ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ရုရှားကတော့ ဒါဟာ ရရှားပိုင်နက်ထဲကို အနောက်အုပ်စုနိုင်ငံတွေက ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက တိုက်ခိုက်ခဲ့တဲ့အပေါ် တုံ့ပြန်တာလို့ ပြောပါတယ်။ရုရှာဟာ မြောက်ကိုရီးယားလုပ် ဒုံးကျည်တစင်းထက်မနည်းအပါအဝင် ခရုဇ်ဒုံးကျည်၊ ပဲ့ထိန်းနဲ့ အခြားဒုံးကျည် ၉၃ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး ဒုံးကျည် ၈၁ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဇီလန်စကီးကပြောပါတယ်။ ဒီထဲက ၁၁ စင်းကိုတော့ အနောက်မဟာမိတ်တွေ ထောက်ပံ့ပေးထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ သုံးပြီး ကြားဖြတ်ခဲ့တာလို့ ဆိုပါတယ်။ဒီတိုက်ခိုက်မှုအတွင်း ရုရှားဟာ ဒရုန်းအစင်းပေါင်း ၂၀၀ ကိုလည်း အသုံးပြုခဲ့ပြီး ဒါဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ယခုနှစ်အတွင်း ယူကရိန်းရဲ့ မဟာဓါတ်အားလိုင်းကို ရုရှားက အကြီးစားတိုက်ခိုက်မှု ၁၂ ကြိမ်ထိ ပြုလုပ်ခဲ့တယ်လို့…
Read Moreပြည်ပအလုပ်သမားတွေ ငွေပြန်လွှဲမှု တနေ့ကို အေဂျင်စီ ၅၀ နှုန်းနဲ့ ရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးမယ်
ဒီဇင်ဘာ ၁၄ – ၂၀၂၄GG (VOM)ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ၆၀၀၀၀ နီးပါးက တရားဝင်လမ်းကြောင်းကနေ မိသားစုထံ လစာရဲ့ ၂၅ရာခိုင်နူန်း ငွေလွှဲပို့မှုရှိမရှိနဲ့ပတ်သက်ပြီး စေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာနက အခုရက်ပိုင်းအတွင်းမှာပဲ စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အလုပ်သမားတွေကို စေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ၄၂၉ ခုရှိပြီး လချုပ်စာရင်းတွေပေးပို့ခြင်းမရှိတာကြောင့် အလုပ်သမားတွေငွေလွှဲပို့မှုအခြေအနေ၊အထောက်အထားတွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ရန်ကုန်တိုင်း အလုပ်သမားရုံးမှာ တရက်ကို အေဂျင်စီ ၅၀ ခေါ်ယူစစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။” ကျွန်တော်တို့လွှတ်ခဲ့တဲ့ အလုပ်သမားတွေက သူ့အိမ်ကိုငွေပြန်လွှဲမလွှဲကို စစ်မှာပေါ့။သူတို့ငွေပြန်လွှဲအောင်လည်းကျွန်တော်တို့ကတာဝန်ယူရမယ်ဆိုပြီးပြောထားတော့ အခုကျွန်တော်တို့ကိုဒီကိစ္စနဲ့ပတ်သက်လို့ခေါ်စစ်တဲ့သဘောပေါ့။လွှဲထားရင်လည်းအထောက်အထားတင်ပြရမယ်။မလွှဲရင်လည်းမလွှဲကြောင်းကိုသူတို့သမှတ်ရက်မှာတင်ပြရမယ်ပေါ့။သူတို့ပြောတာသိပ်လွယ်တယ်ဗျာ။နိုင်ငံခြားရောက်သွားတဲ့သူရဲ့လုပ်ခလစာကိုကျွန်တော်တို့သွားပြီးစီမံလို့မရဘူးလေ။ငွေလွှဲဖို့တော့ ဒီမှာကတည်းက သေချာပြောလိုက်တာပဲ။သူတို့လည်းလက်ခံတာပဲ။ဟိုရောက်မှပြန်မလွှဲတာကို ကျွန်တော်တ ို့အေဂျင်စီတွေကိုပဲဖိအားပေးလုပ်နေတာအဆင်မပြေဘူး။ဒီပုံစံဆို အေဂျင်စီလုပ်ငန်းတွေ ရပ်နားမှုများလာနိုင်တယ်။” လို့ ခေါ်ယူစစ်ဆေးခံရမယ့်အထဲပါဝင်တဲ့ အေဂျင်စီတခုမှ ပြောပါတယ်။အဆိုပါအလုပ်သမားတွေက ၂၀၂၄ ခုနှစ် မေလကနေ သြဂုတ်အထိ လေးလအတွင်း ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊…
Read MoreThis Day in History
