အဂတိလိုက်​စားမှုနဲ့ ​ နေပြည်​​တော်​စည်​ပင်​က ဌာနမှူးကို ​ထောင်​ဒဏ်​(၃)နှစ်​ချမှတ်

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၅-၂၀၁၉ ဟိန်းကို(VOM) ၂၀၁၃ခုနှစ် အဂတိလိုက်စားရေး ဥပဒေပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခံထားရတဲ့ ​နေပြည်​​တော် စည်​ပင်​သာယာ​ရေး​ကော်​မတီ က တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာန ဌာနမှူး ဒေါက်တာခိုင်စိုးလှကို ဒီက​နေ့ ​နေ့လည်​ပိုင်းက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးက​နေ ​ထောင်​ဒဏ်​(၃)နှစ်​ ကျခံ​စေဖို့ အမိန့်​ချခဲ့ပါတယ်​။ ဒေါက်တာ ခိုင်စိုးလှဟာ သားသတ်လုပ်ငန်းလုပ်ကိုင်တဲ့  ဦးမျိုးခက်ဆီက  ၂၀၁၇ သြဂုတ်လ ၁၁ ရက်နေ့တုန်းက ကျပ်ငါးသိန်း၊ ၂၀၁၇ သြဂုတ်လ ၁၉ ရက်နေ့မှာ ကျပ် ဆယ်သိန်း၊ ဦးဘိုဘိုဟန်ဆီကနေ ၂၀၁၇ ခုနျစ် မေလဆန်းမှာ ကျပ်သိန်း လေးဆယ်တို့ကို  ရယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့  ကြေညာချက်တွေမှာတွေ့ရပါတယ်။ အဲဒီကိစ္စကြောင့်  ဒေါက်တာခိုင်စိုးလှကို ရာဇဝတ်ကြီးအမှုအမှတ် ၆/၂၀၁၇၊၇/၂၀၁၇တို့နဲ့ ၂၀၁၇ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ တိုင်ကြားချက်အရ နေပြည်တော် ဇမ္ဗူသီရိ…

Read More

ပိုးသတ်ဆေးမသုံးဘဲ အမာရွတ်ပေါ်မှာ တက်တူးထိုးမယ်ဆိုရင် ဘီပိုး ၊ စီပိုး ရောဂါပိုးတွေကူးစက်နိုင်တယ်

ရန်ကုန် ဖေဖော်ဝါရီ ၅-၂၀၁၉ TGH(VOM) နည်းစနစ်မကျတဲ့ နည်းလမ်းတွေနဲ့ အမာရွတ်ပေါ်မှာတက်တူးထိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက အသည်းရောင်အသားဝါ ၊ ဘီပိုး ၊ စီပိုး ရောဂါပိုးတွေကူးစက်နိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်တယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးကပြောပါတယ်။ “သေချာ ပရော်ဖက်ရှင်နယ်ဖြစ်တဲ့လူမှထိုးမယ်။ စနစ်ကျတဲ့  နည်းလမ်းကိုသုံးမယ်။ တကယ့်တက်တူးဆေး ကိုမှန်မှန်ကန်ကန်သုံးမယ်ဆိုရင်တော့ ကောင်းတယ်။ ဒါပေမယ့် မြန်မာပြည်မှာကတော့ ဘုရားပွဲမှာလည်း ထိုးနေတာပဲ။ ပြောရမယ်ဆိုရင် နိုင်ငံခြားမှာသွားထိုးမယ်ဆိုရင် တက်တူးကလိုင်စင်ရဖို့ လိုတယ်။ လိုင်စင်ရှိဖို့လိုတယ်။ ဘာလို့လိုင်စင်ရှိဖို့လိုလဲဆိုတော့ ဘယ်လိုဆေးကိုသုံးမှာလဲ။ ထိုးတဲ့သူက အတွေ့အကြုံရှိလား ၊အဲဒါမျိုးတွေပေါ်မှာ ကြပ်မတ်ဖို့လိုင်စင်လုပ်တာ။ ဒီမှာက ဘုရားပွဲမှာ ထောင်ဂဏန်းနဲ့ရတယ်။ နောက်ပြီးခုဆို သင်္ဘောဆေးနဲ့ထိုးလို့ရနေတယ်။ ပိုတောင်လှသေးတယ်။ တက်တူးဆေးထက်စိုသေးတယ်။ ဒါပေမယ့်ပြန်ဖျက်ချင်ရင် ဖျက်လို့မရဘူး။ ဒါမြန်မာပြည်မှာပဲရှိတယ်။ ပြောချင်တာက အနည်းဆုံးတော့ပိုးသတ်ထားရမယ်။ ပိုးသတ်မထားဘူးဆိုရင် ပိုးဝင်နိုင်တယ်၊ နောက်တစ် ခါအပ်ကိုသေချာမလုပ်ပဲ ပြန်သုံးတာလည်း ရောဂါပိုးကူးနိုင်တယ်။ ကူးရမယ်လို့မဆိုလိုဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက…

