ရန်ကင်းအိမ်ရာဟာ အငှားအိမ်ရာသာဖြစ်ပြီး ရောင်းစားခဲ့တဲ့အိမ်ရာတွေမဟုတ်ဟု လျှပ်စစ် /စက်မှုနှင့် လမ်းပန်း ဝန်ကြီးဆို

ရန်ကုန် ဖေဖေါ်ဝါရီ ၁၁ -၂၀၁၉ TGH (VOM) ရန်ကုန်တိုင်း ၊ ရန်ကင်းမြို့နယ်ရှိ  ရန်ကင်းအိမ်ရာမှာ အငှားအိမ်ရာတွေသာဖြစ်ပြီး ရောင်းစားခဲ့တဲ့အိမ်ရာတွေမဟုတ်ကြောင်းနဲ့ အိမ်အိုအိမ်ဟောင်းတွေကို ပြုပြင်မွမ်းမံဖို့လိုအပ်တယ်လို့   လျှပ်စစ် /စက်မှုနှင့် လမ်းပန်း ဝန်ကြီးဒေါ်နီလာကျော်က  ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က ရန်ကင်းအိမ်ရာစခန်း ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ “ရန်ကင်းအိမ်ရာဆိုတာ ၁၉၅၂ ခုနှစ်က ဖဆပလ အစိုးရကနေပြီး နိုင်ငံ့ဝန်ထမ်းတွေ ၊ကျဆုံးစစ်သည်မိသားစုတွေ၊ မီးဘေးသင့်တဲ့နေအိမ်တွေကနေ ရွှေ့ပြောင်းပေးဖို့ဆိုပြီး အငှားအိမ်ရာအနေနဲ့တည်ဆောက်ခဲ့တာဖြစ်တယ်။ ကျွန်မပြောချင်တာ ဒါတွေက အငှားအိမ်ရာပါ အရောင်းအိမ်ရာမဟုတ်ပါဘူး။ ရောင်းစားခဲ့တဲ့အိမ်ရာတွေမဟုတ်ပါဘူး ခုဒီတိုက်တွေကအိုကုန်ပြီ နှစ် ၅၀ အထက် တချို့ဆို နှစ် ၃၀ အထက်ဆိုတော့ အိုဟောင်းကုန်ပြီ အဲ့လိုအချိန်မှာပြုပြင်ဖို့မွမ်းမံဖို့ လိုလာရင်တော့ ဒါဟာ အစိုးရမှာတာဝန်ရှိတယ်” လို့ ဝန်ကြီးဒေါ်နီလာကျော်က ပြောဆိုခဲ့ပါတယ်။ အစိုးရပြောင်းသွားခဲ့ရင်တောင် ရန်ကင်းအိမ်ရာသစ်စီမံကိန်းဖော်ဆောင်မှုက ရပ်သွားမှာမဟုတ်ကြောင်း…

Read More

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြသူ​​တွေကို ​ငွေဒဏ်၁သောင်း အမိန့်ချ

မြစ်​ကြီးနား၊ ​ဖေ​ဖေါ်ဝါရီ ၁၁-၂၀၁၉ မရမ်ဂျာထွယ်အောင်(VOM) ​ဖေ​ဖေါ်ဝါရီ ၇ရက်နေ့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဆန္ဒပြရာမှာ ခွင့်ပြုချက်ထဲမှာမပါတဲ့ ​ပစ္စည်း​တွေကို အသုံးပြုတဲ့အတွက်​ မြစ်​ကြီးနားမြို့နယ်​တရားရုံးက ဒီက​နေ့မနက်​ပိုင်းမှာ ​ငွေဒဏ်၁သောင်းအမိန့်ချလိုက်​ပါတယ်​။ ခွင့်​ပြုချက်​တင်​တဲ့အထဲမှာမပါတဲ့ ​လော်​စပီပကာ နဲ့ နဖူးစည်းကို အသုံးပြု ပြီး ဆန္ဒပြခဲ့ကြတဲ့အတွက်​ ငြိမ်းစုစီပုဒ်​မ(၂၀)နဲ့တရားစွဲဆိုခံရတာဖြစ်​ပါတယ်​။ အဲ့ဒီနေ့က ဆန္ဒပြသူတွေဟာ မြစ်ဆုံ၊ မြစ်ညှာမြစ်ဝှမ်း ရေကာတာ စီမံကိန်းတွေကို အပြီးတိုင် ဖျက်သိမ်းရေး၊ ဒေသခံပြည်သူတွေ မူလနေရာမှာ လွတ်လပ်စွာနေထိုင်ခွင့်ရရှိရေး၊ ပြည်သူ့ဆန္ဒမပါဝင်တဲ့ စီမံကိန်းအားလုံးကို အလိုမရှိကြောင်းစတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၇ရက်နေ့က မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေက ဒေသခံတွေ ပူးပေါင်းကာ မနောကွင်းကနေ မြစ်ကြီးနားမြို့အတွင်းကို လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်​ပါတယ်​။ #voiceofmyanmar#မြစ်​ကြီးနား#မြစ်ဆုံရပ်ဆိုင်းရေးဆန္ဒပြသူ​​တွေကို​ငွေဒဏ်၁သောင်း အမိန့်ချ#

