မေ ၊ ၂၆ ၊ ၂၀၂၄ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ မြို့စိုးကျေးရွာအုပ်စု ၊ ချမ်းသာကြီးကျေးရွာ မှာရှိတဲ့ စာသင်ကျောင်းနားမှာ မနေ့ မေ ၂၅ ရက် မနက် ၆ နာရီဝန်းကျင်က နစက တပ်နဲ့ ဒေသတွင်း လက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့မနက်ပိုင်းက မိုးလင်းတာနဲ့ ရွာနားကို နစက တပ်တွေရောက်လာတယ် ၊ ဘယ်အချိန်က စပြီးရောက်တယ်ဆိုတာ ဘယ်သူမှ မသိလိုက်ဘူး ၊ အဲ့ဒီနောက် စာသင်ကျောင်းနားမှာ တိုက်ပွဲဖြစ်တယ် ၊ ရွာခံ သုံးယောက်အပါအဝင် တခြားဧည့်သည် သုံးယောက်နဲ့ စုစုပေါင်း လူခြောက်ယောက် သေဆုံးတယ်…
Read Moreမုန်တိုင်းကြောင့် ရခိုင်မှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်
မေ ၂၆ – ၂၀၂၄ SN (VOM) မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လာမယ့် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL) ရဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မအီ၊ အမ်း စတဲ့ ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် စုစုစံက ခန့်မှန်းထားပါတယ်။ စစ်တွေအနောက်ဘက် ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် ၁၈ ပေမှ ၂၁ ပေ အထိ ရှိနိုင်ပြီး လေတိုက်နှုန်း တနာရီကို ၃၆ မိုင်မှ ၄၈ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၆ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၂၀၀ ကျပ်ဝယ်ဈေး – ၄၁၅၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၀၅၀ ကျပ်ဝယ်ဈေး – ၃၀၀၀ ကျပ်-ယူရိုရောင်းဈေး – ၄၅၇၁ ကျပ်ဝယ်ဈေး – ၄၄၆၉ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၄.၂၉ ကျပ်ဝယ်ဈေး – ၁၁၁.၇၃ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၇၉ ကျပ်ဝယ်ဈေး – ၈၆၉ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၇၅ ကျပ်ဝယ်ဈေး – ၅၆၅ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၆၄ ကျပ်ဝယ်ဈေး – ၂၆.၀၄ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၅၀.၃၅ ကျပ်ဝယ်ဈေး – ၄၉.၂၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၃.၀၆ ကျပ်ဝယ်ဈေး – ၃.၀၀ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၄၄၂ ကျပ်ဝယ်ဈေး…
Read Moreယနေ့ ရွှေဈေး (မေ – ၂၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၂၃၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၅၀၃၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreThis Day in History
