ါဇာစစ်ပွဲအတွင်း သတင်းမီဒီယာသမား ၄၂ ယောက်သေဆုံး ၊ ၁၃ ယောက်အဖမ်းခံထားရ

  နယူးယောက်၊ နိုဝင်ဘာ-၁၆-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ ဂါဇာစစ်ပွဲအတွင်းသတင်းသမားနဲ့ မီဒီယာလုပ်သား ၄၂ ယောက်ထက်မနည်းသေဆုံးခဲ့ကြောင်းနယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ အစ္စရေး-ဟားမတ်စ်ပဋိပက္ခစတင်ခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အတွင်းသေဆုံးသူတွေဖြစ်ကြကြောင်း သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်တီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူ ၄၂ ဦးမှာ ၃၇ ဦးက ပါလက်စတိုင်းတွေ ဖြစ်ကြပြီးအစ္စရေးလေးဦးနဲ့ လက်ဘနွန်နိုင်ငံသားတယောက်တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ပွဲအတွင်း သတင်းသမားကိုးယောက် ဒဏ်ရာရရှိခဲ့ပြီး သုံးယောက်ပျောက်ဆုံးနေကာ ၁၃ ယောက်ဖမ်းဆီးခံထားရကြောင်းသိရပါတယ်။ အခြားသတင်းထောက်တွေအသတ်ခံရခြင်းသို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံရမှုတွေ ကိုလည်းကော်မတီအနေနဲ့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၇ ရက်မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာတာ့ လူတသောင်းကျော်ထိသေဆုံးခဲ့ပြီဖြစ်ပါတယ်။ Ref:BBC Photo:Reuters/Getty Images

Read More

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ပြည်မြို့ နဝဒေးတံတား ပတ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ ထုတ်

  ပြည်၊နိုဝင်ဘာ ၁၆ -၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ပြည်မြို့က နဝဒေးတံတားနဲ့ ပတ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ ထုတ်ကာ တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ည ၈ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်အတွင်း ဧရာဝတီမြစ် နဝဒေးတံတားနဲ့ တောင်ဘက်နဲ့မြောက်ဘက် ရဲ့ ကိုက် ၅၀၀ စီအကွာအဝေးအတွင်း စက်လှေများ၊ လက်လှော်လှေများဖြတ်သန်းသွားလာခြင်း၊ငါးဖမ်းခြင်း၊ တံတားအောက်ခြေတိုင်အနီးရပ်တန့်နားနေခြင်း၊ကျောက်ချရပ်နားခြင်းတွေ ပြုလုပ်ခွင့်မရှိသလို နဝဒေးတံတား ပေါ်ဖြတ်သန်းသွားလာခြင်းကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။ ” ၁၄၄ ထုတ်လိုက်ကြောင်း လိုက်အော်တာရှိတယ်။ သူတို့သတ်မှတ်ထားတဲ့အချိန်အတွင်းအဲ့ဘက်ကို မသွားဖို့ပေါ့ ၊အခုရခိုင်တိုက်ပွဲစပြီးမှ ခုလိုအမိန့်ထုတ်လိုက်တာပါ ၊ နဝဒေးတံတားက ရခိုင်ကိုသွားတဲ့ ဆက်သွယ်ရေးတံတားဆိုတော့ ဖောက်ခွဲမှာစိုးလို့ ခုလိုလုပ်တဲ့သဘောပေါ့ ” လို့ ပြည်မြို့ဒေသခံတယောက်ကပြောပါတယ်။ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကတော့ ခုလို…

Read More

တိုက်ပွဲတွေကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်း ပိတ်ထား

  နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်နဲ့ စစ်ကိုင်းတိုင်း ၊ ကသာခရိုင် နယ်စပ်က ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က နန့်စီးအောင် အဖွဲ့စုံ ပူပေါင်းစစ်ဆေးဂိတ်စခန်းကို ဒီကနေ့ မနက်ပိုင်းကစလို့ ကချင်ပြည်နယ်ထဲက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်အဖွဲ့တွေက နယ်နှစ်ဘက် ညှပ်ပြီးတိုက်ခိုက်နေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဒီမနက် ၇ နာရီဝန်းကျင်က စပြီးတိုက်နေတာဖြစ်တယ်လို့ သိရတယ် ၊ လေကြောင်းတိုက်ခိုက်တာတွေလည်းဖြစ်တယ် ၊ တိုက်ပွဲက အရှိန်ပြင်းတယ် ၊ နှစ်ဘက်စလုံး ထိခိုက်ကျဆုံးမှုတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အဲ့ဒီ တိုက်ပွဲကြောင့် ကချင်ပြည်နယ်ဘက် တက်မယ့် ကားတွေက အင်းတော်နဲ့ နဘားကြားမှာ ခိုလှုံနေကြတယ်…

Read More

နိုဝင်ဘာ ၁၂ ရက်နေ့က ပျက်စီးသွားခဲ့တဲ့ ကျောက်မဲနဲ့ သီပေါကြားရှိ ကျင်သီတံတားကျိုးကို ဆေးကုလူနာများ၊ မွေးလူနာများ ခက်ခက်ခဲခဲ ဖြတ်သန်းပြီး ဆေးကုသမှုခံယူရန် သွားလာနေရသည့်မြင်ကွင်း။

