ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို တာဝန်ကရပ်စဲပြီး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ယာယီဥက္ကဋ္ဌအဖြစ်ခန့်ထား

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို တာဝန်ကရပ်စဲပြီး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ယာယီဥက္ကဋ္ဌအဖြစ်ခန့်ထား

Read More

စက်သုံဆီစျေး ပုံမှန်အတိုင်းရောင်းချနေပြီး ဆီရှိလျက်နဲ့ မရောင်းတဲ့ဆိုင်တွေကို အရေးယူမှု စတင်

စက်သုံဆီစျေး ပုံမှန်အတိုင်းရောင်းချနေပြီး ဆီရှိလျက်နဲ့ မရောင်းတဲ့ဆိုင်တွေကို အရေးယူမှု စတင်

Read More

ပေါက်မြို့နယ် ဇီးပြားကျေးရွာမှာ ပြည်သူ့စစ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲမှာ လူ၂၀ ကျော်သေဆုံး

  နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်ရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ ဇီးပြားကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်ကစလို့ ၁၅ ရက်အထိ ငါးရက်ကြာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ရွာနီးချင်းတွေ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။ ” ဇီးပြားရွာမှာက ပြည်သူ့စစ် အထိုင်ချနေတဲ့ ရှေ့တန်း စစ်ခန်းတွေရှိတယ် ၊ အဲ့ဒီ စစ်စခန်းတွေကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ပြီးခဲ့တဲ့ ၁၀ ရက်နေ့ ကစလို့ အင်အားအများအပြားနဲ့ လာတိုက်နေတာဖြစ်တယ် ၊ မနေ့ နိုဝင်ဘာ ၁၅ ရက်အထိ တိုက်ပွဲက ဆက်ဖြစ်နေဆဲ ဖြစ်တယ် ၊ နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ပစ်ကြတယ် ၊…

Read More

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ကျင်းပ၊ မြန်မာ့အရေး အာဆီယံနိုင်ငံတွေ ကူညီကြဖို့ တိုက်တွန်း

  ဂျကာတာ၊ နိုဝင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) အာဆီယံကာကွယ်ရေးဝန်ကြီးများရဲ့ အစည်းအဝေးကို ဒီနေ့နိုဝင်ဘာ ၁၅ ရက်က အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ ပြုလုပ်ခဲ့ပြီး ဒီအစည်းအဝေးမှာတော့ မြန်မာ့အရေးအပြင် အစ္စရေးနဲ့ ဟားမတ်စ် ဂါဇာမှာဖြစ်ပွဲနေတဲ့ စစ်ပွဲတွေက အစည်းအဝေးကို လွှမ်းမိုးခဲ့ပါတယ်။ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအဖြစ် အင်ဒိုနီးရှားက လက်ရှိမှာတာဝန်ယူထားပြီး အစည်းအဝေးမှာ ဂါဇာအရေးနဲ့ မြန်မာ့အရေးတို့ကို အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဟိုဆူဘီယန်တိုက အလေးပေး ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းရေးအခြေအနေတွေကလည်း အစည်းအဝေးမှာ လွှမ်းမိုးခဲ့ပြီး အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုကာ မြန်မာ့ဘက်က ကာကွယ်ရေးဝန်ကြီးကတော့ ဒီအစည်းအဝေးကို တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ပြိုင်ဘက်အင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်မြောက်ရေးတို့ပါဝင်ပြီး ဒီအစီအစဉ်ကို အပြည့်အ၀ အကောင်အထည်ဖော်ရေးအတွက် အာဆီယံနိုင်ငံတွေအနေနဲ့ ပံ့ပိုးကူညီကြဖို့လိုအပ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက အစည်းအဝေးမှာ တိုက်တွန်းထားပါတယ်။ ဂါဇာအရေးမှာ…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၅ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ဗီယက်နမ်မှာ ရေဘေးကြောင့် လူ ၂၀၀၀ ကျော်ပျောက်ဆုံး၊ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းမြို့ တမြို့လုံးရေလွှမ်း

  ဟနွိုင်း၊ နိုဝင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားတဲ့ ကမ္ဘာ့အမွေအနှစ်မြို့ဖြစ်တဲ့ လျူမြို့ဟာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေကြောင်း တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မှာရှိတဲ့ နေအိမ်ထောင်ပေါင်းများစွာ ရေလွှမ်းမိုးခဲ့ပြီး ရေကြီးရေလျှံမှုတွေကြောင့် အဝေးပြေးကားလမ်းမကြီးတွေကိုလည်း ပိတ်ထားရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ အင်္ဂါနေ့ညကတည်းက ရေတွေအရမ်းတက်လာပြီး မြို့ရဲ့နေရာတိုင်းမှာ ရေကြီးနေပြီး လျှပ်စစ်ဓါတ်အားလည်း ပြတ်တောက်နေတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ တနင်္လာနေ့ကစပြီး ကမ်းရိုးတန်းတလျှောက်က ပြည်နယ်အများအပြားမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ ခေါင်ထရီပြည်နယ်မှာတော့ လူ ၂၀၀၀ ကျော်ပျောက်ဆုံးနေပြီး ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက နိုဝင်ဘာ ၁၅ ရက်မှာ အမိန့်ထုတ်ထားပါတယ်။ ရေကြီးရေလျှံမှုကြောင့် ဗီယက်နမ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးရဲ့ တစိတ်တစ်ပိုင်းလည်း ပိတ်ထားရပါတယ်။ ဗီယက်နမ်နိုင်ငံမ ဇွန်လမှ နိုဝင်ဘာလအတွင်း မိုးရာသီကာလမှာ ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။…