Voice of Myanmarအပိုလို-၁၀ အာကာသလွန်းပျံယာဉ်သည် လကမ္ဘာပေါ် လူသားများပထမဆုံး ခြေချနိုင်ရေးမစ်ရှင်အတွင်း အာကာသဝတ်စုံဆိုင်ရာ စမ်းသပ်မှုများ လုပ်ဆောင်ပြီးနောက် ၁၉၆၉ ခုနှစ် မေ၂၆ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့သည်။
Read More၃နှစ်အတွင်း ပရဟိတသမားပေါင်း တရာကျော် ဖမ်းဆီးခံရတာမို့ ပရဟိတသမားတွေစိုးရိမ်နေရ
မေ ၊ ၂၆ ၊ ၂၀၂၄SP ( VOM)မြန်မာပြည် အလယ်ပိုင်းမှာရှိတဲ့ လူမှုကူညီရေးနဲ့ နာရေး အသင်းဝင် ပရဟိတသမားတွေဟာ နစက နဲ့ PDF အဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေရှိတာကြောင့် ပရဟိတလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာတယ်လို့ နာရေးကူညီမှုအဖွဲ့တွေဆီက သိရပါတယ်။ပရဟိတသမားတယောက်က ” နစက နဲ့ PDF အဖွဲ့တွေကြားမှာ အသင်းလုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ အခက်အခဲတွေရှိတယ် ၊ နှစ်ဘက်စလုံးက ဖမ်းဆီးမှုတွေရှိတယ် ၊ အဲ့ဒီလို ဖမ်းဆီးခံရမှု ဖြစ်စဥ်ပေါင်း တရာကျော်သွားပြီ ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ မေ ၂၄ ရက်က ၊ စစ်ကိုင်း တိုင်း ၊ ရွှေဘိုမြို့နယ်နဲ့ တန့်ဆည်မြို့နယ်ကြားမှာ လူသေအလောင်း လိုက်ပါပို့ဆောင်ပေးတဲ့ ရွှေဘိုမြို့ပေါ်က ဓာတ်ပေါင်းစု လူမှုကူညီရေး ကားတစီး လမ်းမှာ ဒေသတွင်း…
Read Moreအွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်သူတွေ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံသားတွေကို ဦးတည်လိမ်လည်လာ
မေ ၂၆၊ ၂၀၂၄ Shy V (VOM) အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်သူတွေ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံသားတွေကို ဦးတည်လိမ်လည်လာလို့ အွန်လိုင်းကနေ မကြာခဏ လိမ်လည်ခံလာရကြောင်း လိမ်လည်ခံရသူတွေဆီက သိရပါတယ်။ ဆိုင်ကယ်ေတွ၊ ဖုန်းဒေတာ Package တွေ၊ အထည်တွေ၊ ဆီပန့်စက် (Second) တွေ စသဖြင့် မရှိတဲ့ လိပ်စာတွေနဲ့ အွန်လိုင်းကနေရောင်းဝယ်ကာ ငွေလိမ်လည်နေတဲ့ အပြင် အွန်လိုင်းကနေ အလုပ်တွေခေါ်ပြီး လိမ်လည်နေတာတွေလည်း ရှိကြောင်း လိမ်လည်ခံရတဲ့ သူတွေက ပြောပြပါတယ်။ “ကျွဲဆည်ကန် ကားဝင်းမှာလည်း ဒီကားဂိတ် လုံးဝ မရှိဘူးတဲ့။ မနေ့က ကျွဲဆည်ကန်ကားကွင်း ရောက်ပြီးပြီ။ မရှိဘူး။ အခုထိလည်း ဘယ်ဖုန်း ဘယ်ဖုန်းကမှ ဆက်လို့ မရဘူး။ သူ့ဖုန်းရော ဘောက်ချာမှာပါတဲ့ ဖုန်းတွေရော ဆက်လို့မရဘူး ဖေ့စ်ဘုတ် အကောင့်နဲ့ ပုံတွေတင်ထားပြီး…
Read Moreမန္တလေး တံတားဦး စုပေါင်းစစ်ဆေးရေး ဂိတ်မှာ လက်နက်တွေသယ်လာတဲ့ ကားနှစ်စီး ဖမ်းခံရ