Read More

အီဂျစ်သမ္မတကို လုပ်ကြံဖို့ကြံစည်ခဲ့သူ ရှစ်ဦးကို သေဒဏ်ချ

ကိုင်ရို၊ ဖေဖော်ဝါရီ-၅-၂၀၁၉ မျိုးဆက် (VOM) အီဂျစ်သမ္မတ စီစီကို ၂၀၁၄ ခုနှစ်က လုပ်ကြံဖို့ ကြိုးစားရာမှာ ပါဝင်တဲ့ လူရှစ်ဦးကို ပြစ်မှုထင်ရှားတာကြောင့် အီဂျစ်တရားရုံးက ဖေဖော်ဝါရီ ၄ ရက်မှာ သေဒဏ်ပေးလိုက်ပါတယ်။ အဆိုပါလူရှစ်ဦးဟာ သမ္မတစီစီနဲ့ ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း မိုဟာမက်ဘင်နာရစ်တို့ကို ဘာသာရေးခရီးစဉ်တစ်ခုအတွက် ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်ချိန်မှာ သတ်ဖြတ်ဖို့ ကြံစည်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့ လူ ၂၉၂ ဦးထဲကဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ တရားခံတွေကိုတော့ မတ်လ ၆ ရက်မှာ ပဏာမ စီရင်ချက်ချဖို့ ကြားနာမှာဖြစ်ပါတယ်။ သေဒဏ်ပေးလိုက်တဲ့ လူရှစ်ဦးကိုတော့ ၂၀၁၆ ခုနှစ် ဆိုင်နိုင်းမြောက်ပိုင်းမှာ တရားသူကြီး သုံးဦးကို သတ်ဖြတ်မှု၊ ပါလီမန်ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ တရားသူကြီး နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားတစ်ဦးသေဆုံးခဲ့ရတဲ့ ဆိုင်နိုင်းက ဟိုတယ်တစ်ခုကို တိုက်ခိုက်မှုအပါအ၀င် နောက်ထပ်စွဲချက်တွေ တင်ပြီးနောက်မှာ ယခုလို…

Read More

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)ကို ဌာနဆိုင်ရာအချို့က လက်ခံဖို့ဝန်လေးနေ

နေပြည်တော်၊ဖေဖော်ဝါရီ ၅-၂၀၁၉ ဒီပ(နေပြည်တော်)(VOM) ဒီကနေ့ပြုလုပ်ခဲ့တဲ့  အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(CPU) နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနား နေပြည်တော် Kempinski Hotelမှာ ကော်မရှင်ဥက္ကဌဖြစ်သူ ဦးအောင်ကြည်က (CPU)ဖွဲ့စည်းဖို့အတွက် ဌာနဆိုင်ရာအချို့က လက်ခံဖို့ဝန်လေးနေခြင်းဟာ အတိတ်ကာလနဲ့ မျက်မှောက်ခေတ်က ထားရှိအပ်တဲ့ တန်ဖိုးထားမှုတို့ အကြားမှာ ကွာဟချက်ကြောင့်လို့ ပြောကြားခဲ့ပါတယ်။ “(CPU)များရဲ့ လုပ်ငန်းတာဝန်ဟာ ဌာနဆိုင်ရာဝန်ထမ်းများရဲ့ ဂုဏ်သိက္ခါနဲ့ လူထုရဲ့ယုံကြည်မှုတို့ကို ပြန်လည်မြင့်မားလာအောင် ဆယ်တင်ပေးနိုင်တာဖြစ်သလို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့လည်း အလွန်အရေးကြီးပါတယ်၊ သို့ရာမှာတော့ (CPU)ကို ဌာနဆိုင်ရာအချို့က အခုအချိန်ထိ အသေအချာလက်ခံဖို့ ၀န်လေးနေကြသေးတာဟာ အတိတ်ခေတ်ကာလက ထားရှိခဲ့ကြတဲ့ တန်ဖိုးထားမှုနဲ့ မျက်မှောက်ခေတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလမှာ  ထားရှိအပ်တဲ့ တန်ဖိုးထားမှုတို့ကြား ကွာဟချက် အတော်အတန် ရှိနေဆဲဖြစ်တာကြောင့်လို့ ယူဆမိပါတယ်”လို့ ကော်မရှင်ဥက္ကဌ ဦးအောင်ကြည် က ပြောခဲ့ပါတယ်။ ကော်မရှင်အနေနဲ့ ဝန်ထမ်းများအတွင်းသာမက မိမိတို့လူ့ဘောင်အဖွဲ့အစည်းအတွင်း အစိတ်အပိုင်း…

