တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဒီဇင်ဘာ ၉ – ၂၀၂၄SS (VOM)ဒီတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ အကျဘက်မှာ ငြိမ်နေခဲ့တာပါ။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း အလှုပ်အခတ်မရှိခဲ့ဘဲ ကျပ် ၄၀၀၀ ကျော်ဝန်းကျင်မှာ တပတ်လုံး ရှိနေခဲ့ပါတယ်။စက်သုံးဆီတွေကတော့ ဒီတပတ်မှာ ၉၂ ဓာတ်ဆီအမျိုးအစား တမျိုးလောက်သာ ဈေးထပ်တက်လာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ တချို့ ကုန်စည်ဈေးတွေ အတက်ဘက်ကို ဆက်သွားနေပြီး တချို့ကုန်စည်တွေကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းပြည်တွင်းရွှေဈေးကတော့ ပြီးခဲ့တဲ့တပတ်ကစလို့ ကျပ် ၆၂ သိန်းဝန်းကျင်နဲ့ ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။ ဒီတပတ်မှာလည်း ဈေးဆက်ကျနေပြီး ကျပ် ၆၁ သိန်းကျော်ဝန်းကျင်မှာ တောက်လျှောက် ရှိနေခဲ့ပါတယ်။ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် (တနင်္လာနေ့) မှာ တကျပ်သား ၆၃ သိန်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတပတ် ဒီဇင်ဘာ ၂…

Read More

ညောင်ရွှေနဲ့ ပင်လောင်းမြို့ရောက် စစ်ရှောင် ၂၀၀၀ကျော်ကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထား

ZY(VOM) ဒီဇင်ဘာ ၊၇ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ကျော်ကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထားတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေထံကနေ သိရပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူ၍ပြီး မိမိတို့ ကျေးရွာ၊ ရပ်ကွက်တွေမှာ ရောက်ရှိခိုလှုံနေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းဖို့ ညွှန်ကြားထားတာဖြစ်ပြီး အဲဒီကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်ဘေးရှောင်တွေနဲ့ ရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူကာ ထပ်မံညွှန်ကြားလာတာဖြစ်တယ်လို့ သိရပါတယ်။ “ရပ်ကွက်ရုံးကိုခေါ်ပြီးတော့ ပြောလာတာပါ။ အများစုကတော့ ဒီကဘုန်းကြီးကျောင်းတွေမှာပဲ နေနေကြတာ။ နောက်နှစ် ၃လပိုင်းမကုန်ခင်မှာ အပြီးပြန်ဖို့ပြောလာတယ်။ ၄လလောက်တော့ အချိန်ရသေးတာပေါ့။ ကြားထဲမှာ တိုက်ပွဲပြန်မဖြစ်ဖို့ပဲ ဆုတောင်းရမယ်”လို့ စစ်ဘေးရှောင်တယောက်က VOMကို ပြောပါတယ်။ ညောင်ရွှေမြို့က မြို့မိမြို့ဖတယောက်က “ဒီကိုရောက်နေတာလည်း နှစ်နဲ့ချီကြာနေပြီ၊ ဟိုဖက်မှာလည်း တိုက်ပွဲတွေက ငြိမ်သက်နေပြီဆိုတော့ ကြားထဲမှာ…

Read More

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ခဲ့မိလို့ တောင်ကိုရီးယားသမ္မတက ပြည်သူတွေကို တောင်းပန်

ဆိုးလ်၊ ဒီဇင်ဘာ-၇-၂၀၂၄မျိုးဆက်(VOM)ပြီးခဲ့တဲ့ အင်္ဂါနေ့ညက စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့မိတာနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။ကွန်မြူနစ်မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုနဲ့ ပြည်တွင်အဖျက်သမားတွေကို ဟန့်တားဖို့လိုအပ်တယ်ဆိုကာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခဲ့ပေမယ့် ပြည်သူတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုကြောင့် ခြောက်နာရီအကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်မိလို့ ဖြစ်ပေါ်လာတဲ့ အဆင်မပြေမှုတွေအတွက် တောင်းပန်ပါတယ်။ အရမ်းအံ့ဩသွားတဲ့ ပြည်သူတွေကိုလည်း တောင်းပန်ပါတယ်လို့ သမ္မတယွန်းဆွတ်ခ်ယိုးလ်က ပြောပါတယ်။ဒါဟာ နိုင်ငံရေးမတည်ငြိမ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုမှုလည်းဖြစ်ပါတယ်။ သူရာထူးတာဝန် ဆက်လက်ထမ်းဆောင်တာအပါအဝင် နိုင်ငံရေးတည်ငြိမ်အောင် ဘယ်လိုဆုံးဖြတ်မယ်ဆိုတာက အာဏာရပါတီအပေါ် မူတည်တယ်လို့ သူက ဆိုပါတယ်။အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မျက်နှာစုံညီအစည်းအဝေးကို မနေ့ကပြုလုပ်ခဲ့ပြီး ဒီကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ညနေ ငါးနာရီမှာ သမ္မတအပေါ် စွပ်စွဲပြစ်တင်မှုစတင်ခင်မှာ အစည်းအဝေးထပ်လုပ်ဖို့ ရှိနေပါတယ်။တောင်ကိုရီးယားအတိုက်အခံပါတီတွေဟာ သမ္မတကို ဖြုတ်ချဖို့ ဆန္ဒရှိနေကြပြီး အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီနဲ့အခြားပါတီက အမတ်ငါးယောက်ဟာ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ အဆိုတင်သွင်းခဲ့ကြပါတယ်။အဆိုကို အတည်ပြုဖို့ အမတ်သုံးပုံနှစ်ပုံက…