Voice of Myanmarအီရတ် ရုပ်သံသတင်းထောက် Muntadhar al-Zaidi သည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ဘဂ္ဂဒက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ အီိရတ်စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည်။
Read Moreဗန်းမော်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒေသခံတွေအတွက် အကူအညီတွေ လိုအပ်နေ
ဒီဇင်ဘာ ၁၃ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ဘေး တိမ်းရှောင်သူတွေနဲ့ မြို့ထဲ ကျန်ရှိနေတဲ့ ဒေသခံတွေအတွက် အကူအညီများစွာ လိုအပ်နေတယ်လို့ အဲဒီဒေသခံတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။ ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ၁၀ ရက်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ “ဗန်းမော်က ပြည်သူအများစုကတော့ စစ်ရှောင်နေကြပေမယ့် ကျန်တဲ့သူကတော့ ကျန်နေသေးတယ်။ စစ်ရှောင်က သောင်းဂဏန်းလောက်၊ မြို့ထဲ ကျန်တဲ့သူက ထောင်ဂဏန်းလောက် ရှိမယ်။ ကျန်နေတဲ့သူတွေ ဘေးလွတ်ရာထွက်နိုင်ဖို့လည်း အကူအညီတွေ လိုသလို စစ်ရှောင်လာကြတဲ့ ပြည်သူတွေ ဘေးကင်းရာကို လုံလုံခြုံခြုံနဲ့ ရောက်ရှိနိုင်ဖို့လည်း အကူအညီတွေ အများကြီးလိုပါတယ်။ ကားအကူအညီ၊ ဆီဖိုး၊ လမ်းခရီးအတွက် လိုအပ်တဲ့စရိတ်စက၊…
Read Moreထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်ခြင်းပြု၊မပြု ဆုံးဖြတ်သွားမယ်လို့ တရုတ်စစ်တပ် ထုတ်ပြန်
ပေကျင်း၊ ဒီဇင်ဘာ-၁၃-၂၀၂၄ရတီ (VOM)ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ မကြာသေးမီက အမေရိကန်မှာ ရပ်နားတာအပါအဝင် ပစိဖိတ်ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှု ပြု၊မပြုကို ဆုံးဖြတ်သွားမယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါဟာ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ အခြေအနေတွေအရ နည်းဗျူဟာနဲ့ အခြေအနေတွေ အမြဲတမ်းပြောင်းလဲနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ၀ူချန်းက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဖြစ်စေ မပြုလုပ်တာဖြစ်စေ တရုတ်စစ်တပ်အနေနဲ့ ခွဲထွက်ရေးကို တားဆီးဖို့နဲ့ ပေါင်းစည်းရေးကို မြှင့်တင်ရေးတို့မှာ အမြဲပါဝင်နေမယ်လို့ သူက ဆိုပါတယ်။ဒီအတောအတွင်း တရုတ်နိုင်ငံဟာ နှစ် ၃၀ ကာလအတွင်း ဒေသတွင်းမှာ အကြီးများဆုံးသော ရေတပ်ဖြန့်ကြက်မှုကို လုပ်ဆောင်နေပြီး ဒါဟာ ထိုင်ဝမ်ကို ယခင်ကထက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ဂျပန်တောင်ပိုင်း ကျွန်းစုများမှ တောင်တရုတ်ပင်လယ်ထိ လက်ရှိရေတပ်ဖြန့်ကြက်မှုဟာ ၁၉၉၆ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်မီ ထိုင်ဝမ်တဝိုက်မှာပြုလုပ်ခဲ့တဲ့ တရုတ်ရဲ့…
Read Moreရုရှားနဲ့ အနာဂတ်ပဋိပက္ခအတွက် လုံလောက်တဲ့ပြင်ဆင်မှု မရှိသေးကြောင်း နေတိုးအကြီးအကဲ သတိပေး
