့ဆောင်ခဲ့တာလို့ ယူကရိန်းထောက်လှမ်းရေးအဖွဲ့ကို ကိုးကားပြီး အဲဒီသတင်းစာက ဖော်ပြထားပါတယ်။ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၅၀ အကွာမှာရောက်ရှိနေတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ စစ်တန်းလျားတွေမှာ နေရာချထားပေးခဲ့ပြီး စစ်သား ၃၀၀၀ ထဲမှာ အထူးတပ်ဖွဲ့ဝင် ရာဂဏန်းပါဝင်တယ်လို့ ဆိုပါတယ်။ယူကရိန်းအရာရှိတွေကတော့ မြောက်ကိုရီးယားတပ်တွေရဲ့ လုပ်ရည်ကိုင်ရည်နဲပ တိုက်ခိုက်ရေးစွမ်းရည်ကို မေးခွန်းထုတ်ခဲ့ပြီး လက်တွေ့တိုက်ပွဲ တခါမှမတိုက်ဖူးခဲ့တဲ့အတွက် သူတို့ရဲ့ အတွေ့အကြုံဟာ ခေတ်သစ်စစ်ပွဲတွေနဲ့ အလွန်ဝေးကွာတယ်လို့ သုံးသပ်ကြပါတယ်။မြောက်ကိုရီးယား စစ်သားအနည်းငယ်ဟာ ယူကရိန်းပိုင်နက်ထဲရောက်ရှိနေပြီလို့ အနောက်အုပ်စုထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ယောက်ကို ကိုးကားပြီး စီအင်န်အင်န်သတင်းဌာနက ဖော်ပြထားပေမယ့် ဒီကိစ္စအပေါ် အမေရိကန်ကတော့…

Read More

စပိန် ရေဘေး လူ ၁၀၀ နီးပါးသေဆုံးပြီး အများအပြား ပျောက်ဆုံး

မက်ဒရစ်၊ အောက်တိုဘာ-၃၁-၂၀၂၄ ရတီ(VOM) စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၀၀ နီးပါး သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေကြောင်း စပိန်တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်တကည်းက စတင်ခဲ့ပြီး တချို့မြို့တွေမှာတော့ ရှစ်နာရီအတွင်း တနှစ်တာမိုးရေချိန်ထိ ရွာသွန်းခဲ့တယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် လမ်းတံတားနဲ့ အဆောက်အအုံတွေ ပြိုကျခဲ့ပြီး ဒေသခံတွေဟာ အသက်ဘေးကနေလွတ်မြောက်ဖို့ သစ်ပင်တွေ သို့မဟုတ် နေအိမ်ခေါင်မိုးတွေထိ ဘေးလွတ်ရာ နေထိုင်ခဲ့ရပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အဟန့်အတားဖြစ်နေပြီး ကယ်ဆယ်ရေးသမားတွေအပြင် စပိန်စစ်တပ်က တပ်ဖွဲ့ဝင် ၁၀၀၀ ကိုလည်း ဖြန့်ကြက်ထားပါတယ်။ ရေဘေးကြောင့် သေဆုံးသူတွေအတွက် နိုင်ငံတွင် သုံးရက်ကြာဝမ်းနည်းခြင်းအထိမ်းအမှတ်ကို စပိန်ဝန်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်က ကြေညာခဲ့ပါတယ်။ ပျောက်ဆုံးသူအများအပြားရှိနေတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း စပိန်အစိုးရက ပြောပါတယ်။…

Read More

တိုက်ချင်းပစ် (ICBM) ဒုံးကျည်တစင်း မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

ပြုံးယမ်း၊ အောက်တိုဘာ-၃၁-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်(ICBM) ဖြစ်နိုင်တဲ့ ဒုံးကျည်တစင်းကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ဒီကနေ့မနက်ပိုင်းက စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးယိုယွင်းလာပြီး အပြန်အလှန်ခြိမ်းခြောက်မှုတွေရှိနေချိန်မှ ဒုံးကျည်စမ်းသပ်မှု ထွက်ပေါ်လာတာဖြစ်ပြီး ဒုံးကျည်ကို ဒေသစံတော်ချိန် မနက် ၇ နာရီ ၁၀ မိနစ်မှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ဝန်းကျင်မှာ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်ခတ်ဖို့ ပြင်ဆင်နေကြောင်း တောင်ကိုရီးယားက မနေ့က သတိပေးထုတ်ပြန်ခဲ့ပါတယ်။ဒုံးကျည်ပစ်လွှတ်မှုကို ဂျပန်စစ်တပ်ကလည်း အတည်ပြုထားသည်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှ တိုက်ချင်းပစ်ဒုံးကျည်ကို နောက်ဆုံးစမ်းသပ်ပစ်ခတ်ခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖီဆန်ခဲ့ပါတယ်။မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကိုကူဖို့အတွက် တပ်ဖွဲ့ဝင်တွေကို ရုရှားစေလွှတ်ထားပြီး ဒီကိစ္စအပေါ် နိုင်ငံတကာစိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားတို့အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို မကြာသေးမီက ရရှိထားပြီး နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာနေပါတယ်။Ref:BBCPhoto:Getty Images

Read More

This Day in History

Voice of Myanmarမြောက်ဗီယက်နမ်တွင် အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်ခြင်းများကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဘန်းနက်စ်ဂျွန်ဆင်က ၁၉၆၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် အမိန့်ပေးခဲ့သည်။

Read More

သတင်းသမားတွေ လုံခြုံမှုအကင်းမဲ့ဆုံး ကမ္ဘာ့ထိပ်ဆုံး ငါးနိုင်ငံစာရင်းမှာ မြန်မာပါဝင်

အောက်တိုဘာ ၃၀ – ၂၀၂၄SS (VOM)ကမ္ဘာမှာ သတင်းသမားတွေအတွက် လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံး ငါးနိုင်ငံစာရင်းမှာ မြန်မာပါဝင်နေတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။အဲဒီစစ်တမ်းမှာ သတင်းသမားတွေအတွက် ကမ္ဘာတဝန်းမှာ လုံခြုံမှုမရှိတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံရှိတယ်လို့ ဖော်ပြထားပြီး အဲဒီနိုင်ငံတွေထဲမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရီထရီးယား၊ မြန်မာနဲ့ အီရန်နိုင်ငံတို့က ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ဒါနဲ့ပတ်သက်လို့ အယ်ဒီတာဟောင်းတယောက်က “ပြီးခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်၊ ရှေ့ပိုင်းကာလတုန်းကတော့ ငါက ဂျာနယ်လစ်ဇင်သတင်းထောက် ဆိုပြီးတော့ ပေါ်ပေါ်ထင်ထင်ပြောပြီးတော့ အလုပ် လုပ်လို့ရတယ်။ အခုနောက်ပိုင်းကျတော့ သတင်းသမားတွေက ကိုယ့်နာမည် ထည့်သုံးဖို့တောင် အဆင်မပြေတာတွေ ရှိလာတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းရဲ့ သတင်းလွတ်လပ်ခွင့်ရော၊…

Read More