Read More

နိုင်ငံခြားသားခရီးသွားတွေ မိုးကုတ်မြို့ပေါ်အပြင် ကျောက်ပြဿဒ်၊ ပန်လင်နဲ့ ဘားနဒ်ရွာကိုပါ ထပ်တိုးလည်ပတ်နိုင်ပြီ

  ရန်ကုန် ဖေဖော်ဝါရီ ၅-၂၀၁၉ TGH (VOM)   လုံခြုံရေးအခြေအနေတွေကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည် သွားလာခွင့်ကန့်သတ်ထားခဲ့ရတဲ့ မိုးကုတ်မြို့ကို ခုဆိုရင် မြို့တွင်း မြို့ပေါ် အပြင် ကျောက်ပြသာဒ် ၊ပန်လင် ၊ ဘားနဒ်ကျေးရွာတွေကိုပါ ထပ်တိုးခရီးစဉ်အဖြစ် လည်ပတ်နိုင်ပြီလို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။ “ အရင်က ကန့်သတ်နယ်မြေပေါ့ ။နယ်မြေလုံခြုံရေးအရ သွားလာခွင့်ကန့်သတ်ထားတာဖြစ်တယ်။ ဒါပေမယ့် ၂၀၁၈ စက်တင်ဘာမှာ မြို့ပေါ်လည်ပတ်ခွင့်ပြုခဲ့တယ်။ ခုက ထပ်တိုးခွင့်ပြုလိုက်တာပါ။ ဧည့်သည်တွေအနေနဲ့ကလည်း လိုက်နာ ဆောင်ရွက်ရမယ့်အရာရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ ချိတ်ဆက်သွားရမှာဖြစ်ပါတယ်။”ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးကပြောပြပါတယ်။   မိုးကုတ်မြို့  နိုင်ငံခြားသားခရီးသွားဧည့်သည် သွားလာလည်ပတ်ခွင့်ကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ပိတ်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု လုံးဝမရှိတော့တဲ့အပြင်  ပြည်တွင်း ခရီးသွားဝင်ရောက်နှုန်းကလည်း အလွန်နည်းပါးခဲ့ပါတယ်။ ခရီးသွားနည်းပါးမှုနဲ့အတူ …

Read More

ရန်ကုန်က ၆ မြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့်ပြုဖို့ အဆိုတင်သွင်းခဲ့ပေမယ့် ကန့်ကွက်သူများလို့ အဆိုရှုံး

ရန်ကုန် ဖေဖော်ဝါရီ ၄- ၂၀၁၉ TGH (VOM) ရန်ကုန်တိုင်းမှာရှိတဲ့  ဒဂုံမြို့သစ်မြို့နယ်နဲ့  လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ ၆ မြို့နယ်က ပြည်သူတွေဟာ ဆိုင်ကယ်ကို အဓိကအသုံးပြုနေရတာဖြစ်တဲ့အတွက် တိကျတဲ့နယ်နမိတ်တွေ ၊ စည်းကမ်းတွေသတ်မှတ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုပေးဖို့ ဒဂုံမြို့သစ်တောင်ပိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ယနေ့ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီအစဉ်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဆိုင်ကယ်ရဲ့အသုံးဝင်မှုက မဖြစ်မနေလိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်မှာအဆိုတင်သွင်းခဲ့ပေမယ့် သဘောမတူသူရှိခဲ့သဖြင့် ဆန္ဒမဲ ခလုပ်နှိပ်စနစ်နဲ့ မဲခွဲဆုံးဖြတ်ရာ  ကန့်ကွက်ကိုယ်စားလှယ်ဦးရေများပြားခဲ့တဲ့အတွက် အဆိုကိုလက်ခံဆွေးနွေးဖို့မရှိဟု ပြည်သူ့လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ကြေငြာခဲ့ပါတယ်။ အဆိုတင်တဲ့  ဦးအေးနိုင်က “ဥပဒေဘောင်အတွင်း ဥပဒေနဲ့အညီနေထိုင်ချင်ပါလျက်နဲ့ဥပဒေပြင်ပကိုရောက်နေပါတယ်။ အနှစ် ၂၀ လုံးလုံး ဥပဒေပြင်ပမှာ ကျွန်တော်တို့ပြည်သူတွေ နားလည်မှုနဲ့ ဘ၀ကို မော်တော်ဆိုင်ကယ်တွေနဲ့ အသက်ဝင်လှုပ်ရှားနေရတဲ့အခါ  အရေးကြီးဆုံးဖြစ်တဲ့ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ၊တရားဥပဒေစိုးမိုး…