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ-၁၃-၂၀၂၄မျိုးဆက်(VOM)နေတိုးမဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရုရှားနဲ့ အနာဂတ်ပဋိပက္ခဖြစ်မယ့် အန္တရာယ်အတွက် လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုမရှိသေးကြောင်း နေတိုးအဖွဲ့အကြီးအကဲ မာ့ရူတီက သတိပေးပြောကြားလိုက်ပါတယ်။စစ်အတွင်း အတွေးအခေါ်ပြောင်းလဲရမယ့် အချိန်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ရုရှားဟာ ယူကရိန်း၊ မိမိတို့နဲ့အတူ ကာလရှည်ကြာ ထိပ်တိုက်ပဋိပက္ခအတွက် ပြင်ဆင်နေပြီး လက်ရှိလုံခြုံရေးအခြေအနေဟာ သူ့သက်တမ်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ နေတိုးအကြီးအကဲက ပြောပါတယ်။လေးနှစ်ကနေ ငါးနှစ်အတွင်း ဖြစ်လာမယ့်အရာတွေအတွက် မိမိတို့အဆင်သင့်ဖြစ်မနေသေးကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ မြှင့်တင်ကြဖို့ အောက်တိုဘာလမှ နေတိုးအကြီးအကဲဖြစ်လာပြီးနောက် ပထမဆုံးမိန့်ခွန်းမှာသူက တိုက်တွန်းထားပါတယ်။ကာကွယ်ရေးအသုံးစရိတ် လုံလောက်အောင်မသုံးတဲ့အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်က မကာကွယ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ရာထူးမထမ်းဆောင်မီ နေတိုးအကြီးအကဲရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၄ ခုနှစ်မှာ တနှစ်ကို ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းသုံးစွဲမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမယ့်လည်း ရုတ်တရက်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကြောင့် နောက်ထပ် လိုအပ်လာလိမ့်မယ်လို့ နေတိုးအကြီးအကဲက သတိပေးထားပါတယ်။Ref:BBCPhoto:Reuters
Read MoreThis Day in History
Voice of Myanmarအီရတ်စစ်ပွဲအတွင်း အမေရိကန်တပ်များသည် ကိုးလကြာထွက်ပြေးနေသည့် အီရတ်သမ္မတ ဆတ်ဒမ်ဟူစိန်ကို ၎င်းပုန်းအောင်းသည့်နေရာမှ ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်၌ ဖမ်းဆီးရမိခဲ့ပြီးနောက် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကြောင့် သုံးနှစ်အကြာတွင် ကွပ်မျက်ခဲ့သည်။
Read Moreပုဏ္ဍားကျွန်းစစ်ရှောင်တွေ အရေပြားရောဂါကူးစက်မှု ဆေးဝါးမလုံလောက်လို့ ပိုမိုဆိုးရွားလာ
ဒီဇင်ဘာ ၁၃ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ် ၊ပုဏ္ဍားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် အရေပြားရောဂါဖြစ်ပွားမှုနူန်း မြင့် လာပြီး လူဦးရေထောင်ဂဏန်းအထိ ရောဂါကူးစက်မှုရှိလာနေတယ်လို့ သိရပါတယ်။ အရေပြားရောဂါအတွက် ယားနာလိမ်းဆေးတွေပြတ်တောက်ခြင်း ၊ ဆေးဝါးစျေးနူန်းတွေကြီးမြင့်ခြင်း ၊စစ်ရှောင်လူဦးရေများခြင်း စတဲ့အခက်အခဲတွေကြောင့် စစ်ရှောင်တွေမှာဖြစ်ပွားနေတဲ့အရေပြားရောဂါကို ထိရောက်တဲ့ကုသမှုမပေးနိုင်တာကြောင့် ရောဂါဖြစ်ပွားမှာကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ရောဂါကူးစက်မှုနူန်းမြင့်လာတာဖြစ်တယ်လို့သိရပါတယ်။ ” ဆေးဝါးတွေပြတ်နေတော့ ရောဂါဖြစ်သူတွေကိုလိမ်းဆေးတွေလည်း မပေးနိုင်ဘူး။ ဆေးမရှိတော့ ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်ဘူးဖြစ်နေတာပေါ့။ ယားနာတကိုယ်လုံးပေါက်သူတွေလည်း ရှိတယ်။ဆေးဝါးတွေမလုံမလောက်တာရယ် ရှိတဲ့ဆေးတွေကျတော့ လဲ စျေးကြီးတာကြောင့်ပါတယ်။ နောက်ပြီးရေမသန့်တာ၊ လူဦးရေပြွတ်သိပ်တာ၊လေထုမသန့်တာတွေကြောင့်လည်းပါတယ်။” လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်တယောက်ကပြောပါတယ်။ အရေပြားရောဂါ ဖြစ်ပွားနေသူတွေထဲမှာတော့ လူကြီးတွေ၊ကလေးငယ် အပါအဝင် အသက်အရွယ်အစုံမှာ ရောဂါဖြစ်ပွားမှုရှိပြီး ခုနောက်ပိုင်းမှာတော့ ကလေးငယ်တွေမှာ ရောဂါကူးစက်ဖြစ်ပွားမှု ပိုများလာတယ်လို့သိရပါတယ်။ အရေပြားရောဂါကူးစက်မှုအများဆုံးကတော့ ပန်းနီလာ စစ်ရှောင်စခန်းနဲ့ ယိုးငူစစ်ရှောင်စခန်းတို့ဖြစ်ပြီး ကျန်တဲ့ အခြားစစ်ဘေးရှောင်စခန်းတွေမှာလည်း…
Read Moreတောင်ကိုရီးယားသမ္မတကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးပမ်းကြဦးမယ်
ဆိုးလ်၊ ဒီဇင်ဘာ-၁၂-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး သမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ခုခံကာကွယ်ပြောဆိုလိုက်ပြီး ဒါဟာ နိုင်ငံရဲ့ ဒီမိုကရေစီကိုကာကွယ်ဖို့ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ဒီကြိုးပမ်းမှုဟာ ဒီမိုကရေစီပြိုလဲမှုကို တားဆီးဖို့နဲ့ အတိုက်အခံတွေရဲ့ ပါလီမန်အာဏာရှင်စနစ်ကို တန်ပြန်ဖို့ တရားဝင်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတရပ်မှာ ယွန်းဆွတ်ခ်ယိုးလ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက တောင်းပန်ပြီးနောက်ပိုင်း ပြောကြားခဲ့တဲ့ ဒီမိန့်ခွန်းမှာတော့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ တော်လှန်ပုန်ကန်တဲ့ လုပ်ရပ်ဆိုတာကို ငြင်းဆိုထားပြီး သူ့ရဲ့နိုင်ငံရေး ပြိုင်ဘက်တွေက သူ့ကို ခြေထိုးဖို့ မှားယွင်းတဲ့ လှုံ့ဆော်မှုတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။ စနေ့နေ့မှာတော့ သူ့ကို ပါလီမန်မှာ ဒုတိယအကြိမ် စွပ်စွဲပြစ်တင် အဆိုတင်သွင်းမှာဖြစ်ပြီး သူကတော့ ရာထူးက…
Read Moreမောင်တောကို AA ထိန်းချုပ်လိုက်ပေမယ့် စစ်ရှောင်တွေ အိမ်ပြန်ဖို့ မရေရာသေး
ဒီဇင်ဘာ ၁၂ – ၂၀၂၄SS (VOM)ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို AA ထိန်းချုပ်လိုက်ပေမယ့် စစ်ရှောင်တွေ အိမ်ပြန်ဖို့ မရေရာသေးဘူးလို့ အဲဒီစစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။မောင်တောမြို့နယ်အတွင်း ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်မယ်ထင်တဲ့ နီးစပ်ရာ ကျေးရွာအသီးသီးနဲ့ လောင်းဒုံမျှာစင်၊ လှဖိုးခေါင် စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပြန့်ကြဲ နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။“စစ်ဘေးရှောင်က လူဦးရေ ငါးသောင်းနီးပါးလောက်ရှိတယ်။ ရခိုင်၊ သက်၊ မြိုလူမျိုးတွေလည်း ပါသလို မွတ်ဆလင်နဲ့ ဟိန္ဒူလူမျိုးတွေလည်း ပါတယ်။ အခက်အခဲတွေကတော့ အများကြီးပါ။ အဓိက က လမ်းပန်းဆက်သွယ်ရေးပေါ့။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကူညီဖို့ခက်သလို ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီတွေ အပြည့်အဝ မပေးနိုင်ကြဘူး။ ကုန်ဈေးနှုန်းတွေကလည်း တက်သထက်တက်လာတော့ အလှူရှင်တွေလည်း ရှားပါးလာတယ်။ အခုဆို စားနပ်ရိက္ခာက ဆန်လောက်ပဲ နည်းနည်းကျန်တော့တယ်။ AA က…
Read More