ကလေးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးယောက်သေပြီး ၃၀ ဝန်းကျင် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ မနေ့ ဇန်နဝါရီ ၃၁ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကိုးယောက်သေဆုံးကာ အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ညနေ ၅ နာရီခွဲဝန်းကျင်က ကလေးမြို့နယ်ရှိ တင်သားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက် သေဆုံးမှုအပြင် တင်သားကျေးရွာက ကျေးလက်ကျန်းမာရေး ဆေးရုံနဲ့ ကုက္ကိုလ်ကျေးရွာက စာသင်ကျောင်းလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “တင်သားကျေးရွာမှာရှိတဲ့ အရပ်ဘက် ကျေးလက်ဆေးရုံ (ခဏတာအရိပ်ဆေးရုံ) နဲ့ ကုက္ကိုလ်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်း နေရာနှစ်ခုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်တာ။ လူသေဆုံး၊ ဒဏ်ရာရမှုက ကုက္ကိုလ်ကျေးရွာမှာ အများဆုံးပဲ။ တင်သားကျေးရွာဘက်ကတော့ လူအနည်းအကျဉ်းလောက်ပဲ ဒဏ်ရာနည်းနည်းရတယ်။ သေဆုံးတာလည်း မရှိဘူး။…

Read More

အဝေမညီလို့ မုံရွာမှာ ဓါးပြတွေဖမ်းခံရ

ဖေဖော်၀ါရီ ၁ ၊ ၂၀၂၅ ကျော်ဟိန်း(VOM) စစ်ကိုင်းတိုင်း ၊မုံရွာမြို့ ပြည်တော်ရပ်ကွက် ၊ သာစည်လမ်းမှာ မနေ့က ဓားပြသုံးယောက်ကို တိုက်ရာပါ ပစ္စည်းတွေနဲ့အတူ လုံခြုံရေး ရဲအဖွဲ့က လက်ရ ဖမ်းလိုက်တယ်လို့ ရဲနဲ့ နီးစပ်သူတယာက်က ပြောပါတယ်။ ” ဖြစ်စဥ်က သူတို့အချင်းချင်း ​ဝေစုမတည့်ရာက အခုလို ပေါ် ပေါက်တာပါ ၊ အသေးစိပ် စစ်ဆေးနေဆဲဖြစ်တယ် ၊ လတ်တလောတော့ တိုက်ရာပါ ပစ္စည်းတွေ သိမ်းနေဆဲ ဆိုတော့ အသေးစိပ်ပြောဖို့ ထုတ်ဖော်ပြောလို့ မရသေးဘူး ၊ ဒီနယ်ခံတွေ မဟုတ်ကြဘူး” လို့ ရဲနဲ့ နီးစပ်တယာက်က ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရတဲ့ သူတွေဟာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယာက် ပါ၀င်တယ်လို့ သိရပါတယ် ။ ရဲတယောက်က ” ဟိန်း…

Read More

တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါသွင်းကုန်တွေကို မနက်ဖြန်ကစပြီး အခွန်တွေကောက်မယ်လို့ ဒေါ်နယ်ထရန့် ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုန်ပစ္စည်းတွေအပေါ် မနက်ဖြန်ကစပြီး အခွန်ကောက်ခံတော့မယ်လို့ ကြေညာလိုက်ပါတယ်။ မက္ကဆီကိုနဲ့ ကနေဒါတို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်မှာဖြစ်ပြီး ဒီကိစ္စကိုတားဆီးဖို့ နှောင့်နှေးဖို့ သုံးနိုင်ငံစလုံးက ဘာမှလုပ်လို့မရဘူးလို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဒီနိုင်ငံတွေအပေါ် စည်းကြပ်ခွန်တွေကောက်မယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်များစွာကပင် ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားခဲ့တာဖြစ်ပြီး အမေရိကန်နယ်စပ်မှ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဖန်တနိုင်းမူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို အဲဒီနိုင်ငံတွေက ကိုင်တွယ်ဖြေရှင်းချိန်ထိ အရေးယူပိတ်ဆို့မှုတွေ ထားမယ်လို့ ပြောပါတယ်။ ဒီလိုအခွန်ကောက်မှုကြောင့် စားသုံးသူတွေ စရိတ်စက ပိုမိုပေးဆောင်ရမှာကို နားလည်ပြီး ရေတိုကာလမှာတော့ အဆင်မပြေမှုတွေ ဖြစ်နိုင်တယ်လို့ ထရန့်ကဆိုပါတယ်။ အခုလိုသွင်းကုန်တွေအပေါ် အခွန်တိုးကောက်ပြီး လက်တုံ့ပြန်တာဟာ ကမ္ဘာတဝန်းရှိ စီးပွားရေး…