Read More

အေပက် ထိပ်သီးအစည်းအဝေးတက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင် အမေရိကန်ရောက်ရှိ

  ဝါရှင်တန်၊ နိုဝင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) တရုတ်သမ္မတရှီကျင်းပင်ဟာ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်(အေပက်) အစည်းအဝေးတက်ရောက်ဖို့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ အေပက်ထိပ်သီးအစည်းအဝေးတက်ရောက်မယ့် အပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့လည်း သီးခြား ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ဒီကနေ့မှာတော့ သမ္မတဂျိုးဘိုင်ဒင်လည်း ဆန်ဖရန်စစ္စကို ကိုရောက်ရှိနေပါတယ်။ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့အတွက် ဒါဟာ တနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာနေစဉ် အခုလိုတွေ့ဆုံဖို့ဖြစ်လာတာပါ။ တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ဖြတ်ပျံမှု၊ အဆင့်မြင့် ကွန်ပြူတာချပ်စ်တွေ တရုတ်ကိုရောင်းချတာ ပိတ်ပင်မှုနဲ့ ထိုင်ဝမ်အရေးလို ကိစ္စတွေမှာလည်း နှစ်နိုင်ငံအကြား တင်းမာမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ဟာ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၅ ရက်မှာ ဆန်ဖရန်စစ္စကိုမှာပဲတွေ့ဆုံဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က အတည်ပြုထားပါတယ်။ “ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကို ကျဉ်ဖယ်ဖို့ မကြိုးစားဘဲ…

Read More

ရခိုင်မြောက်ပိုင်းမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ ခုနှစ်ယောက်သေပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရ

  နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ ဆင်ကြီးပြင်ရွာမှာ မနေ့ နိုဝင်ဘာ ၁၄ ရက်က ရွာထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ သေဆုံး ၊ ဒဏ်ရာရတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ဆင်ကြီးပြင်ရွာမှာ လက်နက်ကြီး ရှစ်လုံး ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် ကိုဆွေယောတ်ဟူဆာ ၂၀ နှစ် ၊ ကိုမာမောက်အာလောမ် ၂၅ နှစ် နဲ့ ဒေါ်ဆော်မူဒါ ၅၅ နှစ် တို့ သေဆုံးတယ် ၊ အဲ့ဒီအပြင် ကလေး လေးယောက်အပါအဝင် ရှစ်ယောက်ကျော် လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရတယ် ၊…

Read More

ဖလမ်းမြို့နယ် သီးဘွာလ် ရှေ့တန်း ကင်းစခန်း တိုက်ခိုက်ခံရ ၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

  နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့နယ်မှာရှိတဲ့ သီးဘွာလ် စခန်းကို မနေ့ နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီက စတင်ပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာ ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ည ၁၁ နာရီ ဝန်းကျင်လောက်က စတင် တိုက်ခိုက်ခံရတယ် ၊ ဒီကနေ့ မနက် ၅ နာရီအထိ တိုက်နေတာ ဖြစ်တယ် ၊ နှစ်ဘက် ထိခိုက်ကျဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အဲ့ဒီ တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက ထုတ်ပြန်တာ မရှိသေးဘူး…

Read More

ငပလီကမ်းခြေမှာ ပိတ်မိနေတဲ့ ခရီးသွားတွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေကို ဒီနေ့ ပြန်ခွင့်ပေးမယ်

  နိုဝင်ဘာ ၁၅ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ငပလီကမ်းခြေမှာ ပိတ်မိနေတဲ့ ခရီးသွားတွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက် လည်ပတ်နေသူတွေကို ဒီနေ့ ပြန်ခွင့်ပေးမယ်လို့ သံတွဲခရိုင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မြို့နယ်တွေမှာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ပြည်နယ် နစက က ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်လိုက်တဲ့အတွက် ငပလီကမ်းခြေမှာ အပန်းဖြေလာရောက်နေတဲ့ ခရီးသွားဧည့်သည်တွေ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့ ခရီးသွားတွေထဲကမှာ ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေကိုတော့ ဟိုတယ်/ခရီး (သံတွဲ) က ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အရေအတွက် စိစစ်ပြီး ပြန်ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ “စိစစ်မယ်ဆိုတာက…

Read More