Read More

မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရ

ဒီဇင်ဘာ ၇ – ၂၀၂၄SS (VOM)ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းမှာ မနေ့ ဒီဇင်ဘာ ၆ ရက်၊ ညပိုင်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။“မနေ့ည ၁၀ နာရီဝန်းကျင်လောက်က အသံတွေ ဆက်တိုက် ကြားလိုက်ရတာ။ အသံအား တော်တော်ပြင်းတယ်။ လေတပ်နားမှာလို့ ပြောနေကြတယ်” လို့ မှော်ဘီမြို့နယ်၊ ရေသိုးကျေးရွာမှာ နေထိုင်သူတယောက်က ပြောပါတယ်။ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီးနောက် နစက လုံခြုံရေးတပ်တွေက လေတပ်အနီးဝန်းကျင်က လမ်းနဲ့ ကျေးရွာတွေကို ပိတ်ဆို့ စစ်ဆေးခဲ့သလို မသင်္ကာသူတွေကိုလည်း ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။“အသံက မှော်ဘီ စမ်းချောင်းပေါက်နားထိတောင် ကြားရတယ်။ ကျွန်မတို့ဘက်က ကြားရတာတော့ အသံက သုံးချက်။ နောက်တော့ လမ်းတွေပိတ်ပြီး စစ်တယ်။ လမ်းသွားလမ်းလာတွေကိုလည်း ခေါ်ယူမေးမြန်းတာတွေလုပ်တယ်” လို့ နောက်ထပ် ဒေသခံတယောက်က…

Read More

ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေပြီး ထိခိုက်သေဆုံးမှုတွေ ရှိလာ

ဒီဇင်ဘာ ၇ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး လူထိခိုက် သေဆုံးမှုတွေလည်း ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး KIA ပူးပေါင်းတပ်တွေနဲ့ နစကတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကာ ဒေသခံပြည်သူအများအပြား စစ်ရှောင်နေရပြီး မြို့ထဲ ပိတ်မိနေသူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ “မြို့ထဲကလူတွေကတော့ ရသလောက် ထွက်နေကြပါတယ်။ ကျန်နေတဲ့သူတွေလည်း ရှိသေးတယ်။ တိုက်ပွဲက လေကြောင်းပစ်ခတ်မှုတွေလည်း ရှိတယ်။ လူသေဆုံးတာတွေလည်း ရှိနေတယ်။ မနေ့ညက ဖုန်းအဆက်အသွယ် ရတာတော့ မြို့ထဲမှာ KIA တွေက နေရာတော်တော်များများကို ရောက်နေပြီ ပြောတယ်။ မြို့ထဲမှာ နေမကောင်းတဲ့ လူနာလည်း ရှိတယ်။ ပြေးဖို့က မတတ်နိုင်လို့ မြို့ထဲက ဘေးကင်းမယ်ထင်တဲ့နေရာမှာ ရှောင်နေရတယ်”…