Read More

ဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ့် နစကကို သက်တမ်းတိုး၊ မတိုးဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတွေ စောင့်မျှော်နေ

ဇန်နဝါရီ ၃၁ – ၂ဝ၂၅ KKO(VOM) ဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ်ဆိုတဲ့ နစကကို သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာကို နိုင်ငံရေးစိတ်ဝင်စားသူတွေက စောင့်မျှော်နေကြပါတယ်။ ခြောက်အလီအစဥ်လိုက်အတိုင်း ၆လတကြိမ် တိုးလာတာ ၄နှစ်ပြည့်ပြီမို့ ခုရော သက်တမ်းတိုးမလား ရွေးကောက်ပွဲလုပ်ဖို့ ရက်သတ်မှတ်နိုင်မလားလို့ စိဝင်စားနေကြပါတယ်။ မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်သူအချို့ကတော့ နစကရဲ့တခြားခြေလှမ်းတွေကို ဘာမှမမြင်ရသေးတဲ့ အတွက် နစက ဟာ သူတို့အစိုးရအဖွဲ့ကို သက်တမ်းတိုးဖို့ ကိစ္စရပ်က ၈၀% နှုန်းလောက်အထိ ရှိနေတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ယခုကိစ္စရပ်တွေအပေါ် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကာလရှည်ကြာ လက်တွဲလုပ်ကိုင်ဘူးသူတယောက်က “ကျွန်‌တော်အထင်ပြောရရင် နစက သက်တမ်းထပ်တိုးဖို့ ၈၀% လောက်မှန်းတယ်၊ ဘာလို့လဲဆိုတော့ တခြားခြေလှမ်း လှမ်းတာ မမြင်ရပါဘူး၊ ၂၀% ကတော့ လျို့ဝှက်လုပ်တတ်တဲ့ မမြင်ရတဲ့ အစီစဥ်တွေရှိနိုင်လို့ပါ။ ရွေးကောက်ပွဲကတော့ ခု သက်တမ်းတိုးတဲ့ ၆လ…

Read More

မျိုးစေ့မဖြစ်ထွန်းမှုနဲ့ မြေဆီလွှာပျက်စီးမှုကြောင့် အင်းလေးတောင်သူတွေ အရှုံးပေါ်

ဇန်နဝါရီ-၃၁-၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခုစိုက်ပျိုးရာသီကာလအတွင်း မျိုးစေ့မဖြစ်ထွန်းမှုနဲ့ မြေဆီလွှာပျက်စီးမှုကြောင့် သီးနှံထွက်ရှိမှု လျော့နည်းနေတဲ့အတွက် တောင်သူတွေ အရှုံးပေါ်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ယခင် ၂၀၂၃နှစ်ကုန်စိုက်ပျိုးရာသီက ငရုတ်ပွတဧကကျော် စိုက်ပျိုးပါက အမြတ် ကျပ် သိန်း ၄၀ဝန်းကျင်ရရှိခဲ့ပေမယ့် အခုနှစ်စိုက်ပျိုးရာသီမှာတော့ မျိုးစေ့ မဖြစ်ထွန်းမှုနဲ့အတူ မြေဆီလွှာပျက်စီးမှုကြောင့် အမြတ်မရတဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ “ဒီနှစ်ကတော့ တောင်သူတွေကော၊ အင်းလေးသူ/အင်းလေးသားတွေအကုန်လုံး တော်တော်လေး ခက်ခဲတဲ့ နှစ်ပါပဲ။ ရေဘေးကြုံရတယ်၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ကြုံရတယ်။ ကုန်စည်ကူးသန်းရာမှာလည်း စစ်ဆေးရေးဂိတ်တွေကြောင့် အရင်ကထက် အချိန်ပိုကြာ၊ ကုန်ကျစရိတ် ပိုများလာတယ်။ အခုသီးနှံထွက်တော့ အရှုံးများကြတယ်”လို့ ဒေသခံတောင်သူတယောက်က VOMကို ပြောပါတယ်။ ရေဘေးကြောင့် ပြီးခဲ့တဲ့ စိုက်ပျိုးရာသီက သီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် လက်ရှိစိုက်ပျိုးရာသီမှာ စိုက်ပျိုးမြေတွေဟာ ဓာတ်မြေဩဇာအလွန်ကျွံ သုံးစွဲမှုကြောင့် မြေဆီလွှာပျက်စီးပြီး…

