မတ် ၃၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်းက KIA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ တို့ အကြား ဖြစ်ပွားနေတဲ့ ပြဿနာကို လက်နက်နဲ့ မဖြေရှင်းဖို့ KIA ဗဟို ဌာနကနေ ညွှန်ကြားသလို KIA နဲ့ TNLA တို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ TNLA ရဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။ KIA ဘက်ကလည်း ဝောာ်လှန်ရေး အချင်းချင်းကြား ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်သော အခါမှ လက်နက်နဲ့ ဖြေရှင်းတာမျိုး မလုပ်ဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမိန့်ညွှန်ကြား ထားပါတယ်။ KIO/KIA ရဲ့ တောင်ပိုင်းတိုင်း ဌာန နယ်မြေ ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တခြား တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့…
Read Moreတောင်ကြီးမှာ အိမ်ငှားခနှစ်ဆနီးပါး မြင့်တက်လာသလို အငှားအိမ်ရှားလာလို့ အခက်တွေ့
မတ် ၃၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နှစ်လတာ ကာလအတွင်း အိမ်ဌားခစျေးနှစ်ဆနီးပါး မြင့်တက်လာသလို ငှားမယ့်အိမ်ရှားပါးလာလို့ အိမ်ငှားနေသူတွေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တောင်ကြီးမြို့ပေါ် အိမ်အငှားဈေးကွက်မှာ အခု ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ အစပိုင်းကနေ လက်ရှိမတ်လ အစပိုင်းအထိ နှစ်လတာ ကာလအတွင်း နှစ်သိန်းကျပ်ဝန်းကျင်ကနေ ငါးသိန်းကျပ်ဝန်းကျင်တန်ဖိုးရှိ နေအိမ်၊ တိုက်ခန်းတွေဟာ ဈေးနှစ်ဆနီးပါး မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ “အရင်က ၂သိန်းဆိုရင် မြို့တွင်းမဟုတ်တဲ့ ဘုရားဖြူ၊ ကျောင်းကြီးစု၊ ကံကြီး၊ မြေဖြူတို့ဖက်မှာ တစ်ထပ်တိုက်တွေ၊ အခန်းတွေရတယ်။ အခုတော့ ၄သိန်းလောက်တောင်းနေပြီ။ ၂သိန်းလောက်နဲ့ဆိုရင် ထရံအိမ်၊ သွပ်ကာအိမ်တွေ၊ ရေမီးမပါတဲ့ အိမ်တွေ၊ မြို့စွန်နားက အိမ်တွေပဲ ရတော့တယ်”လို့ အိမ်ပွဲစားတယောက်က VOMကို ပြောပါတယ်။ ဒါ့အပြင် အိမ်ငှားလိုသူတွေ နည်းပါးလာသလို အိမ်ငှားရှားပါးလာတာကြောင့် အိမ်ငှားသူကြတွေအနေနဲ့ အခုလိုအိမ်ငှားခ…
Read Moreရန်ကုန်မှာ ငလျင်လှုပ်ခတ်မှု မြို့နယ်အတော်များများမှာ သိသိသာသာ ခံစားခဲ့ရ
မတ် ၃ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ ဒီကနေ့ မတ် ၃ ရက်၊ မနက် ၁၀ နာရီ ၃ မိနစ်ဝန်းကျင်က ငလျင် လှုပ်ခတ်မှုကို မြို့နယ်အတော်များများမှာ သိသိသာသာ လှုပ်ခတ်သွားတယ်လို့ မြို့နေ ပြည်သူတွေဆီက သိရပါတယ်။ ငလျင်လှုပ်ခတ်ခဲ့တာကို ရန်ကင်း၊ မြောက်ဒဂုံ၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ အင်းစိန်၊ လသာ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ကျောက်တံတား၊ ကမာရွတ်၊ လှိုင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ ထောက်ကြန့်၊ တိုက်ကြီး၊ တွံတေး အစရှိတဲ့ မြို့နယ်တွေမှာ သိသိသာသာ ခံစားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ငလျင်လှုပ်တာ ကြမ်းတယ်။ အိမ်တောင် ခါသွားတယ်။ လှုပ်တာ…