မေ ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့ ၊ စုပေါင်းစစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ မေ ၂၃ ရက်က လက်နက်တွေ သယ်ယူလာတဲ့ ကားနှစ်စီးကို ဖမ်းဆီးရမိတယ်လို့ အဲ့ဒီ ဂိတ်နဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။ ” ပထမ ဖြစ်စဥ်က အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက် ပေါင်း နှစ်ယောက် မောင်းလာတဲ့ Honda Insight ကားတစီးကို ဂိတ်အဖွဲ့က တားဆီးစစ်ဆေးတယ် ၊ အဲ့ဒီလို စစ်ဆေးတဲ့အခါ ကားဘန်ကာ နောက်ပိုင်းက သိုဝှက်ယူလာတဲ့ M-22 သေနတ် ၈ လက် ၊ Beretta ပစ္စတိုသေနတ် ၁ လက် ၊ ကျည်အိမ် ၂၅ ခု…
Read Moreပြန်လည် မြင့်တက်လာပြန်တဲ့ ပြည်တွင်းရွှေဈေး
ယနေ့ ရွှေဈေး (မေ – ၂၅ ရက်၊ ညနေ ၄ နာရီ)Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၃၄ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၂၄၀၀၀၀ ကျပ်ဝယ်ဈေး ၅၂၀၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၅၀၄၀၀၀၀ ကျပ်ဝယ်ဈေး ၅၀၀၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမိုင်းခွဲခံရတဲ့ မစောတံတားကနေ ကားသေးပေးဖြတ်နေပေမယ့် ကားတွေရာချီ ပိတ်မိနေဆဲ
မေ ၂၅ – ၂၀၂၄ GG (VOM ) မိုင်းခွဲခံရတဲ့ ရန်ကုန် – မော်လမြိုင်လမ်း၊ဘီးလင်း – ကျိုက္ကော်ကြား၊တောင်ကလေးရွာအနီးက မစောတံတားကနေ ကားအသေးတွေကို ဖြတ်သန်းခွင့်ပြုနေသလို တံတားဘေးမှာပါယာယီမြေသားလမ်းဖောက်လုပ်နေတယ်လို့သိရပါတယ်။ မစောတံတားမိုင်းခွဲခံရပြီးနောက် မပျက်စီးဘဲကျန်ခဲ့တဲ့ တံတားတခြမ်းကို ပြုပြင်မှုလုပ်ကာ ကားလေးတွေကိုသာ တလှည့်စီအချိန်သတ်မှတ်ကာ ဖြတ်သန်းခွင့်ပေးနေတာဖြစ်ပြီး ကားကြီးတွေ ၊ကုန်ကားတွေ သွားလာခွင့်မရသေးကြောင်း၊ ယာယီမြေသားလမ်းပြီးမှသာတံတားကနေ ကားကြီးတွေပါဖြတ်သန်းသွားလာခွင့်ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ” ဟုတ်တယ် ကားလေးတွေတော့ တံတားပေါ်ကနေဖြတ်ခွင့်ပြုနေတယ်၊တလှည့်စီပေးဖြတ်နေတာ၊ ဘေးမှာလည်းမြေသားလမ်းတော့ဖောက်နေတယ်၊ခုနေ့တော့သွားလို့မရသေးဘူး။မနက်ဖန်လောက်ဆိုရင်တော့ သွားလို့ရဖို့များတယ်သိရတယ်၊ခုကတော့ တံတားကပေးဖြတ်ပေမယ့်လည်းကားတွေကတော့ပိတ်နေကြတုန်းပဲ “လို့ ဘီးလင်းဒေသခံကပြောပါတယ်။ မစောတံတားတခြမ်းကနေ ကားသေးတွေဖြတ်သန်းခွင့်ပြုပေးနေပေမယ့်လည်း တံတားနှစ်ဖက်ခြမ်းလုံးမှာ ကားသေးအပါ ကုန်ကား၊ခရီးသည်တင်ကား တွေပိတ်နေသလို ကျေးရွာဘက်လမ်းတွေမှာပါကားတွေပိတ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ တံတားက ကားကြီးတွေဖြတ်မရသလို ကျေးရွာချင်းဆက်လမ်းကလည်း ကျဥ်းမြောင်းပြီး မြေသားလမ်းဖြစ်တဲ့အတွက် ကားကြီးတွေအတွက် အဆင်မပြေတာကြောင့်္ ရန်ကုန်- မော်လမြိုင်လမ်းပေါ်မှာကုန်ကားသမားတွေညအိပ်ရတဲ့အထိ ကားတွေပိတ်မိနေသလို ကျေးရွာလမ်းမှာပါ ကားတွေရာနဲ့ချီပိတ်မိနေကြတာဖြစ်ပါတယ်။ ”…
Read More