Read More

ခေမာသောင်၊ ရုက္ခမူ…သေလာတောင်၌

      ဆူးငှက်     ‘‘ တြင်းကြေအစ ဂဏန်းတွေနှင့် နဝင်းနေ ပထမတန်းပေမို့ (အိုကွယ်…) အမတနန်းကိုတဲ့ လှမ်းတော့မယ်၊   စိတ်ပုတီးရယ်နှင့်၊ ရိပ်ကြီးဆရာခိုရတော့ တဏှာကို လွတ်အောင်ရုန်းမယ် ပုန်းရှောင်ပေါ့ကွယ်၊   အဝိဇ္ဖာရှစ်ခွင်က မှိုင်းပါတဲ့ အနိဋ္ဌာ မြစ်ပြင်လှိုင်းကိုတော့ ကသိုဏ်းနှင့် ဖြတ်ပါမယ် နတ်ရွာနတ်နယ်တွင်ဖြင့် ဆိုင်းချင်ဘူး။   ခေမာသောင် ရုက္ခမူ သေလာတောင်၌ ရွှေဝါချောင် ဖလ်ဂူတွင်းဆီက စံမတူ ရန်သရှင်းမယ်လို့ (ကွယ်…) အင်း…သည်စိတ်ကူး။     မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပားတောင်သည် မြန်မာပြည်၏သဘာဝအလှ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ တခုတ်တရ ပြောဆိုညွှန်းပြရသည့်နေရာတစ်နေရာဖြစ်သည်။ မြန်မာပြည်တွင်း ဒေသခံအများစုကမူ ယခင်ကမီးတောင်ဟောင်းဖြစ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ (၄၉၈) ပေရှိသော ပုပ္ပားတောင်မကြီးထက်၊ ပင်လယ်ရေမျက်နှာပြင်မှအထက် (၂၄၁၇) ပေမြင့်သော…

Read More

ကျွဲတပ်ဆုံ X-rayဂိတ်မှာ စစ်ဆေးမှုကြန့်ကြာလို့ ကားတွေပိတ်မိမှု အခြေအနေပိုဆိုးလာနေ

ဇန်နဝါရီ ၃၀- ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ သာစည်မြို့နယ်ရှိ သာစည် – ကလောလမ်းပိုင်းပေါ်က ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေတင်းကြပ်ပြီး ကြန့်ကြာမှုတွေရှိနေတာကြောင့် နေ့စဥ်နဲ့အမျှကားတွေ အများအပြားပိတ်မိပြီး အခြေအနေကပိုဆိုး လာနေ တယ်လို့သိရပါတယ်။ ကျွဲတပ်ဆုံဂိတ်က ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ သာစည် – ကလောလမ်းပေါ်က စစ်ဆေးရေးဂိတ်ဖြစ်တာကြောင့် စစ်ဆေးမှု ကြန့်ကြာတာဟာ ကုန်စည်စီးဆင်းရေးကို နှောင့်နှေးကြန့်ကြာပြီး သီးနှံတွေပျက်စီးမှုရှိသလို ခရီးသွားတွေအတွက်လည်းအချိန်ကြန့်ကြာမှုတွေဖြစ်ပြီး ဒုက္ခရောက်နေ တယ်လို့သိရပါတယ်။ ကျွဲတပ်ဆုံဂိတ်မှာ ကားတွေအချိန်ကြာမြင့်စွာဆောင့်ဆိုင်းရတာကြောင့် ကားတွေပိတ်ဆို့နေတဲ့အခြေအနေက တနေ့ထက်တနေ့ပိုဆိုးလာတယ်လို့သိရပါတယ်။ ” ကျွဲတပ်ဆုံဂိတ်မှာက နေ့တိုင်းကားပိတ်ပါတယ်။ကုန်ကားတွေလည်း ပိတ်မိသလိုအိမ်စီးကားတွေလည်းပိတ်မိတယ်။ကုန်ကားတွေက ကုန်စိမ်းသီးနှံတွေများတယ်။တချို့ကုန်စိမ်းတွေဆိုပျက်စီးတဲ့အထိရှိကြတယ်။ခုတောင်အခြေအနေကဆိုးနေတာ ရှေ့လျှောက်နေကပြင်းလာပြီဆိုတော့ခုလိုသာ ဆက်ပိတ်မိနေရင်ကုန်ကားတွေပိုဒုက္ခရောက်မှာ။သူတို့က ဂိတ်ရောက်ရင် လုံခြုံရေးအရဆိုပြီး ကုန်စိမ်း ကားတွေ ရော အိမ်စီးကား တွေကိုပါ ဂိတ်မှာ X-R+ray စက်နဲ့ အစစ်အဆေးခံရတယ်။ ကားပေါ်မှာ ပါတဲ့သူတွေက…