Read Moreရွာငံက စစ်ဘေးရှောင်၂၀၀ ကျော် တုပ်ကွေးနဲ့ အရေပြားရောဂါဖြစ်ပွားနေ
မတ် ၃၊ ၂၀၂၅ ZY (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာက စစ်ဘေးရှောင်၂၀၀ကျော်ဟာ လက်ရှိအချိန်ဟာ တုပ်ကွေးနဲ့ အရေပြားရောဂါဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်က မင်းပလောင်ကျေးရွာနဲ့ အနီးတဝိုက်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်ဦး- DSNDAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တရွာလုံးနီးပါး နေအိမ်တွေမီးလောင်ပျက်စီးခဲ့တာကြောင့် နီးစပ်ရာ တောတောင်တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။ အဲဒီလိုခိုလှုံနေကြရတဲ့ အိမ်ထောင်စု ၂၀၀နီးပါးနဲ့ လူဦးရေ ၇၀၀ကျော်အနက် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူဦးရေ ၂၀၀ကျော်ဟာ လက်ရှိမှာ တုပ်ကွေးနဲ့ အရေပြားရောဂါဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “တုပ်ကွေးကတော့ ရာသီဥတုနဲ့ အမိုးအကာ မလုံခြုံတာကြောင့် ဖြစ်တာပေါ့။ အရေပြားကတော့ သောက်သုံးရေမသန့်ရှင်းလို့ ဖြစ်တာလို့ ယူဆရတာပဲ။ သောက်ဖို့ကော၊…
Read Moreဒေါပုံမှာ ဓါတ်ဆီပက်မီးရှို့ခံရတဲ့ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး နှစ်ယောက်စလုံး သေဆုံး
မတ် ၃ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ သန်းခေါင်စာရင်းကောက်စဥ် ဓာတ်ဆီနဲ့ပက်ပြီးမီးရှို့ခံရတဲ့ ရာအိမ်မှူးနဲ့ဆယ်အိမ်မှူးတို့ ဆေးကုသနေရင်း သေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။ ဆယ်အိမ်မှူးအမျိုးသမီးက ဒီနေ့မတ်လ ၃ ရက်နေ့မနက်ပိုင်းက သူရဲ့နေအိမ်မှာ ရရှိထားတဲပဲမီးလောင်ဒဏ်ရာတွေကြောင့် သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ ရာအိမ်မှူးအမျိုးသားကလည်း ရရှိထားတဲ့မီးလောင်ဒဏ်ရာတွေကြောင့်ပဲ ဖေဖော်ဝါရီ ၂၆ ရက်နေ့က သေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။ ” ဆယ်အိမ်မှူးအမျိုးသမီး မနှင်းသီတာကမနေ့က အသက်ကယ်ဆယ်သွင်းရပြီး ခုမနက်ဆုံးသွားပါတယ်။ သူ့အိမ်မှာပဲကုနေရင်းဆုံးတာပါ။သိရသလောက် ဖြစ်ဖြစ်ချင်းဆေးရုံခေါ်သွားတယ်။နောက်ဆေးရုံကနေ ဆင်းလာပြီး အိမ်မှာပဲဆက်ကုနေတာ။သူကအသက်လည်းကြီးပြီ မီးလောင်ဒဏ်ရာကလည်း ခန္ဓာကိုယ်တခြမ်းလုံးဆိုတော့ များတယ်လေ ။ရာအိမ်မှူးကတောအရင်ရက်ကဆုံးတယ်။” လို့ ဒေါပုံဒေသခံကပြောပါတယ်။ သေဆုံးသွားတဲ့ ရာအိမ်မှူးဖြစ်သူ ကိုအောင်မိုးနဲ့ ဆယ်အိမ်မှူးဖြစ်သူဒေါ်နှင်းသီတာတို့က ကြည်စုရပ်ကွက်နေထိုင်သူတွေဖြစ်ကြောင်း လက်ရှိမှာ ဆယ်အိမ်မှူးအမျိုးသမီးနာရေး အခမ်းအနားပြင်ထားတယ်လို့သိရပါတယ်။ အဆိုပါ ရာအိမ်မှူးအမျိုးသားနဲ့ဆယ်အိမ်မှူး အမျိုးသမီး အပါအဝင် အကူ အမျိုးသမီး သုံးယောက်က ဖေဖော်ဝါရီ ၁၂…
Read Moreမြိုင်နဲ့ ပေါက်မြို့နယ်အစပ်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်လို့ ၁၂ ယောက်ထက်မနည်း သေဆုံး
မတ် ၃ – ၂၀၂၅ SN (VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာတွေမှာ ဒီကနေ့ မတ် ၃ ရက်၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ကာ အယောက် ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၁ နာရီကနေ ၂ နာရီဝန်းကျင်အထိ မြိုင်မြို့နယ်ရှိ ဆိတ်ချေး၊ ဂျုတ်ကုန်း၊ ဘောင့်ဘင်၊ ညောင်ကုန်း၊ ဆူးဝင်းနဲ့ တောရွာအနီး လယ်ကွင်းပြင်တို့မှာ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့တဲ့အပြင် ပေါက်မြို့နယ်၊ လက်ပံတိုနဲ့ သရက်ကန်ရွာအနီးမှာလည်း မနက် ၁ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “နေရာ ရှစ်နေရာမှာ…
Read Moreမန္တလေးတက္ကသိုလ်နှင့် ဆရာကြီးဦးရာဇတ်
ဆူးငှက် ၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်လို့ ကျောင်းသားတွေ သပိတ်မှောက်ကြတယ်။ သပိတ်မှောက်ကြတာက ရန်ကုန်တက္ကသိုလ် တစ်ကျောင်းတည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေအားလုံးက သပိတ်မှောက်ကြတာပါ။ ကျွန်ပညာရေးကို သင်ကြားပေးနေတဲ့ တက္ကသိုလ်အပါအဝင် အစိုးရကျောင်းတွေနဲ့ အစိုးရအထောက်အပံ့ခံ ကျောင်းတွေကို ရာသက်ပန်သပိတ်မှောက်ကြဖို့ သဘောတူထားကြတော့ ကျောင်းသားကြီးတွေက အစိုးရက လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ကျောင်းပြန်မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ ကျောင်းဆက်တက်ပြီး ဘွဲ့ရရင် မြို့ပိုင် မြို့အုပ် ဝန်ထောက်စတဲ့ ရာထူးတွေရနိုင်ပါလျက်နဲ့ တစ်နိုင်ငံလုံးက ကျောင်းသားတွေ ကျွန်ဖြစ်မယ့် ပညာရေးကို အလိုမရှိကြတာမို့ စွန့်လွှတ်ပြီး ကောင်းမွန်တဲ့ ပညာရေးစံနစ်တစ်ခု တောင်းဆိုခဲ့ကြတဲ့ လုပ်ရပ်က ဂုဏ်ယူစရာပါပဲ။ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစံနစ်ကို မကြိုက်လို့ ဆန့်ကျင်ကြ သပိတ်မှောက်ကြတာနဲ့အတူ အမျိုးသားပညာရေး လှုပ်ရှားမှုကလည်း ပိုမို ထက်မြက်အားကောင်းလာပါတယ်။ အဲဒီလှုပ်ရှားမှုကတော့…
Read Moreကျိုင်းတုံ – တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူလည်းရှိ