Read More

ဆီးရီးယားရှိ အိုင်အက်စ်တို့ နောက်ဆုံးစခန်းကို အမေရိကန်ထောက်ပံ့ထားတဲ့ တပ်ဖွဲ့တွေ ထိုးစစ်ဆင်

ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၁၀-၂၀၁၉ မျိုးဆက် (VOM) ဆီးရီးယားနိုင်ငံရှိ အမေရိကန်ထောက်ခံတဲ့ တိုက်ခိုက်ရေးသမားတွေက နိုင်ငံအတွင်းရှိ အိုင်အက်စ်တို့ရဲ့ နောက်ဆုံးခြေကုပ်ယူထားတဲ့စခန်းကို တိုက်ခိုက်နေပြီး အပြင်းအထန် တွန်းလှန်ခုခံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တိုက်ခိုက်ရေးမှာ အတွေ့အကြုံရှိတဲ့ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေက ၎င်းတို့ရဲ့ နောက်ဆုံးခြေကုပ်စခန်းကို အသေအလဲကာကွယ်နေကြတယ်လို့ ဆီရီးယားဒီမိုကရက်တစ် တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အိုင်အက်စ် အကြမ်းဖက်အုပ်စုဟာ လွန်ခဲ့တဲ့ နှစ်နှစ်က အီရတ်နဲ့ဆီးရီးယားရှိ နယ်မြေအများအပြားကို ထိန်းချုပ်ခဲ့တာဖြစ်ပြီး ၊ ၎င်းတို့ဟာ ယခုအခါ အီရတ်နယ်စပ်အနီး ဆီးရီးယားအရှေ့ပိုင်း ဒါအယ်ဇူယာပြည်နယ်အတွင်း စခန်းတစ်ခုကိုသာ ထိန်းချုပ်နိုင်တော့တာဖြစ်ပါတယ်။ အဆိုပါဒေသမှ အရပ်သား နှစ်သောင်းကျော်ကို ရှောင်ထွက်ပေးရေးအတွက် တစ်ပတ်ကျော်ကြာ အပစ်ရပ်ထားပြီးနောက် နယ်စပ်ရွာမှ အိုင်အက်စ်တို့ကို ဖယ်ရှားရေးအတွက် ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့က နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။ #voiceofmyanmar#ဆီးရီးယားရှိ#အိုင်အက်စ်တို့နောက်ဆုံးစခန်းကိုအမေရိကန်ထောက်ပံ့ထားတဲ့တပ်ဖွဲ့တွေထိုးစစ်ဆင်# Ref : BBC Photo: Getty Image

Read More

ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် လက်ကျင်းတူးသူ (၄)ဦးထက်မနည်း သေဆုံးနိုင်