Read More

တမူးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ

ဇန်နဝါရီ ၃၀ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာကျေးရွာနဲ့ ကျွန်းပင်သာကျေးရွာတွေမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ကျေးရွာတွေမှာရှိတဲ့ နစက ပူးပေါင်းတပ်တွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲကတော့ လက်ရှိက ကျွန်းပင်သာရွာမှာ မနေ့ (ဇန်နဝါရီ ၂၉ ရက်) ကစပြီး ငြိမ်နေတယ်။ အဲဒီမှာရှိတဲ့ နစကတပ်စခန်းတွေကို လက်နက်ကိုင်တပ်တွေက ထိန်းချုပ်လိုက်ပြီလို့လည်း ကြားတယ်။ ဒါပေမယ့် ဆက်သွယ်ရေးလိုင်း အခြေအနေအရ သတင်းတော့ အတည်ပြုလို့ မရသေးဘူး။ လက်ရှိကတော့ မင်းသာရွာဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ။ အခု ဖြစ်နေတဲ့၊…

Read More

အမေရိကန်မှာ လေယာဉ်နှစ်စင်းတိုက်မိပြီး မြစ်ထဲပျက်ကျမှု ရုပ်အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိထား

ဝါရှင်တန်၊ ဇန်နဝါရီ-၃၀-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်နဲ့ အမေရိကန်စစ်တပ်ရဲ့ Black Hawk ရဟတ်ယာဉ်တစင်းတို့ ဝါရှင်တန်မှာ တိုက်မိပြီး မြစ်ထဲပျက်ကျခဲ့ရာ လက်ရှိအချိန်ထိ ရုပ်အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည်တင် လေယာဉ်ပေါ်မှာ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်းလေးယောက် လိုက်ပါသွားပြီး ရဟတ်ယာဉ်ပေါ်မှာတော့ အမေရိကန်စစ်သားသုံးယောက် ပါဝင်ပါတယ်။ လေယာဉ်တွေတိုက်မိပြီးနောက် ပိုတိုမက်မြစ်ထဲကို ပျက်ကျခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေကိုတော့ ဆက်လက်လု်ပဆောင်နေပါတယ်။ ဒီမတော်တဆမှုဟာ ဒေသစံတော်ချိန် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။ ဆိုးရွားတဲ့ ဒီမတော်တဆမှုမှာ ရဟတ်ယာဉ်ဟာ ရှောင်ဖို့အတွက် ဘာကြောင့် အတက်အဆင်း မလုပ်တာလဲလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေးခွန်းထုတ်ထားပါတယ်။ ရဟတ်ယာဉ်ဟာ လေ့ကျင့်ပျံသန်းမှုလုပ်တာလို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြစ်ထဲမှာတော့ လေယာဉ်နှစ်စင်းစလုံးရဲ့ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးသမား ၃၀၀ ကျော်က…

Read More

အမေရိကန်အစိုးရက နေရပ်ပြန်ပို့မယ့် စာရင်းထဲမှာ မြန်မာနိုင်ငံသား ၆၇၉ ယောက်ပါဝင်

ဝါရှင်တန်၊ ဇန်နဝါရီ-၃၁-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အစိုးရက နေရပ်ပြန်ပို့မယ့် လူပေါင်း ၁ ဒဿမ ၄ သန်းကျော်ထဲမှာ မြန်မာနိုင်ငံသား ၆၇၉ ယောက် ပါဝင်နေတယ်လို့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီလူတွေဟာ နိုင်ငံတွင်းရောက်နေတဲ့ အမေရိကန်နိုင်ငံသားတယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာမဟုတ်ပေမယ့် အမေရိကန်ကနေ ထွက်ခွာဖို့အမိန့်ပေးခံရသူတွေဖြစ်ပြီး .ယခုလမှာ သမ္မတတာဝန်ယူခဲ့တဲ့ ဒေါ်နယ်ထရန့်ကတော့ အထောက်အထားမဲ့တွေအပါအဝင် ပြည်နှင်ဒဏ်ပေးမှုတွေကို စတင်နေပါတယ်။ လက်ရှိပြည်နှင်ဒဏ်ပေးခံရမယ့်သူတွေထဲမှာ မက္ကဆီကိုကတော့ သူ့နိုင်ငံသား နှစ်သိန်းငါးသောင်ကျော်နဲ့ အယ်လ်ဆာဗေးဒိုးကလည်း နှစ်သိန်းကျော်၊ ဟွန်ဒူးရပ်စ်နဲ့ နီကာရာဂွါနိုင်ငံသားတွေက အများဆုံးရပ်တည်နေပါတယ်။ ဒါအပြင် မြောက်ကိုရီးယား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားစတဲ့ အာရှနိုင်ငံတွေက နိုင်ငံသားတွေလည်း ပြန်ပို့ခံရမယ့် စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒီလူတွေဟာ ရာဇဝတ်မှုတခုခုကျူးလွန်းမှု ဒါမှမဟုတ် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဥပေဒကို ချိုးဖောက်ထားသူတွေလို့ ဆိုပါတယ်။ ဒီထဲမှာ ခှိုလှုံခွင့် ငြင်းပယ်ခံရသူတွေ၊ ဗီဇာသက်တမ်းကုန်နေသူတွေ၊…

Read More