Read More

အစိုးရအ​နေနဲ့ ပညာ​ရေးနယ်​ပယ်​မှာဖြစ်​​နေတဲ့ ကိစ္စ​တွေကို ထိပ်​တိုက်​ရင်​ဆိုင်​ဖြေရှင်းဖို့လို

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၄-၂၀၁၉ ဟိန်းကို(VOM) ပုဒ်​မ ၅၀၅\ခ (နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု) အပါအဝင် အခြား​ပုဒ်​မ​တွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရတနာပုံတက္ကသိုလ်​​က ဗကသ​ကျောင်းသား ၇ ဦးကို ဒီက​နေ့ နံနက်​ပိုင်းက အမရပူရမြို့နယ်​ တရားရုံးမှာ (၄)ကြိမ်​​မြောက်​ရုံးထုတ်​စစ်​​ဆေးခဲ့ပါတယ်​။ ရုံးထုတ်​စစ်​​ဆေးမှုမှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ်​ ဗကသ​ကျောင်းသား ကိုရဲမင်းထွန်းက ” အစိုးရအ​နေနဲ့ ပညာ​ရေးနယ်​ပယ်​မှာ ဖြစ်​တဲ့ ပြသာနာ​တွေကို ထိပ်​တိုက်​ရင်​ဆိုင်​ ​ဖြေရှင်းဖို့လိုတယ်​၊ အဲ့လိုထိပ်​တိုက်​ရင်​ဆိုင်​​ဖြေရှင်းဖို့ မကြိုးစားပဲနဲ့ ဖိနှိပ်တဲ့ပုံစံလုပ်လာတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ” ​ပြောခဲ့ပါတယ်​။

Read More

ကော့ဘဇားရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းသို့ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီ သွားရောက်

ဒါကာ၊ ဖေဖော်ဝါရီ-၄-၂၀၁၉ မျိုးဆက် (VOM) ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးသံတမန်ဖြစ်သူ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီဟာ မြန်မာနိုင်ငံကထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှနေထိုင်တဲ့ ဘင်္ဂါလီတွေနဲ့ တွေ့ဖို့ ဖေဖော်ဝါရီ ၄ ရက်က ဘင်္ဂါလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပါတယ်။ ၎င်းအနေဖြင့် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအခြေအနေတွေကို အကဲဖြတ်ဖို့ ဘင်္ဂလီဒုက္ခသည်စခန်းက တာဝန်ရှိသူတွေ၊ ဘင်္ဂါလီတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်မှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်ထားတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမင်တို့နဲ့ ဖေဖော်ဝါရီ ၆ ရက်မှာတွေ့ဆုံသွားမှာဖြစ်ပြီး အဲဒီနေ့မှာဘဲ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာမှာဖြစ်ပါတယ်။ ဟောလိဝုဒ်အကျော်အမော် အင်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးသံတမန်အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလမှ ခန့်အပ်ခြင်းခံရတာဖြစ်ပြီး အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းအခြေချနေထိုင်တာတွေရဲ့     …