Read More

အောင်ပန်းမှာ ကုန်စိမ်းပွဲတော် နှစ်ရက်ကြာ ကျင်းပမယ်

ZY(V0M) ဒီဇင်ဘာ ၇၊ ၂၀၂၄ တောင်သူတွေ ဈေးကွက်ကောင်း ရရှိစေဖို့ရည်ရွယ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှာ ကုန်စိမ်းပွဲတော်ကို ဒီဇင်ဘာလ ၁၁ရက်ကနေ ၁၂ရက်အထိ ၂ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ ပွဲကျင်းပရေးတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိတဲ့ ငရုတ်၊ ကြက်သွန်နဲ့ ဂျင်း(ချင်း)သီးနှံကုန်စည်ပြပွဲကို အောင်ပန်းမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီပြပွဲကို ကလော၊ အောင်ပန်းနဲ့ ပင်းတယဒေသရှိ တောင်သူတွေအတွက် အဓိကကျင်းပခြင်းဖြစ်သလို တောင်သူတွေအနေနဲ့ အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေဖို့နဲ့ ဈေးကွက်ကောင်းတွေရရှိစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ “အဓိကကတော့ ဒီကတောင်သူတွေက ဈေးကွက်ချိတ်ဆက်မှုအားနည်းတယ်။ ပြီးတော့ နယ်ဝေးကိုဆို ကုန်စည်တင်ပို့ဖို့ မဝံ့မရဲဖြစ်နေကြတာတွေ ရှိတယ်။ အခုထက်ပိုပြီး ကုန်စိမ်းတွေ၊ သီးနှံတွေ ဈေးကောင်း ရရှိလာစေဖို့နဲ့ ဈေးကွက်တစ်ခု ခိုင်ခိုင်မာမာရရှိလာစေဖို့ ဒီပွဲကိုကျင်းပပေးတာ ဖြစ်ပါတယ်”လို့ ပွဲကျင်းပရေးတာဝန်ခံတယောက်က VOMကို ပြောပါတယ်။ အဲဒီပြပွဲမှာ ဝယ်ယူသူတွေအနေနဲ့…

Read More

နေပြည်တော်မှာ ရဲကားနဲ့အိမ်စီးကားတိုက်မိလို့ ဒုရဲအုပ်အပါအဝင်နှစ်ယောက်သေပြီး ၁၂ယောက် ဒဏ်ရာရ

ဒီဇင်ဘာ ၃ – ၂၀၂၄ GG (VOM) နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုံ၊ ရွှေ ပြည်တော်ဝင်လမ်းနှင့် သဇင်လမ်းလမ်းဆုံမှာ ဒီဇင်ဘာလ ၂ ရက်နေ့ညပိုင်းက လုံခြုံ ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားနဲ့အိမ်စီးကားတို့တိုက်မိပြီး ရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးကာ ဆယ်ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ယာဥ်တိုက်မှုမှာသေဆုံးသူနှစ်ယောက်မှာ ဒုရဲအုပ်တယောက်နဲ့ အခြားရဲတပ်ဖွဲ့ဝင် တယောက်တို့ဖြစ်တယ်လို့သိရပါတယ်။ ” ဖြစ်တာက ရဲလုံခြုံရေးသွားတဲ့ကားနဲ့အိမ်စီးကားတိုက်တာပါ။နှစ်ယောက်သေ ဆုံးတယ်။ ၁၂ယောက်ဒဏ်ရာရတယ်။ လမ်းဆုံဆိုတော့တိုက်မိတာ။ဖြစ်စဥ်မှာအကြမ်းဖျင်းသိရတာတော့ ကားပေါ်မှာကတပွင့်၊နှစ်ပွင့်၊ ဒုရဲအုပ်၊ရဲအုပ်တွေချည်းပဲ။ကျန်တဲ့ဒဏ်ရာရသူတွေထဲမှာတော့ အသက်စိုးရိမ်ရတာမျိုးမရှိပါဘူး။ကျိုးတာပဲ့တာတွေရှိပါတယ်။ ” လို့ နေပြည်တော်က လူမှုကူညီရေးအသင်းအဖွဲ့ဝင်ကပြောပြပါတယ်။ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တဲ့ကားက ဒက္ခိဏသီဏိမြို့နယ်အတွင်း ညဘက်လုံခြုံရေး ကင်းလှည့်တဲ့ကားဖြစ်ပြီး ကားပေါ်မှာရဲတပ်ဖွဲ့ဝင် ၁၇ ယောက်လောက်လိုက်ပါလာတဲ့အထဲကမှ နှစ်ယောက်သေဆုံးကာ ၁၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေအားလုံး နေပြည်တော်ကုတင် ၁၀၀၀ မှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းကလည်း ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာအနီး လမ်းဆုံမီးပွိုင့်မှာ အိမ်စီးကားနဲ့ ရဲကားတိုက်မိလို့…

Read More

ပြီးခဲ့တဲ့လအတွင်း ရန်ကုန်မှာ ပေါက်ကွဲမှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့