နိုဝင်ဘာ ၁၂ ရက်နေ့က ပျက်စီးသွားခဲ့တဲ့ ကျောက်မဲနဲ့ သီပေါကြားရှိ ကျင်သီတံတားကျိုးကို ဆေးကုလူနာများ၊ မွေးလူနာများ ခက်ခက်ခဲခဲ ဖြတ်သန်းပြီး ဆေးကုသမှုခံယူရန် သွားလာနေရသည့်မြင်ကွင်း။ Photos ဒေသခံ

Read More

ပန်ဆိုင်း (ကြူကုတ်)မြို့ အနီး စစ်တပ်နဲ့ MNDAA တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

  နိုဝင်ဘာ ၁၆၊ ၁၀၂၃ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ ပန်ဆိုင်း (ကြူကုတ်)မြို့ အနီး စစ်တပ်နဲ့ MNDAA ဆက်လက် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒီမနက် ပန်ဆိုင်းဘက် တော်တော် ပြင်းထန်နေတယ်။ အသံက နည်းနည်း နှောနှော မဟုတ်ဘူး။ ဝမ်တိန်ကနေ တောင်ကြားရတယ်။ ဝုန်းကနဲ ဆို လေယာဉ်ဗုံး လို့တောင် ထင်တယ်။ ကျွန်မ ကလေး ကျောင်းသွားပို့ တုန်းက မိုးတောင် သိပ်မလင်းသေးဘူး အသံတွေကြားနေရတယ်။” လို့ တရုတ်ဘက်က နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။ “ဟို တရုတ်ဘက်ခြမ်းထဲ လက်နက်ကြီး ကျတယ်။ တရုတ်ဘက် ဝမ်တိန်။ ပန်ဆိုင်း နဲ့ နယ်စပ်မှာ။ မီးခိုး အခုထိ…

Read More

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မကြားသေးမီရက်ပိုင်းအတွင်း ထိခိုက်သေးဆုံးတဲ့ ကလေးသူငယ် ၂၀ ကျော်ထိ ရှိလာ

  နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃ SP ( VOM) ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်တပ်နဲ့ ဒေသတွင်း လက်နက် ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်အသုံးပြုတာကြောင့် အရပ်သား ကလေးသူငယ်တွေ ထိမှန်သေဆုံးရတယ်လို့ တိုက်ပွဲရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ နိုဝင်ဘာ ၁၅ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် ၊ ဇီးဖြူရွာမှာ မိသားစုလေးယောက်နေထိုင်တဲ့ အိမ်တလုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ တစ်နှစ်အရွယ် ကလေးတယောက်နဲ့ ၁၂ နှစ်အရွယ် ကလေးတယောက် ထိမှန်သေဆုံးတယ် ၊ အဲ့ဒီအပြင် စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁၆ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၉၀ ကျပ် ဝယ်ဈေး – ၃၄၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၁၀ ကျပ် ဝယ်ဈေး – ၂၄၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၆၉၈ ကျပ် ဝယ်ဈေး – ၃၆၁၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၆.၁၅ ကျပ် ဝယ်ဈေး – ၉၃.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၀ ကျပ် ဝယ်ဈေး – ၇၂၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၆ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၅၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယမြောက်ပိုင်းမှာ ဘတ်စ်ကားတစီး ချောက်ထဲထိုးကျလို့ လူ ၃၆ ယောက်သေဆုံး

    ဒေလီ၊ နိဝင်ဘာ-၁၆ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျမှုကြောင့် လူ ၃၆ ယောက်သေဆုံးပြီး ၁၉ ယောက်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ဘတ်စ်ကားဟာ ဒိုဒါခရိုင်ရှိ ပေ ၃၀၀ အနက်ရှိတဲ့ ချောက်ထဲကို တိမ်းမှောက်သွားချိန်မှာ ကားပေါ်မှာ ခရီးသည် ၅၀ ကျော်ပါဝင်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါဘူး။ မတော်တမဆမှုကြောင့် လူသေဆုံးမှုတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ဝန်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုထားပြီး သေဆုံးသူမိသားစုတွေအတွက် ထောက်ပံ့မှုတွေပေးမယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်တွေနဲ့ ဆေးရုံပို့ထားပြီး သူတို့ထဲက ခြောက်ဦးဟာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ အထူးသဖြင့် မြို့ငယ်တွေမှာ ဘတ်စ်ကားဟာ လူသုံးအများဆုံး သယ်ယူပို့ဆောင်ရေး ဖြစ်ပါတယ်။ ဒါပေမာ့် လမ်းအန္တရာယ်ကင်းရှင်းရေးကတော့ နာမည်ဆိုးနဲ့ ကျော်ကြားပြီး စည်းကမ်းမလိုက်နာတဲ့ မောင်းနှင်မှု၊…

Read More

This Day in History

Voice of Myanamr ဘနာဇီယာဘူတိုသည် ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရပြီး ခေတ်သစ်သမိုင်းတွင် မွတ်ဆလင်နိုင်ငံကို ဦးဆောင်သည့် ပထမဆုံးသော အမျိုးသမီးဖြစ်ကာ ၁၉၉၈-၁၉၉၀ နှင့် ၁၉၉၃-၁၉၉၆ တို့တွင် ဝန်ကြီးချုပ်တာဝန် နှစ်ကြိမ်ထမ်းဆောင်ခဲ့သည်။ မ်ထမ်းဆောင်ခဲ့သည်။

Read More