ဖားကန့်၊ ဖေဖေါ်ဝါရီ ၁၀-၂၀၁၉ ဇော်မိုးထက်(ဖားကန့်)(VOM) ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့ကျေးရွာအနီးမှာရှိတဲ့ သက်တမ်းကုန်လုပ်ကွက် ကမ်းပါးနံရံဟာ ဒီကနေ့ နေ့လည်၁နာရီကျော်လောက်မှာ ရုတ်တရက်ပြိုကျခဲ့တာကြောင့် လက်ကျင်းကျောက်စိမ်းတူးသူ လေးဦးထက်မနည်း သေဆုံးနိုင်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ လက်ကျင်းတူးရေမဆေးသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ “ခြောက်ယောက်ခန့်သေဆုံးနိုင်တယ်လို့လဲ ပြောဆိုနေကြပါတယ်၊ သေဆုံးသူစာရင်းကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး၊ အခြားကုမ္မဏီတခုက TEREX အမျိုးအစား မြေစာသယ်ကားတစ်စီးပေါ်ကို လမ်းပေါ်မှာမောင်းနေရင်း ရုတ်တရက်ကမ်းပါးပြိုကျခဲ့လို့ မြေသယာဉ်ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မောင်းကတော့ အသက်မသေပဲ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်”လို့ ကုမ္မဏီတာဝန်ခံကပြောပါတယ် ။ ကမ်းပါးပြိုကျမှုကြောင့် အနည်းဆုံးလေးယောက်လောက်တော့ သေဆုံးနိုင်တယ်လို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင်ကလည်း ပြောပါတယ်။ #voiceofmyanmar#ဖားကန့်#ကျောက်စိမ်းလုပ်ကွက်ကမ်းပါးပြိုကျမှု(၄)ဦးထက်မနည်းသေဆုံးနိုင်#  

Read More

ဆက်စီပုံတွေရိုက်တာနဲ့ ပတ်သက်ပြီး ကိုယ့်ပစ္စည်းနဲ့ကိုယ်အဆဲမခံနိုင်ဘူးဆိုတဲ့ မေပန်းချီ

ရန်ကုန် ဖေဖော်ဝါရီ ၁၀-၂၀၁၉ သင်းသဒ္ဒါ(VOM) ခေတ်ရေစီးကြောင်းအရ လူမှုကွန်ရက်မှာ Sexy Photo တွေကို အနုပညာရှင်တွေ တင်နေကြတာနဲ့ပတ်သက်ပြီးတော့ ဝေဖန်မှုတွေလည်းရှိနေပြီး သရုပ်ဆောင်မေပန်းချီကတော့ ကိုယ့် ပစ္စည်း နဲ့ ကိုယ်အဆဲမခံနိုင်ဘူး လို့ဆိုပါတယ်။ “ကိုယ့်ရဲ့ ဖက်ရှင်က ခေတ်ရေစီးကြောင်းကိုလိုက်နိုင်တဲ့ မင်းသမီးထဲမှာမပါပါဘူး၊ photo တွေရိုက်ရင်တော့ လိုအပ်တဲ့ အလှထုတ်ရိုက်ကြတာတော့ ရှိပါတယ်၊ ကိုယ့်လှမယ့် ရှုထောင့်ကရိုက်ဖြစ်တယ်၊ ပန်းချီ က ခန္ဓာကိုယ်ကြီးတဲ့ အထဲပါတော့ ဘယ်လိုရိုက်ရိုက်ပေါ်နေတယ်လို့ ပြောလို့ရတယ်၊ ဓာတ်ပုံရိုက်ရင်တော့ post လှလှလေးတော့ ပေးရတာပေါ့၊ ဘယ်သူမှ လိုင်စင်ပုံရိုက်သလို နေကြတာမဟုတ်ဘူးလေ၊ ဒီပုံရိုက်တာကို ဝေဖန်သူတွေလည်း ရှိတယ်၊ ပန်းချီ ပုံလန်းလန်းတွေ ရိုက်ကူးပေမယ့် အလန်းဟော့တာတွေ မရိုက်ဖြစ်ဘူး၊ ဘာလို့လည်းဆိုတော့ ကိုယ့်ပစ္စည်းနဲ့ အဆဲမခံနိုင်ဘူး၊ sexy ပုံတွေကလည်း ပရိသတ်တွေလည်း အချိန်ကာလတစ်ခုပဲ အားပေးကြမှာပါ၊ နောက်ပိုင်း စစ်မှန်တဲ့ဟာပဲ…