ဒီဇင်ဘာ ၃ – ၂၀၂၄ SS (VOM) ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ပေါက်ကွဲမှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့လအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာမှာ နိုဝင်ဘာလ ၆ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှိ ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နစက လုံခြုံရေးတပ်ဖွဲ့ဝင် လေးယောက် ထိခိုက်မှုရှိခဲ့ကာ တိုက်ခိုက်မှုကို Rangoon Urban Column (RUC) အဖွဲ့က ပြုလုပ်ခဲ့တာလို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ နိုဝင်ဘာ ၈ ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံး လုံခြုံရေးဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကို Yangon UG People Army…

Read More

ရန်ကုန်မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်တွေ ဖျက်သိမ်းပြီး မီနီအိုးဝေနဲ့ ပြေးဆွဲခွင့်ပြုမယ်လို့ သတင်းထွက်နေ

ဒီဇင်ဘာ ၃ – ၂ဝ၂၄ KKO(VOM) ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အနှေးယာဉ်အဖြစ်ခရီးတိုပြေးဆွဲပေးနေတဲ့ ဘေးတွဲဆိုင်ကယ်တွေကိုဖျက်သိမ်းပြီး မီနီအိုးဝေတွေကိုအစားထိုးပြေးဆွဲခွင့်ပြုသွားမယ်လို့ VOM သတင်းဌာနက ကနဦးစုံစမ်းသိရှိရပါတယ်။ “အခုဘေးတွဲဆိုင်ကယ်တွေကို ပိတ်သိမ်းမယ်လို့ သတင်းတွေထွက်နေတယ်။ ဘယ်ကာလလောက် ဖြစ်မလဲဆိုတာတော့ အတိအကျမသိရ သေးဘူး။ကြားနေရတာကရန်ကုန် တိုင်းကမြို့နယ် ငါးခုလောက်မှာမီနီအိုးဝေလေးတွေကိုပေးသုံးဖို့ရှိတယ်၊ခွင့်ပြုသွားမယ်လို့ကြားနေတယ်။လူကြီးတွေကဒါကိုစီမံချက် တခုအနေနဲ့လုပ်နေတယ်ကြားတယ်။ ဘေးတွဲတွေကိုတော့အကုန်သိမ်းမယ်ပေါ့နော်။ အဲဒီလိုလေးတော့ကြားနေရပါတယ်”လို့ အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတယောက်က VOM ကို ပြောပြပါတယ်။ လက်ရှိ ရန်ကုန်တိုင်းအတွင်းက ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ ဒဂုံ(၄)မြို့နယ် အပါအဝင် လှိုင်သာယာ၊ရွှေပြည်သာတို့နဲ့ မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်တွေကို ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ရန်ကုန်တိုင်းအတွင်းက ဘေးတွဲဆိုင်ကယ်တွေအားလုံးကို ဖျက်သိမ်းပြီး မြောက်ဒဂုံမြို့နယ်မှအပ ကျန်ရှိတဲ့ ဒဂုံတောင်ပိုင်းမြို့နယ်၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊လှိုင်သာယာမြို့နယ်နဲ့ ရွှေပေါက်က္ကံမြို့နယ် အစရှိတဲ့မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်အစားမီနီအိုးဝေတွေကိုပြေးဆွဲဖို့ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ မီနီအိုးဝေတွေကိုအသုံးပြုခွင့်ပေးထားသကဲ့သို့ အခုထွက်ပေါ်နေတဲ့ သတင်းတွေရ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာလည်း မီနီအိုးဝေတွေကိုအသုံးပြုခွင့်ပေးဖို့ရှိနေတာဖြစ်တယ်လို့…

Read More

အပစ်ရပ် သဘောတူထားပေမယ့် အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ အပြန်အလှန် တိုက်ခိုက်ကြပြန်

တဲလ်အဗစ်၊ ဒီဇင်ဘာ-၃-၂၀၂၄မျိုးဆက်(VOM)အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား ပြီးခဲ့တဲ့ သီတင်းပတ်က ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ လက်ဘနွန်ရှိ ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာနှစ်ရွာကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူကိုးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေးကို ထပ်မံကတိပေးထားပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။အစ္စရေးရဲ့ ချိုးဖောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတို့သိမ်းပိုက်ထားတဲ့ ဒေသရှိ အစ္စရေးစစ်တပ်ပစ်မှတ်တွေကို မော်တာတွေနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ ဟဇ်ဘိုလာတွေက ပြောပါတယ်။ အစ္စရေး-လက်ဘနွန်နယ်စပ် အငြင်းပွားရာ ဒေသမှာ ဟဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ဟဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာဖြစ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ သဘောတူညီချက်ကို ချိုးဖောက်ရင် တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ သူက အစောပိုင်းကတည်းက သတိပေးထားပါတယ်။အခုလို…

Read More