Read More

အချစ်နဲ့ ပတ်သက်ရင် တည်ငြိမ်သူမမ ဖြစ်သွားတဲ့ နန်းခင်ဇေယျာ

ရန်ကုန် ဖေဖော်ဝါရီ ၄-၂၀၁၉ သင်းသဒ္ဒါ(VOM) အလှမယ်လောကတဆင့် သရုပ်ဆောင်ပိုင်းကိုပါလုပ်ဆောင်လာတဲ့ နန်းခင်ဇေယျာကတော့ အချစ်နဲ့ ပတ်သက်ရင် တည်ငြိမ်သူမမ  ဖြစ်သွားပြီလို့ ဆိုပါတယ်။ “နန်းခင်က အရင်ကတည်းကလည်း တစ်ယောက်တည်းပဲ ခုလည်း တစ်ယောက်တည်းပါ။ တစ်ယောက်တည်း နေရတာ အသားလည်း ကျနေပါပြီ။ ဘယ်လိုကြောင့်လဲဆိုတော့ အချစ်ကိုကြောက်သွားလို့လည်း မဟုတ်ပါဘူး။ နန်းခင်က ရင့်ကျက်သွားတာကြောင့်ပါ။ အသက်အရွယ်တစ်ခု ရလာပြီးဖြစ်တာမို့ပါ။ ငယ်ငယ်တုန်းကတော့ သစ်ရွက် လှုပ်တာနဲ့ ချစ်ချင်တယ်။ ကြိုက်ချင်တယ်။ ခုကတော့ တည်ငြိမ်သူမမဖြစ်သွားတာပေါ့နော်”လို့ ဆိုပါတယ်။ သူမကတော့ ဖေဖော်ဝါရီလထဲမှာ ရုံတင်ပြသမယ့် ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးထားတဲ့ “၀က်ဝက်ကွဲ အောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ရန်အောင်၊ ၀တ်မှုန်ရွှေရည်၊ပြေတီဦး၊ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့် မောင်၊ စန္ဒီမြင့်လွင် ၊ ယွန်းရွှေရည်၊ ထွန်းလွင် အောင်၊ ဥက္ကာမင်းမောင် ၊ ဝေလျံ တို့နဲ့အတူ ပါဝင်…

Read More

ရွှေ့ပြောင်းနေထိုင်သူများအရေးကြောင့် မက္ကဆီကိုနယ်စပ်သို့ အမေရိကန် တပ်ဖွဲ့ဝင် ၃၇၀၀ ကျော် ထပ်မံစေလွှတ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၁၉ မျိုးဆက် (VOM) ဗဟိုအာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေ နိုင်ငံအတွင်း ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ မက္ကဆီကို နဲ့ထိစပ်နေတဲ့ အမေရိကန်နိုင်ငံ အနောက်တောင်ဘက်နယ်စပ်ကို အမေရိကန်တပ်ဖွဲ့ဝင် ၃၇၅၀ ကိုထပ်မံ စေလွှတ်သွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၃ ရက်က ကြေညာပါတယ်။ အဆိုပါနယ်စပ်မှာရှိနေပြီးဖြစ်တဲ့ အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဝန်ထမ်းတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဖို့အတွက် ဒီလိုတပ်ဖွဲ့ဝင်အရေအတွက် တိုးမြင့်လိုက်တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၄၃၅၀ အထိရှိလာလိမ့်မယ်လို့ ပင်တဂွန်က ဆိုပါတယ်။ နိုဝင်ဘာလကကျင်းပခဲ့တဲ အမေရိကန်ကွန်ဂရက်ရွေးကောက်ပွဲမတိုင်မီ  အောက်တိုဘာလကလည်း မက္ကဆီကိုနယ်စပ်မှာ ဖြန့်ကြက်ဖို့အတွက်အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပထမဆုံးအကြိမ်အဖြစ် ပင်တဂွန်က ခွင့်ပြုခဲ့ပါတယ်။ နယ်စပ်အခြေအနေကို ပြသနာတစ်ရပ်အဖြစ် ပုံဖော်ခဲ့တဲ့ သမ္မတဒေါ်နယ်ထရန့်ကတော့ ဖေဖော်ဝါရီ ၅ ရက်မှာပြောကြားမယ့် နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ လူဝင်မှုကြီးကြပ်ရေးပြသနာနဲ့ မက္ကဆီကိုနဲ့ နယ်စပ်တစ်လျှာက်မှာ တံတိုင်းကာရံဖို့အတွက် အဆိုပြုထားတဲ့ ကိစ္စတွေကို ထည့်သွင်းပြောကြား ဖွယ်ရှိနေပါတယ်။ နယ်စပ်တံတိုင်းကာရံရေးအတွက်…

Read More