Read More

ကရင်နီလူငယ်များ ပြည်သူ့ဟစ်တိုင်တွင် သပိတ်ဆက်လက်ဆင်နွဲမည်

လွိုင်ကော်၊ ဖေဖေါ်ဝါရီ ၁၀-၂၀၁၉ ထူးသာဦး(VOM) ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမယ့်ကိစ္စနဲ့ပတ်သက်ပြီး တောင်းဆိုချက်တွေရတဲ့အချိန်ထိ ပြည်သူ့ ဟစ်တိုင်မှာ ထိုင်သပိတ်ဆက်လက်ဆင်နွဲသွားမှာဖြစ်တယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။ သပိတ်ကိုဆက်လက်ဆင်နွဲဖို့  ကရင်နီလူငယ်တွေက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၈ရက်နေ့က လွတ်တော်ဝင်းထဲထိ သွားရောက်တောင်းဆိုခဲ့မှုကို လွတ်တော်ဥက္ကဌက လက်ခံတွေ့ဆုံခြင်းမရှိခဲ့သော်လည်း မနေ့က လွတ်တော်ဥက္ကဌ နဲ့ လူယ်တွေထက်မံတွေ့ဆုံခဲ့ချိန်မှာ တောင်းဆိုချက်ကို လက်ခံလိုက်ခြင်းဖြစ်ပါတယ်။ “ ဒေသန္တာရဥပဒေအရတော့ ဆန္ဒမပြရလမ်းကြောင်းတွေက ပြည်သူ့ ဟစ်တိုင်ကိုသွားတဲ့ လမ်းကြောင်းထဲပါနေတာပေါ့၊ ဆိုတော့ ကျနော်တို့ က ချီတက်ဆန္ဒပြတဲ့ပုံစံနဲ့ သွားမှာမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟစ်တိုင်မှာ လူစုပြီး သပိတ်ကိုဆက်လုပ်မှာပေါ့နော်” လို့ သပိတ်ဦးဆောင်သူ ကိုဒီးဒီ (ခ) စစ်မုန်း က ပြောပါတယ်။ ကယားပြည်နယ် ပြည်သူ့ ဟစ်တိုင်အတွက် ယခုချိန်ထိပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေမရှိသော်လည်း ပြည်နယ်အစိုးရကထုတ်ပြန်သည့် ဒေသန္တာရဥပဒေမှာတော့ ဆန္ဒမပြရလမ်းကြောင်းတွေဟာ ပြည်သူ့ ဟစ်တိုင်သွားရာလမ်းကြောင်း…

Read More

အိန္ဒိယနိုင်ငံမှာ မက်သနောပါတဲ့ ချက်အရက်သောက်သုံးမိတာကြောင့် လူ ၇၇ ဦးသေဆုံး

ဒေလီ၊ ဖေဖော်ဝါရီ ၁၀-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်း ကျေးရွာအချို့မှာ မက်သနောပါဝင်တဲ့ တရားမ၀င်ချက် အရက်တွေကို သောက်သုံးမိတာကြောင့် လူ ၇၇ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆေးရုံးတွေမှာ လူနှစ်ဆယ်ကျော်ကိုလည်း ဆေးဝါးကုသမှုတွေပေးနေရပြီး သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ၀င်ငွေနည်းပါးတဲ့ ကျေးလက်ဒေသရှိ အိန္ဒိယနိုင်ငံသားတွေဟာ တရားဝင်ထုတ်လုပ်ထားသော အရက်တွေကို ၀ယ်မသောက်နိုင်တာကြောင့် တရားမ၀င်ချက်အရက်တွေကို သောက်သုံးရင်း ဒီလိုအဆိပ်သင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဟိန္ဒူတိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။ ချက်အရက်တွေကြောင့် သေဆုံးမှုမှာ ဖေဖော်ဝါရီ ၇ ရက်က စတင်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်နှောင်းပိုင်းမှာ ဥတာပရာဒက်ရှ်ပြည်နယ် ဆာရာရန်ပါဒေသမှာ သေဆုံးသူ ၃၇ ဦး၊ ကူရှီနာဂါဒေသမှာ ၁၁ ဦးနဲ့ ဥတာခန်ဒေသမှာ ၃၁ ဦးအထိ တိုးမြင့်လာခဲ့ပါတယ်။ ယင်းဖြစ်စဉ်နဲ့ ပတ်သက်၍…

Read More

မြောက်ဦးမြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အချိန်အနည်းငယ်အကြာမှာ တိုက်ပွဲငယ်ထပ်မံဖြစ်ပွားခဲ့