မတ် ၂၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ – တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် ကျိုင်းတုံမြို့အကျော်က စပါယ်ရှယ်တောင် အဆင်းမှာ မတ်လ ၁ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က ခရီးသည်တင် ယာဉ်တစီး ချောက်ထဲပြုတ်ကျသွားလို့ ခရီးသည် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိပြီး ၇ ဦး သေဆုံးကြောင်း မီးသတ်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ထိခိုက်သေဆုံးမှု update က အတည်မပြုနိုင်သေးဘူး။ ကျနော့် တပည့်တွေ သွားရောက် ကူညီနေတာ ပြန်တော့ မရောက်သေးဘူး။” လို့ တိုင်းနေ နာရေးကူညီမှုအသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ကျိုင်းတုံ-တောင်ကြီးလမ်း စပါယ်ရှယ်တောင် အဆင်းမှ ခရီးသည် ၂ဝ ကျော်စီးလာတဲ့ ယာဉ်အက်စီးဒင့်ဖြစ်တာလို့…
Read Moreကော့ကရိတ်တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေ
မတ် ၂ – ၂၀၂၅ SS (VOM) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ နစကတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းကစလို့ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားမှု ပိုမို ပြင်းထန်လာနေတာဖြစ်ပြီး နစက က ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ – ၁၂)၊ ကျုံဒိုး၊ နဘူးနဲ့ ခြေလျင်တပ်ရင်း (ခလရ – ၉၇) အပါအဝင် အောင်ဇေယျစစ်ဆင်ရေး၊ ရှေ့တန်းကွပ်ကဲရေးစခန်း၊ ရွှေကြက်မင်း ဘုန်းကြီးကျောင်း စခန်းတို့ကနေ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ “နစကဘက်က လက်ရှိ တပ်မဟာ (၆) နယ်မြေ အောင်ဇေယျ စစ်ဆင်ရေး အောင်မြင်ဖို့၊ ကော့ကရိတ်…
Read Moreပုရစ်ဖူးတို့လွန့်လူးချေပြီ..၊ ပြန်ပါလေတော့ ဆောင်း
ဆူးငှက် ”ရွက်နုဝါ ရောယှက်လို့ တောနက်တဲ့ မြိုင်သာ စောရတက် ခိုင်ညှာမှာ ကြိုင်မွှေးဝါ မြပန်း ထက်ဆွယ်ကမ်း ကုန်းဆည် ရွေတညီ လွမ်းစေဖို့ဆန်း” ဆောင်းကဖြင့် လမ်းကြုံလို့ လှည့်ဝင်လာသည့် ဧည့်သည်တစ်ယောက်လို ထပြန်ရန် ဟန်တပြင်ပြင် ဖြစ်နေချေပြီ။ ဟောကြည့် အခုပဲ နေထန်းတစ်ဖျား ရောက်သည်နှင့် ဆောင်းငွေ့အသက်က ရုတ်ချည်း ထွက်ပြေးသွားသည်။ အလည်လွန်လိုက်ပုံကလည်း ညနေ ငါးနာရီခွဲလောက်အထိ ပြန်မရောက်။ နေလုံးကျချိန် ၆နာရီကျော်ပါမှ အရိပ်အယောင်ပြလာသည်။ ညသန်းခေါင် နားနီးပါးမှ ကမူးရှူးထိုးနှင့် အိပ်ရာဝင်တော့သည်။ စိမ့်စိမ့်..အေးအေး..ဆောင်း။ ဟော..ကြည့်၊ မနက်လင်းပြန်တော့ ရုပ်မြင်သံကြားမှ တောင်တန်း ဆရာတော်ကြီး ပရိတ်မရွတ်မီ မျက်ကလဲ ဆန်ပျာနှင့် ကိုယ်ရောင်ဖျောက်သွားပြန်၏။ နှင်းရည်ဝ၍ အမြဲ ငိုက်မျဉ်းနေသော သစ်ပင်များကလည်း၊ မဆီမဆိုင် ရုပ်ပြောင်း ရုပ်လွဲလုပ်ကာ မျက်နှာဝှက်ကြသေး၏။ သို့သော် သူတို့ခမျာ…
Read More