မြောက်ဦး၊ ဖေဖော်ဝါရီ ၁၀-၂၀၁၉ ခိုင်လင်စံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းမှာ ဒီကနေ့မနက်ပိုင်း ၈ နာရီကျော်လောက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အချိန်အနည်းငယ်အကြာမှာ တိုက်ပွဲငယ်တစ်ခုထက်မံဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာဟာ မြောက်ဦးမြို့နယ် မြောက်ပိုင်း ထိပ်ဝပြင်ကျေးရွာအနီးမှာရှိတဲ့ “မကျည်းကုန်း” ကျောက်ထုတ်လုပ်ရေးစခန်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “ပေါက်ကွဲမှုဖြစ်တယ်ဆိုတာဟုတ်ပါတယ်၊ မနက် ၈ နာရီကျော်လောက်မှာဖြစ်ခဲ့တာပါ၊ ပေါက်ကွဲပြီးတော့မကြာခင်မှာပဲ လက်နက်ငယ်သံတွေလည်း ကြားလိုက်ရတယ်လို့ ပြောကြပါတယ်၊ တိုက်ပွဲဖြစ်ပွားတာကတော့ သိပ်အကြာကြီးတော့ မဟုတ်ဘူး၊ ၁၅မိနစ်လောက်ပဲဖြစ်ခဲ့တာပါ”လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ ရန်ကုန်-စစ်တွေကားလမ်းမ၊ မြောက်ဦး-ကျောက်တော်လမ်းပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်တဲ့အတွက် ဒီနေ့နံနက်ပိုင်းက သွားလာနေတဲ့ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကားတွေဟာ ရပ်နားနေကြရတယ်လို့ ကားသမားတစ်ဦးကပြောပါတယ်။ “ဟုတ်ပါတယ်ခင်ဗျား၊ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကျွန်တော်တို့ မြောက်ဦးမြို့နယ် လင်းမြွေတောင်နားမှာ ရပ်နေခဲ့ရပါတယ်၊ အခုတော့ တိုက်ပွဲပြီးသွားပါပြီ၊ တချို့ကားတွေလည်း စိုးရိမ်တဲ့အတွက် လှည့်ပြန်တာတွေလည်း ရှိတယ် ”လို့ မြောက်ဦး-စစ်တွေ…

Read More

ကြံခင်းပခုက္ကူရထားလမ်းကြောင့် သိမ်းခံရတဲ့ မ​ကွေးတိုင်း ​ ကံမမြို့​နယ်က မြေတွေ ​လျော်​​ကြေး​ရသောလည်း ဒေသခံတွေ အပြည့်အဝကျေနပ်မှုမရှိ

ကံမ ဖေ​ဖေါ်ဝါရီ ၉-၂၀၁၉ ဂျန်ကိုးလ် (VOM) ၂၀၀၆ ခုနှစ်က ကြံခင်း ပခုက္ကူမီးရထားလမ်း​ဖောက်​လုပ်​ရာမှာ  အဓမ္မသိမ်းဆည်းခံခဲ့​ရတဲ့ မြေယာတွေအတွက်​​လျော်​​ကြေး​ငွေ​ပေးအပ်​ပွဲကို ကံမမြို့မြို့နယ်​ခန်းမမှာ ဖေ​ဖေါ်ဝါရီလ၉ရက်​ မနက်​၁၀နာရီက​ ပေးအပ်​ခဲ့​ပါတယ်။ အဲဒီ ရထားလမ်း​ဖောက်​လုပ်​စဉ်​က ကံမမြို့နယ်​အတွင်း၂၇မိုင်​ဖြတ်​သန်း​သွားတာဖြစ်ပြီး သိမ်းခံရတဲ့မြေ လယ်တဧကသိန်း၂၀နှုန်း ယာတဧက၁၅သိန်းနဲ့ အိမ်ခြံမြေ သိန်း၈၀နှုန်းနဲ့ ပေးလျော်တာလို့သိရပါတယ် အရင် အသိမ်းခံရတုန်းက လယ်​​မြေ ယာ​မြေကိုင်း​မြေတွေနဲ့ အခြားနည်း အသုံးပြုခံရတဲ့​မြေယာ စုစု​ပေါင်း​ဧက ၈၁၀ ဟာ ဒေသခံတွေသဘောမတူပဲ သိမ်းဆည်းခံခဲ့ရပြီး စိုက်​ပျိုးထားတဲ့သီးနှံ​တွေပါ ဆုံးရှုံးခဲ့တဲ့အကြောင်း ကံမမြို့မဲဆန္ဒနယ်​အမှတ်​၂တိုင်း​ဒေသကြီးလွတ်​​တော်​ကိုယ်​စားလှယ် ​ဦးမြင့်​​အောင်​က “ကျ​နော်​က​တော့​ကျေးဇူးတင်​စကားမ​ပြော​တော့ပါဘူး ကျ​နော့​သိမ်းဆည်းခံ​တောင်​သူ​တွေ​မြေယာ​လျော်​​ကြေးရဘို့ကြံ့ကြာ​နေရတာကို​တောင်းပန်​ချင်​ပါတယ်​။  ကျ​နော်​တို့လုပ်​မ​ပေးနိုင်​ခင်​၂၀၁၂ ကကိုယ့်​မြို့နယ်​ကလုပ်​မ​ပေးလို့ အဲဒီတုန်းက တခြာမြို့ကလွှတ်​​တော်​ကိုယ်​စားလှယ်​​ ဒေါက်​တာ​အောင်​မိုးညိုကို​လွှတ်​​တော်​မှာ​ကြယ်​ပွင့်​မပြ​မေး​ပေးဖို့ အကူညီ​တောင်းရတယ်​။ အဲဒီမှာ လမ်းစရခဲ့ပါတယ်​။   စိုက်​ပျိုး​ရေးကို အဓိကထားတဲ့ နိုင်​ငံမှာ​ စိုက်​ပျိုး​မြေကို သိမ်းစဉ်​အခါက ​ပေါင်းစပ်​ညှိနှိုင်း အသိ​ပေး အ​ကြောင်းကြားခြင်းမရှိဘဲ သိမ်းခဲ့တဲ့​မြေ​တွေ ဒီက​နေ့​လျော်​​ကြေးပြန်​​ပေးလို့ဝမ်းသာပါတယ်​​။ နှောင့်​​နှေး​နေရတဲ့အတွက်…

Read More

ဝါးတောင်စခန်းမှ စစ်ဘေးရှောင်ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

ဖေဖော်ဝါရီ ၉-၂၀၁၉ ခိုင်လင်းစံ(VOM) ကျောက်တော်မြို့နယ်အတွင်းက စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေထဲက ၀ါးတောင်ကယ်ဆယ်ရေးစခန်းမှာ ကလေးငယ် ၇၀ကျော်ဟာ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေပါတယ်။ အဲဒီရောဂါဖြစ်ပွားမှုမှာ ပြီးခဲ့တဲ့နှစ်ပတ်လောက်အတွင်းကနေ အပြင်းအထန်ဖြစ်ပွားလာနေကြတာဖြစ်ပြီး တချို့တို့မှာ ဆေးရုံတက်ကုသရတဲ့အခြေအနေထိ ဖြစ်ပွားနေတယ်လို့ ထောက်ပံ့ကူညီပေးရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ “ကလေးတွေက သူတို့လာကတည်းကနေ ဒီဝမ်းလျှောဝမ်းပျက်ဖြစ်နေသူတွေပါလာတယ်။ ဒါပေမယ့် သိပ်များများစားစားတော့မဟုတ်ဘူး။ ဆေးတွေဘာတွေတိုက်လိုက်ရင်ကောင်းသွားတယ်။ အခု လွန်ခဲ့တဲ့နှစ်ပတ်လောက်ကနေစပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်လာနေတယ်။ လောလောဆယ်မှာတော့ ရောဂါဖြစ်နေတာ ၇၀ လောက်ထိရှိနေတယ်လို့ သိရပါတယ်။”လို့ ရခိုင်တိုင်းရင်းသားလူမျိုးများအစည်းအရုံး REC က ကိုဇော်ဇော်ထွန်းက ပြောပါတယ်။ အဲဒီရောဂါဟာ သာမန်ဖြစ်ပွားနေခြင်းမျိုးမဟုတ်ဘဲ ကူးစက်ရောဂါတစ်ခုအဖြစ်ပြောင်းလဲလာနေတာကြောင့် စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ ပြောပါတယ်။ “စခန်းတွေကို ICRC တို့က ကျန်းမာရေးအတွက် အကူအညီတွေပေးနေပေမယ့် ကျန်းမာရေးအသိနည်းတာတွေကြောင့် အခုလိုဖြစ်တာပါ။ ရောဂါဖြစ်ရတဲ့အချက်ကတော့ သုံးချက်ရှိတယ်လို့မြင်ပါတယ်။ သောက်သုံးရေမသန့်တာပါတယ်။ အိမ်သာတွေကို စနစ်တကျမသုံးတတ်တာပါတယ်။ ကျန်းမာရေးပညာပေးမှုတွေကို လိုက်နာမှုနည်းပါးတာပါတယ်။ အရင်ကဒီလိုနေခဲ့ကြပေမယ့် အခုက လူအများနဲ့နေတာဆိုတော့ ရောဂါတွေကူးစက်နိုင်တာပေါ့။…

Read More